မိတ်ဆွေဟောင်းများ
Vol. 140 Ch. 2099
ကျောကျူးရွှမ်သည် ကျောကလန်၏ ပါရမီရှင်တစ်ဦးဖြစ်နေသည်မှာ မထူးဆန်းတော့ပေ။
သူ့အနေဖြင့် ဤကဲ့သို့သောအချိန်တိုအတွင်းမှာ တုံ့ပြန်မှုတစ်ခုပြုလုပ်လာနိုင်သည်မှာ တကယ်ကို ရှားရှားပါးပါး ဖြစ်၏။
သို့သော်လည်း ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူသည် နေရာကနေနောက်တစ်ဖန်ပျောက်ကွယ်သွား၏။
ကျောကျူးရွှမ်က ထွက်ပြေးလွတ်မြောက်လာခါစဖြစ်၏။
သူက အသက်မရှူနိုင်ခင်မှာပင် နောက်ဘက်သို့အလိုလိုလှည့်ကြည့်ပြီး ဆူဇီမိုက နောက်တစ်ဖန်ပျောက်ကွယ်သွားသည်ကို ထိတ်လန့်ချောက်ချားဖွယ်ရာ တွေ့ရှိလိုက်ရ၏။
“မင်းငါ့ကိုရှာနေတာလား”
သူ၏ နောက်ဘက်မှ တည်ငြိမ်သောအသံက ထွက်ပေါ်လာ၏။
သူတို့က လူချင်းကပ်နေကြပြီဖြစ်၏။
ဘန်း...
နောက်ခဏ၌ ကျောကျူးရွှမ်သည် သူ၏ ဦးခေါင်းနောက်ဘက်မှ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။ သူ၏ မျက်လုံးထဲမှ သွေးမြားတစ်ခုက ပေါက်ကွဲထွက်လာပြီး ဖိတ်စင်ပြန့်ကျဲသွား၏။
ဆူဇီမိုက သူ၏ ဦးခေါင်းကို လက်ညှိုးတစ်ချောင်းဖြင့် ထိုးဖောက်လိုက်၏။
သူ၏ အမြုတေစိတ်ဝိညာဥ်က ပျက်စီးသွား၏။
ကျောကျူးရွှမ်သည် ပျော့ခွေစွာမြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏ မျက်လုံးများက ပြူးကျယ်နေ၏။ သူ၏ အမူအရာက ကြောက်ရွံ့တုန်လှုပ်မှုဖြင့် ပြည့်နှက်နေဆဲဖြစ်ပြီး သူ၏ အကြည့်က မှေးမှိန်သွားလေသည်။ သူကသေဆုံးသွားပြီဖြစ်၏။
ကောင်းကင်နှင့်မြေကြီး အမြုတေချီကို ပြန်လည်ရရှိလာပြီးတာတောင် အဆင့်-၈ ကမ္ဘာအင်မော်တယ် ကျောကျူးရွှမ်က နှစ်ချီထက်ပိုမခံနိုင်ခဲ့ပေ။
အခြားတစ်ဘက်မှာတော့ ရှန်ကွမ်ချန်သည် ကျောကျူးရွှမ်၏ တမလွန်ဖလှယ်ခြင်းကြောင့် လေထဲသို့ ရောက်ရှိလာခဲ့၏။ ထိုအခိုက်အတန့်မှာ သူမက ထွက်ပြေးဖို့ မရွေးချယ်ခဲ့ပေ။ ထိုအစား သူမက လေထဲကနေ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့၏။
သူမက ထွက်ပြေးဖို့ရွေးချယ်မည်ဆိုလျှင်တောင် မလွတ်မြောက်နိုင်ဘူးဆိုတာကို သိရှိထားလေသည်။
သူမရှေ့မှ မိုလင်း၏ ခွန်အားက သူမတွေးနိုင်သည်ထက် များစွာကျော်လွန်နေ၏။
ရှန်ကွမ်ချန်သည် ဖြည်းဖြည်းချင်းလျှောက်လှမ်းလာသော ဆူဇီမိုကိုတွေဝေရှုပ်ထွေးသော အမူအရာတစ်ခုနှင့်အတူကြည့်နေ၏။
ဤလူက တစ်မူထူးခြားသည်ကို သူမက ပထမဆုံး သတိထားမိခဲ့၏။
သို့သော်လည်း ဤလူသည် ဤမျှထိမယုံကြည်နိုင်လောက်အောင် ထူးခြားလွန်းနေလိမ့်မည်ဟု သူမကထင်မှတ်မထားခဲ့ပေ။
သိပ်မကြာခင် ဆူဇီမိုက ရှန်ကွမ်ချန်ရှေ့သို့ ရောက်ရှိလာခဲ့၏။
ရှန်ကွမ်ချန်က ကြိတ်၍သက်ပြင်းချလိုက်၏။
သူတို့နှစ်ယောက်ကြားမှာ ရန်ငြိုးရန်စမရှိသော်လည်း သူမသည် ယနေ့မြင်ကွင်းကို တွေ့မြင်ခဲ့ရပြီးနောက် မိုလင်းက သူမကို အလွတ်ပေးတော့မည်မဟုတ်သည်ကို သူမကကောင်းကောင်းသိလိုက်ပြီဖြစ်၏။
သို့သော်လည်း သူမကတွေဝေရှုပ်ထွေးနေဆဲ ဖြစ်ပြီး အဖြေတစ်ခုကို သိချင်နေ၏။
“ရှင်က... ဂိုဏ်းကိုဝင်ရောက်လာတုန်းက အရက်သမားတစ်ယောက်လို တမင်ဟန်ဆောင်ခဲ့တာမလား”
ရှန်ကွမ်ချန်က ဆူဇီမိုကိုကြည့်ပြီး ညင်သာစွာ မေးလိုက်၏။
သူမက သေချာပေါက်သေရတော့မည်ဆိုတာကို သိရှိထားလေသည်။
ကြောက်ရွံ့ရမည့်အစား သူမကပို၍တည်ငြိမ်လာခဲ့၏။
“အင်း”
ဆူဇီမိုကလိမ်ညာခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်၏။
ရှန်ကွမ်ချန်က ခဏမျှတွေးတောပြီး ဆက်မေးလိုက်၏။
“အရင်တုန်းက ရှင့်ရဲ့အဆင့်ချိုးဖျက်တက်လှမ်းခြင်းကျရှုံးသွားတာက ရှင့်အတွက်အရေးကြီးတဲ့အရာတစ်ခုခု ဖြစ်ခဲ့လို့လား”
သူမသည် ဆူဇီမို၏ မျက်လုံးထဲမှ ရင်ကွဲနာကျဖွယ်ရာ ဝမ်းနည်းမှုတစ်ခုကို တွေ့မြင်ခဲ့ရ၏။
ထိုဝမ်းနည်းမှုကို တွေ့မြင်ရသောအခါ သူမပင်လျှင် စိတ်ထိခိုက်ခံစားခဲ့ရလေသည်။
အတန်ကြာငြိမ်သက်နေပြီးနောက် ဆူဇီမိုက ပြောလိုက်လေသည်။
“ငါ့အတွက် အရမ်း အရမ်း အရမ်းကို အရေးပါတဲ့လူတစ်ယောက်က ထွက်ခွာသွားပြီ”
ရှန်ကွမ်ချန်က အသံတိတ်သွား၏။
ဤကဲ့သို့သော တစ်စုံတစ်ရာနှင့်ပတ်သက်၍ သူမသည် ဘယ်လိုနှစ်သိမ့်ပေးရမလဲ မသိပေ။ တကယ်ဆို သူမသည် ထွက်ခွာသွားသောသူကိုပင် မနာလိုအားကျမိလေသည်။
ကျင့်ကြံသူအများစုက သွေးအေးရက်စက်ပြီး နှလုံးသားမဲ့ကြလေသည်။ သူမက သေဆုံးသွားမည်ဆိုလျှင်တောင် ဤလောကမှာ သူမအတွက် အမှန်တကယ်စိတ်ခိုက်ခံစားနေမည့်သူက များစွာမရှိပေ။ အဲ့ဒါကို တွေးမိချိန်မှာ ရှန်ကွမ်ချန်က သူမကိုယ်သူမအပြစ်တင်ဟန်ဖြင့် ရယ်မောလိုက်၏။
“ငါကသေရတော့မည်ဆိုရင်လည်း သေပါစေပေါ့”
“ရှင်... ကျမကို သတ်လို့ရပြီ”
ရှန်ကွမ်ချန်က သူမ၏ မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်၏။
ခဏနေပြီးနောက် သူမသည် မည်သည့်နာကျင်မှု သို့မဟုတ် မည်သည့်သတ်ဖြတ်မှုကိုမှ မခံစားရပေ။
သူမ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး ရှေ့သို့ကြည့်လိုက်၏။ မသိလိုက်မသိဘာသာနှင့်ပင် ဆူဇီမိုက ထွက်ခွာသွားပြီဖြစ်ပြီး ဘေးတစ်ဘက်မှာ တိုက်ပွဲနယ်မြေကိုရှင်းလင်းနေ၏။
သူက အာဏာပါးကွက်သား အစောင့်တပ်သားများ၊ ကျောကျူးရွှမ်နှင့် အခြားသူများ၏ သိုလှောင်အိတ်များကို သိမ်းဆည်းနေ၏။
“မင်းသွားလို့ရပြီ”
ဆူဇီမိုက ရှန်ကွမ်ချန်ကိုကျောပေးထားပြီး ပြောလိုက်၏။
“ရှင်ကျွန်မကိုဘာလို့မသတ်တာလဲ”
ရှန်ကွမ်ချန်က တွေဝေရှုပ်ထွေးစွာဖြင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
ဆူဇီမိုက ပြန်မေးလိုက်လေသည်။
“ငါနင့်ကို ဘာလို့သတ်ရမှာလဲ”
တကယ်တော့... ဆူဇီမိုသည် ကျောကျူးရွှမ်နှင့် လင်းမင်ကိုသတ်ဖြတ်ခဲ့သည်မှာ သူတို့ကိုနှုတ်ပိတ်ဖို့အပြင် နောက်ထပ်အကြောင်းအရင်းတစ်ခုရှိလေသည်။
ပို၍အရေးကြီးသည်မှာ သူတို့နှစ်ယောက်က သူ့ကိုတပ်တလဲလဲရန်စခဲ့ပြီး သူ့ကိုပင် သတ်ဖြတ်လိုခဲ့သောကြောင့်ဖြစ်၏။
သူပထမဆုံးအကြိမ် တံခါးပိတ်ကျင့်ကြံရာကနေထွက်လာခဲ့စဥ်က သူတို့နှစ်ယောက်သည် သူ့နောက်သို့ ကျင့်ကြံသူများကို စေလွှတ်ခဲ့ကြ၏။
သူတံခါးပိတ်ကျင့်ကြံရာကနေ ဒုတိယအကြိမ်မြောက်ထွက်လာပြီး အဆင့်မြင့်ဂမ္ဘီရစိတ်ဝိညာဥ် ခုနှစ်စင်ကြယ်အစစ်အမှန်သုတ္တန်၏ အမွေအနှစ်ကိုဆက်ခံရယူနေစဥ်မှာ လင်းမင်က သူ့ကို ဝင်ရောက်တိုက်ခိုက်လိုခဲ့၏။
အမွေအနှစ်က ပြီးဆုံးသွားပြီးနောက် ကျောကျူးရွှမ်က ထိုကျင့်ကြံရေးနည်းစနစ်ကိုလုယူဖို့အတွက် သူ့ကိုပင်ခြိမ်းခြောက်ခဲ့လေသည်။
ရှန်ကွမ်ချန်သည် သူ၏ ထူးခြားမှုကို အရင်ဆုံးသတိထားမိခဲ့သော်လည်း သူမသည် ဤအချိန်အတောအတွင်း သူ့ဘက်ကနေအကြိမ်များစွာ ရပ်တည်ပေးခဲ့လေသည်။
ဆူဇီမိုက အဲ့ဒါကိုထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း သူက အရာရာတိုင်းကို မှတ်သားထား၏။
သူသည် သူ၏ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲထားသော်လည်း သူ၏ စိတ်နေစရိုက်က ပြောင်းလဲသွားခြင်းမရှိဘဲ ကျေးဇူးတရားနှင့် အမုန်းတရားအကြား ရှင်းရှင်းလင်းလင်းခွဲခြားထားလေသည်။
ကျောကျူးရွှမ်နှင့် လင်းမင်က သေသင့်သေထိုက်လေသည်။
သို့သော်လည်း ဆူဇီမိုသည် သူမကိုနှုတ်ပိတ်ဖို့အတွက်နှင့် သူ့ကိုကူညီပေးခဲ့ဖူးသည့် ရှန်ကွမ်ချန်ကို သတ်ဖြတ်လိမ့်မည်မဟုတ်ပေ။
ဒါ့အပြင် ရှန်ကွမ်ချန်က သူ၏ အစစ်အမှန်သရုပ်သကန်ကို လုံးဝမသိရှိထားပေ။
သူ့မှာ သုံးပါးရတနာကျောက်စိမ်းဆောင်ဝှေးရှိပြီး သူ၏ ရုပ်ရည်သွင်ပြင်ကို အချိန်မရွေးပြောင်းလဲနိုင်၏။
ရှန်ကွမ်ချန်က တွေဝေရှုပ်ထွေးနေပြီး ဆူဇီမိုစဥ်းစားနေသည့်အရာကို မသိရှိပေ။
ခဏမျှငြိမ်သက်ပြီးနောက် သူမက ရုတ်တရက်ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း... ဒါပေမဲ့ ကျွန်မသစ္စာတစ်ခု ကျိန်ဆိုခဲ့ပါမယ်”
“ကျွန်မ ရှန်ကွမ်ချန်... ဒီနေ့ ကျွန်မမြင်ခဲ့ရတဲ့ ဘယ်အရာကိုမှ ထုတ်ဖော်ပြောဆိုမှာ မဟုတ်ပါဘူး.... ဤကျိန်ဆိုမှုကို ဖောက်ဖျက်ခဲ့မယ်ဆိုရင် ကောင်းကင်ဘုံက ကျွန်မကိုအပြစ်ပေးပြီး ကျွန်မရဲ့ဝိညာဥ်က ပျက်စီးသွားပါစေ။
ထိုသို့ပြောပြီးနောက် ရှန်ကွမ်ချန်က သူမ၏ လက်သီးနှစ်ဖက်ကို ဆုပ်ပြီး ဆူဇီမိုကိုဦးညွှတ်ကာ လှည့်ထွက်သွား၏။
ဤအချိန်အတောအတွင်း ဆူဇီမိုက တိုက်ပွဲနယ်မြေကိုရှင်းလင်းလို့ပြီးသွားခဲ့လေပြီ။
သူက ကူထုံယိုနှင့် ချိုးစစ်လောထံသို့ လျှောက်လှမ်းသွားလိုက်သည်။
ထိုအခိုက်အတန့်မှာ ကူထုံယိုနှင့် ချိုးစစ်လောကလည်း မသက်မသာခံစားနေရ၏။
သူတို့နှစ်ယောက်သည် မိုလင်းကိုလုံးဝမသိရှိဘဲ သူက ရုတ်တရက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကိုစတင်ပြီး အာဏာပါးကွက်သား အစောင့်တပ်သားများကို သတ်ဖြတ်ခဲ့သည့်အကြောင်းအရင်းကို သူတို့က မသိရှိရသေးသောကြောင့်ဖြစ်လေသည်။
မိုလင်းက နှုတ်ပိတ်ဖို့အတွက် သူတို့ကိုပါတိုက်ခိုက်လာမလား သူတို့ကမသေချာပေ။
တဖြည်းဖြည်းချဥ်းကပ်လာသော ဆူဇီမိုကိုကြည့်ရင်း ကူထုံယိုက ဝိညာဥ်ကျဆုံးပုလွေကို တင်းကျပ်စွာဆုပ်ကိုင်ထား၏။
ထိုအခိုက်အတန့်မှာ ကောင်းကင်နှင့်မြေကြီး အမြုတေချီက ပြန်လည်ရရှိလာပြီဖြစ်၏။
သူက ဒဏ်ရာရရှိထားသော်လည်း သူ၏ ဝိညာဥ်ကျဆုံးပုလွေနှင့်အတူ မိုလင်းကိုတိုက်ခိုက်နိုင်လေသည်။
“ကျေးဇူးရှင်တို့ ကျုပ်တို့ပြန်တွေ့ကြပြန်ပြီ”
ဆူဇီမိုက ကူထုံယိုနှင့် ချိုးစစ်လောရှေ့သို့ရောက်ရှိလာပြီး ဦးညွှတ်လိုက်၏။
ထိုအခိုက်အတန့်မှာ ကူထုံယိုနှင့် ချိုးစစ်လောက မှင်တက်သွား၏။
“ကျေးဇူးရှင်လား”
ဆူဇီမိုထံမှ အတွေးတစ်ချက်နှင့်အတူ သူ၏ ရုပ်ရည်သွင်ပြင်က တဖြည်းဖြည်းပြောင်းလဲသွားပြီး သူ၏ နဂိုရုပ်ရည်သွင်ပြင်ကို ပြန်လည်ရရှိလာခဲ့၏။
တစ်ခဏချင်းမှာပင် စာပေသမားအော်ရာတစ်ခုနှင့်အတူ ကြော့ရှင်းသန့်ပြန့်သောအမျိုးသားတစ်ယောက်အဖြစ် ပြောင်းလဲသွား၏။
“မင်းက...”
ကူထုံယိုက တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုနှင့်အတူ ဆူဇီမိုကိုကြည့်ပြီး သူ့ကို မမှတ်မိနိုင်သေးပေ။
သူက သူ့ရှေ့မှလူကိုတစ်နေရာရာမှာ တွေ့မြင်ဖူးခဲ့သည့်အလား ရင်းနှီးနေသလိုခံစားရလေသည်။ သို့သော်လည်း သူကဘယ်နေရာမှာတွေ့မြင်ခဲ့ဖူးသည်ကို စဥ်းစားလို့မရပေ။
“နဂါးအသူရာချောက်နက်ကြယ်လေ”
ဆူဇီမိုကပြောလိုက်၏။
ချိုးစစ်လောက ထိုစကားကိုကြားသောအခါ သူမ၏ စိတ်ထဲသို့ အတွေးတစ်ခုဝင်ရောက်လာပြီး ရုတ်တရက်နားလည်သဘောပေါက်လာခဲ့၏။
“ကျမအခုမှတ်မိပြီ... ရှင်က ဟိုမဟူရာအင်မော်တယ်ပဲ”
ကူထုံယိုကလည်း တဖြည်းဖြည်းပြန်လည်အမှတ်ရလာ၏။
လွန်ခဲ့သည့်နှစ်နှစ်ထောင်ကျော်က သူတို့နှစ်ယောက်သည် နဂါးအသူရာချောက်နက်ကြယ်၏ လျှို့ဝှက်ကုန်းမြေသို့ သွားရောက်ခဲ့ကြလေသည်။
သူတို့နှစ်ယောက်သည် ထိုနေရာမှာပင် ဝိညာဥ်ရိပ်သိမ်းဒုံမင်းနှင့် ဝိညာဥ်ကျဆုံးပုလွေကို ရရှိလာခဲ့ခြင်းဖြစ်၏။
လျှို့ဝှက်ကုန်းမြေသို့မဝင်ရောက်ခင် ဓမ္မရတနာတစ်ခုကြောင့် မဟူရာအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ချင်နေသော ကမ္ဘာမြေအင်မော်တယ်တစ်ယောက်နှင့် သူတို့ကကြုံတွေ့ခဲ့ရ၏။
သူတို့နှစ်ယောက်သည် အဲ့ဒါကိုလျစ်လျူမရှုနိုင်ဘဲ ထိုမဟူရာအင်မော်တယ်ကို ဝင်ရောက်ကယ်တင်ပေးခဲ့၏။
အဲ့ဒါက သူတို့နှစ်ယောက်အတွက် အလွန်တရာရိုးရှင်းသော ကိစ္စတစ်ခုဖြစ်ပြီး သူတို့၏ စိတ်ထဲမှာ အဲ့ဒါကို ထည့်မှတ်မထားခဲ့ပေ။
ယခု... သူတို့သည် ထိုမဟူရာအင်မော်တယ်နှင့် ယနေ့မှာပြန်လည်တွေ့ဆုံနေရလေပြီ။
ကူထုံယိုနှင့် ချိုးစစ်လောကို ပို၍အံ့အားသင့်သွားစေသည့်အရာမှာ ယခင်က မဟူရာအင်မော်တယ်သည် ဤမျှအထိကြောက်စရာကောင်းသော အတိုင်းအတာတစ်ခုထိ ရှင်သန်ကြီးထွားလာခဲ့ပြီဖြစ်၏။
အဲ့ဒါက နှစ်နှစ်ထောင်ကျော်သာလျှင်ရှိသေးပြီး သူတို့၏ ပါရမီအရည်အချင်းနှင့်ပင် သူတို့က ကျင့်ကြံမှုနယ်ပယ်တစ်ခုကိုသာ တက်လှမ်းနိုင်မည်ဖြစ်၏။
သို့သော်လည်း ဤမဟူရာအင်မော်တယ်က အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်အဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့လေသည်။
ဒါ့အပြင် သူ၏ တိုက်ခိုက်ရည်ခွန်အားက ကြောက်စရာကောင်းလွန်းပြီး သူတို့နှစ်ယောက်ကိုပင် စိုးရိမ်ပူပန်ရစေလေသည်။