← Chapters

အထူးဝန်ဆောင်မှု

Vol. 14 Ch. 203

အထူးဝန်ဆောင်မှု

Vol. 14 Ch. 203

သူ့ကို အခွင့်အရေးရသည်နှင့် ချက်ချင်းလှုပ်ရှားသည့် လူစားမျိုးဟု တောင်နက် ထင်နေသလားမသိ။ အနည်းဆုံးတော့ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးလာချိန်ထိ သူစောင့်မည်ပေါ့။ သူသည် ထိုမျှခံစားလွယ်သူမဟုတ်။

“မနေ့က ကိစ္စက ဒီလိုပါ....”

စုဝမ်၏ဝတ်စုံစုတ်ပြဲသွားရသည့် အကြောင်းရင်းကို ဖုန်ချင်အန်း အကျဉ်းချုပ်ရှင်းပြလိုက်သည်။ တောင်နက်က ယုံကြည်လာဟန်ဖြင့် ခေါင်းတဆတ်ဆတ်ငြိမ့်သည်။ ထိုခဏမှာပင် ဖုန်ချင်အန်း၏ တတိယရိုက်ချက်က သူ့ခေါင်းပေါ်ကျလာသည်။

“ငါ့ကိုယုံတယ်ဆိုရင် မင်းခေါင်းထဲက မဟုတ်တရုတ်အတွေးတွေကို ချက်ချင်းထုတ်လိုက်”

“အာဝူး...”

သုံးချက်အရိုက်ခံရပြီးဖြစ်၍ တောင်နက်ငြိမ်သွားသည်။ မကောင်းသည့်အတွေးမျိုး မတွေးရဲတော့။

သို့သော် ဆုံးဖြတ်ချက်တစ်ခုလည်း ချလိုက်သည်။ မြေခွေးမလေးလာတိုင်း ပိုင်ယော်နှင့်အတူ လမ်းလျှောက်ထွက်မည်။ ဤအိမ်ထဲတွင် သူတို့မနေသင့်။

“မသေမျိုးသခင်”

ဆုံးဖြတ်ချက်ချပြီးစမှာပင် အိမ်အပြင်ဘက်မှ ချိုသာသည့်စကားသံတစ်ခု ပေါ်လာသည်။ ယခုမှ ပြန်ရောက်စဖြစ်သော်လည်း အနားမယူတော့ဘဲ ပိုင်ယောက်ကို လှည့်ကြည့်၍ ခေါ်လိုက်သည်။ ပိုင်ယောက်လည်း အလိုက်တသိ သူနှင့်အတူ ထွက်သွားရန်ပြင်သည်။

“မင်းတို့နှစ်ကောင်၊ ဒီမှာပဲနေပါ။ ငါမျက်နှာပျက်အောင်မလုပ်နဲ့”

အလိုက်သိသလို ပုံစမ်ဖမ်းနေသည့် ထိုနှစ်ကောင်ကို ဖုန်ချင်အန်း သည်းမခံနိုင်တော့။ မြေခွေးမတစ်ကောင်အတွက်ကြောင့် သူ့ဆန္ဒကို မယုံသင်္ကာဖြစ်နေကြသည်။

နန်းကော၊ တုန်ဟွမ်းတို့နှင့် စမ်းသပ်ညများစွာ ဖြတ်ကျော်ခဲ့ရသည့်အဖြစ်ကို သူပြန်တွေးမိလာသည်။ ထိုအခြေအနေနှင့်ယှဉ်လျှင် မြေခွေးမများ၏ ဆွဲဆောင်အားသည် အရည်အသွေးမမီ။

မြေခွေးမတစ်ကောင်သည် သူ့အတွက် ခရီးသွားဟန်လွှဲကြည့်ရုံသာဖြစ်သည်။ စာဖွဲ့ဖို့ မထိုက်တန်ပေ။

“သွားစို့၊ မင်းတို့နှစ်ယောက်က တစ်ညလုံး အပြင်မှာထွက်လည်ခဲ့တာဆိုတော့ ဒီအိမ်တော်ဝန်းကျင်ကို ကောင်းကောင်းရင်းနှီးလောက်ပြီ။ ငါ့ကိုလိုက်ပြပါ”

ဝံပုလွေနှစ်ကောင်ကို ခေါ်၍ အိမ်ထဲမှထွက်သည်။ မနက်ပိုင်းက လာလည်သည့် မြေခွေးပျိုလည်း အတူလိုက်လာသည်။

စုမိသားစုအိမ်တော်တစ်ခုလုံး စေ့စပ်မင်္ဂလာပွဲကြောင့် သက်ဝင်လှုပ်ရှားသေည်။ စွမ်းအားမြင့်နတ်ဆိုးတစ်ယောက်နှင့် အတူနေထိုင်သည့် ကျင့်ကြံသူမျိုးနွယ်စုဖြစ်၍ နှစ်ဘက်မိသားစုများကို မဟာမိတ်မျိုးနွယ်များက ချက်ချင်းကောင်းချီးပေးကြသည်။ မိသားစုနှစ်ခုနှင့် ရင်းနှီးကျွမ်းဝင်သည် အင်အားကြီးမျိုးနွယ်များစွာ ရောက်လာသည်။

ထို့ကြောင့် လှည့်ပတ်ကြည့်နေချိန်တွင် အရွယ်စုံအသွေးစုံ မြေခွေးများသာမက စုမိသားစုအိမ်တော်မှ အဆင့်အတန်းအမြင့်ဆုံး ဖြစ်တည်မှုများကိုပါ တွေ့ရသည်။

တောင်တန်းသတ္တဝါများ၊ ငှက်များ၊ ငါးများ မိုးမြေ၏ဝိညာဉ်စွမ်းအင် လက်ခံရရှိပြီး အသိဉာဏ်နိုးထ၍ နတ်ဆိုးဖြစ်လာသည်မှာ မဆန်းလှ။ မြွေစိမ်းတောင်တန်းပေါ်တွင် ဖုန်ချင်အန်း အများအပြားမြင်ဖူးသည်။

ယခု ဖုန်ချင်အန်း အံ့ဩမိသည်က ထူးဆန်းသည့် တစ်ခြားဖြစ်တည်မှုတစ်ခု။

နှစ်ပေါင်းရာချီ ဝိညာည်စွမ်းအင်ရထားသည့် သက်တမ်းရက်သက်ပင်ကို နတ်ဆိုး သို့မဟုတ် ဝိညာဉ် ဟု ခေါ်နိုင်သည်။

သို့သော် ရုတ်တရက် လျှပ်စီးထိခဲ့လျှင် သစ်ပင်တစ်ခြမ်း သို့မဟုတ် အပင်ခြေမှလဲကျသွားပြီး ငုတ်တိုသာ ကျန်ခဲ့သည်။ သို့သော် ဝိညာဉ်စိတ် ကျန်နေသည်။ ထူးခြားသည့် ထိုဖြစ်တည်မှုကို မူကွဲဝိညာဉ်ဟု ခေါ်သည်။

အပြင်လူများအတွက် နတ်ဆိုးများ၊ ဝိညာဉ်သားရဲများ မူကွဲဝိညာဉ်များကို ခွဲခြားသိမည်မဟုတ်။ အတူတူဟုသာ သတ်မှတ်မည်။

အသိဉာဏ်နိုးထလာသည့် တိရစ္ဆာန်အရေအတွက်နှင့်ယှဉ်လျှင် မူကွဲဖြစ်တည်မှုများက အတော်ရှားပါးလှသည်။ ဖုန်ချင်အန်း ခြံဝန်းတစ်ခုလုံး လှည့်ပတ်ကြည့်သော်လည်း နှစ်ခုသာတွေ့သည်။

တစ်ခုက မိုးကြိုးထိထားသည့် သစ်ငုတ်တိုဖြစ်သည်။ ထိုမူကွဲဝိညာည်၏ မူလရုပ်သွင်ကို ဖုန်ချင်အန်း မြင်ရသည်။ အံ့ဩသည်။ သို့သော် နောက်တစ်ခု တွေ့ရချိန်တွင် ပို၍ အံ့ဩဘနန်းဖြစ်သွားသည်။

ထိုမူကွဲဝိညာဉ်၏ မူလရုပ်သွင်က လူချမ်းသာတို့အိမ်တံခါးတွင် ထားလေ့ရှိသည့် ကျောက်ခြင်္သေ့ရုပ်ဖြစ်နေသည်။ လက်မှုပညာဖြင့် ထွင်းထုထားသည့် ကျောက်သားများလည်း သိစိတ်ဝိညာဉ်ရလာသည်မှာ အံ့ဩစရာကောင်းလွန်းနေသည်။

စုမိသားစု လီမိသားစုတို့ လက်ထပ်မင်္ဂလာပွဲ နီးကပ်လာသည်နှင့် အိမ်တော်တစ်ခုလုံး ပို၍ပို၍စည်ကားလာသည်။ ဖုန်ချင်အန်း အမြင်ကျယ်ရသည်။ နေ့တိုင်းနေ့တိုင်း ထူးဆန်းသည့် မူကွဲဝိညာဉ်တစ်ချို့ကို မြင်နေရသောကြောင်ဖြစ်သည်။

တံမျက်စည်းများ မီးပုံးများ မူကွဲဝိညာဉ်ဖြစ်လာသည်က လက်ခံနိုင်သေးသည်။ ယခုတော့ ပန်းချီကားများ စာအုပ်များ ဝတ်စုံများပါ မူကွဲဝိညာဉ်ဖြစ်နေသည်ကို မြင်ရသည်။

သို့သ်ော ထိုမူကွဲဝိညာဉ်ထဲတွင် တစ်ချို့တစ်ဝက်သာ ကိုယ်ပိုင်ကံကြမ္မာကြောင့် သိစိတ်နိုးထကြသည်။ အများစုက လူသားမျိုးနွယ်နျှင့် ဆက်စပ်နေသည်။ လူသားမျိုးနွယ်တို့ သူတို့အပေါ် လွှမ်းမိုးမှုကြောင့် သိစိတ်နိုးထလာခြင်းဖြစ်သည်။

ဖုန်ချင်အန်း စိတ်ပြေလက်ပျောက် လှည့်လည်သွားလာနေချိန်တွင် စုဝမ်လည်း သူ့နောက်မှ တောက်လျှောက်လိုက်လာသည်။ တဖြေးဖြေး သူနှင့်ရင်းနှီးလာသည်။ အစောပိုင်းကလို ရှက်ကြောက်နေခြင်းမျိုး မရှိတော့။ လွတ်လပ်ပွင့်လင်းသည့် အမူအရာဖြစ်လာသည်။

တစ်ခြားစိတ်ဝင်စားစရာတစ်ခုလည်း ဖုန်ချင်အန်း သတိထားမိသည်။ ဤရက်ပိုင်းအတွင်း မြေခွေးအိုက တောင်နက်နှင့်ပိုင်ယော်ကို သူနှင့်အတူမရှိသည့်အချိန်တိုင်း ကပ်ဖားယပ်ဖားလုပ်၍ သတင်းနှိုက်နေခြင်းဖြစ်သည်။

ဖုန်ချင်အန်း၏ ကိုယ်ပိုင်လျှို့ဝှက်ချက်များကို စုံစမ်းခြင်းမဟုတ်။ တောင်နက်နှင့်ပိုင်ယောက်တို့အပေါ် ဖုန်ချင်အန်း မည်သို့ဆက်ဆံသည်၊ မည်သည့်အခွင့်အရေး မည်သည့်အကျိုးအမြတ်များရခဲ့သည် မည်သည့်တားမြစ်ချက်များ လိုက်နာရသည် စသည့်အကြောင်းများကို စူးစမ်းခြင်းဖြစ်သည်။

မြေခွေးဟိုက ပါးပါးနပ်နပ်ဖြင့် မေးခွန်းများကို ဟိုနားနည်းနည်း ဒီနားနည်းနည်း ခွဲ၍မေးသည်။ အစားအသောက်ကိုသာ အာရုံစိုက်နေသည့်တောင်နက်က သိပ်အရေးမစိုက်။ ဖုန်ချင်အန်းက တောင်နက်အမြင်အာရုံမှ အားလုံးမြင်နေရသည်ကို မြေခွေးအိုမသိ။

ဝိညာဉ်သားရဲဖြစ်သည့် ပိုင်ယော်က တောင်နက်ထက် ပိုပါးနပ်သည်။ မြေခွေးအို သတင်းနှိုက်နေသည်ကို သတိထားမိသည်။ ထို့ကြောင့် ရက်ပိုင်းအတွင်း မြေခွေးအိုမေးမြန်းခဲ့သည့် အကြောင်းအရာအားလုံးကို ပိုင်ယော်က ညတိုင်း ဖုန်ချင်အန်းထံ အသေးစိတ်ပြန်ပြောပြသည်။

မြေခွေးအို၏ရည်ရွယ်ချက်က ထင်ရှားလှသည်။ ထိုထက်ရှင်းလင်းစရာမရှိ။

တောင်နက်ကလည်း သိပ်အရေးမစိုက်တတ်သဖြင့် ဖုန်ချင်အန်း သီးခြားညွှန်ကြားချက်မပေးတော့။ အဘိုးကြီးလည်း သူသိချင်သည့်အကြောင်းများကို သိသွားသည်။ ထို့ကြောင့် နေ့တိုင်း စိတ်ကျေနပ်အောင် ဧည့်ခံပြုစုသည့် အမူအရာများက တဖြေးဖြေးပိုထင်ရှားလာသည်။

သူ့အကြံကိုသိနေသည့်ဖုန်ချင်အန်း သက်ပြင်းချမိသည်။

“လူငယ်မျိုးဆက်အတွက် လူကြီးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာ တကယ်နက်ရှိုင်းတာပဲ”

သူ့အမြင်က ထိုအတိုင်း ခွင့်ပြုထားလိုက်ဖို့သာဖြစ်သည်။ အဘိုးကြီးလည်း ရည်ရွယ်ချက်ရှိလျှင် စုဝမ်ကလည်း သူ့နောက်ကို လိုက်ခဲ့လိုလျှင် အတူခေါ်သွားပေးနိုင်သည်။ စာချုပ်ချုပ်ဖို့တော့ လောလောဆယ် စိတ်ကူးမရှိသေး။

သားရဲသခင်တစ်ယောက်အနေဖြင့် စာချုပ်ချုပ်နိုင်သည့် အရေအတွက်က ကန့်သတ်ချက်ရှိသည်။ အစောပိုင်းက ရွေးစရာမရှိ၍ တောင်နက်ကို ရွေးခဲ့ရသည်။ ယခု သူ့အတွက် ရွေးချယ်စရာများစွာရှိနေသည်။

ယခုလက်ရှိ စုဝမ်၏ပါရမီလောက်ဖြင့် သူ့စိတ်ကို မဆွဲဆောင်နိုင်သေး။ တစ်ခြားအကြောင်းအရာများဆိုလျှင် ပို၍ပင် မဆွဲဆောင်နိုင်ပေ။ သူတားမြစ်ခြင်း ညွှန်းကြားခြင်းမလုပ်ခဲ့သည်မှာ မြေခွေးမလေးတစ်ယောက် သူ့ခရီးစဉ်တွင် ခေါ်လာနိုင်လျှင် မျက်စိပသာဒဖြစ်စရာကောင်းသောကြောင့်ဖြစ်သည်။ ထိုထက်မပို။

နောက်တစ်ရက် ဖုန်ချင်အန်း ခြံဝန်းထဲ လှည့်ပတ်လေ့လာရာမှ အိမ်သို့ပြန်ရောက်ချိန်တွင် ဖီးနစ်သစ်သီးနဲ့ဝိညာဉ်သစ်သီးများ ပို့ပေးထားသည်ကို မြင်လိုက်ရသည်။

“ရက်ရောလှချည်လား”

မင်္ဂလာပွဲသို့ လာကြသည့် ဧည့်သည်များကို စုမိသားစုက နည်းလမ်းအမျိုးမျိုးဖြင့် ဧည့်ခံသည်။ သူ့ကိုတော့ ထိပ်တန်းဦးစားပေးအဆင့်တွင်ထားသည်။ အကောင်းဆုံးနေရာထိုင်ခင်း အကောင်းဆုံးအစားအသောက်များ ပေးသည်။

“ဒါပေမယ့် ဒီနေ့ဧည့်ခံပုံက နည်းနည်းရက်ရောလွန်းမနေဘူးလား”

အပုံလိုက်ရှိနေသည့် သူ့ရှေ့မှ သစ်သီးများကို တစ်ချက်ကြည့်၍ သူ့ယာယီအိပ်ခန်းဆီ လှည့်ကြည့်လိုက်သည်။ သူ့စကားသံဆုံးသည်နှင့် အိပ်ခန်းတံခါး အတွင်းဘက်သို့ပွင့်သွားသည်။ မြေခွေးနားရွက်နှင့် အမြီးများတဖျတ်ဖျတ်ခါယမ်းနေသည့် မြေခွေးမလေးသုံးယောက် ဖုန်ချင်အန်းရှေ့သို့ ပေါက်လာသည်။ သုံးယောက်လုံး ရုပ်ချင်းချွတ်စွပ်နီးပါးတူသည်။

သူတို့ကိုကြည့်၍ သစ်သီးစားနေသည့် တောင်နက် အံ့အားသင့်သွားသည်။ ဘေးတွင်ရှိနေသည့် ပိုင်ယော်နှင့် အကြည့်ချင်းဖလှယ်ပြီးနောက် ခြံဝန်းထဲသို့ အတူထွက်သွားကြသည်။

“အင်း..ခြေလေးဘက်နဲ့လျှောက်တဲ့ ဝိညာဉ်ဝံပုလွေတွေက တကယ်သိတတ်တာပဲ”

ဝံပုလွေနှစ်ကောင် ထွက်သွားသည်နှင့် အရပ်မြင့်မြင့် ခြေခွေးမက ညုသံပါပါဖြင့်ပြောသည်။ အသားအရေဖြူဖွေး၍ စွဲမက်စရာခန္ဓာကိုယ်ကို ပါးလွှာသည့်အဝတ်ဖြင့် ဖုံးထားသည်။ အမြီးသုံးခုကို ဝှေ့ယမ်းနေသည်။

“သခင်လေး၊ ညတာကတိုပါတယ်။ ဘာလို့အချိန်ဆွဲနေတာလဲ’

နောက်တစ်ယောက်ပေါ်လာသည်။ ငယ်ရွယ်သည့် မိန်းကလေးဖြစ်သည်။ အထက်အောက် ဝတ်ရုံတစ်လွှာတည်းသာ ဖုံးထားသည်။ သူ့ခန္ဓာကိုယ်မှ အပူငွေများ ထွက်နေဟန်ရှိသည်။ ခန္ဓာကိုယ်နှင့်ဝတ်ရုံ ပူးကပ်နေပြီး ကောက်ကြောင်းအလှက ထင်ရှားစွာ ပေါ်နေသည်။

“ကျွန်မတို့ကိုယ်တိုင် လာပြုစုပေးဖို့ စောင့်နေတာလား သခင်လေး။ စိတ်ချပါ။ ကျွန်မတို့ လာပြီနော်”

တတိယမြေခွေးမက ဖုန်ချင်အန်းနောက်ဘက်တွင် ပေါ်လာသည်။ ပို၍ရဲတင်းသူဖြစ်သည်။ နူးညံ့သည့် သူ့ခန္ဓာကိုယ်ကို ဖုန်ချင်အန်းနောက်ကျောတွင် ကပ်လိုက်သည်။ လက်အစုံက ဖုန်ချင်အန်းရင်ဘတ်ကို သိုင်းဖက်သည်။

“ဟင်း”

စွဲမက်ဖွယ်အလှတစ်ပါး အနားတွင်ရှိနေသော်လည်း ဖုန်ချင်အန်း သက်ပြင်းချလိုက်သည်။

“ဘာလို့သက်ပြင်းချနေတာလဲသခင်။ ကျွန်မတို့ညီအမတွေကို သဘောမကျလို့လား။ ကျွန်မတို့က ပုံရိပ်ယောင်သုံးဖို့လောက်ပဲသိတဲ့ မသိနားမလည်အရွယ်တွေ မဟုတ်တော့ပါဘူး”

တတိယမြေခွေးမက ခန္ဓာကိုယ်ပေါ် တွယ်ကပ်နေရင်း ပြုံးစေ့စေ့ဖြင့်ပြောသည်။

“ဂီး...ဂီး...”

ရုတ်တရက် စူးရှသည့် ဖီးနစ်အော်သံ ဖုန်ချင်အန်းကိုယ်ထဲမှ ထိုးထွက်လာသည်။ ညုတုတုပြုံးနေသည့် မြေခွေးမသုံးယောက် မျက်နှာအကြီးအကျယ် ပျက်သွားကြသည်။

ဖုန်ချင်အန်းကို ပွေ့ဖက်ထားသည့်မြေခွေးမ ချက်ချင်းလွှတ်ရန် ကြိုးစားသည်။ သို့သော် နောက်ကျသွားသည်။

ရေခဲပြာရောင်ဖီးနစ်တစ်ကောင် ဖုန်ချင်အန်းကိုယ်ထဲမှ ထိုးထွက်လာသည်။ တောင်တန်းတစ်ထောင်ခန့်လေးသည့် ကြောက်စရာစွမ်းအင်ဖိအားဖြင့် မြေခွေးမသုံးယောက်ကို ဖိနှိပ်သည်။

All Chapters