မင်းပြန်မသွားတာပိုကောင်းလိမ့်မယ်
Vol. 140 Ch. 2093
ဤမဟူရာအလင်းအမြုတေဖြတ်တောက်ခြင်းဝင်္ကပါကြောင့်သာမဟုတ်လျှင် လက်ရှိအာဏာပါးကွက်သား အစောင့်တပ်သားများစွာသည် ကူထုံယိုကို ဖိနှိမ်ဖို့ ယုံကြည်မှုရှိလိမ့်မည် မဟုတ်ပေ။
ဤဝင်္ကပါသည် ကောင်းကင်နှင့်မြေကြီးအမြုတေချီကို ပိုင်းခြားထားပေးထားပြီး ကူထုံယိုက သူ၏ အမြုတေစိတ်ဝိညာဥ်နှင့်အတူ ပုလွေသံကို အသက်မသွင်းနိုင်ဘဲ သူတို့အပေါ်ခြိမ်းခြောက်နိုင်စွမ်းက လျော့ကျသွားခဲ့၏။
လူတစ်ယောက်သည် မဟူရာအလင်းဖြတ်တောက်ခြင်း ဝင်္ကပါထဲသို့ ကျဆင်းသွားသောအခါ သူတို့သည် သူတို့၏ အမြုတေစိတ်ဝိညာဥ်များနှင့် သူတို့၏ ခန္ဓာကိုယ်ထဲရှိ သွေးချီစွမ်းအားကိုသာ အသုံးပြုနိုင်မည်ဖြစ်၏။
သို့သော်လည်း သူတို့သည် မည်သည့်ဓမ္မပညာရပ် သို့မဟုတ် နတ်ဘုရားစွမ်းအားကိုမှ ထုတ်ဖော်နိုင်တော့မည်မဟုတ်ပေ။
ကူထုံယိုဖြစ်စေ... ချိုးစစ်လောဖြစ်စေ... သူတို့၏ မျိုးဆက်သွေးများနှင့် ကိုယ်ကာယများက သာမန်သာဖြစ်ကြ၏။
ချိုးစစ်လောသည် မည်သည့်တိုက်ခိုက်ရည်ခွန်အားမှမကျန်ရှိတော့ဘဲ မြေပြင်ပေါ်မှာ ချည့်နဲ့စွာထိုင်နေ၏။
တစ်ဦးတည်းကျန်ရစ်သူမှာ သူ၏ အမြုတေချီခန်းခြောက်၍ တိုက်ခိုက်ရည်ခွန်အား များစွာမကျန်ရှိတော့သည့် ဒဏ်ရာအပြင်းအထန် ရရှိထားသော ကူထုံယိုသာဖြစ်လေသည်။ ထို့ကြောင့်ပင်လျှင် လက်ရှိအာဏာပါးကွက်သား အစောင့်တပ်သားများက အကြောက်အလန့်ကင်းမဲ့၍ စိတ်လက်ပေါ့ပါးနေကြခြင်းဖြစ်၏။
“အဲ့ဒါကိုလုပ်လိုက်ကြတာပေါ့”
ခေါင်းဆောင်တပ်မှူးရှုံးက လေးနက်သောအသံဖြင့် ပြောလိုက်၏။
သူတို့နှစ်ယောက်ကို အသက်ရှင်လျက်ဖမ်းဆီးပြီး မင်းသမီးမုန့်ယောင်ထံပို့ပေးရမယ်”
“နေပါဦး”
ထိုစဥ်မှာပင် ခေါင်းဆောင်တပ်မှူးလျှိုက ရုတ်တရက်ရှေ့သို့ ထွက်လာပြီး ရှဲထျန်ဖုန့်၊ လင်းမင်၊ ကျောကျူးရွှမ်နှင့် ရှန်ကွမ်ချန်တို့ကို လှည့်ကြည့်လိုက်၏။
“မင်းတို့လေးယောက်... ရှေ့ကိုသွားပြီး သူတို့နှစ်ယောက်ကိုဖမ်းလာခဲ့”
“ဒါက...”
ထိုဆုံးဖြတ်ချက်က အလွန်တရာရုတ်တရက်ဆန်လွန်း၏။
ကျောကျူးရွှမ်နှင့် ရှန်ကွမ်ချန်က ချက်ချင်းပင်ထိတ်လန့်သွား၏။
ရှဲထျန်ဖုန့်နှင့် လင်းမင်ကလည်း တွေဝေတုံ့ဆိုင်းနေ၏။
ခေါင်းဆောင်တပ်မှူးလျှိုက အေးစက်စွာနှာတစ်ချက်မှုတ်လိုက်လေသည်။
“သူတို့နှစ်ယောက်ရဲ့ကိုယ်ကာယက အားနဲနေပြီ.... ဒဏ်ရာအပြင်းအထန်လည်းရထားတယ်... သူတို့က အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တွေဆိုရင်တောင်မှ သူတို့ထုတ်ဖော်နိုင်တဲ့တိုက်ခိုက်ရည်ခွန်အား များများစားစား မရှိတော့ဘူး... မင်းတို့ကဘာကိုကြောက်နေတာလဲ”
“မင်းတို့က ဒီလိုမျိုးအကျိုးဆောင်နိုင်တဲ့အခွင့်အရေးကို မဖမ်းဆုပ်ချင်တော့ဘူးလား”
ခေါင်းဆောင်တပ်မှုးရှုံး၊ ခေါင်းဆောင်တပ်မှူးလီနှင့် အခြားသူများက ဘေးကနေ အေးစက်စွာစောင့်ကြည့်နေကြ၏။
သူတို့သည် ခေါင်းဆောင်းတပ်မှူးလျှို၏ ရည်ရွယ်ချက်ကိုမသိရှိသော်လည်း ကူထုံယိုမှာ အခြားသောဝှက်ဖဲများရှိနေဦးမလား သူတို့မသေချာပေ။
အကဲစမ်းဖို့အတွက် အပြင်လူများကို စေလွှတ်နိုင်မည်ဆိုလျှင် ပိုကောင်းလေသည်။
ကျောကျူးရွှမ်၊ ရှန််ကွမ်ချန်နှင့် လင်းမင်တို့က အကြည့်ချင်းဖလှယ်ပြီး တွေဝေတုံ့ဆိုင်းနေကြ၏။
ရှဲထျန်ဖုန့်၏ မျက်လုံးထဲတွင် ရက်စက်ပြတ်သားသည့်အကြည့်တစ်ချက် ဖျတ်ခနဲပေါ်ထွက်လာပြီး သူကရှေ့သို့ထွက်ရပ်ကာ သူ၏ ရင်ဘတ်ကို ပုတ်ပြလိုက်၏။
“ခေါင်းဆောင်တပ်မှူးလျှို... အဲ့ဒါကိုကျုပ်လုပ်လိုက်မယ်”
တကယ်တော့... ဤတိုက်ခိုက်မှုမှာ အန္တရာယ်က အတိုင်းအတာတစ်ခုထိရှိနေသည်ကို ရှဲထျန်ဖုန့်ကလည်း သိရှိထား၏။
သို့သော်လည်း ကံကြမ္မာအခွင့်အလမ်းသည် အန္တရာယ်ကြားကနေလာတတ်လေသည်။
သူက ဤအခွင့်အလမ်းကိုအသုံးချပြီး အာဏာပါးကွက်သား ခေါင်းဆောင်တပ်မှူးသုံးယောက်ထံမှ သဘောကျမှုကိုရရှိနိုင်မည်ဆိုလျှင် အဲ့ဒါက သူနှင့် သူ့မိသားစုကလန်အတွက် ကြီးမားစွာအကျိုးရှိလာနိုင်၏။
ဒါ့အပြင် ရှဲထျန်ဖုန့်မှာ ယုံကြည်မှုလည်းရှိနေ၏။
သူ၏ ကျင့်ကြံမှုနယ်ပယ်က အဆင့်-၇ ကမ္ဘာမြေအမြုတေနယ်ပယ်မှာသာရှိသော်လည်း ရှဲမိသားစု၏ ကျင့်ကြံရေးနည်းစနစ်များသည် ခန္ဓာမီးဆေးခြင်းမှာ အထူးပြုလေသည်။ သူက မဟူရာအလင်းအမြုတေဖြတ်တောက်ခြင်း ဝင်္ကပါထဲမှာ သူတို့ကို အနိုင်မယူနိုင်ဘူးဆိုလျှင်တောင် သူက အသက်ရှင်လျက်ထွက်ပြေးလွတ်မြောက်နိုင်စွမ်းရှိ၏။
ရှဲထျန်ဖုန့်သည် လင်းမင်နှင့် ကျောကျူးရွှမ်ကို တစ်ချက်ကြည့်ပြီးနောက် ရှန်ကွမ်ချန်ကိုလှည့်ကြည့်ကာ ကြွားလုံးထုတ်လိုက်၏။
“တာအိုရောင်းရင်ရှန်ကွမ် ခင်ဗျားမြင်တဲ့အတိုင်းပဲ... သူတို့နှစ်ယောက်က ကြွက်တွေလိုသတ္တိကြောင်တဲ့သူတွေပဲ ဘယ်လောက်တောင်ရှက်ဖို့ကောင်းလိုက်သလဲ”
ထိုသို့ပြောရင်း ရှဲထျန်ဖုန့်က ကူထုံယိုထံသို့ ကြမ်းကြုတ်ခက်ထန်စွာလျှောက်လှမ်းသွား၏။
ကူထုံယိုက သူ့လက်ထဲမှာ ဝိညာဥ်ကျဆုံးပုလွေကို ကိုင်ပြီး နေရာမှာပင်မလှုပ်မယှက်မတ်တတ်ရပ်နေ၏။
ရှဲထျန်ဖုန့်က ရှေ့သို့ထွက်လာသော်လည်း သူက သူ၏ ပြိုင်ဘက်ကို အထင်သေးခြင်းမရှိသလို အလျင်စလိုတိုက်ခိုက်ခြင်းလည်း မရှိပေ။ ထိုအစား သူက ကူထုံယိုနှင့် ဆယ်ပေအကွာအဝေးမှာ မတ်တတ်ရပ်ပြီး ထိုသူကိုဖြည်းဖြည်းချင်းလှည့်ပတ်ကာ တိုက်ခိုက်ဖို့အတွက် ဟာကွက်များနှင့် အခွင့်အလမ်းတစ်ရပ်ကိုရှာဖွေနေ၏။
ကူထုံယိုက သူ၏ ခေါင်းကိုအနည်းငယ်ငုံ့ကာ နေရာမှာပင်မတ်တတ်ရပ်နေဆဲ ဖြစ်၏။
သူက လွမ်းဆွေးနေသောအမူအရာတစ်ခုနှင့်အတူ သူ့လက်ထဲရှိ ဝိညာဥ်ကျဆုံးပုလွေကို ငေးကြည့်နေ၏။
ရုတ်တရက်ဆိုသလို... ။
အကြိမ်ရေအနည်းငယ်လှည့်ပတ်ပြီးနောက် ရှဲထျန်ဖုန့်က သူ၏ ခြေလှမ်းကိုရပ်တန့်ပြီး ရုတ်တရက်တိုက်ခိုက်လိုက်၏။ သူ၏ ခန္ဓာကိုယ်ထဲကနေ သွေးချီက ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ သိုလှောင်အိတ်ထဲကနေ ဆေဘာတစ်လက်ကို ဆွဲထုတ်ကာ ကူထုံယိုထံသို့ ပြေးဝင်သွား၏။
“ဒူးထောက်စမ်း”
သူတို့ကိုအသက်ရှင်လျက်ဖမ်းဆီးရမည်ဆိုတာကို ရှဲထျန်ဖုန့်က သိထားလေသည်။
ထို့ကြောင့် သူက ကူထုံယို၏ ဒူးခေါင်းကို ခုတ်ပိုင်းဖို့ ရွေးချယ်လိုက်၏။
သူက ရှဲထျန်ဖုန့်ပြေးဝင်လာသည်ကို မတွေ့မြင်ရသည့်အလား ကူထုံယိုက မလှုပ်မရှားပင်ရှိနေ၏။
ရှဲထျန်ဖုန့်က ချဥ်းကပ်လာပြီး သူ၏ ဆေဘာက သူ့ဒူးခေါင်းနှင့် ထိတွေ့တော့မည့်ဆဲဆဲအချိန်မှသာ ကူထုံယိုက သူ၏ လက်ကို ရုတ်တရက်မြှောက်လိုက်၏။
ဝှစ်....
သူ့လက်ထဲမှာ ဝိညာဥ်ကျဆုံးပုလွေက တစ်ချိန်လုံးရှိနေ၏။
သူ့လက်ကိုမြှောက်လိုက်သောဖြစ်စဥ်မှာ ဝိညာဥ်ကျဆုံးပုလွေသည် ရှဲထျန်ဖုန့်၏ ခုတ်ချက်ကနေထွက်ပေါ်လာသည့် လေအဟုန်ကိုအသုံးချပြီး ထူးဆန်းသောအသံတစ်သံကို ထွက်ပေါ်လာစေ၏။
စောင့်ကြည့်နေသော အာဏာပါးကွက်သား အစောင့်တပ်သားများစွာက မည်သည့်အရာကိုမှ မခံစားရပေ။
သို့သော်လည်း ကူထုံယိုနှင့် အနီးဆုံးမှာရှိနေသည့် ရှဲထျန်ဖုန့်က ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ သွေးချီက ချက်ချင်းပင် ငြိမ်သက်သွား၏။
သူ၏ အမြုတေစိတ်ဝိညာဥ်ကပင် အနည်းငယ်တုန်ခါသွားပြီး သူ၏ အကြည့်က အေးခဲရပ်တန့်ကာ သူ၏ အသိစိတ်ကို တဒင်္ဂမျှဗလာကျင်းသွားစေ၏။
တကယ်တော့... ဝိညာဥ်ကျဆုံးပုလွေက အရမ်းကိုစွမ်းအားကြီးမားလေသည်။
ကူထုံယိုသည် ကောင်းကင်နှင့်မြေကြီး အမြုတေစိတ်ဝိညာဥ်နှင့်အတူ ဝိညာဥ်ကျဆုံးပုလွေကို အသုံးချနိုင်မည်ဆိုလျှင် ပုလွေသံက လူတစ်ယောက်၏ ဝိညာဥ်ကို သေဆုံးသွားစေနိုင်၏။
ဝိညာဥ်ရိတ်သိမ်းဒုံမင်း၏ အသံက လူတစ်ယောက်၏ ဝိညာဥ်ကို အပြင်ဘက်သို့ဆွဲထုတ်ပြီး လေထဲမှာ ပျက်ပြယ်သွားစေနိုင်၏။
ဝိညာဥ်ရိတ်သိမ်းဒုံမင်းနှင့် ဝိညာဥ်ကျဆုံးပုလွေသည် တစ်ခါတုန်းက ရှေးဟောင်းခေတ်တစ်ခေတ်မှာ အကျော်ကြားဆုံး အဆုံးစွန်အသံပိုင်းရတနာများဖြစ်ခဲ့ဖူး၏။
ထိုလက်နက်နှစ်ခုကို သူတို့၏ အကန့်အသတ်ထိ မြှင်တင်နိုင်မည်ဆိုလျှင် ဒုံမင်းနှင့် ပုလွေသံ ထွက်ပေါ်လာသောအခါ သူတို့သည် အချိန်တိုအတွင်းမှာ လောကရှိသက်ရှိများအားလုံးကို သတ်ဖြတ်နိုင်လေသည်။
ကံဆိုးစွာနှင့်ပင် ကူထုံယို၏ ခန္ဓာကိုယ်ထဲရှိ အမြုတေချီက ကုန်ခန်းလုနီးပါး ဖြစ်နေလေပြီ။
သူသည် ဝိညာဥ်ကျဆုံးပုလွေကို မှုတ်ဖို့အတွက် ကောင်းကင်နှင့်မြေကြီး အမြုတေချီကိုပင် အသုံးမပြုနိုင်တော့ပေ။
သို့သော်လည်း သူက တေးဂီတမှာ ကျွမ်းကျင်ပိုင်နိုင်ပြီး အလွန်တရာပါရမီအရည်အချင်းရှိလေသည်။
သူသည် ရှဲထျန်ဖုန့်ပြေးဝင်လာခြင်းကနေဖြစ်ပေါ်လာသည့် လေအဟုန်ကိုသာ အသုံးချပြီး ဝိညာဥ်ကျဆုံးပုလွေထံကနေ ထူးဆန်းသောအသံတစ်ခုကို ထွက်ပေါ်လာစေ၏။
ထိုအသံက ကောင်းကင်နှင့်မြေကြီး အမြုတေချီဖြင့် ပေါင်းစည်းမထားသော်လည်း အဲ့ဒါက ရှဲထျန်ဖုန့်အပေါ်သက်ရောက်မှုရှိနေဆဲဖြစ်၏။
သူက ခဏမျှရပ်တန့်သွားပြီး သူ၏ အသိစိတ်က ဝေဝါးသွားခဲ့၏။
ထိုတဒင်္ဂဟာကွက်က ကူထုံယိုအတွက်လုံလောက်လေသည်။
ရှဲထျန်ဖုန့်က ခဏမျှရပ်တန့်သွားသော်လည်း ကူထုံယိုက ရပ်တန့်မသွားခဲ့ပေ။ သူက သူ့လက်ထဲရှိ ဝိညာဥ်ကျဆုံးပုလွေကို ကိုင်မြှောက်ပြီး ပုလွေသံကိုထွက်ပေါ်စေခဲ့၏။
တစ်ချိန်တည်းမှာပင် ဝိညာဥ်ကျဆုံးပုလွေက ရှဲထျန်ဖုန့်၏ မျက်နှာရှေ့သို့ရောက်ရှိလာခဲ့၏။
ကူထုံယို သူ၏ လက်ကို ရှေ့သို့ညင်သာစွာဆန့်ထုတ်လိုက်၏။
ဖောက်...
ရှဲထျန်ဖုန့်၏ နှာရောင်ပေါ်တွင် သွေးသံရဲရဲအပေါက်တစ်ပေါက်ပေါ်ထွက်လာ၏။
ရှဲထျန်ဖုန့်သည် သူ၏ ငေးငိုင်ရာကနေ ယခုတင် နိုးထလာခါစဖြစ်ပြီး သူ၏ အသိစိတ်ထဲမှာ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။
သို့သော်လည်း ဤတစ်ခေါက်မှာတော့ သူ၏ အသိစိတ်က အဆုံးမဲ့ချောက်နက်ထဲသို့ ကျဆင်းသွားပြီး ဘယ်တော့မှ ပြန်လည်နိုးထမလာနိုင်တော့ပေ။
ဘုန်း...
ရှဲထျန်ဖုန့်က အေးအေးချမ်းချမ်းအနားမယူနိုင်ဘဲ ပြူးကျယ်နေသောမျက်လုံးများနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွား၏။
ထိုသည်ကိုတွေ့မြင်သောအခါ ဆူဇီမိုက ကြိတ်၍ချီးကျူးလိုက်၏။
ကူထုံယို၏ တိုက်ခိုက်မှုက စိတ်ကူးစိတ်သန်းများဖြင့် ပြည့်နှက်နေ၏။
ဖြစ်စဥ်တစ်ခုလုံးသည် ဖော်မပြတတ်သောကြော့ရှင်းမှုနှင့်အတူ ရေကဲ့သို့ ပြေပြစ်နေ၏။
အဲ့ဒါက ထူးဆန်းသောခံစားချက်တစ်ခုဖြစ်၏။
ဤလူ၏ လက်ထဲမှာ မည်သည့်သွေး သို့မဟုတ် မည်သည့်ရက်စက်ကြမ်းတမ်းမှုမှမရှိဟုထင်ရလေသည်။ အဲ့ဒီမှာ ကြော့ရှင်းလှပမှု အငွေ့အသက်တစ်ခုပင်ပါဝင်နေ၏။
ကူထုံယိုသည် ရှဲထျန်ဖုန့်ကိုသတ်ဖြတ်ဖို့အတွက် ခွန်အားများစွာကို အသုံးမပြုခဲ့ပေ။
ထိုသို့ဆိုလျှင်တောင် သူသည် စွမ်းအင်များစွာကို သုံးစွဲခဲ့ရသည့်အလား သူ၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး သူ၏ နှုတ်ခမ်းထောင့်ကနေ သွေးများကစီးကျလာ၏။
သူ့ခန္ဓာကိုယ်ထဲပေါ်ရှိ ဒဏ်ရာများကလည်း နောက်တစ်ဖန်စုတ်ပြဲသွား၏။
“ထုံယို.. ရှင်...”
ချိုးစစ်လောက စိုးရိမ်ပူပန်နေ၏။
ကူထုံယိုက ညင်သာစွာသက်ပြင်းချလိုက်၏။
“ဒီနေ့ငါတို့က ဒီနေရာမှာသေရတော့မှာပဲ”
သူက လမ်းဆုံးသို့ ရောက်ရှိနေပြီဖြစ်ပြီး နောက်ထပ်မည်သူမဆို သူတို့နှစ်ယောက်ကို သတ်ဖြတ်နိုင်လေသည်။
“မင်းတို့သုံးသောက်... သွားကြလေ”
ခေါင်းဆောင်တပ်မှူးလျှိုက ရှန်ကွမ်ချန်၊ ကျောကျူးရွှမ်နှင့် လင်းမင်ကို လှည့်ကြည့်လိုက်၏။
သူတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။
ရှဲထျန်ဖုန့်က ယခုတင်သေဆုံးသွားခဲ့၏။
ကူထုံယိုက သူ၏ လမ်းဆုံးသို့ ရောက်ရှိနေပြီဆိုလျှင်တေင် သူတို့သုံးယောက်သည် ကူထုံယို၏ ထူးဆန်းသောနည်းလမ်းများကို စိုးရိမ်နေပြီး ရှေ့သို့အလျင်စလို မတက်လှမ်းရဲကြပေ။
လင်းမင်က မျက်လုံးစွေကြည့်ပြီး ဘေးမှာရှိသော ဆူဇီမိုကို လက်ညှိုးထိုးလိုက်၏။
“ခေါင်းဆောင်တပ်မှူးလျှို... သူ့ကိုသွားခိုင်းလိုက်ပါလား... သူက ကြယ်တာရာဂိုဏ်းရဲ့အမွေအနှစ်ကို အခုတင်ရရှိထားတာဆိုတော့.. သူ့ရဲ့အစွမ်းအစကို မြင်တွေ့ခွင့်ရဖို့ အခွင့်ကောင်းတစ်ခုပဲ”
ခေါင်းဆောင်တပ်မှူးလျှို၏ အမူအရာက ချက်ချင်းပင် သုန်မှုန်သွားလေသည်။
အစကတော့ သူသည် ဤကိစ္စကိုဖုံးကွယ်ထားချင်၏။ လင်းမင်က အဲ့ဒါကို ပေါ်ပေါ်ထင်ထင်ထုတ်ဖော်ပြောဆိုလာလိမ့်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။
“ကြယ်တာရာဂိုဏ်းရဲ့ ဘာအမွေအနှစ်လဲ”
ဘေးကနေ ခေါင်းဆောင်တပ်မှူးလီက တစ်စုံတစ်ရာကို သတိထားသွားပုံရပြီး လှည့်မေးလိုက်၏။
“ဘာရယ်မဟုတ်ပါဘူး”
ခေါင်းဆောင်တပ်မှုးလျှိုက စကားလမ်းကြောင်းပြောင်းပြီး အေးစက်စွာပြောလိုက်၏။
“သူတို့နှစ်ယောက်ကို မြန်မြန်ဖမ်းဆီးလိုက်ရအောင်... အဲ့ဒါမှ ငါတို့က မင်းသမီးမုန့်ယောင်ထံပြန်ပြီး ဒီကိစ္စကို အစီရင်ခံတင်ပြနိုင်မှာ”
ထိုသို့ပြောရင်း ခေါင်းဆောင်တပ်မှူးလျှိုက ကူထုံယိုနှင့် ချိုးစစ်လောထံသို့ လျှောက်လှမ်းသွားလေသည်။
ရုတ်တရက် သူ၏ ပခုံးပေါ်သို့ လက်ဖဝါးတစ်ဖက်ရောက်ရှိလာပြီး တစ်စုံတစ်ယောက်က သူ့နားအနားသို့ကပ်ကာ ပြောလိုက်လေသည်။
“မင်းက... ပြန်မသွားဘူးဆိုရင် ပိုကောင်းလိမ့်မယ်”