← Chapters

ချောင်းမြောင်းတိုက်ခိုက်ခြင်း

Vol. 140 Ch. 2088

ချောင်းမြောင်းတိုက်ခိုက်ခြင်း

Vol. 140 Ch. 2088

“ကြယ်တာရာဂိုဏ်းရဲ့ လျှို့ဝှက်အတတ်ဆိုတာက အဲ့ဒါလား”

အကြွင်းအကျန်အသိစိတ်က စကားပြောဆိုပြီး အတန်ကြာမှ ဆူဇီမိုက အနည်းငယ်သာတုံ့ပြန်လိုက်၏။

သူ၏ နှလုံးသားထဲမှာ ဝမ်းသာပျော်ရွှင်မှုရှိမလာခဲ့ပေ။

ယခု... ကျိယောင်ရွှယ်က ကွယ်လွန်သွားခဲ့ပြီး သူက အဆင့်မြင့်ဂမ္ဘီရစိတ်ဝိညာဥ်ခုနှစ်စင်ကြယ် အစစ်အမှန်သုတ္တန်ကို ရရှိမယ်ဆိုတော့ရော ဘာဖြစ်လဲ။

သူ့ရှေ့မှမြင်ကွင်းက အနည်းငယ်လှောင်ရယ်စရာဖြစ်နေသည်ဟု ဆူဇီမိုက ခံစားလိုက်ရ၏။ သမိုင်းတစ်လျှောက်မှာ မရေမတွက်နိုင်သောကျင့်ကြံသူများသည် ကြယ်တာရာဂိုဏ်း၏ လျှို့ဝှက်အတတ်ကို ရရှိဖို့အတွက် ဦးနှောက်ခြောက်မတတ် ကြံစည်ခဲ့ကြ၏။

သို့သော်လည်း ကျင့်ကြံသူများအားလုံးသည် အစွဲအလမ်းများစွာဖြင့်ရောက်ရှိလာကြပြီး ကြယ်တာရာကမ္ဘာမှ ဤပညာရှင်၏ စိတ်အခြေအနေနှင့်လိုက်ဖက်ညီသော တုံ့ပြန်မှုတစ်ခုကို မပေးနိုင်ခဲ့ကြပေ။

ဆူဇီမိုကတော့... ကျိယောင်ရွှယ်ကို ဆုံးရှုံးခဲ့ရသောကြောင့် ဤအကြွင်းအကျန်အသိစိတ်ကိုနိုးထစေခဲ့ပြီး သူက အဆင့်မြင့်ဂမ္ဘီရစိတ်ဝိညာဥ် ခုနှစ်စင်ကြယ်အစစ်အမှန်သုတ္တန်ကို ရရှိနိုင်တော့မည်ဖြစ်၏။

ဤရရှိမှုနှင့် ဆုံးရှုံးမှုက အလွန်တရာထူးဆန်းသော တိုက်ဆိုင်မှုတစ်ခုဖြစ်သည်ဟုထင်ရ၏။

ဆူဇီမိုသည် အချိန်တိုအတွင်းမှာ ခွဲခွာရခြင်း၏ ဝမ်းနည်းမှုကနေ ရုန်းထွက်မလာနိုင်သေးပေ။ သူက ဤလျှို့ဝှက်အတတ် အမွေအနှစ်ကို ရရှိမည်ဆိုလျှင်တောင် သူက အဲ့ဒါကိုစိတ်မဝင်စားပေ။

“ငါက... မင်းကိုခုနှစ်စင်ကြယ်လျှို့ဝှက်အတတ် မသင်ပေးနိုင်ဘူးဆိုပေမယ့် အဆင့်မြင့်ဂမ္ဘီရစိတ်ဝိညာဥ် ခုနှစ်စင်ကြယ်အစစ်အမှန်သုတ္တန်မှာ စုစုပေါင်းအဆင့် ၇ဆင့်ရှိတယ်... မင်းက သူ့ရဲ့အကန့်အသတ်ထိ နားလည်ဆင်ခြင်နိုင်မယ်ဆိုရင် မင်းက နယ်မြေဒေသတစ်ခုကို သေချာပေါက်လွှမ်းမိုးနိုင်ပြီး ကျင့်ကြံမှုအဆင့်တူခြင်းမှာ လူတိုင်းအပေါ်ကို စိုးမိုးနိုင်လိမ့်မယ်”

ဆူဇီမိုက မြင့်မားသောစိတ်ဝိညာဥ်မှာရှိမနေသည်ကို အကြွင်းအကျန်ဝိညာဥ်က တွေ့မြင်ရသောအခါ သူက ဤကြယ်တာရာကျင့်ကြံရေးနည်းစနစ်ကို အထင်သေးနေခြင်းဖြစ်မည်ဟု တွေးမိသွားပြီး အကြွင်းအကျန်အသိစိတ်က ဝင့်ကြွားစွာဖြင့် ပြောဆိုလာခဲ့၏။

ရုတ်တရက်ဆိုသလို... ။

ရှုပ်ထွေးပွေလီ၍ လျှို့ဝှက်ဆန်းကြယ်သောသုတ္တန်များစွာက ဆူဇီမို၏ အသိစိတ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး သူ၏ အသိစိတ်ကို ဖရိုဖရဲ ဖြစ်သွားစေ၏။

ထို့နောက် မိုးကောင်းကင်ထက်မှာ ကြယ်အလင်းရောင်များက ဝင်းလက်တောက်ပလာခဲ့၏။

ကြီးမားသောကြယ်အလင်းတန်းတစ်ခုက အဲခိတ်ကြယ်ကနေ ပစ်လွင့်ထွက်ပေါ်လာပြီး ဆူဇီမိုပေါ်သို့ ဆင်းသက်သွား၏။

ထို့နောက် အဲခိတ်ကြယ်၏ ဘေးမှာရှိသော ကြယ်ကနေလည်း အဆုံးမဲ့ကြယ်အလင်းတန်းများက ဖြန်းပက်ကျဆင်းလာပြီး ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ဆတ်ခနဲတုန်ယင်သွားပြီး ကြယ်အလင်းတန်းများက သူ၏ ဒွာရပေါက်များကနေ တိုးဝင်ကာ မိုးကောင်းကင်ထက်ရှိကြယ်များက လင်းထိန်နေ၏။

အရမ်းကိုကြီးမားသည့် စွမ်းအားတစ်ခုက သူ၏ ဒွာရပေါက်များကနေ သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာနေပြီး သူ၏ ခန္ဓာကိုယ်ကို အဆက်မပြတ်မီးဆေးပေးနေသည်ဟု ဆူဇီမိုကခံစားရ၏။

သူ့ခန္ဓာကိုယ်ထဲရှိစွမ်းအားကလည်း တဖြည်းဖြည်းမြင့်တက်လာနေ၏။

“ဟမ်...”

အကြွင်းအကျန်အသိစိတ်၏ အသံက တွေဝေရှုပ်ထွေးမှုတစ်စွန်းတစ်စနှင့်အတူ ဆူဇီမို၏ စိတ်ထဲမှာ တစ်ဖန်ထွက်ပေါ်လာ၏။

“ကြည့်ရတာ... မင်းရဲ့ခန္ဓာကိုယ်က...”

“ဖန်တီးခြင်းကြာပဒုမ္မာပဲ”

အကြွင်းအကျန်အသိစိတ်၏ အသံက တူန်လှုပ်မှုတစ်စွန်းတစ်စကို သယ်ဆောင်ထား၏။

သူ၏ အတွေ့အကြုံနှင့်ပင်လျှင် ဤကဲ့သို့ ပြီးပြည့်စုံသော အသွေးအသားခန္ဓာကိုယ်တစ်ခုကို တည်ဆောက်ရန် လူတစ်ယောက်က ဖန်တီးခြင်းကြာပဒုမ္မာနှင့် ပေါင်းစည်းနိုင်လိမ့်မည်ဟု သူက တစ်ခါမှမတွေးမိခဲ့ဖူးပေ။

“ပုံမှန်အခြေအ​နေမှာဆိုရင် မင်းက အဆင်မြင့်ဂမ္ဘီရစိတ်ဝိညာဥ် ခုနှစ်စင်ကြယ်အစစ်အမှန်သုတ္တန်ကို ရရှိထားပေမယ့်... မင်းက အဲ့ဒါကိုအောင်မြင်ဖို့အတွက် မင်းဘာသာမင်းတံခါးပိတ်ကျင့်ကြံရလိမ့်မယ်... အဲ့ဒါက အချိန်ဘယ်လောက်ယူရမလဲဆိုတာ မသိနိုင်ဘူး”

“ဒါပေမဲ့... မင်းက ဖန်တီးခြင်းကြာပဒုမ္မာဆိုတော့... မင်းရဲ့ခန္ဓာကိုယ်က လုံလောက်တဲ့ကြယ်အလင်းတွေကို စုဆောင်းနိုင်တယ်... အချိန်တိုအတွင်းမှာပဲ မင်းက အဆင့်မြင့်ဂမ္ဘီရစိတ်ဝိညာဥ် ခုနှစ်စင်ကြယ်အစစ်အမှန်သုတ္တန်ရဲ့ ပထမအဆင့်ကို ကျင့်ကြံနိုင်ပြီး ဂမ္ဘီရစိတ်ဝိညာဥ်ခုနှစ်စင်ကြယ်ကားချပ်ကို စုဖွဲ့နိုင်လိမ့်မယ်”

အကြွင်းအကျန်အသိစိတ်၏ အသံက စိတ်လှုပ်ရှားတက်ကြွနေ၏။

တစ်ဘက်မှာတော့... ကြယ်တာရာဂိုဏ်းမှ ကျင့်ကြံသူများစွာသည် တူညီသောတုန်လှုပ်စရာကောင်းသည့်မြင်ကွင်းကို တွေ့မြင်နေကြရ၏။

ပင်မတောင်ထွတ်အဲခိတ်ပေါ်ရှိ အစိမ်းရောင်ကျောက်တုံးတစ်တုံးပေါ်မှာ အရပ်မြင့်မြင့်ကျင့်ကြံသူတစ်ယောက်က ကြယ်အလင်းရောင်များ၏ ဆေးကြောသန့်စင်မှုကိုခံယူနေ၏။

သူက တောက်ပသည်ထက် တောက်ပလာသော ဧရာမကြယ်တစ်လုံးအဖြစ် အသွင်ပြောင်းလဲသွားသည်ဟု ထင်ရလေသည်။

“အဲ့ဒီလူက အမွေအနှစ်ကို လက်ခံရယူနေတာပဲ”

“အဲ့ဒါဘယ်သူလဲ”

“သူ့နာမည်က မိုလင်းလို့ငါထင်တယ်... သူက အရက်သောက်ရတာကို သဘောကျတဲ့သူပဲ... သူက လွန်ခဲ့တဲ့နှစ်နှစ်ထောင်ကျော်ကမှ ဂိုဏ်းကိုဝင်ရောက်လာခဲ့တာ”

ကြယ်တာရာဂိုဏ်း၏ ဂိုဏ်းချုပ် ကြယ်တာရာမိုးမှာ တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုရှိနေပြီး ညင်သာစွာသက်ပြင်းချလိုက်၏။

“ငါ့ရဲ့ဘဝမှာ ဒီကျင့်ကြံရေးနည်းစနစ်ပြန်ပေါ်လာတာကို တွေ့မြင်နိုင်ပြီဆိုတော့... ငါ့မှာဘာနောင်တမှမရှိတော့ဘူးလို့ထင်တယ်”

ရှန်ကွမ်ချန်နှင့် အခြားသုံးယောက်သည် ဆူဇီမိုနှင့် အနီးဆုံးမှာရှိနေပြီး သူတို့မှာ အတွေးများကိုယ်စီရှိနေကြ၏။

ဆူဇီမိုက အနည်းငယ်ထူးဆန်းနေသည်ကို ပထမဆုံးသတိထားမိခဲ့သည့်သူက ရှန်ကွမ်ချန်ဖြစ်လေသည်။

ယခု... အရင်တုန်းက သူမ၏ ထင်မြင်ချက်က မမှားခဲ့ကြောင်း လက်ရှိမြင်ကွင်းက သက်သေပြပေးနေ၏။

မိုလင်းသည် ထိုကျင့်ကြံရေးနည်းစနစ်၏ အမွေအနှစ်ကို ဆက်ခံရရှိမည်ဆိုလျှင် သူသည်အနာဂတ်မှာ ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်၏ အကျော်ကြားဆုံး ပြိုင်စံရှားများထဲမှတစ်ယောက် သေချာပေါက်ဖြစ်လာပေလိမ့်မည်။ သူမသည် သူနှင့်ပတ်သက်ဆက်နွယ်မှုရရှိဖို့ အတတ်နိုင်ဆုံးကြိုးစားမည်ဖြစ်ပြီး သူ့ကို သူမ၏ မိသားစုကလန်ထဲသို့ ဆွဲခေါ်နိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။

ရှန်ကွမ်ချန်သည် သူမဘာသာသူမ စဥ်းစားတွေးတောနေပြီး ရုတ်တရက်တစ်စုံတစ်ရာကို တွေးမိသွားကာ အနည်းငယ်ရှက်သွေးဖြာသွား၏။

ကျောကျူးရွှမ်က မလှမ်းမကမ်းမှာရှိသောပုံရိပ်ကိုကြည့်ပြီး သူ၏ မျက်လုံးကို မှေးကျဥ်းလိုက်၏။

သူ၏ အကြည့်က တစ်စုံတစ်ရာကို အကွက်ချကြံစည်နေသည့်အလား အေးစက်၍ မကောင်းဆိုးဝါးဆန်နေ၏။

တစ်ဘက်မှာတော့... ရှဲထျန်ဖုန့်သည် မှုန်ကုပ်နေသောအမူအရာဖြင့် သူ၏ မေးကို လက်ဖြင့်ပွတ်ပြီး သူ၏ မျက်လုံးထဲမှာ မနာလိုနေသည့်အရိပ်အယောင်တစ်ခုရှိနေ၏။

ရုတ်တရက် သူက သိုလှောင်အိတ်ထဲကနေ ဓားပျံတစ်လက်ကိုဆွဲထုတ်ပြီး လေထဲမှာရစ်ဝဲစေလိုက်၏။

“ဟမ့်...”

ရှဲထျန်ဖုန့်က အေးစက်စွာပြောလိုက်၏။

“ငါက အဲ့ဒါကို မရနိုင်ဘူးဆိုရင် တခြားဘယ်သူကမှလည်း အဲ့ဒါကိုမရနိုင်စေရဘူး”

အခြားတစ်ဘက်မှာတော့ လင်းမင်သည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုကို စုဖွဲ့ကာ မလှမ်းမကမ်းမှ အမွေအနှစ်ကိုဆက်ခံရယူနေသည့် ဆူဇီမိုထံသို့ ချိန်ရွယ်လိုက်လေသည်။

“ဟမ်...”

ထိုသည်ကို တွေ့မြင်သောအခါ ကြယ်တာရာဂိုဏ်း၏ ဂိုဏ်းချုပ် ကြယ်တာရာမိုးနှင့် အခြားသူများက တုန်လှုပ်သွားကြ၏။

သူတို့က ကောင်းကင်အင်မော်တယ်များဖြစ်သော်လည်း ဝေးကွာလွန်းသောကြောင့် သူတို့က ဝင်ရောက်ဟန့်တားချင်သည်ဆိုလျှင်တောင် အဲ့ဒါကိုအချိန်မီပြုလုပ်နိုင်တော့မည် မဟုတ်ပေ။

အမွေဆက်ခံရယူခြင်းဖြစ်စဥ်က ဖျက်ဆီးခံရမည်ဆိုလျှင် ဤကျင့်ကြံခြင်းနည်းစနစ်က အပြီးတိုင်ပျောက်ကွယ်သွားပေတော့မည်။

ကြယ်တာရာဂိုဏ်းကျင့်ကြံသူများအားလုံးမှာ မတူညီသောအမူအရာများရှိနေကြ၏။

လူတချို့က ညည်းတွားရေရွတ်လိုက်ကြပြီး တချို့က သူတို့၏ ခေါင်းများကိုခါယမ်းကာ တချို့ကလှောင်ရယ်၍ တချို့က အူမြူးအားရနေ၏။

ချွမ်း...

ဝုန်း....

ရုတ်တရက်အခြားတစ်ဘက်ကနေ ဓားပျံတစ်လက်က ပေါ်ထွက်လာပြီး ရှဲထျန်ဖုန့်၏ ဓားပျံကို ပစ်တိုက်ချလိုက်၏။ မီးပွားများက လွင့်စင်ထွက်သွားပြီး သတ္တုချင်းထိခတ်သံကပေါ်ထွက်လာခဲ့လေသည်။

ထို့နောက် ဆူဇီမိုနှင့် မလှမ်းမကမ်းမှာ ပုံရိပ်တစ်ခုက ပေါ်ထွက်လာ၏။ သူက အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုကို စုဖွဲ့ပြီး ကျယ်လောင်သောမြည်သံနှင့်အတူ လင်းမင်၏ နတ်ဘုရားစွမ်းအားကို တိုက်ချလိုက်၏။

ထိုပုံရိပ်က အချိန်မီဝင်ရောက်ဟန့်တားခဲ့ပြီး ရှဲထျန်ဖုန့်နှင့် လင်းမင်၏ တိုက်ခိုက်မှုများကို ချေဖျက်ပေးနိုင်ခဲ့၏။

အဲ့ဒါက ရှန်ကွမ်ချန်ဖြစ်၏။

လက်ရှိလူတိုင်းကြားမှာ အချိန်မီဝင်ရောက်တားဆီးပေးနိုင်သည့်သူများက ရှန်ကွမ်ချန်နှင့် ကျောကျူးရွှမ်သာလျှင်ဖြစ်လေသည်။

“တာအိုရောင်းရင်းရှန်ကွမ်... ခင်ဗျား...”

ရှဲထျန်ဖုန့်သည် သူ၏ အားထုတ်မှုများအားလုံးက အချည်းနှီးဖြစ်သွားသည်ကိုတွေ့မြင်သောအခါ မကျေမနပ်ဖြစ်သွား၏။

သူက ရှေ့သို့အလိုလိုခြေတစ်လှမ်းတိုးပြီး မျက်လုံးပြုးမျက်ဆံပြူးဖြင့် သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ထား၏။

“နင်တို့နှစ်ယောက် အဲ့ဒါဘာလုပ်ကြတာလဲ”

ရှန်ကွမ်ချန်၏ အမူအရာက စိမ်းသက်လာခဲ့ပြီး ရှဲထျန်ဖုန့်နှင့် လင်းမင်ကိုကြည့်ကာ အေးစက်စွာပြောလိုက်၏

“အခုချိန်မှာတိုက်ခိုက်တာက သိပ်ပြီးတော့အောက်တန်းကျမနေဘူးလား”

“ဟမ့်...”

လင်းမင်သည် ရှန်ကွမ်ချန်ကို အရင်ကပိုးပန်းခဲ့သော်လည်း ယခုအချိန်မှာ သူက ဒေါသချောင်းချောင်းထွက်နေပြီး အေးစက်စွာဖြင့်နှာမှုတ်လိုက်၏။

ရှန်ကွမ်ချန်က အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်ထက် နယ်ပယ်တစ်ခုပိုမိုမြင့်မားလေသည်။

ရှန်ကွမ်ချန်ဝင်ရောက်လာသည့်အခါ သူတို့အတွက် အခွင့်အရေးမရှိတော့ကြောင်း ရှဲထျန်ဖုန့်နှင့် လင်းမင်က သိရှိလိုက်၏။

ဒါ့အပြင် ကြယ်တာရာဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားသောအကြီးအကဲများက ဆင်းသက်လာခဲ့ကြလေပြီ။

ဆူဇီမိုသည် အစိမ်းရောင်ကျောက်တုံးပေါ်မှာထိုင်ပြီး အမွေအနှစ်ကိုလက်ခံရယူနေသော်လည်း သူ၏ ဘေးပတ်လည်မှာဖြစ်ပျက်နေသည့်အရာရာတိုင်းကို သူက ရှင်းလင်းစွာအာရုံခံမိနိုင်ဆဲ ဖြစ်၏။

“ဟမ်...”

အကြွင်းအကျန်အသိစိတ်က တစ်စုံတစ်ရာကိုအာရုံခံမိသွားပုံရပြီး အံ့အားတသင့်ရေရွတ်လိုက်၏။

“မင်းရဲ့အမြုတေစိတ်ဝိညာဥ်ရဲ့လက်ထဲက အဲ့ဒီကျောက်စိမ်းတောင်ဝှေးက....”

အဆုံးမဲ့ကြယ်အလင်းများက ပြန့်ကျဲသွားပြီး ဆူဇီမို၏ ဒွာရပေါက်များထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။ ကြယ်အလင်းရောင်၏ တစ်စိတ်တစ်ပိုင်းက ကျောက်စိမ်းတောင်ဝှေး၏ ရှေ့မှာရှိသော ပုတီးစေ့တစ်စေ့ထဲသို့ တလိပ်လိပ်တိုးဝင်နေ၏။

ကြယ်အလင်းရောင်များက ပုတီးစေ့ကိုလှည့်ပတ်နေပြီး အဲ့ဒါကိုပို၍သိပ်သည်းကျစ်လစ်လာစေ၏။

“မင်းက ဒီလိုရတနာတစ်ခုကိုတောင် ပိုင်ဆိုင်ထားတယ်ဆိုတော့...”

အကြွင်းအကျန်အသိစိတ်က တုန်လှုပ်နေ၏။

ဖန်တီးခြင်းကြာပဒုမ္မာ ရရှိလာမည့် နောက်ပိုင်းအပြောင်းအလဲများကို တျဲယွဲ့ပင်လျင် မသိရှိခဲ့ပေ။ ထို့ကြောင့် ကြယ်တာရာကမ္ဘာမှ ဤဘုရင်ကလည်း သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးနှင့်ပတ်သက်၍ သိရှိထားလိမ့်မည် မဟုတ်ပေ။

“ဟားဟားဟားဟား..”

ထို့နောက် အကြွင်းအကျန်အသိစိတ်က ဟားတိုက်ရယ်မောလိုက်၏။

“ဒီလိုရတနာတစ်ခုရဲ့ အကူအညီနဲ့ဆိုမင်းက အဆင့်မြင့်ဂမ္ဘီရစိတ်ဝိညာဥ် ခုနှစ်စင်ကြယ်အစစ်အမှန်သုတ္တန်ရဲ့ အဆင့်-၂ ကို မင်းက အမွေဆက်ခံပြီးတာနဲ့ ကျင့်ကြံနိုင်လိမ့်မယ်”

“ဂမ္ဘီရစိတ်ဝိညာဥ်ခုနှစ်စင်ကြယ်ကားချပ်ရယ်... ကြယ်နှစ်စင်းရဲ့စွမ်းအားရယ်ဆို မင်းရဲ့တိုက်ခိုက်ရည်ခွန်အားက နှစ်ဆမြင့်တက်လာလိမ့်မယ်”

“မင်းရဲ့အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနဲ့ထပ်ပေါင်းလိုက်ရင် မင်းက အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တွေကိုတောင်မှ စိန်ခေါ်နိုင်ပြီ”

ဆူဇီမိုက စိတ်အာရုံပျံ့လွင့်နေပြီး အကြွင်းအကျန်အသိစိတ်၏ စကားကို နားထောင်နေခြင်းလည်းမရှိသလို ပြန်ဖြေခြင်းလည်း မရှိပေ။

ဂမ္ဘီရစိတ်ဝိညာဥ်ခုနှစ်စင်ကြယ်ကားချပ်မရှိလျှင်တောင် ဆူဇီမို၏ လက်ရှိအစွမ်းအစရ သူသည် အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်များကို မပြောနှင့် အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်များကိုပင် သတ်ဖြတ်နိုင်သည်ကို အကြွင်းအကျန်အသိစိတ်က မသိရှိပေ။

All Chapters