← Chapters

အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း

Vol. 140 Ch. 2096

အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း

Vol. 140 Ch. 2096

ဆူဇီမိုသည် သူ၏ စွမ်းပကားကို ထုတ်ဖော်ပြီး သူ၏ အကျပ်အတည်းကနေ ရုန်းထွက်ကာ သူ၏ အသံပိုင်း လျှို့ဝှက်အတတ်နှင့်အတူ လူတချို့ကို အဆက်မပြတ် သတ်ဖြတ်လိုက်သောအခါ ကူထုံယိုနှင့် ချိုးစစ်လောက စိတ်ခံစားချက်များ မြင့်တက်လာကြ၏။

ဤအတိုင်းသာ ဆက်သွားလျှင် ဤတိုက်ပွဲ၏ ရလဒ်ကို ကြိုတင်ခန့်မှန်းနိုင်တော့မည် မဟုတ်ပေ။

သို့သော်လည်း ထိုစဉ်မှာပင် ဆူဇီမို၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး တစ်စုံတစ်ရာ လွဲမှားနေသည့်အလား သွေးများကို အန်ထုတ်လိုက်၏။

သူတို့နှစ်ယောက်စလုံးက မျက်မှောင်ကြုတ်လိုက်၏။

အစကတော့ ခေါင်းဆောင်တပ်မှူးရှုံးသည် ဆူဇီမို၏ နည်းလမ်းများမှာ မှင်တက်နေပြီး ယာယီအားဖြင့် ကြောင်တိကြောင်တောင် ဖြစ်နေ၏။ သူက ရှေ့သို့ တက်လှမ်းရဲခြင်း မရှိဘဲ နောက်သို့ ဆုတ်ဖို့ပင် စိတ်ကူးနေပြီဖြစ်၏။

သို့သော်လည်း ဆူဇီမိုက သွေးများကို အန်ထုတ်လာသောအခါ သူက တွေဝေသွားလေသည်။

ဤအဆင့်-၅ ကမ္ဘာမြေအင်မော်တယ်သည် စောစောက တိုက်ပွဲမှာ အခြား​သော အာဏာပါးကွက်သား အစောင့်တပ်သားများနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ပြီးနောက် ဒဏ်ရာအပြင်းအထန် ရရှိသွားတာလား။

တကယ်တော့ အဲဒါက ဖြစ်နိုင်ခြေ ရှိလေသည်။

အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်အနေဖြင့် ဤကဲ့သို့ ကြောက်စရာကောင်းသော တိုက်ခိုက်ရည်ခွန်အားများနှင့် နည်းလမ်းများကို ထုတ်ဖော်နိုင်သည်မှာ တကယ့်ကို ထူးဆန်းလေသည်။

သူသည် သူ၏ ခွန်အားကို မြှင့်တင်ပေးနိုင်သည့် လျှို့ဝှက်အတတ်တချို့ကို အသုံးပြုခဲ့ခြင်း ဖြစ်ဖို့များလေသည်။

လူတစ်ယောက်၏ တိုက်ခိုက်ရည်ခွန်အားကို မြှင့်တင်ပေးနိုင်သည့် လျှို့ဝှက်အတတ်များမှာ အလွန်တရာ ပြင်းထန်သည့် အကျိုးဆက်များ ရှိနေတတ်လေသည်။

ဤလူက အာဏာပါးကွက်သား အစောင့်တပ်သားတချို့ကို ထိပ်တိုက်ရင်ဆိုင်ကာ လှဲချနိုင်ခဲ့သော်လည်း သူကလည်း ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်လေသည်။

ခေါင်းဆောင်တပ်မှူးရှုံးက စဉ်းစားတွေးတောနေစဉ်မှာပင် အခြားတစ်ဖက်မှာ ရှိသော လင်းမင်က ရုတ်တရက် တုံ့ပြန်လာပြီး အော်ပြောလိုက်၏။

“ခေါင်းဆောင်တပ်မှူးရှုံး.. ဒီလူက မကြာသေးခင်ကမှ သူ့ရဲ့ အဆင့်ချိုးဖျက်တက်လှမ်းခြင်းမှာ ကျရှုံးထားတာ.. သူ့ရဲ့ ဒဏ်ရာတွေက အခုချိန်ထိ မသက်သာသေးဘူး”

“အဲဒါ အမှန်ပဲ”

ကျောကျူးရွှမ်ကလည်း ရှေ့သို့ ထွက်လာခဲ့၏။

“နောက်ပြီး ဒီလူ့ရဲ့ တာအိုနှလုံးသားက ပျက်စီးထိခိုက်ထားတယ်.. သူက အဆက်မပြတ် တိုက်ခိုက်နေမယ်ဆိုရင် အဲဒါက သူ့တာအိုနှလုံးသားရဲ့ ဒဏ်ရာတွေကို ပိုပြီးတော့ ဆိုးဝါးလာစေလိမ့်မယ်”

ရှန်ကွမ်ချန်က ကျောကျူးရွှမ်နှင့် လင်းမင်ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။

သူမသည် ယခုအချိန်မှာ ရှေ့သို့ထွက်ပြီး ဆူဇီမိုကို ကူညီပေးရဲခြင်း မရှိသော်လည်း ဤကဲ့သို့ မြေနိမ့်ရာလှံစိုက်သည့် အောက်တန်းကျသော အပြုအမူကို သူမက ပြုလုပ်လိမ့်မည် မဟုတ်ပေ။

ထိုစကားကို ကြားသောအခါ ခေါင်းဆောင်တပ်မှူးရှုံး၏ မျက်လုံးက ဝင်းလက်သွားပြီး သူ၏ စိတ်က တည်ငြိမ်လာခဲ့၏။

“ဟားဟားဟားဟား”

ခေါင်းဆောင်တပ်မှူးရှုံးက ဟားတိုက်ရယ်မောလိုက်၏။

“သူခိုးကောင်.. မင်းက မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ အာဏာပါးကွက်သား အစောင့်တပ်သားတွေကို သတ်ဖြတ်ရဲတယ်ဆိုတော့ တော်တော်သတ္တိကောင်းနေတာပဲ”

“ခေါင်းဆောင်တပ်မှူးရှုံး.. ကျုပ်တို့ သူ့ကို အသက်ရှူခွင့်ပေးလို့ မရဘူး… ကျုပ်တို့ အတူပူးပေါင်းပြီး သူ့ကို သတ်ဖြတ်ရမယ်”

သူတို့သည် ကောင်းကင်နှင့်မြေကြီး အမြုတေချီဖြင့် ပိုင်းခြားခံထားရသောကြောင့် ကျန်ရှိနေသော အာဏာပါးကွက်သား အစောင့်တပ်သား လေးယောက်၏ ဒဏ်ရာများက သက်သာမလာခဲ့ပေ။

သို့သော်လည်း သူတို့လေးယောက်သည် သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များ၏ အကူအညီနှင့်အတူ ဆူဇီမို၏ တည်နေရာကို ထောက်လှမ်းနိုင်ကြ၏။

“အဲဒါကတော့ ဆိုးပြီ”

ကူထုံယိုက သူ၏ခေါင်းကို ခါလိုက်၏။

“ဒီတာအိုရောင်းရင်းရဲ့ တာအိုနှလုံးသားက ပျက်စီးထိခိုက်ထားပြီး သူက ဒဏ်ရာ ရရှိထားတာဆိုတော့ ငါစိုးရိမ်မိတာ သူက….”

ချိုးစစ်လောကလည်း ညင်သာစွာ သက်ပြင်းချလိုက်၏။

“ငါတို့နှစ်ယောက်က ဒဏ်ရာအပြင်းအထန် ရရှိထားပြီး ဒီဝင်္ကပါထဲမှာ ပိတ်မိနေတယ်.. ငါတို့က သူ့ကို အကူအညီမပေးနိုင်တော့ဘူး.. အာ…”

“သတ်”

ကွပ်မျက်ဆေဘာကို ကိုင်စွဲရင်း ခေါင်းဆောင်တပ်မှူးရှုံး၏ သွေးချီက တလိပ်လိပ် ထိုးတက်လာပြီး ဆူဇီမိုထံသို့ လျှောက်လှမ်းသွား၏။

အခြားသော အာဏာပါးကွက်သား အစောင့်တပ်သား လေးယောက်ကလည်း လူစုခွဲ၍ တစ်ချိန်တည်းမှာပင် ဆူဇီမိုထံသို့ ပြေးဝင်သွား၏။

“သတ်”

သူတို့လေးယောက်က ရောက်ရှိမလာခင်မှာပင် သူတို့၏ နှာရောင်များကနေ စီးပိုးခြယ်လှယ်တတ်သော စိတ်ဝိညာဉ်အသိစိတ် အတက်အကျများက ဖြန့်ကြက်ထွက်ပေါ်လာ၏။

အာဏာပါးကွက်သား အစောင့်တပ်သား လေးယောက်သည် ယခုတင် သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များဖြင့် ဆက်သွယ်ခဲ့ကြပြီး ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ကို သတ်ဖြတ်ရန် သူတို့၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကို ထုတ်ဖော်ဖို့ ဆုံးဖြတ်ခဲ့ကြပြီးပြီဖြစ်၏။

သူတို့လေးယောက်က ဆူဇီမိုကို ခုခံတိုက်ခိုက်ဖို့အတွက် မည်သည့်အခွင့်အရေးမှ မပေးလိုပေ။

“အဲဒါတော့ တကယ်ဆိုးပြီ”

ကူထုံယိုက တိုက်ပွဲနယ်မြေမှာ သိပ်သည်းပြင်းထန်သော စိတ်ဝိညာဉ်အသိစိတ် အတက်အကျများကို အာရုံခံမိသွားပြီး ရင်တစ်ချက်ထိတ်သွားလေသည်။

သူ တစ်ချိန်လုံး စိုးရိမ်ပူပန်နေသည့်အရာက ဖြစ်လာခဲ့လေပြီ။

သူတို့၏ ကျင့်ကြံမှုနယ်ပယ်မှာ ကွာဟချက်က ကြီးမားလွန်း၏။

အာဏာပါးကွက်သား အစောင့်တပ်သားများသည် သူတို့၏ စိတ်ဝိညာဉ်အသိစိတ် လျှို့ဝှက်အတတ်များကို ထုတ်ဖော်မည်ဆိုလျှင် ဤအဆင့်-၅ ကမ္ဘာမြေအင်မော်တယ်က အနိုင်ရဖို့အတွက် အခွင့်အ​ရေး မရှိတော့ပေ။

အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် လေးခုက ချက်ချင်းပင် ထွက်ပေါ်လာပြီး ရောက်ရှိလာခဲ့၏။

ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ သူ၏ ခေါင်းကို မော့ကာ သူတို့လေးယောက်ကို မှင်သေသေဖြင့် ကြည့်လိုက်၏။

ရုတ်တရက် သူ၏ နှာရောင်ကနေ လက်တစ်ဖဝါးအရွယ် ကြေးခွံတစ်ခုက ပျံသန်းထွက်ပေါ်လာ၏။ အဲဒါက တိတ်ဆိတ်ငြိမ်သက်နေသော်လည်း ချောက်ချားစရာကောင်းသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်၊ ဘက်ပြန်ကြေးခွံ..။

“ဟီးဟီး.. ပိုးစုန်းကြူးတစ်ကောင်ရဲ့ အလင်းနဲ့....”

ဆူဇီမိုကလည်း သူ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်အား ထုတ်ဖော်လိုက်သည်ကို တွေ့မြင်ရသောအခါ အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက်က လှောင်ရယ်လိုက်၏။

သူ၏ ထင်မြင်ချက်အရ သူတို့ကြားမှာ ကျင့်ကြံမှုနယ်ပယ် ကွာဟချက် ရှိလေသည်။ အမြုတေစိတ်ဝိညာဉ်များအကြား တိုက်ပွဲတစ်ခုမှာ သူသည် ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ကို အလွယ်တကူ သတ်ဖြတ်နိုင်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကပင် မထိမခိုက် လွတ်မြောက်နိုင်မည် ဖြစ်၏။

သို့သော်လည်း ထိုလူက စကားဆုံးအောင် မပြောနိုင်ဘဲ ရပ်တန့်သွားလေသည်။

ထုံထိုင်းနေသော အကြည့်တစ်ခုနှင့်အတူ သူ့မျက်နှာပေါ်ရှိ အပြုံးကလည်း အေးခဲသွား၏။

အခြားသော အာဏာပါးကွက်သား အစောင့်တပ်သား သုံးယောက်ကလည်း လှုပ်ရှားမှုများ ရပ်တန့်သွားကြ၏။

အာဏာပါးကွက်သား အစောင့်တပ်သားများ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် လေးခုက ဘက်ပြန်ကြေးခွံနှင့် ထိတွေ့ရိုက်ခတ်သွား၏။

အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကြား တိုက်ပွဲတစ်ခုမှာ ဆူညံသံများစွာ ပေါ်ထွက်မလာပေ။

သို့သော်လည်း အာဏာပါးကွက်သား အစောင့်တပ်သား လေးယောက်၏ အမြုတေစိတ်ဝိညာဉ်များပေါ်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။

သိပ်မကြာခင် အာဏာပါးကွက်သား အစောင့်တပ်သား လေးယောက်၏ အမြုတေစိတ်ဝိညာဉ်များက နေရာမှာပင် ပျက်စီးသွား၏။

ဆူဇီမိုသည် ကြယ်တာရာဂိုဏ်း၏ လိုဏ်ဂူခန်းဝါထဲမှာ တံခါးပိတ်ကျင့်ကြံနေခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။

ကျိယောင်ရွှယ် ကွယ်လွန်သွားပြီး သူက အဆင့်ချိုးဖျက်တက်လှမ်းရာမှာ ကျရှုံးသွားသောကြောင့် သူ၏ တာအိုနှလုံးသားက ပျက်စီးထိခိုက်သွားသော်လည်း သူ ကျင့်ကြံထားသော ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်က ပို၍ပင် ပြီးပြည့်စုံလာခဲ့၏။

ဤကျင့်ကြံရေး နည်းစနစ်သည် အမြုတေစိတ်ဝိညာဉ်ကို ကျင့်ကြံရာမှာ အလွန်တရာ ကြောက်စရာကောင်းလေသည်။

ဆူဇီမိုသည် အဆင့်-၆ ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းနိုင်ခဲ့ခြင်း မရှိသော်လည်း သူ၏ အမြုတေစိတ်ဝိညာဉ်နယ်ပယ်က အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ အဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။

တစ်နည်းအားဖြင့်ဆိုလျှင် နှစ်ဦးနှစ်ဖက်၏ အမြုတေစိတ်ဝိညာဉ်နယ်ပယ်များက ကွာခြားမှု မရှိပေ။

ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ကတော့ အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်နှင့် နဂါးဖီးနစ် အမြုတေစိတ်ဝိညာဉ်ကနေ ဖြစ်ပေါ်လာခဲ့ပြီး မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံးက အားဖြည့်ပေးခဲ့လေသည်။ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ အကူအညီနှင့်အတူ အဲဒါက ပို၍ပင် သိပ်သည်းကျစ်လျစ်၍ သန့်စင်လာခဲ့၏။

ယခု သူက ဘက်ပြန်ကြေးခွံ လျှို့ဝှက်အတတ်ကိုပင် ထုတ်ဖော်ခဲ့လေသည်။

အာဏာပါးကွက်သား အစောင့်တပ်သား ​လေးယောက်သည် အဲဒါကို လုံးဝ မခုခံနိုင်ပေ။

နဂါးတစ်ကောင်၏ ဘက်ပြန်ကြေးခွံကို ထိမိသူ မည်သူမဆို သေရပေလိမ့်မည်။

သူ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်သည် ဘက်ပြန်ကြေးခွံနှင့် ထိပ်တိုက်ရင်ဆိုင် ထိခတ်မိမည်ဆိုလျှင် အဆင့်-၈ ကမ္ဘာမြေအင်မော်တယ် အာဏာပါးကွက်သား အစောင့်တပ်သားများကို မပြောနှင့်… ခေါင်းဆောင်တပ်မှူးရှုံးပင်လျှင် မထိမခိုက် လွတ်မြောက်နိုင်ချင်မှ လွတ်မြောက်နိုင်ပေလိမ့်မည်။

တကယ်တော့ ဘက်ပြန်ကြေးခွံသည်လည်း အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် လေးခု၏ ထိတွေ့ရိုက်ခတ်မှုကနေ တောင့်မခံနိုင်တော့ဘဲ လေထဲမှာ ပျက်ပြယ်ပျောက်ကွယ်သွား၏။

တစ်ဖက်မှာတော့ ခေါင်းဆောင်တပ်မှူးရှုံး၏ အမူအရာက ပျက်ယွင်းသွား၏။

အဲဒီမှာ အာဏာပါးကွက်သား အစောင့်တပ်သား ၁၀ယောက်ကျော်နှင့် ခေါင်းဆောင်တပ်မှူး ၃ယောက် ရှိခဲ့လေသည်။ သူတို့ကို ကမ္ဘာမြေအင်မော်တယ်များကြားမှာ ထိပ်သီးပညာရှင်များဟု သတ်မှတ်နိုင်၏။

ယခု သူတို့သည် အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ လက်ချက်ဖြင့် လုံးလုံးလျားလျားနီးပါး ချေမှုန်းဖျက်စီးခံခဲ့ရ၏။

ယခုအချိန်မှာ သူတစ်ယောက်သာလျှင် ကျန်ရစ်တော့လေသည်။

သူသည် မဟူရာအလင်း အမြုတေဖြတ်တောက်ခြင်း ဝင်္ကပါကို ဖယ်ရှားပြီး ကောင်းကင်နှင့်မြေကြီး အမြုတေချီကို ပြန်လည်ရယူမည်ဆိုလျှင် သူသည် သူတို့၏ ကျင့်ကြံမှုနယ်ပယ် ကွာဟချက်နှင့်အတူ ဤအဆင့်-၅ ကမ္ဘာမြေအင်မော်တယ်ကို သတ်ဖြတ်နိုင်မည်ဟု ယုံကြည်မှု ရှိလေသည်။

သို့သော်လည်း ဝင်္ကပါကို ပယ်ဖျက်လိုက်သည်နှင့် ကူထုံယိုကလည်း သူ၏ တိုက်ခိုက်ရည်ခွန်အားကို ပြန်လည်ရရှိလာတော့ပေမည်။

သူသည် ဝိညာဉ်ကျဆုံး ပုလွေသံကို လုံးဝ ခုခံနိုင်မည် မဟုတ်ပေ။

ခေါင်းဆောင်တပ်မှူးရှုံးက ဆုပ်လည်းစူး စားလည်းရူး အခြေအနေမှာ ရှိနေပြီး သူ့မှာ ထွက်ပေါက် မရှိတော့ပေ။ သူက သူ၏ အစွမ်းကုန်ဖြင့် တိုက်ခိုက်ရတော့မည်သာဖြစ်၏။

“သတ်”

ခေါင်းဆောင်တပ်မှူးရှုံးက အော်ဟစ်လိုက်ပြီး သူ၏ သွေးချီကို အကန့်အသတ်အထိ လှည့်ပတ်လိုက်၏။ သူ၏ လက်နှစ်ဖက်ဖြင့် ကွပ်မျက်ဆေဘာကို ကိုင်စွဲပြီး ဆူဇီမို၏ ဦးခေါင်းကို ရက်ရက်စက်စက် ခုတ်ချလိုက်၏။

စောစောက ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်နယ်ပယ်က အလွန်တရာ မြင့်မားသည်ကို သူက အာရုံခံမိခဲ့၏။

ထို့ကြောင့် သူက သူ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို အသုံးပြုရဲခြင်း မရှိပေ။ ထိုအစား သူက သူ၏ စွမ်းအားကြီးမားသော သွေးချီနှင့်အတူ ဆူဇီမိုနှင့် အနီးကပ် တိုက်ခိုက်ဖို့ ရွေးချယ်လိုက်၏။

သို့သော် သူက သူ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို အသုံးပြုဖို့ မရွေးချယ်ခဲ့သော်လည်း ဆူဇီမိုက အဲဒါကို ရွေးချယ်လိုက်လေသည်။

ဆူဇီမို၏ အသိစိတ်ထဲမှာ စကြာပုံသဏ္ဌာန် ရွှေရောင်သင်္ကေတစ်ခုက စုဖွဲ့လာပြီး ခေါင်းဆောင်တပ်မှူးရှုံးထံသို့ ပျံသန်းသွား၏။

ရူလိုင်းဓမ္မချိပ်စည်း…

ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ အကူအညီနှင့်အတူ ရူလိုင်းဓမ္မချိပ်စည်း၏ စွမ်းပကားကို အထင်သေး၍ မရနိုင်ပေ။

ခေါင်းဆောင်တပ်မှူးရှုံးသည် ဤအမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို လျစ်လျူရှုလိုက်မည်ဆိုလျှင် သူသည် ဆူဇီမိုကို သတ်ဖြတ်နိုင်မည်ဖြစ်သော်လည်း သူသည်လည်းပဲ သေခြင်းတရားကနေ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

ခေါင်းဆောင်တပ်မှူးရှုံးက ဘာမှ မတတ်နိုင်ဘဲ ရူလိုင်းဓမ္မချိပ်စည်းနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ဖို့အတွက် သူ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်ရ၏။

အမြုတေစိတ်ဝိညာဉ်နှစ်ခုက ထိတွေ့ရိုက်ခတ်သွား၏။

ဆူဇီမိုနှင့် ခေါင်းဆောင်တပ်မှူးရှုံးက ဆတ်ခနဲ တုန်ယင်သွားလေသည်။

ဤအမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် တိုက်ပွဲမှာ ခေါင်းဆောင်တပ်မှူးရှုံးက အနည်းငယ် အသာစီးရရှိသွား၏။

သူက ကျေနပ်သဘောကျသွားပြီး ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် သူ၏ ကွပ်မျက်ဆေဘာကို ဆက်လက်၍ လွှဲယမ်းဖို့ ပြင်လိုက်၏။

ထိုစဉ်မှာပင် ဆူဇီမို၏ နှာရောင်ကနေ အလွန်တရာ ထက်ရှသော အနားစောင်းတစ်ခုနှင့်အတူ နောက်ထပ် အလင်းတန်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး သူ၏ နှာရောင်ဆီသို့ ဝင်ရောက်လာ၏။

အစိမ်းရောင်ကြာပန်းဓားတစ်လက်က ပစ်လွင့်ထွက်ပေါ်လာခဲ့လေပြီ။

All Chapters