သတ်
Vol. 140 Ch. 2094
ထိုလက်ဖဝါးက အတော်လေးရိုင်းပျလွန်း၏။
ထိုစကားသံကလည်း ရုတ်တရက်ဆန်လွန်းလေသည်။
ထိုစကားကို ပြောလိုက်သောလူ၏ အသံက ပို၍ပင်စိမ်းသက်နေ၏။
ခေါင်းဆောင်တပ်မှူးလျှိုက မျက်မှောင်ကြုတ်လိုက်၏။
သူက လှည့်ကြည့်တော့မည့်ဆဲဆဲမှာပင် သူ၏ စိတ်ထဲသို့ သတိပေးချက်တစ်ခု ရုတ်ချည်းဝင်ရောက်လာ၏။
“မဟန်တော့ဘူး”
ခေါင်းဆောင်တပ်မှူးလျှိုက ရင်တစ်ချက်ထိတ်သွား၏။ သူက သူ၏သွေးချီကို သူ၏အစွမ်းကုန်ဖြင့် ထုတ်ဖော်ပြီး ခုန်ထွက်တော့မည့်ဆဲဆဲမှာပင် သူ၏ နားထင်စပ်မှ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။
သူ၏ အမြုတေစိတ်ဝိညာဥ်က ချက်ချင်းပင်ထိုးဖောက်ခံလိုက်ရပြီး သူ၏ အမူအရာက အေးစက်တောင့်တင်းသွား၏။ သူ၏ မျက်လုံးနှစ်ဖက်က တဖြည်းဖြည်းမှေးမှိန်သွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက တဖြည်းဖြည်းပျော့ခွေစွာ လဲကျသွားလေသည်။
တစ်စုံတစ်ရာလွဲမှားနေသည်ကို အာရုံခံမိသွားပြီး အခြားသော အာဏာပါးကွက်သား အစောင့်တပ်သားများကလည်း လှည့်ကြည့်ကာ အရမ်းကိုတုန်လှုပ်စရာကောင်းသည့် မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ကြရ၏။
ခေါင်းဆောင်တပ်မှူးလျှိုခေါ်လာခဲ့သော လူငါးယောက်ထဲမှာ အရုပ်ဆိုးဆိုးနှင့် အရပ်ရှည်ရှည် အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က သူ့နောက်ဘက်သို့ ရုတ်တရက်လျှောက်လှမ်းသွားပြီး တစ်စုံတစ်ရာကို ပြောခဲ့လေသည်။
ထို့နောက်ချက်ချင်းပင် အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်၏ လက်ဖဝါးက ခေါင်းဆောင်တပ်မှူးလျှို၏ ပခုံးပေါ်ကနေ အလျားလိုက်ရွေ့လျားသွားပြီး ထိုသူ၏ နားထင်စပ်ကို ညင်သာစွာပစ်ထိုးလိုက်လေသည်။
အဲ့ဒါက ရုတ်တရက်ဆန်လွန်း၏။
ခေါင်းဆောင်တပ်မှုးလျှို၏ နားထင်စပ်ပေါ်မှာ သွေးသံရဲရဲ အပေါက်တစ်ပေါက်ပေါ်ထွက်လာခဲ့လေသည်။
သွေးသံရဲရဲအပေါက်က ခေါင်းဆောင်တပ်မှူးလျှို၏ ဦးခေါင်းကို ထိုးဖောက်သွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို ဖျက်ဆီးကာ နေရာမှာပင်သတ်ဖြတ်ပစ်လိုက်၏။
လက်ရှိလူတိုင်းက တုန်လှုပ်သွားကြ၏။
အားလုံးနီးပါး လျစ်လျူရှုထားခဲ့သည့် သာမန်ပုံစံ အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သည် အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက်ကို တိုက်ခိုက်ရဲလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။
ဒါ့အပြင် သူက ရက်စက်ကြမ်းတမ်းလွန်းပြီး အာဏာပါးကွက်သား အစောင့်တပ်သားများ၏ ခေါင်းဆောင်တပ်မှူးတစ်ယောက်ကို တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲနေရာမှာပင် သတ်ဖြတ်ပစ်လိုက်၏။
ရှန်ကွမ်ချန်၊ ကျောကျူးရွှမ်နှင့် လင်းမင်တို့က မယုံကြည်နိုင်စွာ မျက်လုံးပြူးကျယ်သွားပြီး တုန်လှုပ်သွားကြ၏။
အာဏာပါးကွက်သား အစောင့်တပ်သားများက မည်သို့သောတည်ရှိမှုများလဲ။
အာဏာပါးကွက်သား အစောင့်တပ်သားများသည် မဟာကျင်းအင်မော်တယ်နိုင်ငံကို ကိုယ်စားပြုလေသည်။
ကြယ်တာရာဂိုဏ်း၏ ဂိုဏ်းချုပ်၊ အကြီးအကဲများစွာနှင့် ကောင်းကင်အင်မော်တယ်ပညာရှင်များပင်လျှင် အာဏာပါးကွက်သား အစောင့်တပ်သားများကိုတွေ့ရသောအခါ ဦးညွှတ်ရလေသည်။
သို့သော်ယခု... သူတို့၏ မျက်လုံးထဲမှာ တစ်ခါတစ်ရံ ရူးကြောင်ကြောင်နိုင်၍ တစ်ခါတစ်ရံအသံတိတ်နေတတ်သော ဤအရက်သမားက ရုတ်တရက်တိုက်ခိုက်လိုက်ပြီဖြစ်၏။
လောကက ကျွမ်းထိုးမှောက်ခုံဖြစ်သွားသည်ဟုထင်ရ၏။
ခေါင်းဆောင်တပ်မှူးလျှိုနှင့် အနီးဆုံးမှာရှိနေသော အာဏာပါကွက်သား အစောင့်တပ်သားနှစ်ယောက်သည် သူတို့၏ သူငယ်အိမ်နှစ်ဖက် တဆတ်ဆတ်လှုပ်ကာ နေရာမှာပင် အနည်းငယ်မှင်တက်သွားသော်လည်း သူတို့ကအလျင်အမြန်တုံ့ပြန်လာကြ၏။
“ရာဇဝတ်ကောင်... မင်းသေချင်နေတာပဲ”
အာဏာပါးကွက်သား အစောင့်တပ်သားနှစ်ယောက်၏ လက်ဖဝါးများက သူတို့၏ခါးပေါ်ရှိ ကွပ်မျက်ဆေဘာများပေါ်သို့ ရောက်ရှိသွား၏။
သို့သော်လည်း သူတို့နှစ်ယောက်က ဆူဇီမိုနှင့် အရမ်းကိုနီးကပ်လွန်းနေ၏။
သူတို့နှစ်ယောက်က မှင်တက်သွားခဲ့သည့်ခဏမှာပင် ဆူဇီမိုကနောက်တစ်ဖန်တိုက်ခိုက်လိုက်ပြီဖြစ်၏။
သူ၏ လက်ကို လက်ပြန်လွှဲပြီး အာဏာပါးကွက်သား အစောင့်တပ်သားနှစ်ယောက်၏ မျက်နှာကို ပြင်းထန်စွာ ပစ်ရိုက်ချလိုက်၏။
ဖြောင်း....
အရိုးများကျိုးသံက ထွက်ပေါ်လာပြီး သွေးများက ဖိတ်စင်ပြန့်ကျဲသွား၏။
ရှန်ကွမ်ချန်နှင့် အခြားနှစ်ယောက်၏ မျက်လုံးများထဲမှာ ထိုအခိုက်အတန့်တွင် လေဟာနယ်က ရပ်တန့်သွားသည်ဟုထင်ရ၏။
သူတို့သုံးယောက်၏ ရှေ့မှာပင် အာဏာပါးကွက်သား အစောင့်တပ်သားနှစ်ယောက်၏ မျက်နှာက လျင်မြန်စွာပြောင်းလဲပြီး ဆူဇီမို၏ ရိုက်ချက်ဖြင့်ကြေမွသွား၏။
ပူနွေးနေသော အနီရောင်နှင့်အဖြူရောင်အရည်များက သူတို့၏ မျက်နှာများပေါ်သို့ ဖိတ်စင်ကျလာခဲ့၏။
သူတို့သုံးယောက်က ဆတ်ခနဲတုန်ယင်သွားပြီး ထိတ်လန့်တကြား အမူအရာများနှင့်အတူ နောက်သို့ အလိုလိုဆုတ်လိုက်၏။
အာဏာပါးကွက်သား အစောင့်တပ်သား၏ ဦးခေါင်းက ဆူဇီမို၏ လက်ဝါးရိုက်ချက်ဖြင့် ကြေမွသွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံရာက နေရာမှာပင်သေဆုံးသွား၏။
ချွမ်း...
အခြားသောအာဏာပါးကွက်သား အစောင့်တပ်သားက သူ၏ ကွပ်မျက်ဆေဘာကို တစ်ဝက်သာဆွဲထုတ်ရသေးစဉ်မှာပင် ထက်ရှသောလက်နက်၏ အသံက ထွက်ပေါ်လာခဲ့၏။
ဆူဇီမိုက ဘေးတိုက်လှမ်းပြီး အာဏာပါးကွက်သား အစောင့်တပ်သား၏ ရှေ့သို့ ချက်ချင်းပင်ရောက်ရှိလာခဲ့၏။
သူကလက်တစ်ဖက်ဖြင့် ဓားအိမ်ကိုကိုင်ပြီး ကွပ်မျက်ဆေဘာကို နောက်သို့တွန်းထုတ်လိုက်၏။ သူ၏ အခြားသောလက်တစ်ဖက်နှင့်အတူ သူ၏ လက်ချောင်းနှစ်ချောင်းကိုပူးကပ်ပြီး ဓားကွက်တစ်ခုကို ဆင့်ခေါ်ကာ အာဏာပါးကွက်သားအစောင့်တပ်သား၏ နှာရောင်ဆီသို့ တောက်ထုတ်လိုက်၏။
အာဏာပါးကွက်သား အစောင့်တပ်သား၏ နှာရောင်က ချက်ချင်းပင်ထိုးဖောက်ခံလိုက်ရပြီး လတ်ဆတ်သောသွေးများစီးကျလာခဲ့၏။
ထိုသူ၏ မျက်လုံးက ပြူးကျယ်နေပြီး သူ၏ မျက်နှာက ပျက်ယွင်းသွား၏။
သူက တောင့်တင်းစွာဖြင့်လဲကျသွားပြီး သေဆုံးသွားခဲ့လေပြီ။
ဖြစ်စဥ်တစ်ခုလုံးက အသက်သုံးရှိုက်စာပင်မကြာခဲ့ပေ။
အာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်နှင့် အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်နှစ်ယောက်က သေဆုံးသွားလေပြီ။
မဟူရာအလင်းအမြုတေဖြတ်တောက်ဝင်္ကပါထဲမှာ လူတိုင်းထုတ်ဖော်နိုင်သောနည်းလမ်းများက အလွန်တရာအကန့်အသက်ရှိလေသည်။
ဤဖြစ်စဥ်၏ ရုတ်တရက်ဆန်မှုနှင့်အတူ ခေါင်းဆောင်တပ်မှူးလျှိုနှင့် အခြားနှစ်ယောက်သည် တိုက်ခိုက်ဖို့အခွင့်အရေးမရခင်မှာပင် အလောင်းသုံးလောင်းအဖြစ် ပြောင်းလဲသွားရ၏။
“ရူးသွားပြီ... သူကရူးသွားပြီ”
လင်းမင်က တံတွေးကို အလျင်အမြန်မျိုချပြီး တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုနှင့်အတူ ဆူဇီမိုကိုကြည့်ကာ ထပ်တလဲလဲရေရွတ်လိုက်၏။
ခေါင်းဆောင်တပ်မှူးလျှိုနှင့် အခြားနှစ်ယောက်က မဟူရာအလင်းအမြုတေဖြတ်တောက်ဝင်္ကပါထဲမှာ ရောက်ရှိနေသော်လည်း သူ့ထက်အဆင့်သုံးဆင့်ကနေ လေးဆင့်ထိ ပိုမိုမြင့်မားသော အာဏာပါးကွက်သားအစောင့်တပ်သားများကို ဆက်တိုက်သတ်ဖြတ်လိုက်သည်က အရမ်းကိုကြောက်စရာကောင်း၏။
ကျောကျူးရွှမ်ပင်လျှင် သူ၏ မျက်လုံးထဲရှိ ကြောက်ရွံ့မှုနှင့်အတူ ဆူဇီမိုကို ကြည့်လိုက်၏။
ကူထုံယိုနှင့် ချိုးစစ်လောကလည်း တုန်လှုပ်သွား၏။
အစကတော့ သူတို့နှစ်ယောက်သည် ယနေ့မှာသေချာပေါက်သေရတော့မည်ဟု တွေးထင်ထားကြ၏။
သို့သော်လည်း ထောင့်တစ်နေရာမှ အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သည် အာဏာပါးကွက်သား အစောင့်တပ်သားသုံးယောက်ကို သတ်ဖြတ်လိုက်လိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ပေ။
ထိုသူ၏ ပြတ်သားမှုနှင့် ရက်စက်ကြမ်းတမ်းမှုက တုန်လှုပ်စရာကောင်း၏။
သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီး တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် တွေဝေရှုပ်ထွေးမှုနှင့် အံ့အားသင့်မှုကိုတွေ့မြင်နေရ၏။
သူတို့သည် အရပ်မြင့်မြင့်နှင့် ဗလတောင့်တောင့် ဤအမျိုးသားကို လုံးဝမသိရှိပေ။
ဤအမျိုးသားကို အာဏာပါးကွက်သား အစောင့်တပ်သားများကို ဘာ့ကြောင့် ရုတ်တရက်တိုက်ခိုက်လာသလဲ မည်သူကမှ မသိကြပေ။
သို့သော်လည်း သူတို့နှစ်ယောက်စလုံးက အချက်တစ်ချက်ကိုသိရှိထား၏။
အရပ်ရှည်ရှည်နှင့် ဗလတောင့်တောင့်အမျိုးသားက အဆင့်-၅ ကမ္ဘာမြေအက်မော်တယ်တစ်ယောက်သာဖြစ်ပြီး သူကသေကြေပျက်သုဥ်းရဖို့ များသွားလေပြီ။
စောစောက ဤလူသည် လူသုံးယောက်ကို ဆက်တိုက်သတ်ဖြတ်နိုင်ခဲ့သည်မှာ သူတို့က အငိုက်မိသွားခဲ့သောကြောင့်ဖြစ်၏။
သို့သော်ယခု... ကျန်ရှိနေသော အာဏာပါးကွက်သား အစောင့်တပ်သားဆယ်ယောက်က တုံ့ပြန်လာကြပြီး သူ့ကိုဝိုင်းပတ်ပိတ်ဆို့လိုက်၏။
အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက်ချင်းစီမှာ တစ်မူထူးခြားသော ကိုယ်ကာယနှင့် မျိုးဆက်သွေးများရှိလေသည်။
အနည်းဆုံးတော့ သူတို့သည် သူတို့နှစ်ယောက်ထက် ပိုမိုသန်မာလေသည်။
သူတို့ဝတ်ဆင်ထားသော မဟူရာရွှေငှက်မွေးချပ်ဝတ်တန်ဆာများ၊ သူတို့ကိုင်ဆွဲထားသော ကွပ်မျက်ဆေဘာများနှင့် သူတို့၏ မြင့်မားသောကျင့်ကြံမှုနယ်ပယ်များနှင့်ဆိုပါက ဤဗလတောင့်တောင့်အမျိုးသားသည် သူတို့ဆယ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကနေ အနိုင်ရဖို့အခွင့်အရေး မရှိသလောက်နီးပါးပင်။
“တာအိုရောင်းရင်း သတိထား”
ကူထုံယိုက ကျယ်လောင်စွာသတိပေးလိုက်၏။
“ခေါင်းဆောင်တပ်မှူးရှုံးရဲ့ မျိုးဆက်သွေးက ဆူနာမီသွေးအဆင့်ကိုရောက်နေပြီ... ခင်ဗျား သူ့ကိုထိပ်တိုက်ရင်ဆိုင်လို့ မရဘူး”
“သေစမ်းကွာ”
ခေါင်းဆောင်တပ်မှူးရှုံးက ဆူဇီမိုကို ကြမ်းတမ်းစွာစိုက်ကြည့်ပြီး အော်ငေါက်လိုက်၏။
“ဒီနေ့ငါ့ကို မျက်စိပွင့်နားပွင့်ဖြစ်သွားစေတာပဲ... အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က အာဏာပါးကွက်သား အစောင့်တပ်သားတွေကို တကယ်ပဲတိုက်ခိုက်ရဲနေတာပဲ”
“မင်းသူနဲ့ အချိန်ဖြုန်းမနေနဲ့... နောက်ပိုင်းပြဿနာနဲအောင် သူ့ကိုအရင်သတ်ဖို့လုပ်”
ခေါင်းဆောင်တပ်မှူးလီက မျက်မှောင်ကြုတ်ပြီး လှုပ်ရှားလာခဲ့၏။
သူက သူ့လက်ထဲရှိ ကွပ်မျက်ဆေဘာနှင့်အတူ ဆူဇီမိုထံသို့ ပြေးဝင်သွားလေသည်။
တစ်ချိန်တည်းမှာပင် အခြားသော အာဏာပါးကွက်သား အစောင့်တပ်သား ၉ယောက်ကလည်း တိုက်ခိုက်လာခဲ့၏။
“ဒီနေ့... ငါတို့သူ့ကိုအပိုင်းပိုင်းလှီးဖြတ်ပစ်ရမယ်”
ခေါင်းဆောင်တပ်မှူးရှုံးက ကြမ်းကြုတ်ခက်ထန်သောအမူအရာနှင့်အတူ ဟိန်းဟောက်လိုက်၏။
“ဟမ့်...”
ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာခဲ့၏။
ရုတ်တရက် သူက သူ၏ခြေထောက်ကိုမြှောက်ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာဆောင့်နင်းကာ မြေပြင်ကို တသိမ့်သိမ့်လှုပ်ခါသွားစေ၏။
ထို့နောက်တစ်ဆက်တည်းမှာပင် ဆူဇီမိုသည် မြေပြင်ကနေကန်အားကိုအသုံးချပြီး ရှေ့သို့တစ်ဟုန်ထိုးပြေးထွက်သွား၏။ သူဖြတ်သွားရာနေရာတိုင်းမှာ ကျောက်ခဲများ၊ ဖုန်များက လွင့်စင်ထွက်သွားပြီး ကြီးမားသောလျှိုမြောင်နှစ်ခုကို သူကထယ်ထိုးလိုက်လေသည်။
အဲ့ဒါက အရမ်းကိုမြန်ဆန်၏။
ယခုတင် လှုပ်ရှားလာခဲ့သော အာဏာပါးကွက်သား အစောင့်တပ်သားများသည် သူတို့အောက်ဘက်ရှိမြေပြင်က ယိမ်ထိုးလာသည်ဟု ခံစားလိုက်ရ၏။
နောက်ခဏ၌ ဆူဇီမို၏ ပုံရိပ်က သူတို့အနားသို့ ချဥ်းကပ်လာခဲ့လေပြီ။
ဆူဇီမို၏ တစ်ဟုန်ထိုးပြေးဝင်မှုက ကြမ်းကြုတ်ခက်ထန်၍ ကြောက်စရာကောင်းသောအော်ရာတစ်ခုကို ဖြစ်ပေါ်စေပြီး အဲ့ဒါက မွန်းကျပ်ဖွယ်ရာ ကောင်းနေ၏။
ရှေးဟောင်းခေတ်တစ်ခေတ်က ကောင်းကင်ဘုံကို ထွန်ယက်ပေးသော နတ်နွားတစ်ကောင်က ရောက်ရှိလာသကဲ့သို့ပင်။ အဲ့ဒါက ကောင်းကင်ဘုံကိုထွန်ယက်ချင်ရုံသာမက မိုးကောင်းကင်ထက်မှာပါ အပေါက်နှစ်ပေါက်ကို ထိုးဖောက်ချင်နေ၏။
အာဏာပါးကွက်သားအစောင့်နှစ်ယောက်သည် ခေါင်းနားပန်းကြီးလာသည်ဟု ခံစားလိုက်ရ၏။ သူတို့က မတိုက်ခိုက်နိုင်ခင်မှာပင် ဆူဇီမိုက သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီဖြစ်၏။
သူ၏ လက်နှစ်ဖက်က ထက်ရှသောဦးချိုနှစ်ချောင်းကဲ့သို့ဖြစ်ပြီး အပေါ်သို့ မြောက်တက်လာခဲ့၏။
ဘန်း... ဘန်း...
ဆူဇီမို၏ လက်သီးနှစ်ဖက်က အာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်၏ ရင်ဘတ်များကို ပြင်းထန်စွာ ထိခတ်သွားပြီး သိပ်သည်းပြင်းထန်သော အင်အားတစ်ရပ်က သူတို့ကိုချက်ချင်းပင် လွင့်စင်ထွက်သွားစေ၏။
သူတို့၏ ပုံရိပ်များက လေထဲမှာရှိနေစဥ်မှာပင် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ မဟူရာရွှေငှက်မွေးချပ်ဝတ်တန်ဆာများက အက်ကွဲသွား၏။
အာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်၏ ရင်ဘတ်များကလည်း ချိုင့်ဝင်သွား၏။
ဆူဇီမို၏ ပစ်ဆောင့်မှုကနေထွက်ပေါ်လာသော စွမ်းအားသည် မဟူရာရွှေငှက်မွေးချပ်ဝတ်တန်ဆာများကိုသာမက အာဏာပါးကွက်သား အစောင့်တပ်သားနှစ်ယောက်၏ အရိုးများကိုပါ ကြေမွသွားစေ၏။