← Chapters

ချီသွေဖယ်ခြင်း

Vol. 140 Ch. 2086

ချီသွေဖယ်ခြင်း

Vol. 140 Ch. 2086

ကောင်းကင်ဘုံကမ္ဘာ၊ ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ။

နေလတိုင်းပြည်၊ ကြယ်တာရာဂိုဏ်း ပင်မတောင်ထွတ် အဲခိတ်တွင်...။

ရှဲထျန်ဖုန့်၊ လင်းမင်၊ ကျောကျုးရွှမ်နှင့် ရှန်ကွမ်ချန်တို့က အတူတကွစုဝေးကာ စကားပြောဆိုနေကြ၏။

ကျောကျူးရွှမ်က ပြောလိုက်၏။

“အကြမ်းဖျင်းရေတွက်ကြည့်မယ်ဆိုရင် ငါတို့ကြယ်တာရာဂိုဏ်းကိုရောက်လာခဲ့တာ နှစ်နှစ်ထောင်ကျော်ကြာသွားခဲ့ပြီ”

“ဟုတ်တယ်”

ရှန်ကွမ်ချန်က ပြောလိုက်၏။

“တာအိုရောင်းရင်းဝမ်ယုကလွဲရင် ငါတို့အားလုံးက နှစ်နှစ်ထောင်ကျော်မှာ အဆင့်ချိုးဖျက်တက်လှမ်းနိုင်ခဲ့တာ မရှိဘူး”

“ဝမ်ယုက ဂိုဏ်းကိုဝင်ရောက်တုန်းက သူ့ရဲ့ကျင့်ကြံမှုက ငါတို့ထက်နိမ့်တယ်လေ... သူက အဆင့်ချိုးဖျက်တက်လှမ်းနိုင်တာ ပုံမှန်ပါပဲ”

ရှဲထျန်ဖုန့်က ဝမ်ယုအကြောင်းပြောချိန်မှာ အထင်သေးစွာဖြင့် နှုတ်ခမ်းစူလိုက်၏။

နှစ်နှစ်ထောင်ကျော်ကြာပြီးနောက် ရှဲထျန်ဖုန့်နှင့် လင်းမင်သည် အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်များဖြစ်နေကြဆဲပင်။

ကျောကျူးရွှမ်နှင့် ရှန်ကွမ်ချန်ကလည်း အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်များဖြစ်နေကြဆဲပင်။

သူတို့လေးယောက်သည် ဤအခြေအနေကို သိပ်ပြီးဂရုမစိုက်ပေ။

အထက်ဘုံလောကမှာ သူတို့၏ ကျင့်ကြံမှုအဆင့်၌ ထပ်မံ၍ အဆင့်​တက်ဖို့က ခက်ခဲလာခဲ့ပြီး လိုအပ်သည့်အချိန်ကလည်း အလွန်တရာရှည်ကြာလာခဲ့၏။

သူတို့လေးယောက်ကို တကယ်တမ်းတုန်လှုပ်သွားစေခဲ့သည်မှာ မိုလင်းဟုခေါ်သော အရက်သမားက နှစ်ထောင့်ငါးရာမျှနှင့် အဆင့် သုံးဆင့်ကို ချိုးဖျက်တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်၏။

ရှဲထျန်ဖုန့်၊ လင်းမင်နှင့် ကျောကျူးရွှမ်တို့ကတော့ သူတို့သည် ဆူဇီမိုကိုပစ်မှတ်ထားဖို့ ကျင့်ကြံသူများကိုပင် စေလွှတ်ခဲ့ကြ၏။

သို့သော်လည်း သူတို့သည် မည်သည့်အရာကိုမှ မရရှိခဲ့ပေ။

ကျောမိသားစုသည် အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကိုပင် ဆုံးရှုံးခဲ့ရ၏။

လင်းမင်က ပြောလိုက်၏။

“ဝမ်ယုက လွန်ခဲ့တဲ့နှစ်ရာဂဏန်းတချို့က ဝမ်ကလန်သားတွေနဲ့ သူ့မိသားစုကလန်ကို ပြန်သွားခဲ့ပြီ... ငါတို့သုံး​ယောက်ကရော ဘယ်အချိန်ပြန်ကြမလဲ”

“ငါက ဒီကိုရောက်လာတာနှစ်နှစ်ထောင်ကျော်သွားပြီဆိုတော့... ပြန်ဖို့နီးလာပြီပဲ”

ရှဲထျန်ဖုန့်က မကျေမနပ်ပြောဆိုလိုက်၏။

“ကြယ်တာရာဂိုဏ်းရဲ့ လျှို့ဝှက်အတတ်အမွေအနှစ်ဆိုတာက ငါအတွက်တော့ မရေမရာဒဏ္ဍာရီတစ်ခုလိုပဲ... မရေမတွက်နိုင်တဲ့ကျင့်ကြံသူတွေက ဒီနှစ်တွေအားလုံးထဲမှာ ရောက်လာခဲ့ကြတယ်... ဒါပေမဲ့ ဘယ်သူကမှ အဲ့ဒီလျှို့ဝှက်အတတ်ရဲ့ အရိပ်အယောင်ကို ရှာမတွေ့ခဲ့ဘူး”

တကယ်တော့... မိသားစုကလန်ငါးခု၏ အရိုက်အရာဆက်ခံသူများသည် ကြယ်တာရာဂိုဏ်းမှာလေ့ကျင့်ဖို့ နှစ်နှစ်ထောင်လောက်သာ အချိန်ယူတတ်ကြလေသည်။

သို့သော်ယခု... ရှဲထျန်ဖုန့်နှင့် အခြားသုံးယောက်သည် နောက်ထပ်အပိုနှစ်ငါးရာ ဤနေရာမှာနေခဲ့ကြပြီးပြီဖြစ်၏။

သို့သော်လည်း သူတို့လေးယောက်ကြန့်ကြာနေရသည့်အကြောင်းအရင်းများက ကွဲပြားလေသည်။

“ငါက... ဒီနေရာမှာ သက်သက်အချိန်လာဖြုန်းနေရတာလို့ထင်တယ်... ကြယ်တာရာဂိုဏ်းရဲ့အမွေအနှစ်က လှည့်စားမှုတစ်ခုဖြစ်လိမ့်မယ်... ငါ ငါရဲ့မိသားစုကလန်ကို တတ်နိုင်သမျှ မြန်မြန်ပြန်တော့မယ်”

လင်းမင်က ရှန်ကွမ်ချန်ဘက်ကိုလှည့်ပြီးမေးလိုက်၏။

“တာအိုရောင်းရင်းရှန်ကွမ်... ခင်ဗျားရောဘယ်လိုထင်လဲ”

ရှန်ကွမ်ချန်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး တွေဝေတုံ့ဆိုင်းနေ၏။

ရိုးရိုးသားသားပြောရလျှင် သူမသည် ဤနေရာမှာအချိန်ကြာမြင့်စွာကုန်ဆုံးခဲ့ပြီးနောက် သူမမှာ စိတ်ရှည်မှုများစွာ မကျန်ရှိတော့ပေ။

သူမသည် စူးစမ်းလိုစိတ်ဖြင့်သာ ဟိုအရက်သမားတံခါးပိတ်ကျင့်ကြံရာကနေထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေရုံသာဖြစ်၏။

သို့သော်လည်း ဤမျှအချိန်ကြာမြင့်ပြီးနောက် သူမ၏ စူးစိမ်းလိုစိတ်က ကုန်ဆုံးသလောက်နီးပါးဖြစ်လာခဲ့လေပြီ။

“ကောင်းပြီလေ”

ရှန်ကွမ်ချန်က ခေါင်းညိတ်လိုက်၏။

“ငါရက်နဲနဲနေရင် ပြန်ဖို့ပြင်မယ်”

“ကောင်းတာပေါ့... အဲ့ဒါဆိုငါတို့အတူတူခရီးထွက်လို့ရပြီ”

ရှဲထျန်ဖုန့်က ရယ်မောလိုက်၏။

ထို့နောက် သူက ကျောကျူးရွှမ်ကိုကြည့်ပြီး ပြောလိုက်၏။

“တာအိုရောင်းရင်းကျော... ခင်ဗျားကရော ကျုပ်တို့နဲ့ပြန်မလိုက်ဘူးလား”

“ငါဒီမှာ အချိန်အတိုင်းအတာတစ်ခုလောက် ကျင့်ကြံချင်သေးတယ်... မင်းတို့တွေအရင်ပြန်နှင့်ကြ”

ကျောကျူးရွှမ်က ညင်သာစွာပြုံးပြလိုက်၏။

ထိုစကားလုံးများကို သူတို့က ထင်မှတ်မထားကြပေ။

ကျောကျူးရွှမ်သည် ကြယ်တာရာဂိုဏ်းတွင် နေလိုသည်မှာ ရှန်ကွမ်ချန်ကြောင့်ဖြစ်သည်ဟု ရှဲထျန်ဖုန့်နှင့် လင်းမင်က တွေးထင်ခဲ့ကြ၏။

ယခု... ချန်ကွမ်ရှန်က ပြန်ဖို့ပြင်နေပြီဖြစ်ပြီး ကျောကျူးရွှမ်က ကြယ်တာရာဂိုဏ်းတွင် ဆက်လက်၍ အချိန်ဖြုန်းလိုနေသည်မှာ တကယ်ပင်ထူးဆန်းလေသည်။

ရှဲထျန်ဖုန့်က သူ၏ လက်သီးနှစ်ဖက်ကိုယှက်ပြီး ထူးဆန်းသောပုံစံဖြင့် ပြောလိုက်၏။

“ဒီလိုဆိုရင်တော့... တာအိုရောင်းရင်းကျော... ခင်ဗျားက ကြယ်တာရာဂိုဏ်းက အဲ့ဒီလျှို့ဝှက်အတတ်အမွေအနှစ်ကို ဆက်ခံရရှိဖို့ ကံကောင်းပါစေ”

“ဒါပေါ့...”

ကျောကျူးရွှမ်က ညင်သာစွာပြုံး၍ စိုးရိမ်ပူပန်ခြင်းမရှိပေ။

ဘုန်း....

ရုတ်တရက်ဆိုသလို...။

ပင်မတောင်ထွတ်အဲခိတ်ပေါ်ရှိ လိုဏ်ဂူခန်းဝါတစ်ခုကနေ ပေါက်ကွဲသံတစ်သံထွက်ပေါ်လာ၏။

သူတို့သည် အသံလာရာဘက်သို့ လှည့်ကြည့်ပြီး သူတို့လေးယောက်၏ အမူအရာများက ပြောင်းလဲသွားကြ၏။

လိုဏ်ဂူခန်းဝါတစ်ခု၏ ကျောက်တံခါးသည် အတွင်းမှလာသောသိပ်သည်းပြင်းထန်သည့် အင်အားတစ်ရပ်ကြောင့် ကြေမွသွားပြီး မရေမတွက်နိုင်သောကျောက်ခဲများအဖြစ် ပေါက်ကွဲထွက်ကာ ဖုန်များက တထောင်းထောင်းထသွား၏။

ထိုလိုဏ်ဂူခန်းဝါကိုကြည့်ပြီး ကျောကျူးရွှမ်၏ မျက်လုံးက ဝင်းလက်သွား၏။

လင်းမင်က မျက်မှောင်အနည်းငယ် ကြုတ်ပြီး ရုတ်တရက်ပြောလိုက်၏။

“အဲ့ဒါက ဟိုအရက်သမားရဲ့လိုဏ်ဂူခန်းဝါပဲ”

“အဲ့ဒီလူက တော်တော်စိတ်ရှည်တာပဲ... သူက နှစ်တစ်ထောင်ကြာကျင့်ကြံပြီးတဲ့နောက် နောက်ဆုံးထွက်လာပြီပေါ့လေ”

ရှဲထျန်ဖုန့်က လှောင်ရယ်လိုက်၏။

“တစ်ချက်လောက်သွားကြည့်ကြရအောင်... နှစ်တစ်ထောင်ကြာသွားပြီဆိုတော့... သူက နောက်တစ်ခါထပ်ပြီးအဆင့်ချိုးဖျက်ချင် ချိုးဖျက်သွားမှာ”

ရှန်ကွမ်ချန်နှင့် အခြားသူများက လေထဲသို့ပျံတက်ပြီး တစ်ခဏချင်းမှာပင် လိုဏ်ဂူခန်းဝါရှေ့သို့ ရောက်ရှိလာကာ ငေးမျှော်ကြည့်လိုက်ကြ၏။

ဖုန်လုံးများကြားမှာ အရပ်ရှည်ရှည်လူတစ်ယောက်က ဖြည်းဖြည်းချင်းလျှောက်လှမ်းထွက်လာ၏။ အဲ့ဒါက ဟိုအရက်သမားဖြစ်လေသည်။ သို့သော်လည်း ဤယစ်ထုတ်သည် သူတို့ပထမဆုံးတွေ့ဆုံခဲ့စဥ်ကလို ယစ်မူး၍ ရူးကြောင်နေခြင်း ဆက်လက်၍မရှိတော့ပေ။ ထိုအစား သူ၏ မျက်နှာက မည်သည့်အရောင်အစင်းမှမရှိဘဲ တစ်မူထူးခြားစွာ ပျက်ယွင်းနေ၏။

ဤယစ်ထုတ်သည် ရှန်ကွမ်ချန်နှင့်အခြားသုံးယောက်ကို လုံးဝမတွေ့မြင်သည့်အလား အဓိပ္ပါယ်မဲ့သော အကြည့်တစ်ခုနှင့်အတူ ရှေ့ကိုငေးမျှော်ကြည့်ရှုနေ၏။

ဤယစ်ထုတ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာလွဲမှားနေသည်ကို သူတို့လေးယောက်စလုံးက ပြောနိုင်ကြ၏။

သူတို့လေးယောက်သည် သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များဖြင့် ယစ်ထုတ်ကို စစ်ဆေးကြည့်လိုက်ပြီး သူတို့၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွား၏။

အဆင့်-၅ ကမ္ဘာ​မြေအင်မော်တယ်။

ဤယစ်ထုတ်သည် တံခါးပိတ်ကျင့်ကြံပြီးနောက် နောက်တစ်ဖန်အဆင့်ချိုးဖျက်သွားပြန်လေပြီ။

ရှန်ကွမ်ချန်နှင့် အခြားသုံးယောက်သည် မိသားစုကြီးများ၏ ပါရမီရှင်များဖြစ်ကြလေသည်။ သူတို့၏ ကျင့်ကြံမှုက နှစ်နှစ်ထောင်ကြာပြီးနောက် တိုးတက်လာသော်လည်း သူတို့သည် အဆင့်ချိုးဖျက်တက်လှမ်းနိုင်မည့်အဆင့်သို့ မရောက်ရှိခဲ့ကြပေ။

သို့သော်လည်း ဤယစ်ထုတ်က အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်ကနေ အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်အထိ တက်လှမ်းလာနိုင်ခဲ့၏။

အင်မော်တယ်နိုင်ငံသုံးနိုင်ငံ၏ ထိပ်တန်းမင်းသားများနှင့် ဂိုဏ်းကြီးများမှ ပြိုင်စံရှားများပင်လျှင် ဤကျင့်ကြံမှုအလျင်အဟုန်ကို လိုက်မီလိမ့်မည် မဟုတ်ပေ။

“တစ်ခုခုတော့လွဲနေတယ်”

ရုတ်တရက် ကျောကျူးရွှမ်က မျက်မှောင်ကြုတ်ပြီး တွေဝေရှုပ်ထွေးစွာဖြင့် တီးတိုးရေရွတ်လိုက်၏။

“အဆင့်-၆ ကမ္ဘာ​​မြေအင်မော်တယ်လား”

အခြားသုံးယောက်ကလည်း တစ်စုံတစ်ရာထူးခြားနေသည်ကို အာရုံခံမိလိုက်၏။

ဤယစ်ထုတ်၏ ကျင့်ကြံမှုနယ်ပယ်ကတည်ငြိမ်မှုမရှိပေ။ ခဏမှာ သူက အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်မှာရှိနေ၏။ နောက်ခဏ၌ သူက အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသွား၏။

ဤယစ်ထုတ်၏ အော်ရာကလည်းအဆင်မပြတ် တက်လိုက်ကျလိုက်ဖြစ်နေ၏။

ယစ်ထုတ်သည် သူ၏ ခန္ဓာကိုယ်ထဲရှိ တစ်မူထူးခြားမှုကို အာရုံခံမိပုံမရဘဲ... ရှေ့သို့ဆက်လျှောက်လာခဲ့၏။

ရုတ်တရက်ဆိုသလို...။

ယစ်ထုတ်က သူ၏ ခြေလှမ်းကိုရပ်တန့်ပြီး ကြောက်စရာကောင်းသော အမူအရာတစ်ခုနှင့်အတူ သွေးများကို အန်ထုတ်လိုက်၏။

သူ့ကျင့်ကြံမှုကတော့ အဆင့်-၅ ကမ္ဘာ​မြေအင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်မှာ တဖြည်းဖြည်းတည်ငြိမ်လာခဲ့၏။

“ဟားဟားဟားဟား...”

ရုတ်တရက် ရှဲထျန်ဖုန့်က သူ၏ ခေါင်းကိုမော့၍ရယ်မောလိုက်၏။

“မင်းကနောက်ဆုံးတော့... ချီသွေဖယ်မှုနဲ့အဆုံးသတ်ပြီး အဆင့်ချိုးဖျက်တက်လှမ်းခြင်း ကျရှုံးသွားပြီပေါ့”

“လူတစ်ယောက်ရဲ့ ကျင့်ကြံမှုနယ်ပယ်က အဲ့လောက်ထိ မြန်မြန်ဆန်ဆန်မြင့်တက်လာပြီး အခြေခံအုတ်မြစ်က မခိုင်မာရင် ဒီလိုရလဒ်ထွက်လာမှာပဲ”

လင်းမင်ကလည်း လှောင်ရယ်လိုက်၏။

“မင်းမှာ လုံလောက်တဲ့ပါရမီအရည်အချင်းမရှိဘဲ အဲ့ဒါကို နေ့ချင်းညချင်း အောင်မြင်ရရှိဖို့ မစဥ်းစားလိုက်နဲ့... အဲ့ဒါက ဒီဘဝမှာ မင်းအောင်မြင်နိုင်တဲ့ အတိုင်းအတာရဲ့အကန့်အသတ်ပဲ”

ရှန်ကွမ်ချန်က သူမ၏ ခေါင်းကိုညင်သာစွာခါပြီး ကြိတ်၍သက်ပြင်းချလိုက်၏။

ဤကျရှုံးသွားသော အဆင့်ချိုးဖျက်တက်လှမ်းခြင်းနှင့်အတူ ယစ်ထုတ်၏ တာအိုနှလုံးသားကပင်လျှင် ပြဿနာတစ်ခုနှင့် ကြုံတွေ့နေပုံရလေသည်။ အနာဂတ်မှာ သူ၏ ကျင့်ကြံမှုက ထပ်မံတိုးမြင့်လာဖို့ အများကြီး ခက်ခဲသွားတော့ပေမည်။

သို့သော်လည်း ရှန်ကွမ်ချန်က နားမလည်နိုင်ပေ။

အဲ့ဒါက လင်းမင်ပြောသလို ဟုတ်နိုင်ပါ့မလား။ ဤယစ်ထုတ်သည် ဤမျှမြန်မြန်ဆန်ဆန်ကျင့်ကြံခဲ့ပြီး သူ၏ အ​ခြေခံအုတ်မြစ်က မခိုင်မာသောကြောင့် ချီသွေဖယ်ခြင်းသို့ဝင်ရောက်ပြီး အဆင့်ချိုးဖျက်တက်လှမ်းခြင်းကျရှုံးသွားတာ ဟုတ်နိုင်ပါ့မလား။

သို့မဟုတ် အဲ့ဒါက အခြားသောအကြောင်းအရင်းတစ်ခုခုကြောင့်များလား။

ယစ်ထုတ်သည် သူတို့လေးယောက်ဘေးကနေဖြတ်လျှောက်လာပြီး ချောက်ကမ်းပါး၏ အထက် ရေညှိတက်နေသော အစိမ်းရောင်ကျောက်တုံးတစ်တုံးရှေ့သို့ ရောက်ရှိလာခဲ့၏။

သူက ထိုပေါ်မှာထိုင်ချပြီး အဝေးတစ်နေရာကို ငေးငိုင်စွာဖြင့် ငေးကြည့်နေ၏။

ရှန်ကွမ်ချန်သည် ယစ်ထုတ်၏ မျက်လုံးများထဲကို ကြည့်လိုက်၏။

ယစ်ထုတ်၏ မျက်လုံးများထဲမှာ မူးယစ်နေသည့် မည်သည့်အရိပ်အယောင်မှမရှိပေ။

ထိုအစား ထိုမျက်လုံးများထဲမှာ သူမကိုပင်ယိမ်းယိုင်သွားစေသည့် ယူကျုံးမရသောဝမ်းနည်းမှုတစ်ခုရှိနေသည်ကို ရှန်ကွမ်ချန်က ခပ်ရေးရေးတွေ့မြင်လိုက်ရ၏။

ဘာ့ကြောင့်ရယ်မသိ ရှန်ကွမ်ချန်သည် ဤယစ်ထုတ်ကိုကြည့်ပြီး သူမ၏ နှလုံးသားက နာကျင်ကိုက်ခဲလာသည်ဟု ခံစားလိုက်ရ၏။

ကျောကျူးရွှမ်က အသံတိတ်နေသော်လည်း သူ၏ မျက်နှာပေါ်မှာ အေးစက်စက်အပြုံးတစ်ခုက ခိုတွဲလာ၏။

ဤယစ်ထုတ်က ချီသွေဖယ်ခြင်းကို တွေ့ကြုံခံစားနေရသည်ဖြစ်စေ... သို့မဟုတ် သူ၏ တာအိုနှလုံးသားက ပျက်စီးထိခိုက်သွားသည်ဖြစ်စေ... သူဂရုမစိုက်ပေ။

သူလိုချင်သည်မှာ ဤယစ်ထုတ်ပိုင်ဆိုင်ထားသည့် ရတနာဖြစ်၏။

သူက လက်ရှိမှာ အဆင့်ချိုးဖျက်တက်လှမ်းခြင်းကျရှုံးသွားသော်လည်း အဲ့ဒါက နှစ်နှစ်ထောင်ကျော်မျှနှင့် သူ့ကိုအဆင့်လေးဆင့်တက်လှမ်းနိုင်အောင် ကူညီပေးခဲ့၏။

သူက ထိုကဲ့သို့သောရတနာကို သေချာပေါက်အရယူရပေလိမ့်မည်။

ခုနှစ်စင်ကြယ်လျှို့ဝှက်အတတ်ကိုတော့ မင်းကိုသင်ကြားပေးလို့ မရဘူး”

All Chapters