← Chapters

လောထျန်း က လူအုပ်ထဲတွင် အစွမ်းအနိမ့်ဆုံး တဲ့လား ..

Vol. 8 Ch. 107

လောထျန်း က လူအုပ်ထဲတွင် အစွမ်းအနိမ့်ဆုံး တဲ့လား ..

Vol. 8 Ch. 107

" ရတနာ ရှာရမှာ ..ဘယ်လို ရတနာမျိုးကို လိုက်ရှာရမှာလဲ "

လူတစ်ယောက်က မေးလိုက်သည်။

အဘိုးအိုက ပြုံး၍ ပြန်ဖြေ၏။

" ဒါက ရိုးရိုးလေးပါ ။ စိတ်စွမ်းအင် ဆေးလုံး ၊ စိတ်စွမ်းအင် သတ္ထုရိုင်း နဲ့ သားရဲရဲ့ အတွင်းအားဆေးရည်တွေအားလုံးကို ရတနာအဖြစ် သတ်မှတ်ထားတယ် ။ မင်းတို့က အချိန် သုံးနာရီအတွင်းမှာ ဒီရတနာတွေကို ရှာကြရမယ် "

" ပြီးတော့ ထပ်ပြောစရာ နောက်နှစ်ချက်လဲ ရှိသေးတယ် ။ ပထမတစ်ချက်က ဒီ မဟူရာလေပြင်းတောင်ဟာ သားရဲတွေ နေထိုင်ကျက်စားတဲ့ နေရာတစ်ခုပဲ ။ ငါတို့တွေက အစွမ်းထက်သားရဲတွေကို ရှင်းထားပြီးသား ဆိုပေမယ့် အဆင့်နိမ့်တဲ့ သားရဲတွေတော့ ရှိနေနိုင်သေးတယ် ။ ဒီတော့ ဒီသားရဲတွေနဲ့ တွေ့တဲ့အခါ မင်းတို့အားလုံး သတိကောင်းကောင်းထားမှ ရမယ် "

" ပြီးတော့ ခက်ခဲအောင်လို့ ကောင်းကင်ထိန်းချုပ်အဆင့် သားရဲ သုံးကောင်ကိုလဲ ငါတို့ တမင် ချန်ထားတယ်ကွ ။မင်းတို့ ရတာနာရှာတဲ့အချိန်ကျရင် ဒီသားရဲသုံးကောင်ကို သေချာသတိထားပြီး ရှောင်ကြပါ ။ မဟုတ်လို့ကတော့ မင်းတို့အတွက် အန္တရာယ်ဖြစ်သွားနိုင်တယ် "

ထိုစကားကို ကြားသောအခါ လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

" ဟင် .. နောက်နေတာလားဟ။ ကောင်းကင်ထိန်းချုပ်အဆင့် သားရဲကို ငါတို့က ဘယ်လိုတိုက်ခိုက်ရမှာလဲ "

" ဒီအဆင့်က တော်တော်လက်တွေ့ကျတယ်ကွ ။ ဘယ်ကျင့်ကြံသူမဆို ရတနာထွက်ရှာရတဲ့အခါတော့ ရှိတာပဲလေ ။ ပြီးတော့ ကောင်းကင်ထိန်းချုပ်အဆင့် သားရဲကလဲ သုံးကောင်ပဲ ရှိတာဆိုတော့ တော်တော်လေး လုံခြုံတယ်လို့ ပြောလို့ရပါတယ် "

" ဟုတ်တယ်ကွ ။ မဟူရာလေပြင်း တောင်တန်းကလဲ အကျယ်ကြီးပဲကို ၊ တော်တော်ကံဆိုးတဲ့ သူမှပဲ ဒီသားရဲသုံးကောင်နဲ့ တွေ့နိုင်မှာ "

" အမှန်ပဲ ၊ သတိထားပြီး လှုပ်ရှားရင် ဒီသားရဲတွေ ငါတို့ကို မတွေ့နိုင်ပါဘူး "

အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။

ထိုစဥ် လူအုပ်ထဲမှ မိုရှက အပြုံးဖြင့် ပြော၏။

" ဟမ့် .. တော်တော် သတ္တိမရှိကြတဲ့ ကောင်တွေပဲ ။ ကောင်းကင်ထိန်းချုပ်အဆင့် လောက်နဲ့များ ဒီလောက် ဖြစ်ပျက်နေကြတာ ။ ငါကတော့ ဒီသားရဲတွေနဲ့ တစ်ယောက်ချင်း ထိပ်တိုက်ရင်ဆိုင်ရရင်တောင် မမှုဘူး "

ဖုန့်ဖေးရန်ကလည်း တည်ငြိမ်စွာ ပြောသည်။

" မိုရှရဲ့ စကားတွေက နည်းနည်းလွန်တယ် ဆိုပေမယ့် သူပြောတာ ကျိုးကြောင်းသင့်တယ် ။ ဒီသားရဲတွေက ကောင်းကင်ထိန်းချုပ်အဆင့် ရှိတယ်ဆိုပေမယ့် တိုက်ရည်ခိုက်ရည် ကောင်းချင်မှ ကောင်းမှာလေ "

ရွှယ်လင်းလုံကမူ မည်သို့မှ မပြောသော်လည်း သူမစိတ်က ထိုနှစ်ယောက်နှင့် ထပ်တူကျသည်ကို အမူအရာမှတဆင့် မြင်နိုင်၏။

ကောင်းကင်ထိန်းချုပ်အဆင့် သားရဲများကို သူမ သိပ်ဂရုမစိုက်လှပါ ။

" သူတို့ သုံးယောက်က ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ တကယ့်ကို အစွမ်းအထက်ဆုံး သုံးယောက်ပဲ ။ သတ္တိလဲ အင်မတန်ကောင်းကြတယ် "

အားလုံး စိတ်ထဲမှ ချီးကျူးလိုက်ကြသည်။

ထိုစဥ် အဘိုးအိုက စကားဆက်၏။

" နောက်ဆုံးတစ်ခု ထပ်ပြောစရာ ရှိသေးတယ်ကွ ။ ဒီအဆင့်မှာ အချင်းချင်း တိုက်ခိုက်တာ ၊ သတ်တာနဲ့ ပစ္စည်းလုတာတွေကို မတားမြစ်ထားဘူး "

ထိုစကားကြောင့် ပြိုင်ပွဲဝင်များအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ တစ်ယောက်ကိုတစ်ယောက် သတိကြီးစွာ ကြည့်လိုက်ကြသည်။

အချင်းချင်း တိုက်ခိုက်ခြင်းနှင့် လူသတ်ခြင်းကို မတားမြစ်ထားပါက ..

မည်သူမဆို ရန်သူ ဖြစ်လာနိုင်ပေသည် ။

ယခုအဆင့်က ဤမျှ မရိုးရှင်းလှချေ ။

" အဲ့လိုလား .. ပျော်စရာတော့ ကောင်းပြီပေါ့ကွာ "

မိုရှ၏ မျက်လုံးထဲတွင် စူးရှသည့် အလင်းတန်းအချို့ ရုတ်ချည်း လင်းလာ၏။

သူ့အကြည့်ကို အားလုံး ကြောက်ရွံ့သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြသည်။

ထိုလူက ကျန်သားရဲများထက် ပိုအန္တရာယ်ကြီးသည်မှာ သိသာပါသည် ။

" ကောင်းပြီ ၊ အခုချိန်ကစပြီးတော့ ငါ ခေါ်လိုက်တဲ့ နာမည်စာရင်းအတိုင်း အထဲကို ဝင်ကြပါ ။ တရားမျှတအောင်လို့ အစွမ်းအနိမ့်ဆုံးသူကို အရင်ဆုံး ပေးဝင်မယ် ။ ဒီလိုဆိုရင် သူ့အနေနဲ့ ရတနာတွေကို စောစောရှာပြီး နောက်တစ်ဆင့်တက်ဖို့ အခွင့်ရေး များများရနိုင်တာပေါ့ "

အဘိုးအိုက ပြောလိုက်သည်။

ထိုစဥ် လူအုပ်ထဲမှ လောထျန်းက ခေါင်းအသာအယာ ညိတ်၍

" ဒီစည်းမျဥ်းက တော်တော်တော့ တရားမျှတတာပဲ "

ဟု ပြောလိုက်သည်။

ထိုစဥ် အဘိုးအိုက သူ့လက်ထဲမှ စာရင်းကိုကြည့်ကာ ပြောလိုက်၏။

" ကဲ ၊ ဒါဆို အရင်ဆုံး ဝင်ရမယ့်သူက ယဲ့ဖုန်းနိုင်ငံက လောထျန်း  "

အစောက စည်းမျဥ်းကို ချီးကျူးနေခဲ့သည့် လောထျန်းမှာ သူ့နာမည်ကို ကြားသောအခါ ရုတ်တရက် ကြက်သေ သေသွား၏။

သူက အရင်ဆုံး ဝင်ရမည်တဲ့လား ...

တနည်းအားဖြင့် ဆိုရသော် တစ်ဖက်လူက သူ့အား လူအုပ်ထဲတွင် အစွမ်းအနိမ့်ဆုံးအဖြစ် သတ်မှတ်ထားသည်ဆိုသည့် အဓိပ္ပါယ်ပင် ။

ထိုတခဏတွင် သူ့နှုတ်ခမ်းများ လှုပ်သွားပြီး သူ့ဒေါသ ပေါက်ကွဲထွက်တော့မလို ဖြစ်သွား၏။

" သခင်လေး လောထျန်း ၊ စိတ်လျှော့ပါဗျာ "

ဘေးမှ ဟန်ဝမ်ကျိုးက အမြန် သတိပေးလိုက်သည်။

ထိုတခဏတွင် သူသည်လည်း အနည်းငယ် ဒေါသထွက်နေ၏။

ထျန်းရှန့်သိုင်းပြိုင်ပွဲမှ ထိပ်သီးခေါင်းဆောင်များ အားလုံးက ဦးနှောက် မရှိသူတွေလား ..

သတင်းအချက်အလက်များ အတန်အသင့် စုဆောင်းပြီးမှ ထိုဆုံးဖြတ်ချက်ကို ချသင့်ပေသည် ။

အကယ်၍ လောထျန်းသာ ဒေါသထွက်သွားခဲ့ပါက ထျန်းရှန့်သိုင်းပြိုင်ပွဲ မဆိုထားဘိ ...

ထျန်းရှန့်တစ်နိုင်ငံလုံးပင် သူ့လက်အောက် ရောက်သွားနိုင်ပေသည် ။

" ကောင်းပြီ ၊ ငါ နားလည်တယ် "

လောထျန်း စိတ်လျှော့ကာ ရှေ့သိူ့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။

လမ်းတလျှောက်တွင် လူတိုင်းက သူ့အား သနားသည့် အကြည့်ဖြင့် ကြည့်နေကြ၏။

မကြာမီပင် လောထျန်းတစ်ယောက် အဘိုးအိုဘေးသို့ ရောက်သွားသည် ။

အဘိုးအိုက သူ့ကို ကြည့်ကာ သက်ပြင်းချ၍ ပြောလိုက်သည်။

" အင်း .. စကားဆက်စပ်လို့ ပြောရဦးမယ် ။ ယဲ့ဖုန်းနိုင်ငံက ထျန်းရှန့်ပြိုင်ပွဲမှာ ဝင်မပြိုင်တာ ဆယ်နှစ်ကျော်တောင် ရှိသွားပြီ ။ ဒီနှစ် ဝင်ပြိုင်ဖို့ လူလွှတ်လိုက်တာက ငါတို့ ထျန်းရှန့်နိုင်ငံကို မျက်နှာသာပေးလိုက်တာလို့ မှတ်ယူလို့ရတယ် "

" လောထျန်း ၊ မင်းက အခုမှ စိတ်စွမ်းအင်စုဆောင်းခြင်း အဆင့် ၉ ပဲ ရှိသေးတာဆိုတော့ တခြားသူတွေနဲ့ယှဥ်ရင် နည်းနည်းပိုပြီး အစွမ်းနိမ့်တာပေါ့ကွာ ။ ဒါပေမယ့် အားမလျှော့ပါနဲ့ ။ သေချာကြိုးစားရင် အနာဂါတ်မှာ ရလာမယ့် အောင်မြင်မှုတွေက ဒီက ကျန်တဲ့သူတွေထက် နိမ့်မှာ မဟုတ်ဘူး ။ ပြီးတော့ ဒီမဟူရာလေပြင်းတောင်ထဲကို ရောက်ရင် အလယ်ပိုင်းနေရာကို လုံးဝ မသွားနဲ့နော် ။ တကယ်လို့ အန္တရာယ်နဲ့ ကြုံလာရင်လဲ အဆောင်ကဒ်ပြားကိုသာ ချက်ချင်း ချိုးလိုက် ။ ငါ အနားမှာ ရှိနေရင် မင်းကို အမြန်ဆုံး လာကယ်ထုတ်ပေးမယ် "

ထိုအချိန်တွင် လောထျန်းမှာ ဒေါသထွက်လွန်းသဖြင့် တစ်စုံတစ်ယောက်ကို အသေ ထိုးသတ်ပစ်ချင်စိတ်ပင် ပေါက်နေ၏။

သို့သော် သူ့ရှေ့မှ အဘိုးအိုထံမှ ကြင်နာသောအကြည့်နှင့် ဂရုစိုက်သည့် စကားများကို ကြားသောအခါ ဒေါသမပေါက်ကွဲနိုင်တော့ဘဲ ခေါင်းသာ အလိုလို ညိတ်ပြလိုက်ရသည် ။

" ဟုတ်ကဲ့ ၊ ကျုပ် နားလည်ပါပြီ "

သူက ထိုသို့ ပြောပြီးသည်နှင့် တောင်ဆီသို့ ဆက်လျှောက်သွား၏။

လူအုပ်ထဲမှ ဟန်ဝမ်ကျိုး ၊ ပိုင်ထျန်းယွိ နှင့် လင်ကျိုးရန် တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

" တစ်ယောက်ယောက်တော့ ပြဿနာတက်တော့မယ်လို့ ခံစားရနေရတယ် "

ပိုင်ထျန်းယွိက ပြောလိုက်သည်။

" ဟုတ်တယ် ၊ ကံဆိုးသူ မောင်ရှင်ကတော့ ဘယ်သူဖြစ်မလဲ မသိဘူး "

ဟန်ဝမ်ကျိုးကလည်း ခေါင်းညိတ်လိုက်သည်။

" ငါက သခင်လေးလောထျန်းနဲ့ နောက်တစ်ဆင့်လောက် နေချင်သေးတာ ။ ဒါပေမယ့် အခု သူက အရင်ဆုံး ဝင်သွားတော့ .. "

လင်ကျိုးရန်က စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

အဘိုးအိုက လက်ထဲမှ စာရင်းကို ဆက်ဖတ်နေလိုက်သည် ။

ထိုစဥ် မဟူရာလေပြင်းတောင်၏ တောနက်ပိုင်းထဲ၌ ... ဧရာမအရိပ်ကြီးသုံးခု စုဝေးနေကြ၏။

" ထျန်းရှန့်သိုင်းပြိုင်ပွဲ စနေပြီ ။ ဒီနှစ်ရော မင်းတို့တွေ ဘာလုပ်ကြမှာလဲ "

ကျောတွင် တောင်ပံတစ်စုံ ပေါက်နေသည့် အမည်းရောင် ကျားကြီးတစ်ကောင်က မေးလိုက်သည်။

" ငါတို့က ဘာများ လုပ်လို့ရမှာလဲကွာ ။ ဒီ မဟူရာလေပြင်းတောင်ကို အရင်က ငါတို့သုံးယောက် ပိုင်တာ မှန်တယ် ။ ဒါပေမယ့် အခုလက်ရှိ ပိုင်ရှင်က ထျန့်ရှန့်နိုင်ငံက လူတွေဆိုတာ အားလုံးလဲ သိနေတာပဲ ။ ငါ့လက်အောက်က သားရဲတွေကို ဒီလူအုပ်ကို တိုက်ရိုက်မတိုက်ခိုက်ဖို့တောင် မှာထားပြီးပြီ ။ ဒီတော့ မင်းလဲ ဖြစ်နိုင်ရင် ပုန်းပြီးတော့ နေပေါ့ကွာ "

ဆယ်မီတာကျော် ရှည်လျားသည့် မြွေဖြူက ခေါင်းယမ်းကာ သက်ပြင်းချ၍ ပြောလိုက်သည်။

" ဟားဟား .. မင်းတို့ နှစ်ယောက်က တကယ့်ကို ငကြောက်တွေပဲ။ ဒီလို ဘာမဟုတ်တဲ့ လူသားတစ်ယောက်နဲ့ ရင်ဆိုင်ဖို့တောင် ကြောက်နေကြတယ်ပေါ့ "

ခေါင်းတွင် မီးတောက်များရှိနေသည့် ထူးဆန်းသော ငှက်တစ်ကောင်က ကောက်ကျစ်သော အပြုံးဖြင့် ပြော၏။

မြွေဖြူက မျက်မှောင်ကြုံ့ကာ ပြောသည် ။

" ဟောင်မင် ၊ မင်းက ဘာအဓိပ္ပါယ်နဲ့ ပြောတာလဲကွ ။ မင်း မကြောက်ဘူးဆိုတော့ရော ဘာလုပ်မှာလဲ ပြောစမ်းပါဦး ။ မင်းက ဒီလူတွေကို သတ်ချင်လို့လား ။ ငါတို့ မဟူရာလေပြင်းတောင်က ထျန်းရှန့်နိုင်ငံရဲ့ မြို့တော်နဲ့ မိုင် ၃၀၀ လောက်ပဲ ဝေးတာ မမေ့နဲ့နော် ။ မြို့တော်ထဲမှာ အခုထိ အသက်ရှင်နေသေးတဲ့ တုကျဲ့အဆင့် အဘိုးကြီးတစ်ယောက် ရှိနေသေးတယ်ကွ ။ ဒီအဘိုးကြီးသာ ရောက်လာရင် မင်း သူ့ကို ခုခံနိုင်လား ။ ငါကရော ခုခံနိုင်မယ်လို့ ထင်လား "

ကျားကြီး ဟိုင်ဟူကလည်း ခေါင်းညိတ်လိုက်သည်။

ထျန်းရှန့်နိုင်ငံမှ လူသားများက အလွန်အစွမ်းထက်လှပေသည်။

သို့သော် ငှက်ကြီး ဟောင်မင်က ဂရုမစိုက်ဟန်ဖြင့် ဆက်ရယ်ကာ ပြော၏။

" ဒီလူကို ငါ မခုခံနိုင်တာ မှန်ပေမယ့် ခုခံနိုင်တဲ့သူ ရှိတယ်ကွ "

​" ဘယ်သူလဲ "

မြွေဖြူက မေးလိုက်သည်။

ဟောင်မင်က မလှမ်းမကမ်းမှ ရေအိုင်တစ်ခုဘက် အကြည့်လွှဲလိုက်၏။

ထိုအချိန်တွင် ..

ဘုန်း ...

ရေအိုင်ထဲမှ ရေများ လေထဲသို့ လွင့်စင်တက်သွားပြီး ဦးချိုတစ်ချောင်းနှင့် နဂါးတစ်ကောင် ထွက်ပေါ်လာသည် ။

ထိုနဂါးကို မြင်သောအခါ အမည်းရောင် ကျားကြီးနှင့် မြွေဖြူတို့ တစ်ကိုယ်လုံး တုန်သွားကြပြီး  မျက်လုံးများ ပြူးကျယ်သွားကြသည်။

ဟောင်မင်က ချက်ချင်း ဒူးထောက်၍ အရိုအသေပေး၏။

" နဂါးဘုရင်ကြီး ပိုပါ့ထန်ကို ကျုပ် ၊ဟောင်မင်က အရိုအသေပြုပါတယ် "

ထိုစကားကို ကြားသောအခါ မြွေဖြူတစ်ကိုယ်လုံး တုန်သွားပြီး အထိတ်တလန့်ပြောလိုက်သည် ။

" ပိုပါ့ထန် .... ခင်ဗျားက နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလိုက်နိုင်တာလား .. ဒါဆို .. အခု တုကျဲ့အဆင့်ကို ရောက်သွားပြီဆိုတဲ့ အဓိပ္ပါယ်ပေါ့ "

နဂါးဘုရင်ကြီး ပိုပါ့ထန်က အပြုံးဖြင့် ပြန်ပြောသည်။

" အမှန်ပဲ၊ လွန်ခဲ့တဲ့ လဝက်လောက်က ကောင်းကင်ဘုံ ပျက်းစီးခြင်း ပထမအဆင့်ကို အောင်အောင်မြင်မြင် ဖြတ်ကျော်လိုက်နိုင်တယ်ကွ ။ ငါ အခု တုကျဲ့ အဆင့် ၁ ကို ရောက်နေပြီ ။ ထျန်းရှန့်နိုင်ငံက သူတို့ဆီမှာ တုကျဲ့အဆင့် ကျင့်ကြံသူတစ်ယောက်ရှိတယ်ဆိုတဲ့ အားကိုးနဲ့ ငါတို့ရဲ့ နတ်ဆိုးမျိုးနွယ်တွေကို သတ်ဖြတ်၊ ဖိနှိပ်လာတာ တော်တော်ကြာပြီ ။ဒါပေမယ့် အခု ငါက တုကျဲ့အဆင့်ကို ရောက်သွားပြီဆိုတော့ အခုချိန်ကစပြီး ထျန်းရှန့်နိုင်ငံနဲ့ ဆက်ဆံရေးက ပြောင်းပြန် ဖြစ်သွားတော့မှာပေါ့ "

ဟိုင်ဟူက အံ့အားတကြီးဖြင့် ပြော၏။

" ဒါဆို ... "

နဂါးဘုရင် ပိုပါ့ထန်က ကိုယ်ကို ရှေ့ကိုင်းကာ ပြောလိုက်သည်။

" ငါက ဒီ ထျန်းရှန့်သိုင်းပြိုင်ပွဲကို အခွင့်ကောင်းယူပြီးတော့ အဘိုးကြီးကို ဒီနေရာကို မျှားခေါ်ဖို့ ထောင်ချောက်တစ်ခု လုပ်မလို့ကွ ။ ပြီးမှ သူ့ကို သတ်ပစ်မှာ "

" သူ သေသွားတာနဲ့ ထျန်းရှန့်နိုင်ငံက ငါတို့ နတ်ဆိုးမျိုးနွယ်ရဲ့ အပိုင်ဖြစ်သွားပြီ "

သူက အပြုံးဖြင့် ဆက်ပြောလိုက်သည်။

" ထောင်ချောက်လုပ်မယိ ..ဘယ်လိုထောင်ချောက် လုပ်မှာလဲ "

မြွေဖြူက နားမလည်နိုင်ဟန်ဖြင့် မေးသည်။

နဂါးဘုရင် ပိုပါ့ထန်က အသံကျယ်ဖြင့် အော်ရယ်ကာ ပြော၏။

" ဒါက ရိုးရိုးလေးပါကွာ ။ ထျန်းရှန့်သိုင်းပြိုင်ပွဲကို လာတဲ့သူတွေက လူသားမျိုးဆက်သစ်ထဲက ထိပ်တန်းပါရမီရှင်တွေချည်းပဲ ။ ဒီလိုထိပ်တန်း ပါရမီရှင်တွေသာ အသက်အန္တရာယ် ကြုံရင် ထျန်းရှန့်နိုင်ငံရဲ့ တွဲဖက်ခေါင်းဆောင်က သူတို့ကို လာမကယ်ဘဲ နေမှာမဟုတ်ဘူး "

ဝုန်း ..

စကားဆုံးသည်နှင့် ပိုပါ့ထန်က သူ့ကိုယ်အရောင်အဝါကို ထုတ်လွှတ်လိုက်သည်။

မဟူရာလေပြင်း တောင်တန်းတစ်ခုလုံးကို ကြောက်မက်ဖွယ် အရောင်အဝါတစ်ခုက ချက်ချင်း လွှမ်းခြုံသွား၏။

" ဟား ဟား .. အခု ငါတို့ လုပ်ရမှာက အဘိုးကြီးအလာကို စောင့်ဖို့ပဲ ကျန်တော့တယ် "

နဂါးဘုရင် ပိုပါ့ထန်က အပြုံးဖြင့် ဆိုလိုက်သည်။

ထိုစဥ် တောင်၏ အခြားတစ်ဖက်၌ လောထျန်းတစ်ယောက် မျက်နှာသုန်မှုန်စွာဖြင့် လျှောက်လာ၏။

" ငါ့ကိုများ အစွမ်းအနိမ့်ဆုံးတဲ့ ။ ဒီလူကြီး သိသွားအောင် အဆင့်မြင့်တဲ့ သားရဲတစ်ကောင်ကို သတ်ပြဦးမယ် ။ ဟင် .. ဒါပေမယ့် သူပြောတာတော့ ဒီမှာ အစွမ်းအထက်ဆုံး သားရဲတောင် ကောင်းကင်ထိန်းချုပ်အဆင့်ပဲ ရှိတာတဲ့ ။ ဒီလောက်နဲ့တော့ ကျေနပ်စရာ မကောင်းသေးဘူး "

လောထျန်း စိတ်ပျက်သွားသည်။

ထိုအချိန်တွင် ...

ဝုန်း ...

နဂါးဘုရင်ကြီး ပိုပါ့ထန်၏ ကိုယ်အရောင်အဝါက ပေါက်ကွဲထွက်လာ၏။

" ဟင် "

လောထျန်း၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။

All Chapters