← Chapters

ရူးသွပ်ပေါက်ကွဲနည်းလမ်းများ

Vol. 140 Ch. 2095

ရူးသွပ်ပေါက်ကွဲနည်းလမ်းများ

Vol. 140 Ch. 2095

ဆူဇီမိုသည် အာဏာပါးကွက်သား အစောင့်တပ်သားနှစ်ယောက်ကို လွင့်စင်ထွက်သွားစေပြီး သူ၏ လက်ကို ဝှေ့ယမ်းကာ သူတို့၏ လက်များထဲမှ ကွပ်မျက်ဆေဘာများကို လုယူလိုက်၏။

ဆေဘာများကို လုယူပြီးနောက် ဆူဇီမိုသည် လုံးဝ ရပ်တန့်ခြင်း မရှိဘဲ သူ၏ ဘယ်ဘက်လက်ထဲမှ ဆေဘာကို ပစ်ထုတ်လိုက်၏။

ကွပ်မျက်ဆေဘာတစ်လက်က အေးစက်စက် အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး လွင့်စင်ထွက်သွားသော အာဏာပါးကွက်သား အစောင့်တပ်သားနှစ်ယောက် ရှေ့သို့ ရောက်ရှိလာခဲ့၏။

ဖောက်…

ဆေဘာက လေထဲမှာပင် အာဏာပါးကွက်သား အစောင့်တပ်သားနှစ်ယောက်၏ ဦးခေါင်းများကို ထိုးဖောက်ပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို​ ထိုးဖောက်သွားလေသည်။

သူ၏ ဘယ်ဘက်လက်ဖြင့် ဆေဘာကို ပစ်ထုတ်လိုက်ရင်း ဆူဇီမိုသည် ဘေးတိုက်လှမ်းကာ နောက်ထပ် အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက် ရှေ့သို့ ရောက်ရှိလာခဲ့၏။ သူက အခြားသော ကွပ်မျက်ဆေဘာကို ကိုင်မြှောက်ပြီး ထိုသူကို ခုတ်ပိုင်းချလိုက်၏။

ဆူဇီမိုသည် သူ၏ သွေးချီကို လှည့်ပတ်မထားသော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထဲရှိ မိုးကြိုးအရိုးများက အဆက်မပြတ် တုန်ခါလာပြီး ကျိန်းစပ်နေသော မိုးကြိုးလျှပ်စီးများကို ဖြာထွက်လာစေ၏။

ထိုခုတ်ချက်က ဝင်းလက်နေပြီး တုန်လှုပ်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ လျှပ်စီးလျှပ်ပန်းများက ရစ်ပတ်လာခဲ့၏။

“အား”

အာဏာပါးကွက်သား အစောင့်တပ်သားက မာန်သွင်းအော်ဟစ်လိုက်ပြီး သူ၏ သွေးချီကို လှည့်ပတ်လိုက်၏။ သူကလည်း သူ၏ ကွပ်မျက်ဆေဘာကို ကိုင်မြှောက်ပြီး ဆူဇီမို၏ ဆေဘာထံသို့ ခုတ်ပိုင်းချလိုက်၏။

ချွမ်း..

ဆေဘာနှစ်လက်က ထိတွေ့ရိုက်ခတ်ပြီး စူးရှသော သတ္တုချင်း ထိခတ်သံက ထွက်ပေါ်လာ၏။

ကွပ်မျက်ဆေဘာနှစ်လက်၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။

အာဏာပါးကွက်သား အစောင့်တပ်သား၏ လက်နှစ်ဖက်ပေါ်ရှိ ချပ်ဝတ်တန်ဆာက ချက်ချင်းပင် ပေါက်ကွဲထွက်သွား၏။ လက်နှစ်ဖက်ပေါ်ရှိ အသားများကလည်း စုတ်ပြဲသွားပြီး သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲသွားလေသည်။

ဆူဇီမို၏ ခုတ်ချက်မှ သိပ်သည်းပြင်းထန်သော စွမ်းအားသည် ကွပ်မျက်ဆေဘာနှစ်လက်ကိုသာမက အာဏာပါးကွက်သား အစောင့်တပ်သား၏ လက်နှစ်ဖက်ကိုပါ ပျက်စီးသွားစေ၏။

မိုးကြိုး၏ အဖျက်စွမ်းအားက သူ၏ စိတ်ဝိညာဉ်စံအိမ်ထဲသို့ တလိပ်လိပ်တိုးဝင်လာခဲ့၏။

အာဏာပါးကွက်သား အစောင့်တပ်သားသည် သူ၏ ဆေဘာကို လက်နှစ်ဖက်ဖြင့် မလှုပ်မယှက် ဆုပ်ကိုင်ထားဆဲဖြစ်၏။ သို့သော်လည်း သူ့မျက်လုံးထဲရှိ အလင်းရောင်က တဖြည်းဖြည်း မှေးမှိန်သွားလေသည်။

ကွပ်မျက်ဆေဘာနှစ်လက်က ပေါက်ကွဲထွက်သွားပြီး အစအနများ ပြန့်ကျဲသွားစဉ်မှာပင် အာဏာပါးကွက်သား အစောင့်တပ်သားက ပျော့ခွေစွာ လဲကျသွား၏။

တိုက်ပွဲက စတင်ရုံသာဖြစ်ပြီး တစ်ခဏချင်းမှာပင် အာဏာပါးကွက်သား အစောင့်တပ်သား ဆယ်ယောက်ထဲမှ နှစ်ယောက်သည် ဆူဇီမို၏ ပစ်တိုက်မှုဖြင့် သေဆုံးသွားပြီး နောက်ထပ်တစ်ယောက်ကလည်း သေသည့်တိုင်အောင် တုန်လှုပ်သွားခဲ့၏။

ဆူဇီမိုက တိုက်ခိုက်မလာဘူးဆိုလျှင် အဆင်ပြေပေလိမ့်မည်။ သို့သော်လည်း သူ တိုက်ခိုက်လိုက်သည့် ခဏမှာပင် သူက ရူးသွပ်ပေါက်ကွဲတတ်သော နည်းလမ်းများကို အသုံးပြုတတ်ပြီး မည်သူကမှ ချမ်းသာရာရလိမ့်မည် မဟုတ်ပေ။

ကျောကျူးရွှမ်၊ ရှန်ကွမ်ချန်နှင့် လင်းမင်တို့က ကြောင်အမှင်တက်နေကြ၏။

ကူထုံယိုနှင့် ချိုးစစ်လောပင်လျှင် တုန်လှုပ်နေကြ၏။

အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်သည် စောစောက ခေါင်းဆောင်တပ်မှူးလျှိုနှင့် အခြားနှစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည်မှာ သူတို့က အငိုက်မိသွားသောကြောင့်ဟုဆိုလျှင် ဤတစ်ခေါက် သူ၏ တိုက်ခိုက်မှုက သူ၏ ကြောက်စရာကောင်းသော နည်းလမ်းများကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်၏။

အာဏာပါးကွက်သား အစောင့်တပ်သားသုံးယောက်ကို သတ်ဖြတ်ခြင်းမှာ မည်သည့် လှည့်ကွက်မှ မပါရှိပေ။ အဲဒါက ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်းဖြစ်ပြီး ခွန်အားအရာမှာ ပကတိဖိနှိမ်ခြင်း ဖြစ်လေသည်။

“အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က ဒီလို ရုန်းကန်ပေါက်ကွဲစွမ်းအားကို ထုတ်ဖော်နိုင်တာလား”

ကူထုံယိုက တုန်လှုပ်သွားပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။

ချိုးစစ်လောကလည်း ခေါင်းညိတ်လိုက်၏။

“သူက တကယ့်ကို စွမ်းအားကြီးမားလွန်းတယ်… ဒါပေမဲ့ သူက ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရည်ခွန်အားကို ထုတ်ဖော်နိုင်တယ်ဆိုတာ မဟူရာအလင်း အမြုတေဖြတ်တောက် ဝင်္ကပါကြောင့်လည်း ပါတယ်”

“ဒီလူရဲ့ ကိုယ်ကာယက အရမ်းကို သန်မာတယ်.. သူက ဒီဝင်္ကပါထဲမှာဆိုရင် သူ့ရဲ့ အားသာချက်ကို အမြင့်ဆုံးအထိ မြှင့်တင်နိုင်တယ်”

ကူထုံယိုက ပြောလိုက်၏။

“အဲ့လိုဆိုရင်တောင် အာဏာပါးကွက်သား အစောင့်တပ်သား ဆယ်ယောက်ရဲ့ ဝန်းရံပိတ်ဆို့မှုအောက်မှာ ကျင့်ကြံမှုနယ်ပယ်သုံးခုကို ဖြတ်ကျော်ပြီး အဆင့်-၈ ကမ္ဘာမြေအင်မော်တယ် သုံးယောက်ကို သတ်ဖြတ်နိုင်တယ်ဆိုတာက တကယ့်ကို ကြောက်စရာကောင်းနေပြီ”

သူတို့နှစ်ယောက် စကားပြောဆိုနေစဉ်မှာပင် တိုက်ပွဲနယ်မြေရှိ နှစ်ဖက်စလုံးက နောက်တစ်ဖန် တိုက်ခိုက်ဖလှယ်လိုက်ကြ၏။

ဆူဇီမိုသည် အာဏာပါးကွက်သား အစောင့်တပ်သား သုံးယောက်ကို သတ်ဖြတ်လိုက်သော်လည်း ကျန်ရှိနေသော ခုနှစ်ယောက်က ချဉ်းကပ်လာခဲ့ပြီဖြစ်၏။

ကွပ်မျက်ဆေဘာ ခုနှစ်လက်က ခုတ်ပိုင်းကျဆင်းလာပြီး ဆူဇီမို၏ ထွက်ပေါက်များ အားလုံးကို ပိတ်ဆို့ထားသည့် မထိုးဖောက်နိုင်သော ဆေဘာပိုက်ကွန်တစ်ခုကို ဖြစ်ပေါ်လာစေ၏။

“သွားပြီ”

ကူထုံယိုက ခေါင်းခါလိုက်၏။

“အဲဒီလူက ပိတ်မိသွားပြီ.. သူ့မှာ ထွက်ပေါက် မရှိတော့ဘူး.. သူ့ရဲ့ ကိုယ်ကာယက ဘယ်လောက်ပဲ သန်မာ သန်မာ.. သူက ကွပ်မျက်ဆေဘာခုနှစ်လက်ကို ထိပ်တိုက်ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး”

ချိုးစစ်လောကလည်း စိုးရိမ်ပူပန်သည့်ပုံပေါ်လာ၏။

ဆူဇီမိုသည် နောက်ခဏ၌ အပိုင်းပိုင်း လှီးဖြတ်ခံရတော့မည့်အလားပင်။

“ဂါး…”

ရုတ်တရက်ဆိုသလို…

ဆူဇီမိုက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး အော်ဟစ်လိုက်၏။

ချက်ချင်းပင် လောကက တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

အတိအကျဆိုရင်လျှင် အဲဒါကို အော်ဟစ်သံတစ်သံဟု ဆက်လက်၍ မသတ်မှတ်နိုင်တော့ပေ။

ထိုအစား အဲဒါက လောကကို လှုပ်ခါစေပြီး အဆုံးမဲ့ စွမ်းပကားတစ်ခု ပါဝင်နေသည့် ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံ ဖြစ်လေသည်။

ထိုဟိန်းဟောက်သံနှင့် ရင်ဆိုင်ရချိန်မှာ ကျင့်ကြံသူများသည် သူတို့၏ နှလုံးသား အနက်ပိုင်းထဲမှ ထိန်းချုပ်မရသော အကြောက်တရားတစ်ခုကို ခံစားလာရမိလေသည်။

အဝေးကနေ စောင့်ကြည့်နေသော လင်းမင်နှင့် ကျောကျူးရွှမ်က တုန်လှုပ်သွားကြ၏။ သူတို့၏ နားများထဲမှာ တဝီဝီမြည်နေပြီး သူတို့၏ အမြင်အာရုံက ဝေဝါးလာ၏။ သူတို့၏ ခြေလက်များက ပျော့ခွေသွားပြီး မတ်တတ်ပင် ကောင်းကောင်းမရပ်နိုင်တော့ပေ။

ရှန်ကွမ်ချန်၏ ခန္ဓာကိုယ်ကလည်း အနည်းငယ် ယိမ်းထိုးသွားပြီး သူမ၏ မျက်နှာက ဖြူဖျော့သွား၏။

တေးဂီတနှင့် အသံပိုင်းတာအိုမှာ ကျွမ်းကျင်ပိုင်နိုင်သော ကူထုံယိုနှင့် ချိုးစစ်လောပင်လျှင် တုန်လှုပ်သွားကြ၏။

ထိုအသံပိုင်းလျှို့ဝှက်အတတ်က အရမ်းကို ကြောက်စရာကောင်းလွန်း၏။

ထိုဟိန်းဟောက်သံက သူတို့ကို ပစ်မှတ်ထားခြင်း မဟုတ်သည်မှာ သိသာလေသည်။ ထိုသို့ဆိုလျှင်တောင် သူတို့နှစ်ယောက်သည် ထိုဟိန်းဟောက်သံမှာ ပါဝင်သော ကြောက်စရာကောင်းသော စွမ်းအားကို အာရုံခံမိနေ၏။

ထိုဟိန်းဟောက်သံသည် နဂါးတစ်ကောင်၏ ဟိန်းသံ၊ ဖီးနစ်တစ်ကောင်၏ အော်သံ၊ မိုးကြိုးထစ်ချုန်းသံ၊ နတ်ဆင်များစွာ အော်မြည်ဟစ်ကြွေးနေသံနှင့် ဆင်တူလေသည်။

အဲဒါက လူသားတစ်ယောက်၏အသံ လုံးဝ မဟုတ်ပေ။

ဆူဇီမိုသည် နတ်ဆင်အသက်ရှုခြင်း နည်းစနစ်ကို ကျင့်ကြံခဲ့ပြီးနောက် သူသည် အသင်္ချေ ဆင်ဟိန်းသံကို မိုးပြာနဂါးဟိန်းသံ၏ လျှို့ဝှက်အတတ်ထဲသို့ ထည့်သွင်းပေါင်းစည်းခဲ့၏။

မိုးပြာနဂါးဟိန်းသံ၏ စွမ်းအားက အလွန်တရာ ကြောက်စရာကောင်းသော အတိုင်းအတာတစ်ခုအထိ အသွင်ပြောင်းလဲသွားခဲ့ပြီဖြစ်၏။

မဟူရာအလင်း အမြုတေဖြတ်တောက်ဝင်္ကပါကြောင့်သာ မဟုတ်လျှင် ကောင်းကင်နှင့်မြေကြီး အမြုတေချီက ဤလျှို့ဝှက်အတတ်ထဲသို့ ဝင်ရောက်ပေါင်းစည်းသွားသည်နှင့် ဝန်းရံပိတ်ဆို့ထားသော အာဏာပါးကွက်သား အစောင့်တပ်သား ခုနှစ်ယောက်က နေရာမှာတင်​ သေဆုံးသွားနိုင်လေသည်။

ယခုအချိန်မှာ ကောင်းကင်နှင့်မြေကြီး အမြုတေချီ၏ အကူအညီ မရှိလျှင်တောင် မိုးပြာနဂါးဟိန်းသံသည် အလွန်တရာ ကြောက်စရာကောင်းသော ထိတွေ့ရိုတ်ခတ်မှုတစ်ခုကို ထုတ်ဖော်နိုင်ဆဲဖြစ်၏

ထိုဟိန်းဟောက်သံနှင့် ရင်ဆိုင်ရချိန်မှာ အာဏာပါးကွက်သား အစောင့်တပ်သား ခုနှစ်ယောက်က တဆတ်ဆတ် တုန်ယင်၍ လေထဲမှာ ရပ်တန့်သွားကြ၏။

သူတို့ထဲမှ လေးယောက်က မျက်လုံးများ ပြူးကျယ်သွား​ပြီး သူတို့၏ နားများက အသံဖြင့် ထိုးဖောက်ခံရကာ သွေးစီးကြောင်းတစ်ခုက ပန်းထွက်လာ၏။

သူတို့လေးယောက်ကြားမှာ နှစ်ယောက်၏ မျက်လုံးများက နေရာမှာတင် ပေါက်ကွဲထွက်သွား၏။

“အား.. အား.. အား…”

အာဏာပါးကွက်သား အစောင့်တပ်သားများက ဖရိုဖရဲဖြစ်သွားပြီး သူတို့ထဲမှ လေးယောက်က စူးစူးဝါးဝါး အော်ဟစ်၍ နောက်သို့ ဒယီးဒယိုင် ဆုတ်ခွာသွား၏။

ကျန်ရှိနေသော သုံးယောက်က ခေါင်းဆောင်တပ်မှူးလီနှင့် ခေါင်းဆောင်တပ်မှူးရှုံး အပါအဝင် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်သုံးယောက်​ ဖြစ်လေသည်။

သူတို့သုံးယောက်မှာ မတူညီသော ကိုယ်ကာယများ၊ သွေးချီနှင့် ကျင့်ကြံမှုနယ်ပယ်တို့ ရှိကြလေသည်။

ဆူနာမီသွေးအဆင့်မှာ ခေါင်းဆောင်တပ်မှူးရှုံး၏ သွေးချီက အသန်မာဆုံးဖြစ်ပြီး သူ့အပေါ် သက်ရောက်မှုနှင့် ပျက်စီးထိခိုက်မှုက အနည်းဆုံးဖြစ်၏။

ခေါင်းဆောင်တပ်မှူးလီနှင့် ကျန်ရှိနေသော အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်ကတော့ သူတို့သည် ထိခိုက်ဒဏ်ရာ မရရှိသွားသော်လည်း သူတို့မှာ နာကျင်နေသော အမူအရာများ ထွက်ပေါ်လာပြီး သူတို့၏ မျက်နှာများက ရှုံ့မဲ့နေကြ၏။ သူတို့သည် ခဏမျှ သူတို့၏ အကြားအာရုံကို ဆုံးရှုံးသွားပြီး သူတို့၏ အသိစိတ်များက ဝေဝါးသွားလေသည်။

ဆေဘာများ၏ ဝန်းရံပိတ်ဆို့ တိုက်ခိုက်မှုကလည်း ချက်ချင်းပင် ပျက်ပြယ်သွား၏။

ဆူဇီမို၏ အမူအရာက အေးစက်နေ၏။ သူက ဒဏ်ရာရရှိထားသော အာဏာပါးကွက်သား အစောင့်တပ်သား လေးယောက်နောက်သို့ ပြေးလိုက်သွားခြင်း မရှိပေ။ ထိုအစား သူက ရှေ့သို့ တက်လှမ်းပြီး ခေါင်းဆောင်တပ်မှူးလီ၏ ဦးခေါင်းကို သူ၏ ဘယ်ဘက်လက်ဖြင့် ပစ်ရိုက်ချလိုက်၏။

သူ၏ ညာဘက်လက်ညှိုးက အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်၏ နှာရောင်ကို ထိုးဖောက်လိုက်လေသည်။

သူတို့၏ အမြုတေစိတ်ဝိညာဉ်များက နေရာမှာပင် ပျက်စီးသွား၏။

အခြေအနေနှင့် တိုက်ပွဲနယ်မြေအပေါ် ဆူဇီမို၏ အကဲဖြတ်နိုင်စွမ်းက ပြိုင်ဘက်ကင်းလေသည်။

သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ တစ်ချိန်လုံး တိုက်ခိုက်နေခဲ့ရပြီး အမြဲတမ်းလိုလို ဝန်းရံပိတ်ဆို့ တိုက်ခိုက်ခံခဲ့ရ၏။ ထိုသို့ဖြင့် သူသည် တစ်ဖက်အဖွဲ့၏ အားနည်းချက်များနှင့် ဟာကွက်များကို ချက်ချင်းပင် ဆုံးဖြတ်နိုင်စွမ်း ရှိလေသည်။

ဤကဲ့သို့သော ရှားရှားပါးပါး အခွင့်အရေးရသည့်အချိန်မှာ သူသည် သူ့အပေါ် ခြိမ်းခြောက်နိုင်စွမ်း အကြီးမားဆုံးဖြစ်သည့်လူများကို ရှင်းထုတ်ပစ်ရပေမည်။

တစ်နည်းအားဖြင့်ဆိုလျှင် သူ၏ လက်ရှိပစ်မှတ်များက အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်များ ဖြစ်၏။

ကံဆိုးစွာနှင့်ပင် ခေါင်းဆောင်တပ်မှူးရှုံး၏ သွေးချီက သန်မာပြီး သူက သက်ရောက်မှုများစွာ မရရှိခဲ့ပေ။ သူက ချက်ချင်းပင် နောက်သို့ ဆုတ်ခွာပြီး လွတ်မြောက်သွား၏။

မဟုတ်ပါက ဆူဇီမိုသည် ခေါင်းဆောင်တပ်မှူးရှုံးကိုပါ ချက်ချင်း သတ်ဖြတ်ပစ်နိုင်ပေလိမ့်မည်။

ဒီရေ အလှည့်အပြောင်းက တစ်ချိန်လုံး ပြောင်းလဲနေ၏။

စောစောက ဆူဇီမိုသည် လူခုနှစ်ယောက်ဖြင့် ဝန်းရံပိတ်ဆို့ခံခဲ့ရပြီး အခြေအနေက အန္တရာယ်များနေခဲ့၏။

တစ်ခဏချင်းမှာပင် သူက နောက်ထပ် လူနှစ်ယောက်ကို သတ်ဖြတ်ပြီး ပြန်လည်အသာစီးရယူလာ၏။

တိုက်ပွဲနယ်မြေမှာ အာဏာပါးကွက်သား အစောင့်တပ်သား ငါးယောက်သာလျှင် ကျန်ရှိခဲ့၏။

လူအုပ်ထဲမှ လေးယောက်က ဒဏ်ရာရရှိထားပြီး သူ၏ တိုက်ခိုက်ရည်ခွန်အား အပြည့်အဝကို ထိန်းသိမ်းထားနိုင်သည့် တစ်ဦးတည်းသောသူမှာ အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်.. ခေါင်းဆောင်တပ်မှူးရှုံးတစ်ယောက်သာ ဖြစ်လေသည်။

ထိုစဉ်မှာပင် ဆူဇီမို၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး ဖြူဖပ်ဖြူရော် အမူအရာတစ်ခုနှင့်အတူ သွေးများကို ထွေးထုတ်လိုက်ရ၏။

သူ၏ တာအိုနှလုံးသားက ပျက်စီးထိခိုက်ထားပြီး ယခုအချိန်ထိ မသက်သာသေးပေ။ ယခု ကြီးမားသော တိုက်ပွဲတစ်ခုက ဖြစ်ပွားလာပြီး အဲဒါက သူ၏ အတွင်းဒဏ်ရာများအ​ပေါ် သက်ရောက်လာခဲ့၏။

All Chapters