လျှို့ဝှက်မထား
Vol. 14 Ch. 209
“ငါထင်တဲ့အတိုင်းပါလား”
နွီလော်စကားကြားသော်လည်း ဖုန်ချင်အန်းခန့်မှန်းမိပြီးဖြစ်၍ အံ့ဩခြင်းမရှိ။
ယခုမှမှတ်မိသည်ဟူသည့်စကားကိုတော့ ဖုန်ချင်အန်း မယုံကြည်။ အကယ်၍ သူ့ကျင့်စဉ်စွမ်းအားကြောင့် အာရုံခံစားမှု တိုးတက်မှုမရှိခင်ကဆိုလျှင်တော့ ယုံချင်ယုံပေလိမ့်မည်။
အဖြစ်အပျက်က တစ်နှစ်သာကြာသေးသည်။ ထိုနတ်ဘုရားမ သူ့အကိုနှင့်တွေ့ခဲ့သည်။ မေ့နေစရာမကြောင်းမရှိ။ သူ့ကိုစတွေ့ကတည်းက သူ့သရုပ်မှန်ကို ခန့်မှန်းမိပြီးဖြစ်လိမ့်မည်။
“ဒါဆိုရင်တော့ ကျုပ်အားနာနာနဲ့လက်ခံရမှာပေါ့”
ရွှမ်ကျူးပုလဲကိုကြည့်၍ ဖုန်ချင်အန်း ပြုံးလိုက်သည်။ လက်လှမ်းယူ၍ အိတ်ကပ်ထဲ ထည့်သိမ်းသည်။
သူနှင့်ဟုန်ရီကြား ဆက်ဆံရေးက ရှင်းသွားသည်။ သူ့အကိုက ဟုန်ရှီဖခင်ကိုသတ်ခဲ့သည်။ သူတို့နှစ်ယောက်ကြား ရင်ကြားစေ့၍ မရနိုင်တော့။
သူ့အကို ဘာကြောင့်သတ်ခဲ့မှန်းတော့မသိ။ သို့သော် မှားသတ်မည့်လူမျိုးမဟုတ်။ နဂါးနီက အမှားတစ်ခုခု ကျူးလွန်ခဲ့၍သာဖြစ်မည်။
“ဒါက ဖုန်သခင်လေးနဲ့ ထိုက်တန်တဲ့အရာပါ”
ဟုန်ရှီ ပြုံး၍ပြောည်။ အစောပိုင်းကလို ရန်လိုသည့်အရိပ်မျိုး မရှိ။ အစောပိုင်းက တကယ်နားလည်မှုလွဲခဲ့ဟန်မျိုးဖြစ်သည်။
“ဟုတ်တယ်၊ ဒါကတကယ် ငါနဲ့ထိုက်တန်တဲ့အရာပဲ”
ဖုန်ချင်အန်း ဟုန်ရှီကို အကဲခတ်နေသည်။ ဟုန်ရှီမျက်နှာက ပြုံးနေသော်လည်း တစ်ကိုယ်လုံးမှ လူသတ်အငွေ့အသက်များ ထွက်နေသည်။
မျိုးစိတ် - ငါးနဂါး
ဗီဇ - နဂါး၊ နတ်ဘုရား၊ ရေ
စွမ်းရည် - မိုနာ့၊ အခြေခံဆင့်
တိုက်ခိုက်စွမ်းအား - မိုနာ့၊ အခြေခံဆင့်
လက်ရှီအဆင့်ထက် များစွာကျော်လွန်နေသည့် နတ်ဆိုးဘုရင်ဖြစ်သည်။ သို့သော် အခြေခံဆင့်မိုနာ့သာဖြစ်သည်။ ပြဿနာသိပ်မရှိနိုင်။
“တုန်ဟွမ်း”
“ဟမ်”
“နဂါးလေးတစ်ကောင် ငါ့ကိုမျက်စောင်းထိုးနေတယ်”
ကြုံတွေ့နေရသည့်အဖြစ်ကို ဝိညာဉ်စာချုပ်မှ တုန်ဟွမ်းထံ လှမ်းပြောလိုက်သည်။ တုန်ဟွမ်းက တည်ငြိမ်သည့်အသံဖြင့်
“သူတိုက်ခိုက်တဲ့အခါ ငါ့စွမ်းအားကို ခေါ်လိုက်ပါ”
“ကောင်းပြီလ”
တုန်ဟွမ်းနှင့်ဆက်သွယ်ပြီးနောက် ဖုန်ချင်အန်း လုံးဝသက်တောင့်သက်သာဖြစ်သွားသည်။ ဟုန်ရှီကို ပြန်လှည့်ကြည့်သည်။ စုလီ၏စီစဉ်ပေးမှုကြောင့် စွမ်းအားမြင့်နတ်ဆိုးများနှင့် စကားလက်ဆုံကျနေသည်။ မြင့်မြတ်သူများကို လေးစားမှုပြနေသည်။
ကိုယ်ပိုင်စွမ်းအားကို ထုတ်ကြွားခြင်းမရှိဘဲ နှိမ်ချဆက်ဆံနေသည့် ဟုန်ရှီကိုကြည့်၍ ဖုန်ချင်အန်း သဘောကျသွားသည်။ သို့သော် ထိုရေနဂါး၏အတိတ်အကြောင်းကို သူမသိ။ ထူးခြားသည့်နတ်ဆိုးဖြစ်သည်မှာ သေချာသည်။
ကိုယ့်ထက်အဆင့်နိမ့်သည့် နတ်ဆိုးများနှင့် ကိုယ့်ကိုယ်ကို နှိမ့်ချဆက်ဆံနေသည့် မိုနာ့မျိုး ဖုန်ချင်အန်း ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။
မြေအောက်လောကတွင် သရဲဘုရင်များသည် သူ့တို့အောက်မှ သခင်အဆင့်သရဲများကို ကျွဲနွားများလို ဆက်ဆံကြသည်။ ထိုထက်လွန်လွန်ကဲကဲပင် ဆက်ဆံတတ်ကြသည်။ သရဲဘုရင်ဖြစ်လာနိုင်သည့် သရဲသတ္တဝါများကိုတော့ နည်းနည်းအလေးပေးသည်။ သို့သ်ော ယဉ်ယဉ်ကျေးကျေးဆက်ဆံခြင်းတော့မရှိ။
အဆင့်ခွဲခြားမှုက အလွန်တရာရှင်းလင်းထင်ရှားသည်။ သူနှင့်တွေ့သည့် တောင်တန်းနတ်ဘုရားများပင် စွမ်းအားမြင့်နတ်ဆိုးများကို ဖော်ဖော်ရွေရွေဆက်ဆံသော်လည်း အဆင့်တူဟု မသတ်မှတ်ကြ။ အထက်အရာရှိသဘောမျိုး ဆက်ဆံကြသည်။
ဟုန်ရှီ၏ဖခင် သူ့အကိုဓားချက်ကြောင့် သေခဲ့မှန်းသာမသိလျှင် ထိုဟုန်ရှီနှင့်မိတ်ဆွေဖွဲ့ဖို့ ဖုန်ချင်အန်း ဝန်မလေး။
သို့သော်ယခု သတ်ဖို့သာရှိတော့သည်။ မည်သို့ဆိုစေ ဟုန်ရှီသည် ခြိမ်းခြောက်နိုင်သည့် အန္တရာယ်တစ်ခုဖြစ်သည်။
ထိုအန္တရာယ်ကောင် ပုံမှန်အတိုင်း သောက်စားပျော်ပါး၍ ခပ်ပေါ့ပေါ့နေပြီး သူ့ကိုလာရန်မစလျှင် သူလည်း လျစ်လျူရှုထားလိုက်မည်သာဖြစ်သည်။
သို့သော်ယခု ဟုန်ရှီက ဉာဏ်ရည်ထက်မြက်သည့် အုပ်စိုးသူတစ်ယောက်လို ပြုမူနေသည်။ ဘာရည်ရွယ်ချက်ရှိသည်မသိ။ သူ့ဖခင်အတွက် လက်စားချေရန် ကြံနေခြင်းဖြစ်သည်။
ထိုသို့ဆိုလျှင် ထိုရေနဂါးကို အပြတ်ရှင်းပစ်မှဖြစ်မည်။
“ဒီလူက ကြည့်လေလေ ရူးကြောင်ကြောင်နဲ့ ရွှံစရာကောင်းလေလို့ ထင်ရတယ်မဟုတ်လား”
နွီလော်စကားသံ သိစိတ်အာရုံမှ ဝင်လာပြန်သည်။ ဘယ်သူမှ သတိမထားမိ။ တောင်နက်နှင့် ကျားသစ်နီလည်း သတိမထားမိ။
“သူ့အဖေကို နင့်အကိုမသတ်ခင်က သူအဲလိုပုံစံမဟုတ်ဘူး။ မောက်မာထောင်လွှားတယ်။ အဲဒီတုန်းကမှ သူပုံစံက စစ်မှန်သေးတယ်။ အခုလို ရူးကြောင်ကြောင်မဟုတ်ဘူး။ သူ့ကိုကြည့်တိုင်း ငါရွံတယ်”
“ကျေးဇူးတင်ပါတယ်”
ကျားသစ်နီကျောပေါ်တွင် အိပ်နေသည့် နတ်ဘုရားမကိုကြည့်၍ ဖုန်ချင်အန်း ရယ်လိုက်သည်။
“ငါကနင့်ကို သတိပေးရုံပါပဲ။ စုမိသားစုလက်ထပ်ပွဲပြီးရင် လူသားမြို့တော်ကို ငါလိုက်ပို့ပေးမယ်။ ဟိုဘက်ရောက်တာနဲ့ သူနင့်ကို ဆက်လိုက်ရဲမှာမဟုတ်ဘူး။ သူ့အသိစိတ်ပျောက်နေပြီ။ ဒီမျက်နှာကို ငါကြည့်ရုံနဲ့တင် ရွံတယ်”
ဟုန်ရှီအား အထင်မကြီးသည့်သဘောထားကို နွီလော်ဖုံးကွယ်မထား။
“ဟုတ်ပါပြီ”
ဖုန်ချင်အန်း ခေါင်းငြိမ့်လိုက်သည်။ ဟုန်ရှီနှင့် စာရင်းရှင်းလိုသော်လည်း အချိန်အခါမသင့်သေး။ တုန်ဟွမ်းစွမ်းအားရသည့်တိုင် အောင်မြင့်ဖို့ မသေချာ။
အခွင့်သာသည့်အချိန်ကို စောင့်ရုံသာရှိသည်။ ဟုန်ရှီက သူ့ကို အခွင့်အရေးပေးမပေးမသိ။ ကိုယ့်အသက်ကိုယ်နှမျောလျှင် မင်္ဂလာပွဲဆုံးသည်နှင့် ပိုင်လန်မြစ်သို့ ဟုန်ရှီပြန်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် ရေနဂါးတစ်ကောင်ကိစ္စကို ဖုန်ချင်အန်း ဘာမှအရေးစိုက်နေတော့မည်မဟုတ်။
ကိုယ်ပိုင်နယ်မြေတွင်ရှိနေသည့် နတ်ဘုရားတစ်ယောက်၏စွမ်းအားသည် နယ်မြေအပြင်ဘက်တွင်တိုက်ခိုက်သည့်စွမ်းအားနှင့် များစွာကွာခြားသည်။ နတ်ဘုရားတစ်ယောက်ကိုသတ်လိုလျှင် သူ့နယ်မြေနှင့်ဝေးရာသို့ မျှားခေါ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။
သို့သော် တစ်ချိုဖြစ်တည်မှုများအတွက် ကိုယ်မကြိုက်သည့် နတ်ဘုရားကိုသတ်ဖို့ နေရာရွေးနေစရာမလိုပေ။
“နင်သူ့ကိုသတ်ချင်ရင် နောက်ထပ် နှစ်နည်းနည်းစောင့်ပါဦး။ နင့်စွမ်းအားကို ငါမမြင်နိုင်ပေမယ့် နင်သူ့ကို မသတ်နိုင်လောက်သေးဘူး။ ဒါပေမယ့် လူသားမျိုးနွယ်ရဲ့ တိုးတက်နှုန်း အရမ်းမြန်နေတာ ငါသတိထားမိတယ်။ နည်းနည်းစိတ်ရှည်လိုက်ရင် နောင်တစ်ချိန် နင်သူ့ကို အနိုင်ယူနိုင်မှာပါ။ အခုလောလောဆယ် စိတ်လိုက်မာန်ပါ မလုပ်နဲ့”
အနီးကပ်ရှိနေသဖြင့် ဖုန်ချင်အန်းအတွေးကို နွီလော်ရိပ်စားမိဟန်ရှိသည်။ စေတနာအပြည့်ဖြင့် သတိပေးသည်။
“ဟမ်”
ဖုန်ချင်အန်း သူ့ကို တအံ့တဩလှမ်းကြည့်သည်။
“ဘာလို့ငါ့ကို အဲလိုစိုက်ကြည့်နေတာလဲ။ ငါကူညီမယ်လို့တော့ မတွေးနဲ့နော်”
“မတွေးပါဘူး။ ဒါပေမယ့်..”
“သူသေတာရှင်တာ ငါနဲ့ဘာမှမဆိုင်ဘူး။ ဒါပေမယ့် အိပ်ရတာကြိုက်တဲ့ငါ့လိုမိန်းကလေးအတွက် တိတ်ဆိတ်နေတာကိုပဲကြိုက်တယ်။ ဒီပြဿနာကောင်သေမှ ပိုကောင်းသွားမှာ။ ဒါမှ ငါအိပ်တာကို မနှောက်ယှက်နိုင်မှာ”
“မိန်းကလေးတဲ့လား”
ထိုစကားကြောင့် ဖုန်ချင်အန်း ခေါင်းကိုအသာငုံ့၍ ဝိုင်တစ်ငုံမော့သောက်လိုက်သည်။ ထိုမိန်းကလေး....။ မြွေစိမ်းတောင်နတ်ဘုရားသည့် အနည်းဆုံး သက်တမ်း နှစ် ၁၅၀၀ ရှိသည်။ ထို့ကြောင့် ဤနတ်ဘုရားမသည်လည်း အနည်းဆုံး နှစ်ပေါင်းရာချီသက်တမ်းရှိလိမ့်မည်။ ထိုထက်လည်း ပိုသက်တမ်းရင့်နိုင်သည်။
“နင်ဘာတွေတွေးနေတာလဲ”
“ဘာမှမဟုတ်ပါဘူး”
ခဏအနှောက်အယှက်ဖြစ်ပြီးမှ ပုံမှန်ပြန်ဖြစ်သွားသည့် လက်ထပ်ပွဲဆီ ဖုန်ချင်အန်း လှမ်းကြည့်သည်။ သို့သ်ော ဧည့်သည်များထဲတွင် လက်ထပ်စဇနီးမောင်နှံကို အာရုံစိုက်နေသူ အနည်းငယ်သာရှိသည်။
“သူက ငါ့အကြောင်း မဟာနတ်ဆိုးတွေဆီကနေ စုံစမ်းနေတာများလား”
ဖုန်ချင်အန်း မျက်လုံးများ မှေးစင်းသွားသည်။ မဟာနတ်ဆိုးများကြားတွင် ထိုင်သည့် ဟုန်ရှီက ဘာမှမပြော။ နားထောင်နေရုံသာဖြစ်သည်။ သို့သော် နတ်ဆိုးအားလုံး ဖုန်ချင်အန်းနောက်ခံကို ခန့်မှန်းနေကြသည်။
ထိုရေနဂါးစနစ် ကင်းသည်ဟုမထင်။ နတ်ဆိုးဘုရင်ဖြစ်၍ စကားနည်းနည်းစရုံဖြင့် လိုချင်သည့်လမ်းကြောင်းကို ခင်းနိုင်သည်။
“သူနင့်အကြောင်းစုံစမ်းတာ ဘာဆန်းလို့လဲ။ ငါလည်း သူ့အကြောင်း နင့်ကိုပြောပြခဲ့တာပဲ မဟုတ်လား”
နွီလော်က ပျင်းရိပျင်းတွဲပြောသည်။
“ဒီနတ်ဆိုးတွေက...”
“သူတို့ကို စိတ်မပူပါနဲ့။ သူတို့နင့်ကို မခြိမ်းခြောက်နိုင်ပါဘူး။ သူတို့က နှစ်ရာချီသက်တမ်းရှိတဲ့လူတွေပါ။ အရူးတွေမဟုတ်ဘူး”
“အင်း...”
ဖုန်ချင်အန်းစိတ်တွင် ရေနဂါးဟုန်ရှီအကြောင်းသာ စိုးမိုးနေသည်။ လက်ထပ်ပွဲဆီ သိပ်အာရုံမရောက်။ လက်ထပ်ပွဲပြီးဆုံးချိန်တွင် ကြင်စဦးဇနီးမောင်နှံက သတို့သမီးခန်းဆောင်ကို နားယူရန်သွားကြသည်။ ဖုန်ချင်အန်း ထိုအဖြစ်ကို သိပ်သတိမထားမိ။ နွီလော်နှင့်သာ ပုံမှန်အတိုင်း စကားပြောနေသည်။
မိုးချုပ်လာချိန်တွင် ဖုန်ချင်အန်း သူ့အခန်းသူ ပြန်သည်။ စုမိသားစုအိမ်တော်တစ်ခုလုံး စည်းကားနေဆဲဖြစ်သည်။ နတ်ဆိုးများသည် လူသားများထက် ပိုခံနိုင်ရည်ရှိကြသည်။ နေ့ရောညပါ ပွဲတော်ကျင်းပသော်လည်း မောပန်းသည်မရှိ။ အားလုံး တက်ကြွနေဆဲဖြစ်သည်။
“ဖုန်သခင်လေး..”
ဖုန်ချင်အန်း အနားယူရန် ထိုင်လိုက်ချိန်တွင် မြေခွေးအိုစုတု အလျင်စလိုပုံစံဖြင့် ဝင်လာသည်။ ရှားပါးသည့် သူ့အားလပ်ချိန်လေးတွင် ဖုန်ချင်အန်းကို လာတွေ့ရဟန်ရှိသည်။ သူ့အမွှေးအမျှင်များက အရင်ထက် ပိုဖြူရော်နေသည်။ ဤရက်ပိုင်းအတွင်း အတော်ပင်ပန်းခဲ့ဟန်ရှိသည်။
“သခင်လေးထွက်သွားတော့မှာလား”
“ဒါပေါ့။ ဒီနေ့ ခင်ဗျားတို့စုမိသားစုရဲ့ပွဲမှာ အတော်များများ မြင်ဖူးပြီးသွားပြီ။ အခု နေရာရွေ့ပြီး တစ်ခြားနေရာတွေကို စူးစမ်းလေ့လာဖို့ အချိန်ကျပြီလေ...”