← Chapters

အဆင့်မြင့်ဂမ္ဘီရစိတ်ဝိညာဥ်ခုနှစ်စင်ကြယ် အစစ်အမှန်သုတ္တန်

Vol. 140 Ch. 2087

အဆင့်မြင့်ဂမ္ဘီရစိတ်ဝိညာဥ်ခုနှစ်စင်ကြယ် အစစ်အမှန်သုတ္တန်

Vol. 140 Ch. 2087

ပင်မတောင်ထွတ်အဲခိတ်... လိုဏ်ဂူခန်းဝါရှေ့ရှိ အစိမ်းရောင်ကျောက်တုံးပေါ်မှာ။

ဆူဇီမိုသည် ထိုပေါ်မှာထိုင်ပြီး အဝေးတစ်နေရာကို ငေးကြည့်နေ၏။

ရှန်ကွမ်ချန်နှင့် အခြားသူများထင်သည်မှာ မမှားပေ။

သူသည် အဆင့်ချိုးဖျက်တက်လှမ်းခြင်းမှာ တကယ်ပင်ကျရှုံးသွားပြီး ချီသွေဖယ်ခြင်းသို့ ဝင်ရောက်သွားခဲ့၏။

ထိုအချိန်တုန်းက သူသည် အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက် ဖြစ်လာတော့မည့်ဆဲဆဲမှာပင် သိုင်းတာအိုပင်မခန္ဓာထံမှသတင်းကို လက်ခံရရှိလိုက်၏။

ယောင်ရွှယ်က ကွယ်လွန်သွားခဲ့ပြီဖြစ်၏။

အစစ်အမှန်ခန္ဓာနှစ်ခုသည် သီးခြားရပ်တည်နေသော်လည်း ထိန်းချုပ်မရသောဝမ်းနည်းမှုတစ်ခုက ဆူဇီမို၏ နှလုံးသားထဲသို့ လှိုက်တက်လာခဲ့၏။

ယခုအချိန်မှာ သူ၏ တာအိုနှလုံးသားက လှုပ်ခတ်နေ၏။

ဤကဲ့သို့ သေရေးရှင်ရေးအခြေအနေတစ်ခုမှာ လူတစ်ယောက်၏ တာအိုနှလုံးသားက တည်ငြိမ်မှုမရှိဘူးဆိုလျှင် အဲ့ဒါသည် သူတို့၏ ကျင့်ကြံမှုမှာ ကြီးမားသည့်ပြဿနာတစ်ခု သေချာပေါက်ဖြစ်လာပေလိမ့်မည်။ ထို့နောက် သူတို့သည် ချီသွေဖယ်ခြင်းသို့ဝင်ရောက်ကာ သူတို့၏ အဆင့်ချိုးဖျက်တက်လှမ်းခြင်းက ကျရှုံးသွားပေလိမ့်မည်။

တကယ်တော့... ကျိယောင်ရွှယ်၏ ကျင့်ကြံမှုက တိုးတက်မလာဘူးဆိုလျှင် ဤနေ့ကသေချာပေါက်ရောက်ရှိလာပေလိမ့်မည်။

ဆူဇီမိုသည် အဲ့ဒါနှင့်ပတ်သက်၍ တွေးခဲ့မိပြီးသားဖြစ်၏။

သို့သော်လည်း ထိုနေ့ကတကယ်တမ်းရောက်ရှိလာသည့်အခါ သူ့အနေဖြင့် အဲ့ဒါကို လက်ခံဖို့ခက်ခဲနေဆဲ ဖြစ်၏။

ဆူဟုန်ကွယ်လွန်သွားပြီးကတည်းက သူသည် ဤကဲ့သို့သောနာကျင်မှုကို ထပ်မံ၍ မခံစားခဲ့ရတော့ပေ။

သူသည် ကျိယောင်ရွှယ်နှင့် တာအိုလက်တွဲဖော်ဖြစ်ဖို့ ကံပါမလာသော်လည်း သူ၏ နှလုံးသားထဲမှာ သူမ၏ အဆင့်အတန်းက အစားထိုး၍မရနိုင်ပေ။

ကျင့်ကြံသူများသည် သူတို့၏ မော်တယ်အနှောင်အဖွဲ့များကို အချိန်အတန်ကြာကတည်းက ဖြတ်တောက်ထားခဲ့သင့်ပြီး စိတ်ခံစားချက်ခုနှစ်မျိုးနှင့် အာရုံခြောက်ပါးအပေါ် ဂရုမစိုက်သင့်တော့ပေ။

ရှင်သန်ခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်းနှင့် သေဆုံးခြင်းစက်ဝန်းက သဘာဝနိယာမတစ်ခုလည်းဖြစ်၏။

ဒါ့အပြင် ကျိယောင်ရွှယ်သည် မည်သည့်နောင်တမှမရှိဘဲ အပြုံးတစ်ခုနှင့်အတူ ထွက်ခွာသွားခဲ့၏။

သို့သော်လည်း ထိုသတင်းကိုကြားရသောအခါ ဆူဇီမိုက အဲ့ဒါကိုလက်မခံနိုင်သေးပေ။

သူက အဆင့်ချိုးဖျက်တက်လှမ်းရာမှာ ကျရှုံးသွားသည်ဆိုလျှင်လည်း.. ထိုသို့ပင် ရှိစေတော့။

သူ၏ တာအိုနှလုံးသားက တည်ငြိမ်မှုမရှိတော့ဘူးဆိုလျှင်လည်း.. ထိုသို့ပင် ဖြစ်စေတော့။

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် မည်သည့်အရာကိုမှ မစဥ်းစားနိုင်တော့ပေ။ သူက အစိမ်းရောင်ကျောက်တုံးပေါ်မှာထိုင်ပြီး အဝေးတစ်နေရာကိုငေးကြည့်ကာ အဝါဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးအကြောင်းကို တွေဝေငေးမောစွာဖြင့် စဥ်းစားနေ၏။

ရှန်ကွမ်ချန်နှင့် အခြားသုံးယောက်ပင်လျှင် ဆူဇီမိုထံမှ ဖြာထွက်လာသော ဝမ်းနည်းခြင်းအငွေ့အသက်ကို အာရုံခံမိနေ၏။

ထိုဝမ်းနည်းမှုသည် ဆူဇီမို၏ ဘေးပတ်လည်မှာ အော်ရာတစ်ခုကိုဖြစ်ပေါ်လာစေပြီး ပင်မတောင်ထွတ်အဲခိတ်နှင့် ဖြည်းဖြည်းချင်းပေါင်းစည်းသွားသည့်အလား တဖြည်းဖြည်းပျက်ပြယ်သွား၏။

ထို့နောက် ပင်မတောင်ထွတ်အဲခိတ်သည် ဆူဇီမို၏ ဘေးပတ်လည်ရှိအော်ရာကို တုံ့ပြန်လိုက်သည့်အလား ပူဆွေးဝမ်းနည်းဖွယ်ရာကောင်းသော စိတ်ခံစားချက်တစ်ခုကို ဖြာထုတ်ပေးလိုက်၏။

ရုတ်တရက်ဆိုသလို...။

ပင်မတောင်ထွတ်အဲခိတ်က လှုပ်ခါသွားပြီး ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်ထားသည့် ကျိန်းစပ်နေသော ကြယ်အလင်းရောင်တစ်ခုထွက်ပေါ်လာကာ ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး လောကကို တုန်ခါသွားစေ၏။

ရှန်ကွမ်ချန်နှင့် အခြားသုံးယောက်က တုန်လှုပ်သွားပြီး အလိုလိုမော့ကြည့်လိုက်၏။

မိုးကောင်းကင်ထက်မှာ ဧရာမကြယ်တစ်စင်းက ကြယ်အလင်းများအဆုံးမှာ တဖြည်းဖြည်းပေါ်ထွက်လာပြီး ပို၍ရှင်းလင်းလာခဲ့၏။

ဧရာမကြယ်ကို မရေမတွက်နိုင်သောကြယ်များက ထပ်မံဝန်းရံထား၏။

ယခုက နေ့အချိန်ဖြစ်လေသည်။

သို့သော်လည်း ဧရာမကြယ်၏ ပေါ်ထွက်လာမှုက ကောင်းကင်ထက်မှာ ကြယ်အလင်းရောင်များကို ဖျန်းပက်ပြီး မှောင်မည်းသွားစေ၏။

“ဘာတွေဖြစ်နေတာလဲ”

ရှဲထျန်ဖုန်းက မှင်တက်သွားပြီး အလိုလိုမေးလိုက်၏။

သူသည် တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား လင်းမင်၏ မျက်လုံးက ဝင်းလက်သွားပြီး အံ့အားတသင့်ပြောလိုက်၏။

“အဲ့ဒါက ကြယ်တာရာဂိုဏ်းရဲ့ လျှို့ဝှက်အတတ်အမွေအနှစ် ပေါ်လာတာများလား”

ထိုစကားကိုကြားရသောအခါ ရှန်ကွမ်ချန်နှင့် ​ကျောကျူးရွှမ်က ရင်တထိတ်ထိတ်ခုန်လာ၏။

ကြည့်ရသည်မှာ အဲ့ဒါက ဖြစ်နိုင်ခြေရှိ၏။

သူတို့သာလျှင် မဟုတ်ပေ။ ကြယ်တာရာဂိုဏ်း၏ ဂိုဏ်းချုပ်၊ အကြီးအကဲများနှင့် မဟာအကြီးအကဲများပင်လျှင် တံခါးပိတ်ကျင့်ကြံရာကနေထွက်လာပြီး လေထဲမှာပေါ်ထွက်လာကြ၏။

“ကောင်းကင်ထက်က အတောက်ပဆုံးကြယ်က အဲခိတ်ကြယ်ဖြစ်လိမ့်မယ်”

“ပင်မတောင်ထွတ်အဲခိတ်က မိုးကောင်းကင်ထက်က အဲခိတ်ကြယ်နဲ့ချိတ်ဆက်သွားပြီဆိုတော့... ဟိုကျင့်ကြံရေးနည်းစနစ်ရဲ့ အမွေအနှစ်က ဂမ္ဘီရမိုးကောင်းကင်မှာ တကယ်ပဲပြန်ပြီး ပေါ်ထွက်လာတော့မှာလား”

ကြယ်တာရာဂိုဏ်း၏ ဂိုဏ်းချုပ်မှာ တည်တံ့သောအမူအရာတစ်ခုရှိနေပြီး ကောင်းကင်ထက်ရှိနိမိတ်ဖြစ်စဥ်ကိုကြည့်ကာ သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ထား၏။

ထိုနိမိတ်ဖြစ်စဥ်က ဘာဖြစ်သည်ဆိုတာကို သူသည်လည်းပဲ မသေချာပေ။

သို့သော်လည်း ဤကဲ့သို့သောနိမိတ်ဖြစ်စဥ်တစ်ခုက ကြယ်တာရာဂိုဏ်း၏ သမိုင်းမှာ ဘယ်တုန်းကမှ ပေါ်ထွက်မလာခဲ့ဖူးပေ။

ရုတ်တရက်ဆိုသလို...။

ပင်မတောင်ထွတ်အဲခိတ်၏ ဘေးမှာရှိသော ပင်မတောင်ထွတ်မိုင်ဇာကလည်း အနည်းငယ်ယိမ်းထိုးသွားပြီး ကြယ်အလင်းတန်းတစ်ခုကိုထုတ်လွှတ်ကာ ကောင်းကင်ထက်သို့ ထိုးတက်သွားစေ၏။

ထို့နောက် ကြယ်အလင်းရောင်၏ အဆုံးမှာ ဧရာမကြယ်တစ်စင်းပေါ်ထွက်လာ၏။

မိုင်ဇာကြယ်...။

ပြိုးပြိုးပြက်ပြက် ကြယ်များက မိုင်ဇာကြယ်၏ ဘေးမှာ တဖြည်းဖြည်းပေါ်ထွက်လာပြီး ၎င်းကိုလှည့်ပတ်ကာ အဆုံးမဲ့ကြယ်အလင်းရောင်များကို ပြန့်ကျဲသွားစေ၏။

ဘုန်း...

ပင်မတောင်ထွတ် အယ်လီယို့က လှုပ်ခါသွားပြီး တတိယမြောက်ကြယ်အလင်းရောင်တစ်ခု ပစ်လွင့်ထွက်ပေါ်လာကာ မိုးကောင်းကင်ထက်ရှိ တတိယမြောက်ကြယ်နှင့် ချိတ်ဆက်သွား၏။

ဘုန်း...

စတုတ္ထမြောက်ကြယ်အလင်းရောင်က ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်သွား၏။

မတ်ဂရက်ကြယ်က ပေါ်ထွက်လာခဲ့၏။

ဘုန်း...။

ပဉ္စမမြောက်ကြယ်အလင်းရောင်က ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်သွား၏။

ဖက်ဒါကြယ်က ပေါ်ထွက်လာခဲ့၏။

ဆဋ္ဌမမြောက် ကြယ်အလင်းက တိမ်စိုင်များကြားထဲသို့ ပစ်လွင့်သွားလေသည်။

မာရက်ကြယ်က ပေါ်ထွက်လာခဲ့၏။

ဘုန်း...

နောက်ဆုံးပင်မတောင်ထွတ်က လှုပ်ခါသွားပြီး ဧရာမကြယ်အလင်းတစ်ခုကို ထုတ်ဖော်ကာ ကြယ်တာရာကောင်းကင်ထဲသို့ ဝင်ရောက်သွားစေပြီး သတ္တမမြောက်ကြယ်ကို ပေါ်ထွက်လာစေ၏။

အဲ့ဒါက ဒူဘီကြယ်ဖြစ်လေသည်။

မိုးကောင်းကင်ထက်မှာ ကြယ်ခုနှစ်စင်းပေါ်ထွက်လာပြီး အဲ့ဒါက မနှိုင်းယှဥ်သာအောင်ကြီးမားနေ၏။ သူတို့က အရမ်းကိုနီးကပ်နေပြီး ကြယ်အလင်းရောင်များကို တောက်ပစွာဖြာထုတ်ပေးကာ ဘေးပတ်ဝန်းကျင်ကို အဆက်မပြတ်တောက်ပလာစေ၏။

နေ့အလင်းရောင်က ဖျော့တော့သွားပြီး ညကောင်းကင်ယံက ဆင်းသက်လာခဲ့၏။

ကြယ်တာရာဂိုဏ်း၏ ပင်မတောင်ထွတ်ခုနှစ်ခုသည် ရာသီဥတုအပြောင်းအလဲတစ်ခုကိုဖြစ်စေပြီး နေ့ဘက်ကိုပျောက်ကွယ်ကာ ကြယ်များကိုပေါ်ထွက်လာစေ၏။

ထိုအခိုက်အတန့်မှာ ကြယ်တာရာဂိုဏ်း၏ ဒဏ္ဍာရီလာအမွေအနှစ်က ပေါ်ထွက်လာတော့မည်ကို လူတိုင်းက နားလည်သဘောပေါက်လိုက်ကြ၏။

သို့သော်လည်း ကံကောင်းသည့်သူက မည်သူဖြစ်မလဲ ဘယ်သူကမှမသိကြပေ။

ဂိုဏ်းချုပ်အပါအဝင် ကြယ်တာရာဂိုဏ်း၏ ကျင့်ကြံသူများအားလုံးသည် ကြယ်တာရာအင်မော်တယ်ပညာရပ်များစွာကို တိတ်တဆိတ်လှည့်ပတ်ပြီး သူတို့၏ ခန္ဓာကိုယ်ထဲသို့ ကြယ်အလင်းရောင်များကို ဆွဲဆောင်ချင်နေ၏။

ရှန်ကွမ်ချန်နှင့် အခြားသုံးယောက်ပင်လျှင် အကြောအခြင်တောင့်တင်းစွာဖြင့် ကြယ်တာရာကောင်းကင်ကို မမှိတ်မသုန်ကြည့်နေကြ၏။

သူတို့က ကြယ်တာရာဂိုဏ်း၏ အင်မော်တယ်ပညာရပ်မန္တန်အချို့ကို တိတ်တဆိတ်ရွတ်ဆိုပြီး ကြယ်တာရာကောင်းကင်နှင့်ချိတ်ဆက်ကာ အမွေအနှစ်ကိုဆက်ခံရယူချင်နေကြ၏။

သူတို့ရှေ့မှ နိမိတ်ဖြစ်စဥ်ကို ဖြစ်စေခဲ့သည့်အရာကို သူတို့လေးယောက်က နားလည်သဘောပေါက်ခြင်း မရှိကြသေးပေ။

သူတို့လေးယောက်၏ ဘေးမှာ တစ်စုံတစ်ယောက်က အစိမ်းရောင်ကျောက်တုံးပေါ်မှာ မလှုပ်မယှက်ထိုင်နေဆဲ ဖြစ်ပြီး အဝေးတစ်နေရာကိုငေးကြည့်နေ၏။

သူက အဲ့ဒါကို စိတ်ထဲမှာလုံးဝမရှိသည့်အလား ကြယ်တာရာကောင်းကင်ကို လုံးဝမော့ကြည့်ခြင်းမရှိပေ။

ထိုအခိုက်အတန့်မှာ ကျိယောင်ရွှယ်က ကွယ်လွန်သွားခါစဖြစ်ပြီး ဆူဇီမိုသည် အခြားမည်သည့်အရာကိုမှ စဥ်းစားတွေးတောနေဖို့ တကယ်ပင်အာရုံမလာပေ။

ဤလောကမှာ မည်သည့်အရာကမှ အရေးမပါတော့ဟု သူကခံစားနေရ၏။

သူကကြယ်တာရာဂိုဏ်းရဲ့အမွေအနှစ်ကိုရရှိမယ်ဆိုတော့ရော ဘာဖြစ်လဲ။

သူက သူ၏ မိတ်ဆွေကို ပြန်လည်အသက်သွင်းပေးနိုင်တော့မည် မဟုတ်ပေ။

ရုတ်တရက် ဆူဇီမို၏ စိတ်ထဲမှာ သက်ပြင်းချသံတစ်သံထွက်ပေါ်လာ၏။

“ဒီလောက်နှစ်တွေကြာပြီးတဲ့နောက် လူတစ်ယောက်က နောက်ဆုံးမှာငါ့ကို နိုးထစေခဲ့ပြီပဲ”

ဆူဇီမိုက လှုပ်ရှားယိမ်းယိုင်သွားခြင်း သို့မဟုတ် ပြန်​ဖြေခြင်း မရှိပေ။

“အရင်တုန်းက ငါကဒီနေရာမှာသေခဲ့ရတယ်... ငါ့ရဲ့အမွေအနှစ်ကိုချန်ထားခဲ့လိုတဲ့အတွက် ဒီနေရာမှာ ငါ့ရဲ့အကြွင်းအကျန်အသိစိတ်တစ်ခုကို ချန်ထားခဲ့တယ်”

အသံက ဆက်ပြောလိုက်၏။

“ဒါပေမဲ့... ငါ့ရဲ့အမွေအနှစ်ကိုရယူချင်တဲ့ဘယ်သူမဆို တစ်ခါတုန်းက ငါတွေ့ကြုံခံစားခဲ့ရဖူးတဲ့ တူညီတဲ့နာကျင်မှုနဲ့မှပဲ ငါ့ကိုအာရုံခံမိစေလိမ့်မယ်”

“ကံဆိုးစွာနဲ့ပဲ... ဒီလောက်နှစ်တွေကြာပြီးတဲ့နောက် ဘယ်သူကမှငါ့ကိုမနိုးထစေခဲ့ဘူး”

သူ့စိတ်ထဲရှိ ထိုအသံက အနည်းငယ်ဆူညံနေသည်ဟု ဆူဇီမိုကခံစားရပြီး ထိုအသံကိုတတ်နိုင်သမျှမြန်မြန် ပြန်ထွက်သွားစေချင်၏။

“ကျင့်ကြံသူအများစုက သူတို့ရဲ့မော်တယ်အနှောင်အဖွဲ့တွေကို ဖြတ်တောက်ခဲ့ကြပြီးတော့... သေခြင်းရှင်ခြင်းအပေါ် ဂရုမစိုက်ကြတော့ဘူး... မင်းလိုမျိုးသံယောဇဥ်ကြီးတဲ့လူတစ်ယောက်နဲ့တွေ့ဆုံရဖို့ဆိုတာ တကယ်မလွယ်ဘူး”

အထက်ဘုံမှ ကျင့်ကြံသူများ၏ ဘဝသက်တမ်းက အနည်းဆုံးနှစ်ပေါင်းသိန်းချီရှိလေသည်။

ဤကဲ့သို့ ကြာမြင့်သောအချိန်အတောအတွင်းမှာ ကျင့်ကြံသူတိုင်းသည် သေခြင်းရှင်ခြင်းအခြေအနေများကို မြောက်မြားစွာတွေ့ကြုံခဲ့ကြရ၏။ ထိုသို့ဖြင့် သူတို့သည် ခွဲခွာခြင်း၏ နာကျင်မှုအပေါ် သိပ်ပြီးဂရုမစိုက်တတ်ကြတော့ပေ။

ဒါ့အပြင် လူတစ်ယောက်က သူတို့၏ ကျင့်ကြံမှုကို တိုးမြှင့်လိုသည်ဆိုလျှင် သူတို့သည် သူတို့၏ တာအိုနှလုံးသားကို တည်ငြိမ်အောင်လုပ်ရပြီး စိတ်ခံစားချက်များနှင့် အာရုံများအားလုံးကို တတ်နိုင်သမျှ ဖြတ်တောက်ထားရပေမည်။

မဟုတ်ပါက သူတို့အနေဖြင့် ချီသွေဖယ်ခြင်းသို့ဝင်ရောက်ပြီး ဆူဇီမိုကဲ့သို့ တူညီသောအ​ခြေအနေနှင့် ကြုံတွေ့ရဖို့လွယ်ကူလေသည်။

“ငါအရင်တုန်းက ကောင်းကင်ဘုံကမ္ဘာရဲ့ ဂမ္ဘီရမိုးကောင်းကင်ကို ရောက်လာခဲ့တယ်ဆိုတာ ငါ့ရဲ့ချစ်ခင်မြတ်နိုးရတဲ့သူကို ဆုံးရှုံးသွားပြီး ငါကယူကျုံးမရဖြစ်နေခဲ့လို့ပဲ... မင်းက ဒီနေ့ငါ့ကိုနိုးထစေခဲ့တယ်ဆိုတော့ ငါတို့က ရေစက်ပါလာတာပဲ”

အသံကဖြည်းဖြည်းချင်းထွက်ပေါ်လာ၏။

“ဒါပေမဲ့... မင်းကငါ့ရဲ့ ကြယ်တာရာကမ္ဘာက မဟုတ်ဘူးဆိုတော့ ငါကမင်းကို အဆင့်မြင့်ဂမ္ဘီရစိတ်ဝိညာဥ်ခုနှစ်စင်ကြယ် အစစ်အမှန်သုတ္တန်ရဲ့တစ်ဝက်ကိုပဲ သင်ကြားပေးနိုင်တယ်... ငါ့ရဲ့ဘိုးဘေးတွေရဲ့သင်ကြားမှုကိုထောက်ထားပြီး ငါက...

All Chapters