← Chapters

လက်ဖျောက်တစ်ချက်တီးလိုက်ရုံဖြင့် လူပေါင်းများစွာ ဒဏ်ရာအပြင်းထန် ရသွားခြင်း

Vol. 8 Ch. 105

လက်ဖျောက်တစ်ချက်တီးလိုက်ရုံဖြင့် လူပေါင်းများစွာ ဒဏ်ရာအပြင်းထန် ရသွားခြင်း

Vol. 8 Ch. 105

ဒေါသထွက်နေသည့် အန်းမြောင်ရုံကို ကြည့်ကာ အားလုံး ငြိမ်သက်သွားကြသည်။

အန်းမြောင်ရုံက ချက်ချင်း ဣနြ္ဒရေ ပြန်ဆည်ပြီး ပြောလိုက်သည်။

" ဒီနှစ် ကလေးတွေက တစ်ယောက်မှ ချစ်စရာမကောင်းကြဘူး ။ အခု ကျွန်မ နည်းနည်းဒေါသထွက်နေတော့ နောက်ပိုင်း သီချင်းသံကို ခပ်ပြင်းပြင်းတီးမိရင်လဲ သည်းခံကြနော် ။ ပြီးတော့ ဘယ်လိုမှ မခံနိုင်တော့ရင် အဆောင်ကဒ်ပြားကို ချိုးပြီး ဒီကနေ တည်နေရာရွှေ့ပြောင်းသွားလို့ရတယ် "

" လုံလောက်အောင် အစွမ်းမထက်ဘဲနဲ့ ဒီမှာပဲ အတင်း ဆက်နေရင်တော့ အသက်ဆုံးရလိမ့်မယ် "

သူမ၏ စကားဆုံးသောအခါ လူအုပ်ထဲမှ ဆံပင်တိုတိုနဲ့ ကောင်လေးတစ်ယောက် ပြုံးဖြဲဖြဲ ဖြစ်သွားသည်။

" ဒီနည်းလမ်းက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ။ ဒါနဲ့ဆို ငါ့ရဲ့ အသွင်မဲ့နတ်ဆိုးခန္ဓာကိုယ်ကို သွေးဖို့ ကွက်တိပဲ "

သူတို့အနီးမှ လူတစ်ယောက်က သူ့ဘေးမှ လူကို ရှင်းပြ၏။

" အဲ့ဒါ နတ်ဆိုးငါးကောင် တောင်က မိုရှလေ "

" ဗျတ်စောင်းနဲ့ ဓားတို့ရဲ့ ယှဥ်တွဲမှု ပဲ ၊ ငါ ဓားပြိုင်ပွဲတစ်ခုမှာ လုံးဝ မရှုံးစေရဘူး "

လူငယ်တစ်ယောက်ကလည်း မတ်မတ်ရပ်၍ မာန်ဖြင့် ပြောသည် ။

" သူက လူငယ် မျိုးဆက်တွေထဲမှာ အစွမ်းအထက်ဆုံး ဓားသမားလေး ဖုန့်ဖေးရန် ပေါ့ "

ထိုအချိန် လောထျန်းဘေးတွင် ရှိနေသော လန်ကျိုးရန်၏ မျက်နှာ ဖြူဖျော့သွားသည်။

" သေစမ်းပါကွာ ၊ ငါ ဘာလို့ ဒီလောက် ကံဆိုးနေရတာလဲ ။ ပထမအဆင့်ကို စစ်ဆေးမယ့်သူက အန်းမြောင်ရုံနဲ့မှ လာတိုးနေတယ် ။ ငါက ဒုတိယအဆင့်ထိတော့ ရောက်မယ် ထင်နေတာ ၊ အခုတော့ ပထမအဆင့်နဲ့တင် ပြိုင်ပွဲက ထွက်ရတော့မှာပေါ့ "

လင်ကျိုးရန် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

" ဒီ အမျိုးသမီးက အဲ့လောက်အစွမ်းထက်တာလား "

လောထျန်း မေးလိုက်သည်။

" မယုံနိုင်စရာ ကောင်းလောက်အောင်ကို အစွမ်းထက်တာဗျ "

လင်ကျိုးရန် ပြန်ပြော၏။

" ဟုတ်လား .. ဒါဆို တစ်ချက်ကြည့်လိုက်ပါဦးမယ် "

လောထျန်း ရုတ်တရက် သိချင်စိတ်ဖြစ်သွားသည် ။

တောင် ...

ထိုစဥ် တစ်ဖက်မှ အန်းမြောင်ရုံ၏ သီချင်းသံ စထွက်လာ၏။

ချက်ချင်းပင် အစီအမံ လေထုတစ်ခုလုံး ဓားစွမ်းအင်များဖြင့် ပြည့်သွားတော့သည် ။

" ဘာတွေ ဖြစ်နေတာလဲ ၊ ဒါ ..ဘာတွေလဲ "

" အရူးကောင် ၊ သူ့ သီချင်းသံထဲမှာ ဓားစွမ်းအင်တစ်ခု ပါတယ်ကွ ။ အဲ့ဒါကို ခုခံနိုင်အောင်ကြိုးစား ၊ မဟုတ်လို့ကတော့ သွားပြီပဲ "

လူအုပ်ထဲမှ အချို့လူများက မည်သို့ဖြစ်ပျက်နေသည်ကို နားမလည်နိုင် ဖြစ်နေကြသည်။

ထိုသို့ လူအုပ်ကြီး ထိန်လန့်တုန်လှုပ်နေစဥ်တွင် ဓားအလင်းတန်းတစ်ခု လေထဲသိူ့ ရုတ်တရက် ထိုးတက်သွား၏။ လူများ၏ အာရုံက ၎င်းအပေါ်သို့သာ ရောက်သွားကြသည်။

" ဖုန့်ဖေးရန် လုပ်လိုက်တာပဲ "

လူတစ်ယောက်က အံ့သြတကြီး ရေရွတ်လိုက်သည်။

" ဓားရေးနဲ့ ပတ်သက်လာရင်တော့ ငါ ဘယ်တော့မှ ရှုံးမှာ မဟုတ်ဘူး ။ အန်းမြောင်ရုံကိုတောင် မမှုဘူးကွ "

ဖုန့်ဖေးရန်က ပြောကာ လက်ထဲမှ ဓားဖြင့် လေထဲသို့ အဆက်မပြတ် ခုတ်လိုက်သည် ။

" ဘုရားရေ .. ဖုန့်ဖေးရန်က နာမည်ကျော်ထားတဲ့ အတိုင်းပါလား ။ သူက အန်းမြောင်ရုံရဲ့ ဗျတ်စောင်းသီချင်းနဲ့တောင် လက်ရည်တူ တိုက်ခိုက်နိုင်တယ် "

ထိုမြင်ကွင်းကို ကြည့်နေသော လူတစ်ယောက်က သက်ပြင်းချ၍ ပြောလိုက်သည်။

" ဟမ့် .. မင်းတို့က ခုခံဖို့ပဲ ကြိုးစားနေကြတာပဲ ။ တကယ့် ယောကျ်ားအစစ်ဆိုရင် ပြန်ပြီး တိုက်ခိုက်ရတယ်ကွ "

ထိုစဥ် မိုရှကလည်း အော်လိုက်သည်။ ချက်ချင်းပင် သူ့ အဝတ်စားများ တစ်စစီ ပြဲသွားပြီး ဗျတ်စောင်းသီချင်းသံမှ ဓားစွမ်းအင်က သူ့ကိုယ်ပေါ်သို့ ကျလာ၏။ ဖျိုးဖျိုးဖျစ်ဖျစ် အသံတစ်သံနှင့်အတူ သူ့ကိုယ်ပေါ်၌ မရေမတွက်နိုင်သော အလင်းတန်းများ လင်းလက်သွားကြသည်။

" ဒါ မိုရှရဲ့ နည်းလမ်းလား .. ဒီလူက တော်တော်ကြောက်စရာ ကောင်းတာပဲ "

အခြားတစ်ဖက်မှ ရွှယ်လင်းလုံကမူ ရိုးရိုးရှင်းရှင်းပင် လက်တစ်ဖက်ဝေ့ယမ်းကာ သူမ၏ ခန္ဓာကိုယ်အား အေးခဲထားစေလိုက်သည်။

ဓားစွမ်းအင်များ မည်မျှ တိုက်ခိုက်နေစေကာမူ အချိန်အတိုင်းအတာ တစ်ခုအထိ သူမကိုယ်ပေါ်မှ ရေခဲလွှာကို ထိုးဖောက်၍ ရတော့မည် မဟုတ်ပါချေ ။

" တော်တော်အံ့သြစရာကောင်းတဲ့ သိုင်းကွက်ပဲ "

လူအချို့ သက်ပြင်းချလိုက်ကြသည်။

သို့သော် ..ထိုသုံးယောက်မှလွဲ၍ ကျန်လူများအတွက်မူ ဗျတ်စောင်းသီချင်းသံမှ ဓားစွမ်းအင်ကို ခုခံရန် ဤမျှ လွယ်ကူမနေပါ ။

တစ်ယောက်ပြီးတစ်ယောက် သူမ၏ သီချင်းသံကို ဆက်မခံနိုင်ကြတော့ဘဲ အဆောင်ကဒ်ပြားကို ချိုး၍ အပြင်သို့ ထွက်သွားကြ၏။

ထို့အပြင် မိမိအစွမ်းကို အထင်ကြီးလွန်းပြီး အထဲတွင် ဆက်နေသဖြင့်  ဒဏ်ရာပြင်းပြင်းထန်ထန်ရသူနှင့် နေရာတွင်ပင် သေဆုံးသွားသူအချို့လဲ ရှိပါသေးသည် ။

ထိုလူများကိုမူ မည်သူကမှ သနားဟန် မပြကြပေ ။

၎င်းက သူတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကြောင့် ရလာသည့် ရလဒ်ပင် မဟုတ်ပါလား ။

သို့သော် ထိုနေရာတစ်ခုလုံးတွင် ကျန်နေရာများနှင့် မတူဘဲ စည်းချက်လွဲသော နေရာတစ်ခု ရှိ၏။

ထိုအချိန်တွင် လောထျန်းနံဘေး၌ ရပ်နေသည့် လင်ကျိုးရန်မှာ နားမလည်နိုင်ဖြစ်ကာ အလွန်စိတ်ရှုပ်နေသည် ။

" ဓားစွမ်းအင်က ဘယ်မှာလဲ ။ ဘာလို့ ဒီမှာ ရှိမနေတာလဲ "

သူက အံ့သြတကြီး ပြောလိုက်သည်။

လောထျန်း၏ ဘေးပတ်လည် ၁စ ပေအတွင်းတွင် အရာအားလုံး ငြိမ်သက်အေးချမ်းနေ၏။

ဓားစွမ်းအင် မဆိုထားဘိ ၊ ခြင်တစ်ကောင်ပင် ရှိမနေပါ ။

" နေဦး.. ဟိုမှာကြည့် "

ဟန်ဝမ်ကျိုးက ရုတ်တရက် ပြောလိုက်သည်။

သူ့စကားကို ကြားသောအခါ လူတော်တော်များများက သူ ညွှန်ပြသည့်ဘက် ကြည့်လိုက်ကြသည် ။

ထိုအချိန်မှသာ သူတို့နှင့် ဆယ်ပေအကွာတွင် သူတို့ဆီသို့ ဦးတည်လာနေသည့် ဓားစွမ်းအင်ကို မြင်လိုက်ရ၏ ။

သို့သော် ၎င်းဓားစွမ်းအင်က အနီးသို့ ရောက်လာသည်နှင့် ရုတ်ချည်း ပြိုကွဲသွားတော့သည် ။

" ဒါ .. "

သူတို့အားလုံး တစ်ဟောက်ကိုတစ်ယောက် အံ့သြတကြီး ကြည့်လိုက်ကြသည် ။

သူတို့မှာ ထိုဓားစွမ်းအင်များနှင့် ထိပ်တိုက် မတွေ့ရသည့်တိုင် ၎င်းတို့က မည်မျှအစွမ်းထက်သည်ကို အာရုံခံ၍ ရနေ၏။

ထိုဓားစွမ်းအင်များကို တိတ်တဆိတ် ပြိုကွဲသွားစေသည့် နည်းလမ်းက ကျန်လူများ၏ နည်းလမ်းထက် မည်မျှ ပိုကောင်းပါသနည်း ။

" ဒါ သခင်လေးလောထျန်း လုပ်ထားလား "

ဟန်ဝမ်ကျိုးက မေးလိုက်သည် ။

လင်ကျိုးရန်က ပြုံး၍ ပြော၏။

" အကိုဟန်ကတော့ မေးစရာမလိုတဲ့ မေးခွန်းတွေ မေးနေပါပြီဗျာ ။ သခင်လေး လောထျန်း လုပ်ထားတာမဟုတ်ရင် အကိုဟန် လုပ်ထားတာလားဗျ "

ထို့နောက် သူက လောထျန်းဘက်လှည့်ကာ မေးလိုက်သည် ။

" ဒါနဲ့ သခင်လေးလောထျန်းက ဘယ်လိုနည်းကို သုံးပြီး လုပ်ထားတာလဲဗျ ။ ကျုပ်ကိုရော ဒီနည်းကို သင်ပေးလို့ ရနိုင်မလား "

သူက ထိုသို့ ပြောပြီးသည်နှင့် လောထျန်းအား မျှော်လင့်ချက်ပြည့်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည် ။

သို့သော် ထိုအချိန်တွင် လောထျန်းက နားမလည်နိုင်ဟန် ဖြစ်နေ၏။

" ငါ ဘာနည်းလမ်းမှ မသုံးထားဘူးကွ ။ ငါက ခုတောင် ဓားစွမ်းအင် ရောက်လာမှာကို စောင့်နေတာ ။ ဒါပေမယ့် ဘာကြောင့်မှန်း မသိဘဲ ဓားစွမ်းအင်က အနားရောက်တာနဲ့ ပြိုကွဲသွားတာပဲ "

လောထျန်းက ပြောလိုက်သည်။

" ဟင် .. "

သူ့ဘေးမှ လူများအားလုံး နားမလည်နိုင် ဖြစ်သွားကြ၏ ။

" အကိုကြီး တကယ်ပြောနေတာလား "

ပိုင်ထျန်းယွိက လောထျန်းအား တအံ့တသြ ကြည့်လိုက်သည်။

လောထျန်းက သူ့ကို ပြန်ကြည့်ကာ ပြော၏။

" ငါက မင်းကို ဘာဖြစ်လို့ လိမ်ပြောရမှာလဲကွာ ။ ငါ ပြောတာ မယုံရင် ကြည့် "

လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် လက်တစ်ဖက်ကို ဆန့်ထုတ်၍ လက်ဖျောက်တစ်ချက် တီးလိုက်သည်။

ဝုန်း..

ချက်ချင်းပင် သူ့လက်မှ ဓားစွမ်းအင်တစ်ခု ရုတ်ချည်း ထွက်လာပြီး နေရာအနှံ့သို့ လွင့်ပျံသွား၏။

ဂျုန်း ...

ဓားစွမ်းအင်က မိုးချုန်းသံ တစ်ခုကဲ့သို့ အော်မြည်လိုက်ရာ အန်းမြောင်ရုံ၏ ဗျတ်စောင်းမှ သီချင်းသံကို ဖုံးလွှမ်းသွားသည် ။

ထိုမျှမက လူများစွာလည်း ထိုဓားစွမ်းအင်၏ ဒဏ်ကို ခံလိုက်ကြရပြီး ပြိုင်ပွဲဝင် တစ်ဝက်နီးပါး သတိမေ့ လဲကျကုန်၏။

ထိုစဥ် ..

လေထဲတွင် ရှိနေသော ဖုန့်ဖေးရန်၏ လက်ထဲမှ ဓားကလည်း ကျိုးသွားကာ သူ မြေပေါ်သို့ ကျသွားသည် ။

အွတ် ..

အစောက မဖျက်ဆီးနိုင်သည့် ရွှေရောင်အလင်းတန်း ခန္ဓာကိုယ်ပိုင်ရှင် မိုရှ၏ လက်မောင်းတွင်လည်း ဓားဒဏ်ရာတစ်ခု ရသွား၏။ ထိုဒဏ်ရာမှာ နက်လွန်းသဖြင့် အရိုးကိုပင် ထိနေသည် ။

ခွမ်း ..

ရွှယ်လင်းလုံက သူမကိုယ်သူမ ကာကွယ်ရန် သုံးခဲ့သည့် ရေခဲလွှာလည်း ရုတ်ချည်း ပျက်စီးသွားသည် ။

သူမ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး သူမ၏ နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျလာ၏ ။ ထိုသွေးများက သူမ၏ အဖြူရောင်ဝတ်စုံပေါ်သို့ ကျသွားသဖြင့် သူမအသွင်မှာ လူများကြားထဲ ထင်းနေတော့သည် ။

ချွင် ..

ထိုစဥ် စင်မြင့်ပေါ်တွင် ရှိနေသော အန်းမြောင်ရုံ၏ ဗျတ်စောင်းမှ ကြိုးတစ်ကြိုးကလည်း ရုတ်တရက် ပြတ်သွား၏။

ထိုနေရာတစ်ခုလုံး ရုတ်ချည်း ငြိမ်ကျသွားသည်။

" တွေ့လား ..ဒါကမှ နည်းလမ်း သုံးလိုက်တာ "

လောထျန်းက အခြားသူများဘက် လှည့်ကာ ပြောလိုက်၏။

သူ့ရှေ့မှ ပိုင်ထျန်းယွိနှင့် အခြားသူများမှာ မည်သို့မှ ပြန်မပြောနိုသ်ကြဘဲ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည် ။

ဘာတွေ ဖြစ်နေပါသနည်း ...

ဒါကမှ နည်းလမ်းသုံးလိုက်တာတဲ့လား ...

လက်ဖျောက်တစ်ချက် တီးလိုက်ရုံဖြင့် ဤမျှ ဖြစ်သွားသည်လား ...

ထိုလူက လူသားတစ်ယောက်ဟုတ်ပါသေးရဲ့လား ...

" ဟင် .. အိုး ..ငါတော့ ပြဿနာတက်ပြီနဲ့တူတယ် "

ထိုအချိန်မှသာ အနီးနားပတ်ဝန်းကျင်မှ အပြောင်းအလဲများကို လောထျန်းတစ်ယောက် သတိထားမိသွားပြီး ရှက်သွား၏။

ထိုစဥ် အစီအမံ နေရာ၏ အပြင်ဘက်တွင် ရှိနေသော လူတစ်ယောက်က အတွင်းဘက်မှ ပုံမှန်မဟုတ်သည့် အရာတစ်ကိုခုကို ရုတ်တရက် သတိထားမိသွားပြီး အထဲသို့ ပြေးဝင်လာသည် ။

ပြေးဝင်လာသည့် အဘိုးအိုက သူ့ရှေ့မှ စိတ်မကောင်းစရာ မြင်ကွင်းကို တွေ့သွားကာ မျက်မှောင်ကြုံ့လိုက်သည်။

" အန်းမြောင်ရုံ ၊ မင်းက ဒီလူငယ်လေးတွေကို သတ်ချင်နေတာလား "

အဘိုးအိုက ဒေါသတကြီး ပြောလိုက်သည်။

" ကျွန်မ မဟုတ်ဘူး ... "

အန်းမြောင်ရုံက ရှင်းပြရန် ကြိုးစားလိုက်စဥ်မှာပင် ...

အဘိုးအိုက ဒေါသတကြီး ပြော၏။

" တော်ပြီ ၊ ပါးစပ်ပိတ်ထားတော့ ။ အခု အိမ်ပြန်ပြီးတော့ မင်းလုပ်ရပ်ကို  သုံးလတိတိ ပြန်ဆန်းစစ်စမ်း ။ ကျန်တဲ့အချိန်တွေမှာ စိတ်ထင်ရာလုပ်တာ ကိစ္စမရှိပေမယ့် ဒီလို အရေးကြီးတဲ့ ထျန့်ရှန့်သိုင်းပြိုင်ပွဲမှာ ဘာဖြစ်လို့ အဲ့လိုလုပ်ရပ်မျိုး လုပ်ရတာလဲ "

" ဟုတ်ကဲ့ "

အန်းမြောင်ရုံမှာ သူမ မလုပ်ရပါဘဲ လူအများရှေ့တွင် အပြောခံလိုက်သဖြင့် အလွန်ရှက်သွားသလို ဒေါသလည်း ထွက်သွားသည်။

သို့သော် မည်သို့မှ ပြန်မပြောဝံ့သဖြင့် ဗျတ်စောင်းကိုသာ တိတ်တဆိတ် သိမ်း၍ ထွက်သွားလိုက်သည်။

ထို့နောက် အပြင်ရောက်မှသာ သူမလက်ကို ငုံ့ကြည့်မိလိုက်၏။

သူမလက်များက သွေးများဖြင့် ပေကျံနေပေသည် ။

" ခုနက ဘာတွေ ဖြစ်သွားတာလဲ "

အန်းမြောင်ရုံ နားမလည်နိုင် ဖြစ်သွားရ၏။

ထိုစဥ် အစီအမံ နေရာအတွင်း၌ ..

အဘိုးအိုက လှည့်ပတ်ကြည့်လိုက်ရာ ပြိုင်ပွဲဝင် တော်တော်များများ ဒဏ်ရာပြင်းထန်စွာ ရထားသည်ကို မြင်လိုက်ရသည် ။

ထျန်းရှန့်ပြိုင်ပွဲတွင် ထိုသို့ ဖြစ်သည်မှာ ယခုက ပထမဆုံး အကြိမ်ပင် ။

" ဒီကောင်မလေးကတော့ကွာ ၊ ဟေ့ တစ်ယောက်ယောက် အပြင်ကို အမိန့်ပေးလိုက်စမ်း ။ ပြိုင်ပွဲရဲ့ ပထမအဆင့် ပြီးသွားပြီ ။ အခု သတိရနေသေးတဲ့ ဘယ်သူမဆို နောက်တစ်ဆင့်ကို တက်နိုင်တယ် ။ ပြီးတော့ ထိပ်တန်းအဆင့် ဒဏ်ရာကုသတဲ့ ဆေးတွေ ယူလာပြီး အားလုံးကို အခမဲ့ ဝေပေးလိုက် ။ ဒါမှ ပြိုင်ပွဲ နောက်အဆင့်တွေကို နောက်ဆုတ်စရာ မလိုမှာ "

ဤသို့ဖြင့် အချိန်အနည်းငယ် ကြာသွားပြီးနောက် ...

ဆေးလုံးတစ်လုံးကို ကိုင်ထားသည့် လင်ကျိုးရန်မှာ သူ မြင်ခဲ့ရသည့် မြင်ကွင်းကို မယုံနိုင်သေးဘဲ ဖြစ်နေ၏။

" ငါ နောက်တစ်ဆင့်ကို တက်သွားပြီလား "

သူ တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။

All Chapters