← Chapters

တစ်ချက်တည်း ရိုက်ရုံနဲ့ သေသွားတော့ ၊ တုကျဲ့အဆင့်က သူတစ်ယောက်က ဘာလို့ ဒီလောက်အစွမ်းနိမ့်ရတာလဲ

Vol. 8 Ch. 108

တစ်ချက်တည်း ရိုက်ရုံနဲ့ သေသွားတော့ ၊ တုကျဲ့အဆင့်က သူတစ်ယောက်က ဘာလို့ ဒီလောက်အစွမ်းနိမ့်ရတာလဲ

Vol. 8 Ch. 108

" ဒီ အရောင်အဝါက .. တုကျဲ့အဆင့်ကို ရောက်စ ပါလား ။ ပြောတော့ အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့်က ကောင်းကင်ထိန်းချုပ်အဆင့်ပဲဆို ။ ကြည့်ရတာ ပိုက်ကွန်ထဲက ငါး တစ်ကောင်တလေ လွတ်သွားတယ်နဲ့တူတယ် "

" ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ငါ ဒီကောင်ကြီးရဲ့ အတွင်းအား ဆေးရည်ကို ယူမှရမယ် ။ အဲ့ကျရင်ဟိုလူကြီးက ငါ့ကို အစွမ်းအနိမ့်ဆုံးလို့ ပြောနိုင်ဦးမလား ကြည့်ရတာပေါ့ "

လောထျန်း ထိုသို့တွေးကာ နေရာမှ တမဟုတ်ချင်း ပျောက်ကွယ်သွားလိုက်သည်။

တစ်ချိန်တည်းမှာပင် ထျန်းရှန့်နိုင်ငံ၏ နန်းတော်အတွင်း၌ ...

ပါရေများ တွန့်နေသော အဘိုးအိုတစ်ဦး ရုတ်တရက် မျက်လုံးပွင့်လာ၏။

သူ့မျက်လုံးများတွင် စူးရှသော အလင်းတန်းနှစ်ခု ဖျတ်ခနဲ လင်းသွားပြီး မဟူရာလေပြင်းတောင်တန်း ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

" ဒီအရောင်အဝါက .. တုကျဲ့အဆင့်ရှိတဲ့ နတ်ဆိုးသားရဲတစ်ကောင်ဆီကပဲ ။ ပြီးတော့ မဟူရာလေပြင်းတောင်ဘက်က လာတာ ... မဖြစ်ဘူး .. "

အဘိုးအို ချက်ချင်း ထရပ်လိုက်သည်။

အကယ်ဤ ထိုအရောင်အဝါသာ အခြားဘက်မှ လာပါက သူ ဂရုတစိုက်ဖြင့် အစီစဥ်များ ချပြီးမှ သွားမည်ဖြစ်သည်။

သို့သော် ယခုက မဟူရာလေပြင်းတောင်မှ ထွက်လာခြင်းဖြစ်ရာ ထိုသို့ အချိန်ဆွဲ၍ မရပါချေ ။

ယနေ့တွင် ထျန်းရှန့်နိုင်ငံသာမက ၊ အခြား ဘေးတ်ဝန်းကျင် နိုင်ငံပေါင်း ဆယ်ခုကျော်မှ ထိပ်တန် ပါရမီရှင် လူငယ်လေးများက ထိုနေရာ၌ စုဝေးနေကြသည် မဟုတ်ပါလား ။

ထိုလူငယ်လေးများသာ အန္တရာယ်နှင့် ကြုံသွားပါက ထျန်းရှန့်နိုင်ငံအတွက် ကြီးမားသည့် ဆုံးရှုံးမှုကြီး ဖြစ်သွားမည့်အပြင် ..

ထျန်းရှန့်သိုင်းပြိုင်ပွဲကို တာဝန်ခံ ကျင်းပသော နိုင်ငံအနေဖြင့်လည်း အခြား ပတ်ဝန်းကျင်နိုင်ငံဆယ်ခုကျော်မှ ထောင်ချီသော အင်အားကြီးအဖွဲ့များ၏ ဖိအားပေးမှုများကို ခံနိုင်ရည်ရှိမည် မဟုတ်ပါ ။

အဘိုးအိုက မည်သည့်စကားမှ မ​ဆိုဘဲ သူ ကျင့်ကြံနေခဲ့သည့် နေရာအား ဖျက်ဆီးလိုက်ပြီး မဟူရာလေပြင်းတောင် ရှိရာဆီသို့ တဟုန်ထိုး ထွက်သွားလိုက်သည်။

" အချိန်မှီပါစေလို့ ဆုတောင်းရမှာပဲ "

သူတစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

ထိုစဥ် မဟူရာလေပြင်းတောင်၌...

နဂါးဘုရင်ကြီး ပိုပါ့ထန်က ​နတ်ဆိုးသားရဲသုံးကောင်အား ပြော၏။

" ခနနေ ထျန်းရှန့်နိုင်ငံက အဘိုးကြီးလာရင် ငါ ကိုင်တွယ်လိုက်မယ်။ ဒီတောင်ထဲမှာ ရှိနေတဲ့ တခြားသူတွေကတော့ မင်းတို့ပဲ ရှင်းကြပေါ့ကွာ ။ငါ တစ်ခုပဲ တောင်းဆိုချင်တယ် ၊ လူသားတွေအားလုံးကို သနားညှာတာမနေဘဲ ချက်ချင်းသာ သတ်ပစ် "

" ငါ အဘိုးကြီးကို ရှင်းပြီးတာနဲ့ မင်းတို့နဲ့ လာတွေ့လှည့်မယ်။ အဲ့ကျရင် ဒီနေရာတဝိုက်မှာ ရှိနေတဲ့ သားရဲတွေအားလုံးကို စုပြီး ထျန်းရှန့်မြို့တော်ကို တိုက်ခိုက်ကြတာပေါ့။ ပြီးရင် လူသားတွေအားလုံးကို သတ်ပစ်ကြမယ် "

ထိုစကားကို ပြောနေစဥ်တွင် နဂါးဘုရင်၏ မျက်လုံးထဲ၌ လူသတ်အရိပ်အငွေ့များ တဖျတ်ဖျတ်လက်နေသည်။

ထိုအချိန်တွင် ...

ဝှစ် ..

လောထျန်းက သားရဲလေးကောင်ကြား၌ ရုတ်တရက် ပေါ်လာ၏။

" ဟင်.. လူသားပါလား ၊ ဘယ်တုန်းက .. "

သားရဲများ အံ့အားသင့်ကုန်ကြသည်။

ထို့နောက် ဟောင်မင်က တိုက်ခိုက်ရန် ချက်ချင်းပြင်လိုက်၏။

သို့သော် ထိုစဥ် နဂါးဘုရင်ကြီး ပိုပါ့ထန်က အေးစက်စက် ပြောလိုက်သည်။

" ခနနေဦး .. လူသားမျိုးနွယ်ကို မျိုးဖြုတ်ပစ်ဖို့ ပထမဆုံး တိုက်ပွဲကို ငါကိုယ်တိုင် တိုက်မယ် "

သူက ထိုသို့ ပြောပြီးသည်နှင့် လက်သည်းချွန်များကို မြှောက်ကာ လောထျန်းအား တိုက်ခိုက်ရန် ပြင်လိုက်သည်။

လောထျန်းကမူ တည်နေရာရွှေ့ပြောင်းပြီးပြီးချင်း မြင်လိုက်ရသည့် နဂါးဘုရင် ပိုပါ့ထန်အား တစ်ချက်လှမ်းကြည့်၏။

" ဒီအရောင်အဝါရဲ့ ပိုင်ရှင်က မင်းကိုး .. ငါ့ကို အစွမ်းအနိမ့်ဆုံးလို့ ပြောခဲ့တဲ့ လူကြီး  .. လာကြည့်လိုက်ပါဦး "

လောထျန်း ထိုသို့တွေးကာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

ဘုန်း ...

ရွှေရောင် လက်ဝါးကြီး ချက်ချင်းပေါ်လာ၏။

" ဟင် .. "

ထိုအစွမ်းနိမ့်သော လူသားကို ချက်ချင်း သတ်ပစ်မည်ဟု တွေးထားခဲ့သည့် နဂါးဘုရင် ပိုပါ့ထန်မှာ ၎င်းကို မြင်သည်နှင့် ခေတ္တမျှ အံ့သြမှင်သက်သွားသည်။

သူ့ရှေ့မှ လူ၏ ကျင့်ကြံခြင်းအဆင့်ကို ကြည့်ရသည်မှာ စိတ်စွမ်းအင် စုဆောင်းခြင်း အဆင့် ၉ ၌သာရှိသေးသည်ဟု ထင်ရ၏။

သို့သော် ထို ရွှေရောင်လက်ဝါးကြီးက ..

ဘာတွေ ဖြစ်နေပါသနည်း ။

သူ မည်သို့မှ မတုန့်ပြန်နိုင်ဘဲ မှင်သက်နေစဥ်မှာပင် လောထျန်းက သူ့မျက်နှာအား ရိုက်ချလိုက်တော့သည်။

လောထျန်းသည် မဟူရာလေပြင်းတောင်သို့ စဝင်လာကတည်းက ဒေါသကို မျိုသိပ်ထားခဲ့ရ၏။

အကြောင်းမဲ့ အစွမ်းအနိမ့်ဆုံးသူ ဟု အခေါ်ခံရသည်ကို မည်သူက လက်ခံနိုင်ပါမည်နည်း ။

သို့ဖြစ်ရာ သူ့ဒေါသများအားလုံးကို ထိုလက်ဝါးထဲတွင် ထည့်ကာ ရိုက်လိုက်သည်။

ဘုန်း  ..

ကျယ်လောင်သော အသံတစ်သံနှင့်အတူ နဂါးဘုရင်ကြီး ပိုပါ့ထန်မှာ မည်သို့ ဖြစ်ပျက်နေသည်ကို မသိလိုက်ခင်မှာပင် နေရာ၌ သေဆုံးသွားတော့၏။

ချက်ချင်းပင် အသားစများနှင့် သွေးစက်များ နေရာအနှံ့ ပြန့်ကျဲသွားသည် ။

ထိုအရာများအားလုံးကို မြင်လိုက်ရသော နတ်ဆိုးသုံးကောင်၏ မျက်လုံးခြောက်လုံးမှာ ပြူးကျယ်လွန်း၍ မျက်လုံးအိမ်ထဲမှ ထွက်ကျလုမတတ်ပင် ဖြစ်သွားသည်။

ဘာတွေ ဖြစ်နေပါသနည်း ...

နဂါးဘုရင်ကြီး ပိုပါ့ထန်သည် နဂါးအသွင် ပြောင်းထားသော ဧရာမ သားရဲကြီး တစ်ကောင်ဖြစ်ပါသည် ။

နတ်ဆိုးသားရဲများသည် ကောင်းကင်ဘုံပျက်စီးခြင်းကို ဖြတ်ကျော်ကာ တုကျဲ့အဆင့်သို့ ရောက်သွားသည်နှင့် နဂါးတစ်ကောင်အသွင် ပြောင်းနိုင်သည့် နတ်ဘုရားသားရဲများ ဖြစ်သွားကြ၏။

ယခု ထိုသို့ အစွမ်းထက်သော သားရဲတစ်ကောင်က တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်တဲ့လား .. ။

သူတို့ရှေ့တွင် ရှိနေသူမှာ လူသားတစ်ယောက်ပင် ဟုတ်ပါသေးရဲ့လား ..

" ဟင် .. သေသွားပြီလားဟ ။ စိတ်ပျက်ပါတယ်ကွာ .. အတွင်းအား ဆေးရည်ပဲ ရှာရုံပေါ့ "

လောထျန်းက နဂါးကြီး ပိုပါ့ထန်ဆီမှ အတွင်းအား ဆေးရည်ကို ချက်ချင်း စရှာလိုက်သည်။

သို့သော် ထိုအချိန်တွင် နဂါးကြီး၏ ခန္ဓာကိုယ်မှာ သူ့လက်ချက်ဖြင့် အစိတ်စိတ်အမွှာမွှာ ဖြစ်နေပြီဖြစ်ရာ ..

မည်သို့ ရှာရပါမည်နည်း ။

လောထျန်းက သူ့နောက်တွင် ရှိနေကြသည့် နတ်ဆိုးသုံးကောင်ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

" အင် .. "

နတ်ဆိုးသုံးကောင်မှာ လောထျန်း လာနေသည်ကို မြင်သည်နှင့် ကြောက်လွန်း၍ သေမတတ်ပင် ဖြစ်သွားကြသည်။

ထိုလူက တုကျဲ့အဆင့် အစွမ်းထက် သားရဲကြီးတစ်ကောင်ကို လက်ဝါးတစ်ချက်တည်းဖြင့် အသေသတ်လိုက်နိုင်သူ မဟုတ်ပါလား ။

" မင်းတို့သုံးယောက် ဒီကိုလာပြီး ဒီကောင်ကြီးဆီက အတွင်းအား ဆေးရည်ကို ကူရှာပေးကြဦး "

လောထျန်းက အေးစက်စက် ပြောလိုက်သည်။

" ဟုတ်ကဲ့ "

ထိုအချိန်မှသာ နတ်ဆိုးသုံးကောင် သက်ပြင်းချနိုင်သွား၏။

ထိုလူက သူတို့ကို ချက်ချင်း မသတ်လိုက်သည်ကပင် ကံကောင်းနေလေပြီ။

သူတို့သုံးယောက်က ချက်ချင်းပင် အတွင်းအား ဆေးရည်ကို ရှာပုံတော် ဖွင့်လိုက်ကြသည်။

မကြာမီအချိန်မှာပင် မြွေဖြူက ခေါင်းမော့၍ ပြောလာသည်။

" အ ..သခင်လေး ..ဒီကို ကြည့်ပါဦး "

သူက ပြောပြောဆိုဆိုပင် ခဲဖြူရောင် အရာတစ်ခုအား အမြီးဖြင့် ရစ်ပတ်လိုက်သည်။

လောထျန်း သူ့ဆီသို့ လျှောက်သွားလိုက်သည်။ သို့သော် သူ့ မျက်နှာ ချက်ချင်း သုန်မှုန်သွား၏။

ထိုအပိုင်းအစမှာ နဂါးဘုရင်၏ အတွင်းအား ဆေးရည်မှ အပိုင်းအစမှန်း သူသိလိုက်ရသောကြောင့်ပင် ။

သို့သော် အတွင်းအား ဆေးရည်၏ ကျန်အပိုင်းများကမူ ပျောက်ခြင်းမလှ ပျောက်နေလေပြီ။

" ငါ့အစွမ်းကို ကောင်းကောင်း မထိန်းချုပ်လိုက်မိတော့ ငါ့ရဲ့ အတွင်းအား ဆေးရည် ပျက်စီးသွားရပြီပေါ့ကွာ "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

သူသည် အတွင်းအား ဆေးရည်ကို မပျက်မစီး ယူရန် တွေးထားခဲ့သော်လည်း .. ယခုတွင်မူ ..

စိတ်စွမ်းအင်များ ပျောက်ကွယ်နေပြီဖြစ်သည့် ထိုအပိုင်းအစလေးက တုကျဲ့အဆင့် သားရဲတစ်ကောင်ထံမှ ရခဲ့သည်ဆိုလျင် သူ့ကို မည်သူက ယုံပါမည်နည်း ။

" နဂါးစုတ် နဂါးပဲ့ ၊ ဒီလောက် အစွမ်းနိမ့်နေသေးရင်လဲ ဘာလို့ ထွက်လာတာလဲ "

လောထျန်းက ဒေါသတကြီး ဆဲရေးလိုက်သည်။

သူ့အနီးတွင် ရှိနေသည့် နတ်ဆိုးသုံးကောင်မှာ မည်သို့မှ မပြောနိုင်ဘဲ ဆွံ့အသွားပြန်၏။

နဂါးဘုရင်ကြီး ပိုင်ပါ့ထန်က အစွမ်းနိမ့်တယ် တဲ့လား ...

သို့သော် သူက အစွမ်းနိမ့်သူတစ်ယောက် လုံးဝ မဟုတ်ပါချေ ။

ကျင့်ကြံခြင်းအဆင့် တူလျှင်ပင် နတ်ဘုရားသားရဲတစ်ကောင်၏ အစွမ်းက ကျန်သားရဲများသာမက လူသားများထက်ပင် ပိုအစွမ်းထက်ပါသည်။

သဘောတရားအရ ဆိုရလျှင် အကယ်၍ နဂါးဘုရင်နှင့် ထျန်းရှန့်နိုင်ငံမှ လူများသာ တစ်ဦးချင်း မျက်နှာချင်းဆိုင် တိုက်ခိုက်ပါက သူ့အား မည်သူကမှ အနိုင်တိုက်နိုင်ကြမည် မဟုတ်ပါ ။

သို့သော် ယခု သူက လောထျန်း၏ အသေရိုက်သတ်ခြင်းကို ခံခဲ့ရလေပြီ ။

ထိုမျှမက လောထျန်းက သူ့အား အစွမ်းနိမ့်လွန်းသည်ဟုပင် ဆူလိုက်သေး၏။

အမှန်တွင်မူ သူက အစွမ်းနိမ့်ခြင်း မဟုတ်ဘဲ လောထျန်းကသာ များစွာ ပို၍ အစွမ်းထက်နေသောကြောင့်ဖြစ်သည် ။

" အင်း ..ဒီ အတွင်းအား ဆေးရည်ကိုတော့ သုံးမရတော့ဘူး "

လောထျန်း တစ်ကိုယ်တည်း ရေရွတ်နေရင်း နတ်ဆိုးသုံးကောင် ရှိရာဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

ထိုအကြည့်တွင် အဓိပ္ပါယ်များစွာ ပါဝင်နေ၏။

နတ်ဆိုးသုံးကောင်မှာ ကြောက်လွန်း၍ မေ့လဲကျလုမတတ်ပင် ။

သူတို့ ထိုနေရာမှ အမြန်ဆုံး ထွက်​ပြေးချင်နေသော်လည်း သူတို့၏ ခန္ဓာကိုယ်များက အမိန့်ကို မနာခံဘဲ နေရာမှ မရွှေ့နိုင် ဖြစ်နေသည် ။

သို့သော် ကံကောင်းစွာပင် .. လောထျန်းက ခေါင်းယမ်း၍ ပြောလာ၏။

" အစွမ်းနိမ့်လွန်းတယ် .. ပျင်းစရာကြီး "

နတ်ဆိုးသုံးကောင်မှာ ထိုအချိန်မှသာ သက်ပြင်း ချနိုင်သွားကြသည်။

အကယ်၍ လောထျန်းသာ သူတို့ကို သတ်ချင်ပါက သူတို့သုံးယောက်မှာ ယခုဆိုလျှင် ငရဲတခါးဝသို့ပင် ရောက်နေလောက်လေပြီ ။

ထိုအချိန်တွင် လောထျန်းက တစ်စုံတစ်ခုကို စဥ်းစားမိသွား၏။

" မင်းတို့သုံးကောင်က ဒီတောင်မှာ နေကြတဲ့ သားရဲတွေ မဟုတ်လား "

သူက မေးလိုက်သည်။

" အ ..ဟုတ်ပါတယ် "

နတ်ဆိုးသုံးကောင် တစ်ပြိုင်နက်တည်းခေါင်းညိတ်ပြလိုက်ကြသည်။

" ဒါဆိုရင် စိတ်စွမ်းအင် ဆေးလုံးတို့ ၊ စိတ်စွမ်းအင် သတ္ထုရိုင်းတို့ကို ဘယ်မှာရှာရမလဲ သိကြလား "

လောထျန်း ဆက်မေးလိုက်၏။

" ဟုတ် .. ဟုတ်ကဲ့ ၊ သိတာပေါ့ဗျာ ။ ကျုပ် သိပါတယ် "

မြွေဖြူက မြန်မြန် ပြန်ဖြေသည်။

လောထျန်း သူတို့ကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီလေ၊ ဒါဆို မင်းတို့တွေကို အချိန် တစ်နာရီခွဲပေးမယ် ။ ဒီအချိန်အတွင်းမှာ စိတ်စွမ်းအင် သတ္ထုရိုင်းတွေနဲ့ ဆေးလုံးတွေ များနိုင်သမျှ များများသာ ရှာလာခဲ့ကြ။ မရှာနိုင်လို့ကတော့ ဘာဆက်ဖြစ်မလဲ မင်းတို့ သိမှာပါ "

" ဟုတ်ကဲ့ ၊ သိပါတယ် "

နတ်ဆိုးသုံးကောင်က ချက်ချင်း ပြန်ပြောလိုက်ကြသည်။

ထို့နောက်တွင်မူ နတ်ဆိုးသုံးကောင်မှာ အသက်ဘေးမှ လွတ်အောင် ပြေးနေသည့်အလား ဝုန်းခနဲ ပြေးသွားကြ၏။

သူတို့သုံးကောင်သည် နောက်တွင် ကျန်နေခဲ့သော လောထျန်း၏ ပုံရိပ်ကို မမြင်ရတော့မှသာ ရပ်လိုက်ကြသည်။

" မင်းတို့ နှစ်ယောက် အဆင်ပြေကြရဲ့လား "

ကျားကြီး ဟိုင်ဟူက နောက်လှည့်ကာ မေးလိုက်သည်။ ထိုအချိန်အထိ သူ့တစ်ကိုယ်လုံး တုန်ယင်နေဆဲပင်။

" ငါက သေပြီတောင် ထင်နေတာကွာ ။ ဒီလူက လူသားရော ဟုတ်ရဲ့လား ။ ဘာလို့ ဒီလောက်အစွမ်းထက်နေရတာလဲ "

မြွေဖြူက မျက်ရည်များကို သတ်ရင်း ပြော၏။

" မင်းတို့နှစ်ကောင်လုံး အခုလောလောဆယ် သူ ဘယ်သူလဲဆိုတာကို စိတ်ပူရမှာ မဟုတ်ဘူး။ ငါတို့တွေ အခု ဘာဆက်လုပ်မလဲ ဆိုတာပဲ စဥ်းစားရမှာ ""

ငှက်ကြီး ဟောင်မင်က စိုးရိမ်တကြီး ပြောလိုက်သည်။

ဟိုင်ဟူက ပြန်​ရန်တွေ့၏။

" တခြား ဘာလုပ်လို့ ရမှာလဲကွ ။ သူ ခိုင်းတဲ့အတိုင်း လုပ်ရုံပဲပေါ့ ။ ဒါပေမယ့် ဒီလောက်အချိန်တိုလေးအတွင်းမှာ ငါတို့သုံးယောက်တည်းနဲ့တော့ ဆေးလုံးနဲ့ စိတ်စွမ်းအင် သတ္ထုရိုင်းတွေ များများ ရနိုင်မှာ မဟုတ်ဘူး "

မြွေဖြူကလည်း ဝင်ပြောသည်။

" ဒါက လွယ်ပါတယ်ကွာ ။ တောင်မှာရှိတဲ့ သားရဲတွေအားလုံးကို ခေါ်ပြီး အတူတူ ရှာခိုင်းကြတာပေါ့ "

" ဒီအကြံကောင်းတယ်ကွ ၊ အဲ့လိုပဲ လုပ်ကြမယ်။ ဒီတောင်တန်း တစ်ခုလုံးမှာရှိတဲ့ သားရဲ တစ်သိန်းကို စုပြီး ရှာခိုင်းကြမယ် "

ဟောင်မင်က ပြောလိုက်သည်။

ထိုစဥ် ဟိုင်ဟူက တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားဟန်ဖြင့် ပြော၏။

" ခဏလေးနေဦး ၊ နောက်ထပ် သတိထားရမယ့် ကိစ္စတစ်ခု ရှိသေးတယ်ကွ ။ မင်းတို့လက်အောက်က ကောင်တွေကို လူသားတွေကို မသတ်ကြဖို့ မှာလိုက်ဦး "

မြွေဖြူကလည်း ချက်ချင်း ထောက်ခံသည်။

" ဟုတ်တယ် ၊ ဟိုလူကလဲ လူသားတစ်ယောက်ပဲ ။ တကယ်လို့ သူသာ ဒီ ထျန်းရှန့်ပြိုင်ပွဲဝင်တွေနဲ့ တစ်အုပ်စုတည်းဆိုရင် သူ့အပေါင်းအပါတွေကို သတ်လိုက်မိတာနဲ့ ငါတို့ ဒုက္ခကြီးကြီး ရောက်သွားလိမ့်မယ်ကွ ။ ငါ့ ကောင်တွေကိုလဲ လူသားတွေဆီက ပစ္စည်းလုလို့ ရပေမယ့် သတ်လို့ မရဘူးဆိုတာ သေချာမှာလိုက်မယ် "

" ဟုတ်တယ် "

နတ်ဆိုးသုံးကောင်က ဆုံးဖြတ်ချက်ချကာ ချက်ချင်း နေရာအသီးသီးသို့ ထွက်သွားလိုက်ကြသည်။

ထိုအချိန် တောနက်တစ်နေရာတွင် .. လောထျန်းက အပြာရောင် ကျောက်တုံးတစ်ခုဘေး၌ ပျင်းရိစွာ အကြောဆန့်နေ၏။

" အင်း .. ဒီကောင်တွေကို ခိုင်းလိုက်ပြီဆိုတော့ ငါကိုယ်တိုင် သွားရှာနေစရာ မလိုတော့ဘူး။ အခု တစ်နာရီခွဲလောက် အချိန်ရသေးတယ် ။ အရင်ဆုံး တစ်မှေးလောက် အိပ်လိုက်ပါမယ်လေ "

သူက ထိုသို့ပြောပြီးသည်နှင့် ဧရာမ အပြာရောင်ကျောက်တုံးကြီး တစ်ခုပေါ်တွင် လှဲချလိုက်သည်။ မကြာမီ သူ့ထံမှ ဟောက်သံတိုးတိုး ထွက်လာ၏။

ထိုစဥ် မဟူရာလေပြင်း တောင်၏ အပြင်ဘက်တွင် လူရိပ်တစ်ခု တဟုန်ထိုး ရောက်လာသည်။

All Chapters