ဒေါသမာန်
Vol. 14 Ch. 204
ယုဟွမ်သရဲနိုင်ငံ ပင်မနန်းတော်ခန်းမထဲတွင် ဖြစ်သည်။ သရဲဂျင်နရယ်များ၊ ယင်ဝိညာဉ်အရာရှိများ လျှောက်လမ်းနှစ်ဘက်တွင် ခွဲ၍ရပ်နေကြသည်။ အသက်မရှူရဲ။ ခေါင်းမမော့ရဲကြ။ ကျောက်ရုပ်များလို မလှုပ်မရှက်ရှိနေသည်။
ပလ္လင်ပေါ်မှ ငွေသံချပ်ကာဝတ်ထားသည့် သခင်မကိုယ်မှ ကြောက်စရာစွမ်းအင်ရောင်များ ထွက်ပေါ်နေသည်။ မြေအောက်စွမ်းအင်ရောင်က တောင်ပြိုသလို ဆူနာမီလှိုင်းတိုက်ခတ်သလို ခမ်းနားသည့်နန်းတော်ခမ်းမထဲတွင် ပျံ့လွင့်ဖုံးလွှမ်းနေသည်။ နယ်မြေတစ်ခု ထိန်းချုပ်နိုင်စွမ်းရှိသည့် သရဲဘုရင်များပင် ချက်ချင်းသေဆုံးသွားမည့်အရေးဟု ခံစားရသဖြင့် တုန်ရင်နေကြသည်။
ဒေါသထွက်နေသည့် သခင်မကြောင့် လက်အောက်ခံအားလုံး ခေါင်းကိုက်ကြရသည်။ သခင်မ၏စိတ်ကို ခန့်မှန်းဖို့ မလွယ်။ ထို့ကြောင့်လည်း ပို၍ကြောက်ရွံ့ကြရသည်။ အဆက်မပြတ်မြင့်တက်လာသည့် ဘုရင်တစ်ယောက်၏ စွမ်းအားကို ခံစားမိကြသည်။ သာမန်ဘုရင်တစ်ယောက်စွမ်းအားထက် သာလွန်သည်။
“ဖုန်ချင်အန်း”
ယုဟွမ်သခင်မ ခပ်တိုးတိုးရေရွတ်သည်။ ဖုံးလွှမ်းနေသည့် မြေအောက်စွမ်းအင်ရောင်များကြားတွင် သူတစ်ယောက်သာ ကြားနိုင်စွမ်းရှိသည်။ သူထည့်သွင်းထားသည့် လျှို့ဝှက်ယန်ထိန်းချုပ်တံဆိပ် ရုတ်တရက် အသက်ဝင်လာသဖြင့် ဒေါသစွမ်းအင်လှိုင်းများ ရုတ်တရက် ထွက်လာခြင်းဖြစ်သည်။
သူနှင့်သူ့ညီမနန်းကော ထိတွေ့စဉ်က ဖုန်ချင်အန်း၏ ယန်သန္ဓေမူလစွမ်းအင် မယိုစိမ့်နိုင်အောင် ထိန်းချုပ်ဖို့သာဖြစ်သည်။ သို့သော် တစ်ခြားတစ်ယောက်က ထိုတံဆိပ်ကို ထိတွေ့လာလျှင် ထိန်းချုပ်ရုံအဆင့်မျိုး မဟုတ်တော့။
သူ့ညီမလောက် သူလောဘမကြီးပါ။ နန်းကော ဖုန်ချင်အန်းအနားတွင် မခွဲမခွာနေချင်သည်။ သူက ခဏအဖော်ပြုပေးရန်သာ ရည်ရွယ်သည်။ ခွဲခွာရန် ပြင်ဆင်ထားသည်။
သို့သော် လောလောဆယ် ခွဲခွာဖို့ မဟုတ်သေး။ သူ့စွမ်းအားသည် ဖုန်ချင်အန်းထက် များစွာသာလွန်သည်။ သူကာကွယ်ပေးနိုင်သည်။ ရှေ့ရေးကို စီမံပေးနိုင်သည်။ ကိုယ်ရံတော်အဖြစ် ထမ်းဆောင်နိုင်သည်။
ထိုသို့ထမ်းဆောင်နေချိန်တွင် သူ့ထက်များစွာအဆင့်နိမ့်သည့် မကောင်းဆိုးဝါးဝိညာဉ်များ နတ်ဆိုးများက မရိုးမသားစိတ်ဖြင့် ချဉ်းကပ်လာလျှင် သူသည်းမခံနိုင်။
“ဘာမဟုတ်တဲ့ မြေခွေးနတ်ဆိုးမျိုးနွယ်လား”
ယုဟွမ်သခင်မမျက်လုံးတွင် အေးစိမ့်သည့် အလင်းတစ်ခု ပေါ်လာသည်။ ဖုန်ချင်အန်းဘေးမှ အဖြစ်အပျက်အားလုံးကို သူမြင်နေရဟန်ရှိသည်။ သို့သော် သူချန်ထားခဲ့သည့် ယန်တံဆိပ်က ဖြေရှင်းနိုင်ပါသည်။ သူကိုယ်တိုင် သွားစရာမလို။
လောကနှစ်ခုကြား အက်ကြောင်းအဆင့်သင့်မရှိလျှင် သူ့လက်ရှိအနေအထားဖြင့် နည်းနည်းအခက်တွေ့နိုင်သည်။ ပေးဆပ်ရမည့်တန်ဖိုးက နည်းနည်းကြီးသည်။ မလိုအပ်လျှင် သူမလုပ်။
.......................
ကမ္ဘာမြေ၊ တာ့ကျင်းနိုင်ငံ၊ ဝူလင်တောင်တန်း။
လက်ထပ်မင်္ဂလာပွဲသို့ ရောက်လာသည့် နတ်ဆိုးများ၊ အိမ်တော်ထဲမှ မြေခွေးများအားလုံး အပြာရောင်ဖီးနစ် ဝဲပျံနေသည့်အိမ်တော်ဆီ ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြသည်။
ငှက်အားလုံး၏ အထွတ်အထိပ် ခံ့ညားထည်ဝါသည့် ဒဏ္ဍာရီငှက်ကိုကြည့်၍ အိမ်တော်ထဲမှ နတ်ဆိုးအများစု တုန်လှုပ်သွားသည်။နေကြသည်။ ငှက်အစစ်မဟုတ်ဘဲ အရိပ်သက်သက်သာ ဖြစ်သော်လည်း ခမ်းနားသည့် တော်ဝင်စွမ်းအင်ရောင်မျိုး ထွက်ပေါ်နေသဖြင့် စိတ်ဝိညာဉ်ထဲအထိ တုန်လှုပ်သွားသည်။နေကြသည်။ ဒူးထောက်ရှိခိုးချင်စိတ် ဖြစ်နေကြသည်။
“ယန်ဓာတ်ထိန်းချုပ်တံဆိပ်ပဲ”
ဖီးနစ်ပျံနေသည့် ခြံဝန်းအနီးမှ ထိပ်တန်းဧည့်သည်တော်များကို ဧည့်ခံနေသည့် အမျီုးသမီးတစ်ယောက်က ဒဏ္ဍာရီငှက်ကို မော့ကြည့်၍ သက်ပြင်းကိုကျိတ်ချသည်။ တွေးရခက်သည့်အရိပ်များ သူ့မျက်နှာတွင် ပေါ်လွင်နေသည်။
“အမစုက အထူးဧည့်သည်တစ်ယောက် ဖိတ်ခေါ်ထားတဲ့ပုံပဲ”
သားနားသည့် အဖိုးတန်ဝတ်ရုံဝတ်ထားသည့် နတ်ဆိုးတစ်ယောက်ဘေးမှ ချည်ကြမ်းအင်္ကျီဝတ်၍ ပေါက်ပြားတစ်လက်ပုခုံးပေါ်တင်ထားသည့် လယ်သမားအိုတစ်ယောက်က မျက်လုံးကိုမှေးစင်း၍ သက်ပြင်းချသည်။
“ကျွန်မလည်းမယုံနိုင်အောင်ဖြစ်မိတယ်။ ဒီဧည့်သည်မှာ ဒီလောက်ထူးခြားတဲ့နောက်ခံမျိုး ရှိနေမယ်ထင်မထားဘူး”
စုလီက ပြန်ပြောသည်။ သူသည် တောင်တန်းပေါ်တွင် ဉာဏ်အလင်းရလာသည့် မြေခွေးရိုင်းမျိုးမဟုတ်။ ဤဖီးနစ်ပုံရိပ်အကြောင်း ကောင်းကောင်းသိသည်။ သို့သော် သိရုံသာသိသည်။ ထိုကဲ့သို့ ထူးခြားသည့်လူသားမျိုးနွယ်ကို ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။
ယန်ဓာတ်ထိန်းချုပ်တံဆိပ်ပေါ်လာခြင်းသည် ထိုလူငယ်သည် လူပျိုအစစ်ဖြစ်ကြောင်း သက်သေဖြစ်သည်။ ငယ်ရွယ်နုပျိုသည့် သူ့ဟန်ပန်သည် အစစ်အမှန်ဖြစ်သည်။ သက်တမ်းရင်မကောင်းဆိုးဝါးတစ်ကောင် ဟန်ဆောင်နေခြင်းမဟုတ်။
ထိုတံဆိပ်မျိုးသည် အဆင့်တစ်ခုသို့ရောက်လျှင် သူ့ဘာသာပျောက်ကွယ်သွားမည်။ ထိန်းချုပ်ခံရသူကို ဒုက္ခမပေးနိုင်ပေ။
ထို့အပြင် ထိုဧည့်သည်လူသားသည် အသက်ငယ်သေးသည်။ သူ့လိုအင်အားကြီးနတ်ဆိုးမျိုး ရန်မစနိုင်သည့် အင်အားကြီး နောက်ခံစွမ်းအားရှင်မျိုး ရှိနေသည့်သဘောဖြစ်သည်။
ထိုတံဆိပ်မျိုး ချိတ်ပိတ်နိုင်သည့် မိသားစုတွင် အနည်းဆုံး လူသားမသေမျိုးတစ်ယောက် ရှိရမည်။ မဟုတ်လျှင် လျှို့ဝှက်ယန်တံဆိပ်ကို အသုံးပြုနိုင်မည်မဟုတ်။
ထိုလူငယ်သူ စုမိသားစုကို မထင်မှတ်ဘဲ အလည်ရောက်လာသည်။ သူ့နောက်တွင် သူ့ကိုအရမ်းဂရုစိုက်သည့် လူသားမသေမျိုးတစ်ယောက်ရှိနေသည်။
လူသားမသေမျိုးတစ်ယောက်ရှိသည့် ကျင့်ကြံသူမိသားစုတွင် လူငယ်မျိုးဆက်တိုင်း ချိတ်ပိတ်တံဆိပ် မပိုင်ဆိုင်နိုင်။ ထိုတံဆိပ်ကို ထောက်ပံ့ပေးဖို့ စွမ်းအားများစွာ လိုအပ်သည်။ အကယ်၍ မိသားစုဝင်တိုင်းကို ယန်တံဆိပ်ခတ်နှိပ်ပေးနိုင်သည်ဆိုလျှင် ပို၍ပင်ကြောက်စရာကောင်းသေးသည်။
စုလီ အတွေးများကို ရပ်လိုက်သည်။ ဆက်မတွေးရဲတော့။ လူသားမသေမျိုးဖြစ်စေ ထိုထက်မြင့်သည့် စွမ်းအားရှင်ဖြစ်စေ စုလီလို ဝိညာဉ်မြေခွေးလေးအတွက် လုံးဝယှဉ်နိုင်စရာအကြောင်းမရှိ။
“အမစု၊ ဒီလို ပြဿနာမျိုးဖြစ်လာပြီဆိုတော့ ကျုပ်ကိုဆက်ပြီး အဖေါ်ပြုပေးဖို့ မလိုပါဘူး။ ခင်ဗျားရဲ့ အထူးဧည့်သည်ကို သွားနှုတ်ဆက်တာ ပိုကောင်းပါတယ်။ ဒါကို ကောင်းကောင်းမကိုင်တွယ်နိုင်ဘူးဆိုရင်တော့ ကျုပ်ကြိုတင်ပြီး ထွက်ပြေးရလိမ့်မယ်”
မြက်ဖိနပ်စီး၍ ရွံ့ပေနေသည့်ပေါက်ပြားကို ထမ်းထားသည့် အဘိုးအိုက မပွင့်တပွင့်ပြုံး၍ သတိပေးသည်။
အကြောင်းမသိသူအဖို့ ထိုအဘိုးအိုသည် လယ်ထွန်ပြီး၍ အနားယူရန် အိမ်ပြန်လာသည့် လယ်သမားတစ်ယောက်ဟု ထင်ကြပေလိမ့်မည်။
“ဒါဆို ကျွန်မကို ခဏလောက်ခွင့်ပြုပါဦးရှင်”
စုလီ အဘိုးအိုကို ခေါင်ငြိမ့်ပြပြီးနောက် နေရာမှ ဖျတ်ခနဲပျောက်သွားသည်။ ဖုန်ချင်အန်းနေထိုင်သည့် အိမ်တော်အပြင်ဘက်တွင် ပြန်ပေါ်လာသ်ည။
“ဖုန်သခင်လေး၊ ကျွန်မ ဝင်လာလို့ရမလား”
********************************************
တစ်ယောက်မှမရှိ။