← Chapters

ဝိညာဥ်ရိတ်သိမ်းဒုံမင်း

Vol. 140 Ch. 2091

ဝိညာဥ်ရိတ်သိမ်းဒုံမင်း

Vol. 140 Ch. 2091

ဆူဇီမိုသည် အာဏာပါးကွက်သား အစောင့်တပ်သားသုံးယောက်နောက်သို့ လိုက်ပါလာခဲ့သည်မှာ သူကကြောက်ရွံ့သောကြောင့် မဟုတ်ပေ။

သို့သော်လည်း သူက မကျေမချမ်းဖြစ်နေပြီး ကျိယောင်ရွှယ်၏ ထွက်ခွာသွားမှုကို လက်မခံနိုင်ဖြစ်နေသောကြောင့်ပင်။

အာဏာပါးကွက်သား အစောင့်တပ်သားသုံးယောက် ရောက်ရှိမလာလျှင်တောင် သူကကြယ်တာဂိုဏ်းကနေထွက်ခွာသွားဖို့ ပြင်ဆင်ထား၏။

ယခု.. သူက အာဏာပါးကွက်သား အစောင့်တပ်သားများ၏ ပစ်မှတ်ထားခြင်းခံလာရမှတော့... သူသည် အခြေအနေအရအလိုက်သင့်မျောပါပြီး အာဏာပါးကွက်သား အစောင့်တပ်သားသုံးယောက်နှင့်အတူ ကြယ်တာရာဂိုဏ်းကနေထွက်ခွာမည်ဖြစ်၏။

အစကတော့ ဆူဇီမိုသည် ခေါင်းဆောင်တပ်မှူးလျှိုပြောသည့်တာဝန်ကို အလေးအနက်ထားခြင်းမရှိသလို စိတ်ဝင်စားခြင်းလည်းမရှိပေ။

သို့သော်လည်း သူက မုန့်ယောင်ဟူသောအမည်ကို ကြားရသောအခါ သူက အဲ့ဒါကို အရင်ကတစ်နေရာရာမှာကြားဖူးသည့်အလား ရင်းနှီးနေသလိုခံစားရလေသည်။

ထိုအခိုက်အတန့်မှာ ဆူဇီမို၏ အတွေးများက ရှုပ်ထွေးနေ၏။

ကျိယောင်ရွှယ်နှင့် အတူရှိခဲ့သည့်မြင်ကွင်းများက သူ၏ စိတ်ထဲသို့ မကြာမကြာ တဖျပ်ဖျပ်ဝင်ရောက်လာတတ်၏။ တချို့အချိန်မှာ ကျိယောင်ရွှယ်၏ ကျင့်ကြံမှုက ဘာ့ကြောင့်ရပ်တန့်နေခဲ့ရသလဲ သူကစဥ်းစားနေ၏။

တချို့အချိန်မှာ သူ၏ အနာဂတ်အစီအစဥ်များကို စ​ဥ်းစားတွေးတောနေ၏။

ခဏကြာသည်အထိ သူသည် မင်းသမီးမုန့်ယောင်က မည်သူဖြစ်သည်ကို စဥ်းစားကြည့်၍ မရနိုင်သေးပေ။

တစ်ဘက်မှာတော့ မင်းသမီးမုန့်ယောင်ဟူသောစကားကိုကြားရချိန်မှာ ရှဲထျန်ဖုန့်နှင့် အခြားသုံးယောက်က တုန်လှုပ်သွားကြ၏။

သူမသည် မင်းသမီးဟူသောဘွဲ့ကို ခံယူနိုင်ခဲ့သည့်အချက်ကပင် သူမက ဘုရင်ကျင်း၏ သမီးတစ်ယောက်ဖြစ်သည်ဟု အဓိပ္ပါယ်ရလေသည်။

အဲ့ဒါက ဘယ်လောက်တောင်မြင့်မြတ်တဲ့အဆင့်အတန်းလဲ။

လင်းမင်ကလည်း ရှေ့သို့ထွက်လာပြီး လေးနက်သောအသံဖြင့်ပြောလိုက်၏။

“ဒါက... မင်းသမီးရဲ့တောင်းဆိုချက်ဆိုမှတော့ ကျုပ်တို့က အတတ်နိုင်ဆုံး သေချာပေါက်ကြိုးစားပေးရမှာပေါ့... ဒါပေမဲ့ ကျုပ်တို့က ကြိုတင်ပြင်ဆင်လို့ရအောင် ဒီတစ်ခေါက်ကျုပ်တို့ဖမ်းဆီးရမယ့် လူနှစ်ယောက်ရဲ့ သရုပ်သကန်နဲ့ ကျင့်ကြံမှုတွေကို ပြောပေးလို့ရမလား”

“သူတို့နှစ်ယောက်က အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ပဲ”

“အမျိုးသားရဲ့အမည်က ကူထုံယို... သူက ပုလွေကိုအသုံးပြုတဲ့နေရာမှာတော်တယ်... အမျိုးသမီးရဲ့အမည်က ချိုးစစ်လော့ သူကတော့ ဒုံမင်း​တီးခတ်တဲ့နေရာမှာတော်တယ်... သူတို့နှစ်ယောက်စလုံးက အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တွေပဲ”

ခေါင်းဆောင်တပ်မှူးလျှိုက ပြောလိုက်၏။

“သူတို့နှစ်ယောက်က တေးဂီတမှာအတော်လေးကျွမ်းကျင်ပိုင်နိုင်တယ်... သူတို့ရဲ့ ပုလွေသံနဲ့ ဒုံမင်းသံတွေနဲ့ဆို သူတို့က မမြင်ကွယ်ရာကနေ သတ်ဖြတ်နိုင်တယ်”

“သူတို့က အဆင့်-၈ ကမ္ဘာ​မြေအင်မော်တယ်တွေပဲကို... ခေါင်းဆောင်တပ်မှူးလျှိုနဲ့ တခြားအာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်ရှိနေမှတော့... ကျုပ်တို့က ကျုပ်တို့ရဲ့ခွန်အားကုန်နဲ့ တိုက်ခိုက်မယ်ဆိုရင် သူတို့နှစ်ယောက်က ပြေးလွတ်မှာမဟုတ်ဘူး”

ရှဲထျန်ဖုန့်က ယုံကြည်မှုဖြင့် ပြည့်နှက်နေ၏။

ကျောကျူးရွှမ်က ပြောလိုက်၏။

“ဂီတကနေ တာအိုကိုဝင်ရောက်နိုင်တဲ့ကျင့်ကြံသူတွေက အရမ်းကိုရှားတယ်... ဂမ္ဘီရမိုးကောင်းကင်မှာဆို သူတို့ကြားမှာ အကျော်ကြားဆုံးတွေထဲကတစ်ယောက်က မဟာနတ်မိမယ်လေးဦးထဲကတစ်ဦးဖြစ်တဲ့ ဒုံမင်းအင်မော်တယ်ဖြစ်တယ်လို့ ကျုပ်ကြားဖူးတယ်”

ခေါင်းဆောင်တပ်မှူးလျှိုက ကျောကျူးရွှမ်ကို တစ်ချက်ကြည့်လိုက်၏။

“မင်းကဗဟုသုတရှိသားပဲ... မင်းက ဒုံမင်းအင်မော်တယ်ကိုတောင် ကြားဖူးတယ်ဆိုတော့”

“တကယ်တော့ အဲ့လိုလည်း မဟုတ်ပါဘူး”

ကျောကျူးရွှမ်က ပြုံး၍ပြောလိုက်၏။

“ဒုံမင်းအင်မော်တယ်ရဲ့ နာမည်ကိုမင်းသိလား”

ခေါင်းဆောင်တပ်မှူးလျှို၏ မျက်လုံးထဲတွင် အထင်အမြင်သေးသောအကြည့်တစ်ခုပေါ်ထွက်လာပြီး သူကမေးလိုက်၏။

ကျောကျူးရွှမ်က ခေါင်းခါပြလိုက်၏။

“အဲ့ဒါတော့ကျုပ်မသိဘူး... မဟာနတ်မိမယ်လေးယောက်ထဲမှာ တစ်ယောက်ချင်းစီက နတ်သမီးတွေလို ရုပ်ရည်သွင်ပြင်ရှိပြီး ရက်ရက်စက်စက်ချောမောလှပတယ်လို့ပဲ ကျုပ်ကြားဖူးတယ်... ဒါပေမဲ့ သူတို့တစ်ယောက်ချင်းစီမှာ သူတို့ကိုယ်ပိုင်အရည်အချင်းတွေရှိကြမှာပေါ့”

ခေါင်းဆောင်တပ်မှူးလျှိုက သရော်တော်တော်အမူအရာတစ်ခုနှင့်အတူ လှောင်ပြုံးပြုံးကာ ဖြည်းဖြည်းချင်းပြောလိုက်၏။

“မဟာနတ်မိမယ်လေးဦးထဲက ဒုံမင်းအင်မော်တယ်ဆိုတာ မင်းသမီးမုန့်ယောင်ကိုပြောတာပဲ”

“အာ...”

ထိုစကားလုံးက အင်မော်တယ်ယာဥ်ပျံပေါ်မှာ အတော်လေးလှုပ်ခတ်သွားစေ၏။

ကျောကျူးရွှမ်၊ ရှန်ကွမ်ချန်၊ ရှဲထျန်ဖုန့်နှင့် လင်းမင်တို့က တုန်လှုပ်သွားကြ၏။

တစ်ဘက်မှာတော့ ဆူဇီမိုကလည်း တဖြည်းဖြည်းတစ်စုံတစ်ရာကို ပြန်လည်အမှတ်ရလာ၏။

ဒုံမင်းအင်မော်တယ်မုန့်ယောင်..။

ရတနာများစွာပေါ်ထွက်ခဲ့သည့် နဂါးအသူရာချောက်နက်ကြယ်ပေါ်ရှိ အသူရာချောက်နက်မှာတုန်းက ဒုံမင်းအင်မော်တယ်က ရှေးဟောင်းဒုံမင်းတစ်လက်ကိုရှာဖွေဖို့ ပေါ်ထွက်လာခဲ့၏။

နတ်မိမယ်မုန့်ယောင်သည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ မင်းသမီးဖြစ်ရုံသာမက သူမသည် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းထဲရှိ အင်မော်တယ်ပြန်ဂိုဏ်းမှ အမွေခံတပည့်တစ်ယောက်လည်းဖြစ်နေ၏။

မုန့်ယောင်အပြင် အဲ့ဒီမှာ တခြားသော ပကတိအင်မော်တယ်ပညာရှင်နှစ်ဦးလည်းရှိခဲ့လေသည်။

ဆူဇီမိုသည် ငရဲဖိနှိမ်မီးဖိုထဲမှ မိုးပြာနဂါးအထွတ်အမြတ်ဝိညာဥ်ကို ဆင့်ခေါ်ခဲ့ပြီး နဂါးအလောင်းကိုအသုံးချကာ ထိုပကတိအင်မော်တယ်သုံးယောက်နှင့် တိုက်ခိုက်ခဲ့လေသည်။

ဆူဇီမိုက ဤအကြောင်းအရာကို ပြန်လည်အမှတ်ရနေစဥ်မှာပင် ခေါင်းဆောင်တပ်မှူးလျှိုက ကျောကျူးရွှမ်ကိုကြည့်ပြီး အေးစက်စွာပြောလိုက်၏။

“မင်းက သူ့အကြောင်းကို နောက်ကွယ်မှာဆွေးနွေးပြောဆိုနေတယ်ဆိုတာ မင်းသမီးမုန့်ယောင်ကြားသိသွားမယ်ဆိုရင် မင်းကတော့ သေချာပေါက်သေပြီပဲ”

ချက်ချင်းပင် ကျောကျူးရွှမ်က ချွေးစေးများထွက်လာခဲ့၏။

“ခေါင်းဆောင်တပ်မှူးလျှို ကျေးဇူးပြု​ပြီး ကျုပ်ကိုခွင့်လွှတ်ပေးပါ... စောစောက ကျုပ်တကယ်ပဲမသိလို့ ပြောမိတာပါ”

ကျောကျူးရွှမ်က သူ၏ ဣန္ဒြေကိုဆက်လက်၍ မဆယ်နိုင်တော့ပေ။ သူက ထိတ်လန့်တကြားအမူအရာနှင့်အတူ ထပ်တလဲလဲဦးညွှတ်၍ အသနားခံတောင်းပန်နေ၏။

ဘေးတစ်ဘက်မှာ ရှဲထျန်ဖုန့်နှင့် လင်းမင်က အူမြူးအားရနေကြ၏။

“ငါလောလောဆယ် အဲ့ဒါကိုအရေးလုပ်မှာမဟုတ်ဘူး”

ခေါင်းဆောင်တပ်မှူးလျှိုက အေးစက်စွာနှစ်တစ်ချက်မှုတ်လိုက်၏။

“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်တပ်မှူးလျှို”

ကျောကျူးရွှမ်က လွန်မင်းစွာ ကျေးဇူးတင်ကြောင်းကိုဖော်ပြလိုက်၏။ သူ၏ မျက်နှာက အသက်ရှုချိန်အနည်းငယ်အတွင်းမှာ ကြောက်လန့်တကြား ဖြူဖျော့သွားခဲ့ပြီဖြစ်၏။

သူသည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ မင်းသမီးတစ်ပါးကို ဆန့်ကျင်မိခဲ့မည်ဆိုလျှင် သူ့လိုမျိုး အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကိုမပြောနှင့် သူ၏ မိသားစုကလန်ကပါ ချက်ချင်းဖျက်ဆီးခံရပေလိမ့်မည်။

“အဲ့ဒီစုံတွဲက မင်းသမီးမုန့်ယောင်ရဲ့ အမျက်ဒေါသကိုဆွမိအောင် ဘာလို့အဲ့လောက်ထိ မိုက်မဲနိုင်ရတာလဲ”

လင်းမင်က မေးလိုက်၏။

ခေါင်းဆောင်တပ်မှူးလျှိုက ပြောလိုက်၏။

“မင်းသမီးမုန့်ယောင်က တစ်ခါတုန်းက ရှေးဟောင်းဒုံမင်းတစ်လက်ကိုရှာဖွေဖို့အတွက် လျှို့ဝှက်ကုန်းမြေတစ်ခုကို သွားရောက်ခဲ့တယ်... အဲ့ဒါက အတိတ်ကာလတုန်းက နာမည်ကြီးကျော်ကြားခဲ့တဲ့ ဝိညာဥ်ရိတ်သိမ်းဒုံမင်းပဲ... ဒါပေမဲ့ လူတစ်ယောက်က ဝိညာဥ်ရိတ်သိမ်းဒုံမင်းအတွက် မင်းသမီးမုန့်ယောင်နဲ့တောင်မှ ယှဥ်ပြိုင်တိုက်ခိုက်ဝံ့ခဲ့တယ်လေ”

“အဲ့ဒါဟိုအမျိုးသမီး ချိုးစစ်လောပဲ ဖြစ်ရမယ်”

ရှဲထျန်ဖုန့်က နားလည်သဘောပေါက်သွားပြီး လွှတ်ခနဲပြောလိုက်၏။

ခေါင်းဆောင်တပ်မှူးလျှိုက ခေါင်းညိတ်လိုက်၏။

“ဝိညာဥ်ရိတ်သိမ်းဒုံမင်းက အဲ့ဒီအမျိုးသမီးရဲ့လက်ထဲမှာရောက်နေတယ်ဆိုတာ မင်းသမီးမုန့်ယောင်က မကြာသေးခင်ကမှ သိရှိခဲ့ရတယ်... အဲ့ဒါကြောင့် မင်းသမီးက လူတစ်ယောက်ကိုလွှတ်ပြီး အဲ့ဒါကိုသွားတောင်းခိုင်းခဲ့တယ်”

“အဲ့ဒီစုံတွဲက အရမ်းကိုအတင့်ရဲနေလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ”

“သူတို့က ဝိညာဥ်ရိတ်သိမ်းဒုံမင်းကို မပေးရုံတင်မကဘူး... သူတို့က မင်းသမီးမုန့်ယောင်စေလွှတ်ခဲ့တဲ့ အစေခံကိုပါ သတ်ပစ်လိုက်တယ်”

နောက်ထပ်အာဏာပါးကွက်သားအစောင့်တပ်သားတစ်ယောက်က ဝင်​​ပြောလိုက်၏။

“အဲ့ဒီစုံတွဲက သူတို့ကိုယ်သူတို့ ထွက်ပြေးလွတ်မြောက်နိုင်မယ်လို့ထင်နေတာ... ဒါပေမဲ့ သူတို့က မဟာကျင်းအင်မော်တယ်နိုင်ငံမှာရှိနေသရွေ့ အာဏာပါးကွက်သား အစောင့်တပ်သားတွေက မထိုးဖောက်နိုင်တဲ့ထောင်ချောက်တစ်ခုကို အသက်သွင်းလိုက်တာနဲ့ သူတို့မှာ တစ်မူထူးခြားတဲ့နည်းလမ်းတွေရှိရင်တောင် သူတို့က ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး”

အင်မော်တယ်ယာဥ်ပျံ၏ ထောင့်တစ်နေရာတွင် ဆူဇီမိုက မြင်ကွင်းတချို့ကို တဖြည်းဖြည်းပြန်လည်အမှတ်ရလာ၏။

ဒုံမင်းအင်မော်တယ်မုန့်ယောင်လိုချင်ခဲ့သည့်... ရှေးဟောင်းဒုံမင်းကို သူပင်လျှင်မြင်တွေ့ခဲ့ဖူးလေသည်။ အဲ့ဒါကို ဝိညာဥ်ရိတ်သိမ်းဒုံမင်းဟုခေါ်ကြောင်း သူက ယခုမှသိရှိလိုက်ရ၏။

ထိုရှေးဟောင်းဒုံမင်းနှင့်အတူတွဲဖက်၍ နက်မှောင်နေသောရှေးဟောင်းပုလွေတစ်လက်လည်း ရှိခဲ့လေသည်။

အသူရာချောက်နက်ထဲမှာတုန်းက ရှေးဟောင်းဒုံမင်းနှင့် ပုလွေသည် ပေါ်ထွက်လာသည့်ခဏမှာပင် ကမ္ဘာ​မြေအင်မော်တယ်များစွာကို သတ်ဖြတ်ခဲ့၏။

ဆူဇီမိုသည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ပိုင်ဆိုင်ထားပြီး သူ၏ အသိစိတ်ထဲမှာ ရှေးဟောင်းဂါထာမန္တန်ရွတ်ဖတ်သံများ ထွက်ပေါ်လာခြင်းကြောင့်သာမဟုတ်လျှင် သူသည်လည်းပဲ သေခဲ့ရပေလိမ့်မည်။

နောက်ပိုင်းမှာ သူသည် ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်ပြီး သူတို့ကိုဝါးမျိုသန့်စင်ချင်ခဲ့၏။

သို့သော်လည်း ရှေးဟောင်းဒုံမင်းနှင့် ပုလွေမှာ အလွန်တရာမြင့်မားသော စိတ်ဝိညာဥ်အသိဉာဏ်ရှိနေခဲ့၏။

သူတို့သည် ငရဲဖိနှိမ်မီးဖို၏ မူလဇာစ်မြစ်ကိုမှတ်မိသိရှိသွားသည့်အလား တုံ့ဆိုင်းခြင်းမရှိဘဲ တစ်ချိုးတည်းလှည့်ထွက်ပြေးခဲ့ကြ၏။

ယခု... ထိုရှေးဟောင်းဒုံမင်းနှင့် ပုလွေမှာ ပိုင်ရှင်များရှိလာခဲ့ပြီဖြစ်ပြီး အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်လက်ထဲသို့ ရောက်ရှိနေလေသည်။

“ဟမ်...”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး ရုတ်တရက်တစ်စုံတစ်ရာကို အမှတ်ရသွား၏။

အသူရာချောက်နက်၏ အပြင်ဘက်မှာတုန်းက ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သည် ရတနာတစ်ခုအတွက် သူ့ကိုသတ်ဖြတ်ချင်ခဲ့၏။

ထိုနေရာမှာ သွားချည်လာချည် ကမ္ဘာမြေအင်မော်တယ်များစွာရှိခဲ့သော်လည်း မည်သူကမှ သူ့ကိုကူညီမပေးခဲ့ပေ။

နောက်ဆုံးမှာတော့ အင်မော်တယ်စုံတွဲတစ်တွဲနှင့်တူသော စုံတွဲတစ်တွဲက ပေါ်ထွက်လာပြီး သူ့ကိုကယ်တင်ကာ ဂရုစိုက်သွားလာဖို့ သတိပေးခဲ့လေသည်။

ဆူဇီမိုသည် သူတို့၏ အမည်များကို မေးခဲ့သော်လည်း အဲ့ဒါက အထွေအထူးမဟုတ်ဟု အမျိုးသားကပြောခဲ့၏။

ဆူဇီမိုသည် သူတို့နှင့် ထိုအချိန်မှစပြီး ဘယ်တော့မှပြန်မတွေ့ရတော့ပေ။

ယခု... ခေါင်းဆောင်တပ်မှူးလျှိုက ဒုံမင်းအင်မော်တယ် မုန့်ယောင်၊ ရှေးဟောင်းဒုံမင်း၊ နဂါးအသူရာချောက်နက်ကြယ်နှင့် အမျိုးသားတစ်ယောက်နှင့် အမျိုးသားတစ်ယောက်အကြောင်း ပြောဆိုချိန်မှာ ဆူဇီမိုသည် သူ့ကိုကယ်တင်ခဲ့သည့် အင်မော်တယ်စုံတွဲကို ပြန်လည်အမှတ်ရသွား၏။

အစကတော့ ဆူဇီမိုသည် အင်မော်တယ်ယာဥ်ပျံပေါ်ကနေထွက်ခွာဖို့အတွက် အခွင့်အလမ်းတစ်ရပ်ကို ရှာဖွေနေခဲ့၏။ ယခု... ထိုစကားကိုကြားသောအခါ သူက သူ၏ စိတ်ကို ပြောင်းလဲလိုက်၏။

ထိုအင်မော်တယ်စုံတွဲက သူ့အသက်ကိုကယ်တင်ခဲ့ဖူးပြီး သူ၏ ကျေးဇူးရှင်များဖြစ်လေသည်။

သူတို့နှစ်ယောက်က တကယ်ပဲ... ဝန်းရံပိတ်ဆို့ခံထားရသည်ဆိုလျှင် သူကဒီတိုင်းနေနိုင်လိမ့်မည် မဟုတ်ပေ။ သူက အဲ့ဒါကို တစ်ချက်သွားရောက်ကြည့်ရှုရပေလိမ့်မည်။

“ငါတို့ဒီကိုရောက်ပြီပဲ”

သိပ်မကြာခင် ခေါင်းဆောင်တပ်မှူးလျှိုက ရုတ်တရက်ပြောလိုက်ပြီး အင်မော်တယ်ယာဥ်ပျံ၏ အမြန်နှုန်းက တဖြည်းဖြည်းလျော့ကျသွား၏။

ဆူဇီမိုက မတ်တတ်ထပြီး လှမ်းမျှော်ကြည့်ရှုလိုက်၏။

သူတို့ရှေ့တည့်တည့်မြေပြင်မှာ တလက်လက်တောက်ပနေသော တြိဂံပုံစံအလံများစွာကို ထူးဆန်းသောပုံစံတစ်ခုဖြင့် ခင်းကျင်းထားလေသည်။

အလံရွက်တစ်ခုချင်းစီမှာ သိပ်သည်းသောဝင်္ကပါအင်းကွက်များကို ရေးဆွဲထား၏။

ထိုအရာများက အစီအရင်အလံများဖြစ်လေသည်။

အလံရွက်များပေါ်မှာ ဝင်္ကပါအင်းကွက်များကို ကြိုတင်ရေးဆွဲပြီး အစီအရင်အလံများ၏ အကူအညီနှင့်အတူ အစီအရင်ဝင်္ကပါကို ခင်းကျင်းခြင်းဖြင့် ဝင်္ကပါဖြစ်ပေါ်လာဖို့ လိုအပ်သောအချိန်ကို သိသိသာသာ လျှော့ချပေးနိုင်၏။

အစီအရင်အလံများစွာကြားမှာ ကျင့်ကြံသူ ၁၂ ယောက်ရှိနေ၏။

သူတို့ထဲမှာဆယ်ယောက်က ကမ္ဘာမြေအာဏာပါးကွက်သား အစောင့်တပ်သားများဖြစ်လေသည်။

အခြားနှစ်ယောက်ကတော့ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အာဏာပါးကွက်သား အစောင့်တပ်သားဆယ်ယောက်၏ ဝန်းရံပိတ်ဆို့ခြင်းခံထားရကာ သူတို့နှစ်ယောက်က အစီအရင်အလံများကြားမှာ လဲကျနေ၏။ သူတို့သည် သွေးအလိမ်းလိမ်းနှင့် ဒဏ်ရာများရရှိထားကြလေသည်။

All Chapters