မုန်တိုင်းမျက်လုံး
Vol. 140 Ch. 2089
“ငါတို့ ကြယ်တာရာကမ္ဘာက ပြိုင်စံရှားတွေတောင်မှ အဆင့်မြင့် ဂမ္ဘီရစိတ်ဝိညာဉ် ခုနှစ်စင်ကြယ် အစစ်အမှန်သုတ္တန်ကို အဆင့် ၇ အထိ ရောက်အောင် ကျင့်ကြံဖို့က အရမ်းကို ခဲယဉ်းတယ်”
အကြွင်းအကျန် အသိစိတ်က ပြောလိုက်၏။
“ဒါပေမဲ့ ဒီမင်္ဂလာကျောက်စိမ်းတောင်ဝှေးလို ရတနာတစ်ခုနဲ့ဆိုရင် မင်းက အဲဒီ အစစ်အမှန်သုတ္တန်ကို သူ့ရဲ့ အထွတ်အထိပ်ထိ ကျင့်ကြံနိုင်ဖို့ အခွင့်အရေးရှိတယ်”
“အဲဒီအချိန်ကျရင် ပြီးပြည့်စုံတဲ့ ဂမ္ဘီရစိတ်ဝိညာဉ် ခုနှစ်စင်ကြယ်ကားချပ်က ကြယ်နယ်မြေဒေသ ၇ခုစလုံးက စွမ်းအားကို နှိုးဆွပြီး မင်းရဲ့ တိုက်ခိုက်ရည်ခွန်အားကို ၇ဆ တိုးလာစေလိမ့်မယ်.. အဲဒီအချိန်ကျရင် မင်းက ကျင့်ကြံမှုအဆင့်တူချင်းမှာ လူတိုင်းကို အပေါ်စီးကနေ ကြည့်နိုင်ပြီ”
အချိန်ကြာလာသည်နှင့်အမျှ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ စုပ်ယူနိုင်သည့် ကြယ်အလင်းရောင်က တဖြည်းဖြည်း သိပ်သည်းကျစ်လျစ်လာပြီး ၎င်း၏ အကန့်အသတ်အထိ ရောက်ရှိလာခဲ့၏။
အကြွင်းအကျန် အသိစိတ်၏ အော်ရာကလည်း တဖြည်းဖြည်း အာနည်းလာပြီး အချိန်မရွေး ပျက်ပြယ်သွားနိုင်၏။
“ကံဆိုးတာကတော့ အခုတင် မင်းက ကိစ္စတစ်ခုနဲ့ ကြုံတွေ့ထားတယ်.. မင်းရဲ့ တာအိုနှလုံးသားမှာတောင် ပြဿနာတစ်ခု ရှိနေပြီ”
အကြွင်းအကျန် အသိစိတ်က ဆက်ပြောလိုက်၏။
“မဟုတ်ရင် ကြယ်နယ်မြေဒေသနှစ်ခုရဲ့ ကြယ်အလင်းရောင်ကို စုပ်ယူထားတာက မင်းရဲ့ ကျင့်ကြံမှုကို အဆင့်ခြောက် ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ရဲ့ အထွတ်အထိပ်ကို မြှင့်တင်ပေးဖို့ လုံလောက်တယ်”
ထိုအခိုက်အတန့်မှာ အမွေအနှစ်ဖြစ်စဉ်က အဆုံးသတ်တော့မည်ဖြစ်၏။ သို့သော်လည်း ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်က အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်အဖြစ်သာ ရှိနေသေးပြီး သူက အဆင့်ချိုးဖျက်တက်လှမ်းမည့် မည်သည့် လက္ခဏာမှ ပြသမလာပေ။
ကျင့်ကြံသူများအတွက်တော့ သူတို့၏ တာအိုနှလုံးသား ပျက်စီးထိခိုက်ခြင်းက အလွန်တရာ ဆိုးဝါးလေသည်။
သူတို့က အဲဒါကို မပြုပြင်နိုင်ဘူးဆိုလျှင် သူတို့၏ ကျင့်ကြံမှုက အနာဂတ်မှာ တိုးတက်လာဖို့ ခက်ခဲသွားပေတော့မည်။
“ဝမ်အာ.. ငါ မင်းနဲ့ တွေ့ရဖို့ လာနေပြီ”
အကြွင်းအကျန် အသိစိတ်က တီးတိုးရေရွတ်ပြီး တိတ်တဆိတ် ပြယ်လွင့်သွားလေသည်။
ဤကြယ်တာရာကမ္ဘာပညာရှင်၏ နောက်ဆုံး အငွေ့အသက်က ဤလောကကနေ ပျောက်ကွယ်သွားခဲ့လေပြီ။
ကောင်းကင်ထက်ရှိ ကြယ်အလင်းရောင်ကလည်း ပျက်ပြယ်သွားပြီး ညကောင်းကင်ယံက ဖျော့တော့သွား၏။
နေ့ဘက်ကို ပြန်လည်ရောက်ရှိလာပြီး နေမင်းက လင်းထိန်တောက်ပလာခဲ့၏။ စောစောက ကောင်းကင်ထက်မှာ ပြည့်နှက်နေသော ကြယ်များက ပုံရိပ်ယောင်တစ်ခုကဲ့သို့ ပျောက်ကွယ်သွားခဲ့လေပြီ။
ထိုအခိုက်အတန့်မှာ မရေမတွက်နိုင်သော အကြည့်များက ဆူဇီမိုပေါ်သို့ ဆင်းသက်လာခဲ့၏။
မနာလိုခြင်း၊ အားကျခြင်း၊ လောဘတက်ခြင်း၊ အကောက်ကြံခြင်းနှင့် သတ်ဖြတ်လိုစိတ်များ..။
ဆူဇီမိုက အရာရာတိုင်းကို လျစ်လျူရှုထား၏။
“ကြယ်တာရာဂိုဏ်းရဲ့ အမွေအနှစ်ကို ရရှိခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် တာအိုရောင်းရင်း”
ကျောကျူးရွှမ်က အရင်ဆုံး ရှေ့သို့ တက်လှမ်းပြီး လက်နှစ်ဖက်ကို ယှက်ကာ ပြုံးပြလိုက်၏။
ရှန်ကွမ်ချန်ကလည်း တစ်ဖက်သို့လှည့်ပြီး ဆူဇီမိုကို ခေါင်းညိတ်ပြလိုက်၏။
“ဂုဏ်ယူပါတယ်”
ဆူဇီမိုက တုံ့ပြန်မလာသေးဘဲ အဝေးတစ်နေရာသို့ ငေးငိုင်စွာဖြင့်သာ ကြည့်နေ၏။
ကျောကျူးရွှမ်က အမူအရာကင်းမဲ့စွာ ရှိနေပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“တာအိုရောင်းရင်း မိုလင်း.. မင်းက အခုဆိုရင် မုန်တိုင်းမျက်လုံးဖြစ်နေပြီ.. မင်းက အရမ်းကို အန္တရာယ်များတဲ့ အခြေအနေမှာ ရှိနေတယ်… ကြယ်တာရာဂိုဏ်းမှာ ကျင့်ကြံသူတွေ အများကြီး ရှိတယ်.. အဲဒီမှာ မကောင်းတဲ့စိတ်နဲ့သူတွေကလည်း သေချာပေါက် ရှိနေတယ်”
“အခုချိန်မှာ ငါ့ဘေးကို လာလိုက်.. ငါက တည်နေရာရွှေ့ပြောင်းအဆောင်တစ်ခုကို ဆုတ်ဖြဲပြီး မင်းကို ကျောမိသားစုဆီ တိုက်ရိုက်ခေါ်သွားမယ်.. အဲဒါဆိုရင် မင်းက ဘေးကင်းလုံခြုံပြီ”
အပေါ်ယံမှာတော့ ကျောကျူးရွှမ်က ဆူဇီမိုကို ကာကွယ်ပေးလိုခြင်းဖြစ်၏။
သို့သော်လည်း သူ၏ အတွေးများက ရိုးရှင်းလေသည်။
သူတို့သည် ကျောကလန်သို့ ရောက်ရှိသွားသည်နှင့် ဤလူ၏ သေခြင်း ရှင်ခြင်းက သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာပေလိမ့်မည်။
ကျောကျူးရွှမ်၏ မျက်လုံးထဲမှာ ဆူဇီမိုသည် ကြီးမားသည့် ရတနာသိုက်တစ်ခုဖြစ်၏။
ကြယ်တာရာဂိုဏ်း၏ အမွေအနှစ်အပြင် အဲဒီမှာ လူတစ်ယောက်၏ ကျင့်ကြံမှုကို လျင်မြန်စွာ မြှင့်တင်ပေးနိုင်သည့် ရတနာတစ်ခုလည်း ရှိနေ၏။
ဆူဇီမိုက မည်သည့်အရာကိုမှ ကြားရပုံ မရဘဲ တုံ့ပြန်မှု ရှိမလာခဲ့ပေ။
ကျောကျူးရွှမ်၏ မျက်လုံးထဲရှိ အမှောင်ရိပ်က ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး သူက နောက်ထပ် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“တာအိုရောင်းရင်း.. မပူပါနဲ့.. ကျုပ်တို့ရဲ့ အိမ်တော်မှာ ဝိုင်ကောင်းကောင်းတွေ အများကြီး ရှိတယ်.. မင်း စိတ်ကျေနပ်အားရတဲ့အထိ သောက်လို့ရတယ်”
ဆူဇီမိုက အသံတိတ်နေပြီး ကျောကျူးရွှမ်ကို လှည့်ပင် မကြည့်ပေ။
ကျောကျူးရွှမ်က ဒေါသထွက်လာသော်လည်း သူက အဲဒါကို ဖုံးကွယ်ထားပြီး ဆက်လက်၍ ပြုံးနေ၏။
“မိုလင်း.. မင်းနေရာကို မင်းသိထားတာ ပိုကောင်းလိမ့်မယ်”
ကျောကျူးရွှမ်၏ လေသံက အေးစက်လာပြီး အသံတစ်ခု ပို့လွှတ်ကာ ခြိမ်းခြောက်လိုက်၏။
“မင်းက အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ပဲ.. ငါက လက်တစ်ဖက် လှုပ်ရှားလိုက်ရုံနဲ့ မင်းကို သတ်ဖြတ်နိုင်တယ်”
ဆူဇီမိုထံမှ မည်သည့်တုံ့ပြန်မှုမှ ရှိမလာသေးပေ။
ကျောကျူးရွှမ်၏ အမူအရာက တဖြည်းဖြည်း ညိုမည်းလာခဲ့၏။
ထိုစဉ်မှာပင် ကြယ်တာရာဂိုဏ်း၏ အပြင်ဘက်ကနေ အလင်းတန်းတစ်ခုက အံ့မခန်း အမြန်နှုန်းဖြင့် ပျံသန်းလာပြီး တစ်ခဏချင်းမှာပင် သူတို့ရှေ့သို့ ရောက်ရှိလာခဲ့၏။
လူတိုင်းက အာရုံစိုက်၍ ကြည့်လိုက်၏။ ထိုအလင်းတန်းသည် လူသုံးယောက်ကို တင်ဆောင်လာသည့် အင်မော်တယ်ယာဉ်ပျံတစ်စင်းဖြစ်လေသည်။
ထိုလူသုံးယောက်က မဟူရာ ရွှေငှက်မွေး ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူတို့၏ ခါးများမှာ ကွပ်မျက်ဆေဘာကို ချိတ်ဆွဲထားကြ၏။ အေးစက်စက် အမူအရာများနှင့်အတူ သူတို့က အင်မော်တယ်ယာဉ်ပျံပေါ်ကနေ ခုန်ဆင်းလာပြီး ပင်မတောင်ထွတ် အဲခိတ်ပေါ်သို့ ရောက်ရှိလာခဲ့၏။
ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သားများ…
သူတို့၏ ခေါင်းဆောင်က အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်၏။
သူ့နောက်ဘက်မှ လူနှစ်ယောက်ကလည်း အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်များ ဖြစ်၏။
ကမ္ဘာမြေ အာဏာပါးကွက်သားအဖွဲ့သို့ ဝင်ရောက်နိုင်သော ထိုသူများသည် ထိပ်သီး ကမ္ဘာမြေအင်မော်တယ်ပညာရှင်များဖြစ်ပြီး သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက အနည်းဆုံး အဆင့် ခုနှစ်မှာ ရှိကြ၏။
“နှုတ်ဆက်ပါတယ် ခေါင်းဆောင်တပ်မှူးလျှို”
ကြယ်တာရာဂိုဏ်း၏ ဂိုဏ်းချုပ် ကြယ်တာရာမိုးက ဤလူကို သိထားပုံရပြီး ရှေ့သို့ ခပ်မြန်မြန်တက်ကာ လက်နှစ်ဖက်ကို ယှက်၍ နှုတ်ဆက်လိုက်၏။
သူက အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်၍ ဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော်လည်း သူက မဟာကျင်းအင်မော်တယ်နိုင်ငံ၏ အာဏာပါးကွက်သား အစောင့်တပ်သားများကို တွေ့ရသောအခါ အရိုအသေပေးရလေသည်။
သူက သူတို့သုံးယောက်ထက် ကျင့်ကြံမှုနယ်ပယ်ကြီးတစ်ခုလုံး ပိုမိုမြင့်မားသည်ဆိုလျှင်တောင် သူက ဤအခိုက်အတန့်မှာ ဦးညွှတ်ရဆဲဖြစ်၏။
လောကတစ်ခုလုံးကို ဘုရင်က အုပ်စိုးလေသည်။
အာဏာပါးကွက်သား အစောင့်တပ်သားများသည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ တော်ဝင်မိသားစုကို ကိုယ်စားပြုလေသည်။
မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ပိုင်နက်နယ်မြေထဲမှာ ကောင်းကင်အင်မော်တယ်များပင်လျှင် အာဏာပါးကွက်သား အစောင့်တပ်သားများကို မဆန့်ကျင်ရဲပေ။
ဒါ့အပြင် ကြယ်တာရာဂိုဏ်းက မဟူရာအဆင့် ဂိုဏ်းတစ်ဂိုဏ်းသာ ဖြစ်၏။
“စောစောက ဘာဖြစ်သွားတာလဲ”
အာဏာပါးကွက်သား အစောင့်တပ်သားများ၏ ခေါင်းဆောင်၊ ခေါင်းဆောင်တပ်မှူးလျှိုက သူ၏ ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုပြီး အေးစက်စွာ မေးလိုက်၏။
ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက် ကြယ်တာရာမိုးက ပြုံးပြလိုက်၏။
“ဘာရယ်မဟုတ်ပါဘူး.. ကျုပ်တို့ ဂိုဏ်းက ကျင့်ကြံသူတစ်ယောက်က ကျင့်ကြံရင်းနဲ့ လောကနိမိတ်ဖြစ်စဉ်တစ်ခုကို နှိုးဆွမိသွားတာ.. အဲဒါက ခင်ဗျားတို့ သုံးယောက်ကို သတိထားမိသွားစေတယ်နဲ့ တူတယ်”
ခေါင်းဆောင်တပ်မှူးလျှိုက အလွန်တရာ လောဘကြီးသည်ကို ကြယ်တာရာမိုးက သိရှိထားလေသည်။
သူက ကြယ်တာရာဂိုဏ်း၏ ကျင့်ကြံရေးနည်းစနစ် ပေါ်ထွက်လာခြင်းနှင့် မိုလင်းက အဲဒါကို ရရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုမည်ဆိုလျှင် ခေါင်းဆောင်တပ်မှူးလျှိုသည် အဲဒါကို ထုတ်ပေးဖို့ မိုလင်းကို အတင်းအကျပ် သေချာပေါက် ဖိအားပေးပေလိမ့်မည်။
မိုလင်းက အဲဒါကို အသာတကြည် ထုတ်ပေးမည်ဆိုလျှင် သူက ရှင်သန်နိုင်ကောင်း ရှင်သန်နိုင်ပေလိမ့်မည်။
မဟုတ်ပါက သူက သေကြေပျက်သုဉ်းရဖို့များလေသည်။
ကြယ်တာရာမိုး၏ ပြန်ဖြေစကားက မိုလင်းကို အမှန်တကယ် ကာကွယ်ပေးလိုခြင်း ဖြစ်၏။
“အားလုံးပဲ လူစုခွဲကြတော့”
ကြယ်တာရာမိုးက လှည့်ပတ်၍ ကြည့်ရှုပြီး တည်ကြည်လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ကိုယ့်နေရာကိုယ် မြန်မြန်ပြန်သွားပြီး ကျင့်ကြံကြ… တစ်ခုခုဆို အသံကြားတာနဲ့ ထွက်မလာကြနဲ့.. မင်းတို့ ဒီလိုမျိုး စိတ်မတည်ငြိမ်ပုံမျိုးနဲ့ မဟာတာအိုကို ဘယ်လိုလုပ် ကျင့်ကြံမှာလဲ”
ကြယ်တာရာမိုးသည် ထိုစကားကို ပြောလိုက်သည့် အဓိက အကြောင်းရင်းမှာ ဆူဇီမိုကို သူ၏ လိုဏ်ဂူခန်းဝါထဲသို့ မြန်မြန်ပြန်ပြီး လောလောဆယ်မှာ ပုန်းခိုနေဖို့ သတိပေးလိုက်ခြင်းဖြစ်၏။
“ဟမ့်.. တစ်ယောက်မှ မသွားကြနဲ့ဦး”
ခေါင်းဆောင်တပ်မှူးလျှို၏ အကြည့်က ရွေ့လျားသွားပြီး လှောင်ရယ်လိုက်၏။
သူက ကြယ်တာရာမိုးကို စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း မေးလိုက်၏။
“ဒီလို ကြီးမားတဲ့ ရုတ်ရုတ်သဲသဲ အခြေအနေတစ်ရပ်ကို ဖြစ်စေအောင် ဘယ်သူက ဘယ်ကျင့်ကြံရေး နည်းစနစ်ကို ကျင့်ကြံလိုက်တာလဲ”
ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သားများ၏ ခေါင်းဆောင်တပ်မှူးတစ်ယောက်အနေဖြင့် သူ့ကို အလွယ်တကူ အရူးလုပ်လို့ ရမည် မဟုတ်ပေ။
ကြယ်တာရာဂိုဏ်း၏ ဂိုဏ်းချုပ်က သူ၏ စကားတွင် တစ်ခုခုကို ကွယ်ဝှက်ထားသည်မှာ သိသာလေသည်။
အဲဒါက သာမန်ကျင့်ကြံမှုတစ်ခုသာဆိုလျှင် ကြယ်တာရာဂိုဏ်းမှ ကျင့်ကြံသူများအားလုံးက ပေါ်ထွက်လာပါ့မလား။
ဒါ့အပြင် စောစောက ထွက်ပေါ်လာခဲ့သော ကြယ်အလင်းက အရမ်းကို ကျိန်းစပ်လွန်းပြီး သူသည် ကြယ်တာရာဂိုဏ်း၏ ရှေးအကျဆုံး ဒဏ္ဍာရီကို ပြန်လည်အမှတ်ရသွား၏။
ကြယ်တာရာမိုးက ပြုံးပြလိုက်၏။
“သူက အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်.. သူက သာမန်ကျင့်ကြံသူတစ်ယောက်ပါပဲ”
“ဂိုဏ်းချုပ်.. သူ့ကို အမှန်အတိုင်း ပြောပြလိုက်ပါလား”
ထိုစဉ်မှာပင် ဘေးကနေ ထူးဆန်းသော အသံတစ်သံက ထွက်ပေါ်လာ၏။
“စောစောက ကြယ်တာရာဂိုဏ်းရဲ့ အမွေအနှစ်က ပေါ်ထွက်လာပြီး ဒီလူက အဲဒါကို ဆက်ခံရရှိသွားလို့ လောကဆိုင်ရာ နိမိတ်ဖြစ်စဉ်တစ်ခု ပေါ်ထွက်လာခဲ့တယ်ဆိုတာ သိသာနေတာပဲ”
ခေါင်းဆောင်တပ်မှူးလျှို၏ စိတ်ထဲတွင် ရှိနေသည့်အရာကို ရှဲ့ထျန်ဖုန့်က ပြောနိုင်လေသည်။ သူက ရှေ့သို့ ထွက်လာပြီး အစိမ်းရောင်ကျောက်တုံးပေါ်ရှိ ဆူဇီမိုကို လက်ညှိုးထိုးကာ အော်ပြောလိုက်၏။
သူသည် ဆူဇီမိုနှင့် နက်ရှိုင်းသော ရန်ငြိုးရန်စ မရှိပေ။
သို့သော်လည်း ဤယစ်ထုတ်က ကြယ်တာရာဂိုဏ်း၏ အမွေအနှစ်ကို ဆက်ခံရရှိပြီး အနာဂတ်မှာ သူ့ကို ကျော်တက်သွားတော့မည်ကို တွေးမိချိန်တွင် ရှဲ့ထျန်ဖုန့်က မနာလိုစိတ် တဖွားဖွားဖြစ်ပေါ်လာ၏။
သူက အဲဒါကို မရနိုင်ဘူးဆိုလျှင် သူက အဲဒါကို ဖျက်ဆီးရပေလိမ့်မည်။
ရှန်ကွမ်ချန်၏ အမူအရာက ပြောင်းလဲသွားပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ရှဲ့ထျန်ဖုန့်သည် အငှားဓားဖြင့် လူသတ်ဖို့ ကြိုးစားနေခြင်းဖြစ်ပြီး အဲဒါက အရမ်းကို ရက်စက်ယုတ်မာရာကျလွန်းလေသည်။ အဲဒါသည် ဆူဇီမိုကို မီးပုံထဲသို့ တွန်းပို့လိုက်ခြင်းနှင့် တူလေသည်။
ကျောကျူးရွှမ်ကလည်း စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။
အစကတည်းက မိုလင်း၏ အမွေအနှစ်ကို ပစ်မှတ်ထားနေသောသူက တစ်ယောက်မက ရှိနေ၏။
ယခု အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက်ကပါ တိုးလာခဲ့ပြီဖြစ်၏။
ကျောကလန်က ဘယ်လောက်ပင် စွမ်းအားကြီးမားသည်ဖြစ်စေ… သူတို့က နေလတိုင်းပြည်ထဲမှာသာ နာမည်ရှိပြီး အာဏာပါးကွက်သား အစောင့်တပ်သားများကို ဆန့်ကျင်ဖို့ မတတ်နိုင်ပေ။
“ကြယ်တာရာဂိုဏ်းရဲ့ အမွေအနှစ်လား”
ခေါင်းဆောင်တပ်မှူးလျှို၏ မျက်လုံးက ဝင်းလက်သွားပြီး သူက တိတ်တဆိတ် ကျေနပ်သဘောကျသွား၏။
အစကတော့ သူသည် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ကို အမဲလိုက်ရန် မင်းသမီးမုန့်ယောင်ထံမှ အမိန့်ကို လက်ခံရရှိခဲ့၏။
သူက ဤနေရာကို ဖြတ်သွားသောအခါ နေ့ဘက်မှာ ပေါ်ထွက်နေသည့် ကြယ်များ၏ နိမိတ်ဖြစ်စဉ်ကို တွေ့မြင်သွားပြီး သူ၏ လမ်းကြောင်းကို ပြောင်းကာ ကြယ်တာရာဂိုဏ်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။
ယခု သူက ဤကဲ့သို့ ကြီးမားသော အခွင့်အလမ်းနှင့် ကြုံတွေ့နေရလေပြီ။