← Chapters

အခြေအတင်

Vol. 14 Ch. 208

အခြေအတင်

Vol. 14 Ch. 208

“စန့်ကျန်းမြစ်သခင်..ဟုတ်လား။ ငါသူ့ကို မသိပါဘူး”

ဖုန်ချင်အန်း အေးစက်စက်ပြန်ပြောသည်။ မျက်မှောင်ပို၍ကျုံ့လာသည်။

စန့်ကျန်းနဂါးကိုသိသော်လည်း ကိုယ်တိုင်မမြင်ဖူး။ စန့်ကျန်းနဂါး၏ မူလရုပ်သွင်ကို သူလုံးဝမသိ။ ထိုဟုန်ရှီ ရူးနေသလားမသိ။ တွေ့တွေ့ချင်းမှာပင် သူ့အဖေကိုသတ်ခဲ့သူတစ်ယောက်လို ဖုန်ချင်အန်းကို ဒေါသမျက်လုံးဖြင့် ကြည့်နေသည်။

“မသိဘူးတဲ့လား။ မင်းမသိဘူးဆိတာ ဘယ်လိုဖြစ်နိုင်မှာလဲ”

ဟုန်ရှီ ဖုန်ချင်အန်းကို စိုက်ကြည့်သည်။ မျက်နှာတစ်ခုလုံး အနီရောင်အကြေးခွံများပေါ်နေသည်။

သို့သော် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားဟန်ရှိသည်။ ဖုန်ချင်အန်းကို ခြေဆုံးခေါင်းဆုံး အကဲခတ်သည်။ မျက်နှာတွင် တင်းမာမှုလျော့သွားသည်။ နဂါးကြေးခွံများ ပြန်ပျောက်ကွယ်သွားသည်။

“ဟုတ်တယ်၊ မင်းတကယ် ငါ့အဖေကို မသိလောက်ဘူး။ ငါမင်းကို တစ်ခြားတစ်ယောက်နဲ့ လူမှားသွားတာပါ။ တောင်းပန်ပါတယ်”

ဟုန်ရှီမျက်နှာတွင် အပြုံးရိပ်ပေါ်လာသည်။ ဖုန်ချင်အန်းကို တောင်းပန်သည်။

“လူမှားတာလား”

ဖုန်ချင်အန်းမျက်နှာက အပြောင်းအလဲမရှိ။ သို့သော် သတိမလွတ်။ ဟုန်ရှီနာကျည်းမုန်းတီးနေသည့်လူကို သူနှင့်လူမှားသည်ဟုဆိုသည်။

သူသည် သူ့အကိုနှင့်ရုပ်ချင်းဆင်သည်။ သူ့အကိုလက်ဆောင်ပေးခဲ့သည့်ဓားအကြောင်း သူပြန်သတိရလာသည်။ ထိုဓားကိုထိခဲ့စဉ်က ပုံရိပ်ယောင်များစွာ သူမြင်ခဲ့သည်။

ပုံရိပ်တစ်ခုကို မမေ့မပျောက် မှတ်မိနေသည်။ သေလုမျောပါးဖြစ်နေသည့် အနီရောင်ကြေးခွံနှင့် ‌‌ငါးတစ်ကောင်။ နဂါးအစစ်နှင့် အတော်တူသည်။ သို့သော် လောကကို စီးမိုးကြည့်နေသည့်လူတစ်ယောက်က ဓားဖြင့်ခုတ်သတ်ခဲ့သည်။ မြစ်ထဲသို့ ကျသွားသည်။ လှိုင်းလုံးများထောင်ချီ၍ သွေးစွန်းသွားသည်။

နီရောင်ကြေးခွံ။

အမှန်တရားက ပုံပေါ်လာသည်။ ကံကြမ္မာဖန်တီးချက်ဖြစ်မည်။ ဟုန်ရှီက သူ့ကို သူ့အကိုနှင့် လူမှားခြင်းဖြစ်မည်။

ဟုန်ရှီ၏အဖေက သူ့အကိုဓားချက်ဖြင့် သေခဲ့ရသည်။ ဟုန်ရှီဒေါသထွက်သည်မှာ မဆန်းလှ။

“နားလည်မှုလွဲသွားတယ်ထင်ပါတယ်။ ဖုန်သခင်လေးက ဝူလင်တောင်ကို ပထမဆုံးအကြိမ် လာလည်တာပါ။ မြစ်သခင်တွေ့ဖူးစရာ မကြောင်းမရှိပါဘူး။ မြစ်သခင် လူမှားတာပဲဖြစ်မှာပါ”

စုလီက ရှေ့တိုးလာပြီး ဖြန်ဖြေပေးသည်။ ဟုန်ရှီကို သူဖိတ်စာမပို့ခဲ့။ ပိုင်လန်မြစ်နှင့်လည်း သူတို့အဆက်အစပ်မရှိ။

သို့သော် အိမ်ရှင်မိသားစုက နဂါးသခင်ကို နေရာထိုင်ခင်းပေးရမည်။ မဖိတ်ကြားဘဲရောက်လာသည့် တစ်ခြားနတ်ဆိုးများလည်း ရှိနေသည်။ ဧည့်သည်အားလုံးကို အပြုံးဖြင့်သာ ကြိုဆိုရမည်။ ဘယ်သူ့ကိုမှ စော်ကား၍မဖြစ်။

“ဪ...သခင်လေးရဲ့မျိုးရိုးနာမည်က ဖုန်ပေါ့။ ကျုပ်အကဲခတ်မှားတဲ့အတွက်ရော စော်ကားသလိုဖြစ်သွားတဲ့အတွက်ရော ကျုပ်တောင်းပန်ပါတယ်။ ခွင့်လွှတ်ပါ ဖုန်သခင်လေး”

ဟုန်ရှီက နွီလော်ကို လှမ်းပြုံးပြသည်။ နွှီလော်ကလည်း အိပ်နေရာမှထလာပြီး သူ့ကိုစိုက်ကြည့်နေသည်။ ဟုန်ရှီက အရိုအသေပေးသည့်သဘော ခေါင်းနည်းနည်း နှိမ့်လိုက်သည်။

သို့သော် အဆင့်မြင့်နတ်ဆိုးများသည် နှစ်ပေါင်းရာချီ နေထိုင်ခဲ့သူများဖြစ်သည်။ ဟုန်ရှိဟန်ပန် ရုတ်တရက်ပြောင်းသွာသဖြင့် အမျိုးမျိုးသုံးသပ်နေကြသည်။ သို့သော် အများစုက မင်္ဂလာပွဲလာသူမဟုတ်လျှင် အခွင့်အရေးလာရှာသူများဖြစ်သည်။ ကျန်သည့်လူများက စိတ်လှုပ်ရှားစရာတစ်ချို့ လာရှာသူများသာဖြစ်သည်။

“ကိုယ့်အမှားကိုယ်ဝန်ခံရင်လည်း ကောင်းကောင်းမွန်မွန်တောင်းပန်ပါ။ နင်က နဂါးမဟုတ်ဘူးလား။ ရတနာနည်းနည်းတော့ ထုတ်ပြလေ။ စကားဆိုတာ ပေါ့လွန်းတယ်”

နွီလော်က စွဲမက်စရာခန္ဓာကိုယ်ကို လှုပ်ရှား၍ ကျားသစ်နီပေါ်တွင် ထထိုင်ပြီး ခပ်အေးအေးလေသံဖြင့်ပြောသည်။ ထို့နောက် လွတ်လွတ်လပ်လပ် အကြောတစ်ချက်ဆန့်သည်။ ဘေးတွင်ရှိနေသည့် ဖုန်ချင်အန်းမှလွဲလျှင် ဘယ်နတ်ဆိုးမှ ခိုးမကြည့်ရဲ။

“နွီလော်ပြောတာ မှန်ပါတယ်လေ။ ကျုပ်က စရိုက်ကြမ်းလို့ သခင်လေးဖုန်ကို နှောက်ယှက်ခဲ့မိပါတယ်။ ကျုပ်ရဲ့မြစ်ငယ်လေးမှာ ဒေသထွက်ကုန်တစ်ချို့ကလွဲလို့ ရတနာများများစားစားမရှိပါဘူး။ ဒါလေးကိုပဲ လက်ခံပေးပါ”

ဟုန်ရှီ သူ့လက်ကိုမြှောက်လိုက်သည်။ အလင်းဖျော့ဖျော့ထွက်နေသည့် ပုလဲကြီးတစ်လုံးပေါ်လာသည်။ လက်ကိုတွန်းထုတ်လိုက်သည်။ ပုလဲက ဖုန်ချင်အန်းထံ လွင့်ပျံလာသည်။

“ဒါ ကျုပ်မြစ်ထဲက သက်တမ်းရင့်ဝိညာဉ်မျိုးနွယ်တစ်ယောက်ပေးတဲ့ ရွှမ်ကျူးပုလဲပါ။ ဒီနေ့ ဖုန်သခင်လေးကို လက်ဆောင်ပေးပါတယ်”

ပုလဲမှထွက်လာသည့် ရေဝိညာဉ်စွမ်းအင်ရောင်ကြောင့် အဆင့်မြင်နတ်ဆိုးများ စိတ်လှုပ်ရှား၍ တပ်မက်စိတ်ပေါ်လာသည်။ သူတို့ကျင့်စဉ်လမ်းနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း ရောင်းဝယ်နိုင်သည့် တန်ဖိုးကို လျှော့တွက်မရ။

နတ်ဆိုးများ၏လောဘမျက်လုံးကို ဟုန်ရှီရိပ်မိသည်။ သူ့မျက်လုံးတွင် အေးစက်သည့်အလင်းတစ်ခု တောက်ပနေသည်။

“အာ..ဖုန်ချင်အန်း၊ ငါအခုနင့်ကို မှတ်မိပြီ”

နွီလော်စကားသံက ဖုန်ချင်အန်း စိတ်အာရုံတွင် ပေါ်လာသည်။ တစ်ခြားဘယ်သူမှမကြားရ။ သိစိတ်အသံလှိုင်း လျှို့ဝှက်ပညာရပ်ဖြစ်သည်။

“နင်နဲ့တူတဲ့လူတစ်ယောက်ကို ငါအဝေးကနေ လှမ်းမြင်ဖူးတယ်။ ဒါပေမယ့် သူကအတော်ကြောက်စရာကောင်းတယ်။ ငါ့တောင်တန်းနဲ့ အဝေးကြီးကနေ သူဖြတ်သွားလာတောင် ငါလန့်နိုးလာတယ်။ အဲဒီ့နောက်ပိုင်း ငါအိပ်မရလို့ အဲဒီ့လူအကြောင်း စုံစမ်းကြည့်တယ်။ သူ့နာမည်က ဖုန်ချင်အန်းပင်းဆိုလားပဲ။ နင့်နာမည်နဲ့ဆင်တူတယ်။ နင်တို့ချင်း ပတ်သက်မှုရှိလား။ ရှိရင်တော့ ဒီကံဆိုးတဲ့ငါးကို ကြည့်ရှောင်တာကောင်းမယ်။ သူ့အဖေ စန့်ကျန်းဖြစ်သခင်ကိုသတ်ခဲ့တာ အဲဒီဖုန်ချင်ပင်းဆိုတဲ့လူပဲ”

All Chapters