← Chapters

သူတို့ကို နင်းခြေပစ်လိုက်

Vol. 47 Ch. 692

သူတို့ကို နင်းခြေပစ်လိုက်

Vol. 47 Ch. 692

ထိုနေ့ညတွင် Masked Singers ၏ ရေပန်းစားမှုက တစ်ဟုန်ထိုး တက်သွားခဲ့သည်။

ရဲ့လင်းချန်၏ ကွမ်တုန်းက အချစ်ဇာတ်လမ်း သီချင်းသည် ရေပန်းစားမှု စာရင်း၏ နံပါတ်လေး နေရာသို့ ချက်ချင်း ရောက်သွားခဲ့သည်။ ထိပ်ဆုံး သုံးခုမှာမူ … ငပျော့ကောင် သုံးယောက် သီဆိုသော သီချင်းများပင် ဖြစ်လေတော့သည်။

ဤသည်ကို ကြည့်ပြီး ရဲ့လင်းချန်က ပြုံးရုံသာပြုံး၍ လျစ်လျူရှုထားခဲ့သည်။

ထို့အပြင် သူသည် အနုပညာရှင်များစွာထံမှ သီးသန့်စာများစွာကိုလည်း လက်ခံရရှိခဲ့သည်။

[ရှောင်တုန်း: ငါ ဒီပွဲမှာ မပါခဲ့ရတာ ဆိုးတာပဲ၊ မဟုတ်ရင် ငါ အဆုံးထိ တိုက်ပွဲဝင်မှာ၊ ဒီတစ်ခေါက် ဒီအရေးကြီးတဲ့ တာဝန်ကို မင်း ယူရလိမ့်မယ်၊ သူတို့က ငပျော့ကောင်တွေ ဖြစ်နေလဲ ဘာအရေးလဲ၊ ငါတို့ဂီတက ဒီလူတွေ နင်းခြေတာကို ခံလို့မရဘူး]

[Asa: မစ္စတာ စူပါမန်း၊ မင်း ဘယ်သူလဲဆိုတာကို ငါ မသိပင်မယ့် … ကျေးဇူးပြုပြီး အကောင်းဆုံး ကြိုးစားပေးပါ]

[တမို: ရှေ့မျိုးဆက်နဲ့ နောက်မျိုးဆက်ရဲ့ အဆိုတော်တွေအတွက် သူတို့ကို အနိုင်ယူပေးပါ]

သူ့ကို စာပို့လာသည့် သူများတွင် ရှေ့မျိုးဆက်များမှ အဆိုတော်များလဲ ပါသလို ဂီတကို ရူးသွပ်သည့်သူများလည်း ပါဝင်သည်။ သူတို့သည် ဂီတကို ချစ်ခင်မြတ်နိုးပြီး ထိုသို့သော အဖြစ်အပျက်မျိုး သူတို့ထံတွင်လည်း ဖြစ်လာမည်ကို စိုးရွံ့နေကြသည်။

ဘယ်လိုလုပ် ငပျော့ကောင်တွေကို သူတို့ စော်ကားခွင့် ပေးနိုင်မည်နည်း။ ဘယ်လိုတောင် တော်နေလို့လဲ။

ရဲ့လင်းချန်သည် သူတို့အားလုံး၏ စာကို ဖတ်ရန် ပျင်းရိနေခဲ့သည်။

စိုးရိမ်တုန်လှုပ်ခြင်း၊ မျှော်လင့်အားကိုးခြင်း။

သူ ဘာကိုမှ မခံစားမိပါ။ သူ အနည်းငယ်သော စိတ်လှုပ်ရှားမှုကိုသာ ခံစားနေရသည်။

*ငပျော့ကောင်လား၊ ငါ သူတို့ကို နင်းခြေပစ်မယ်*

နောက်တစ်နေ့တွင် Masked Singers ၏ နောက်ဆုံးပွဲစဉ် စတင်လေသည်။

ယခုတစ်ခေါက်တွင် ကြည့်ရှုသူ အရေအတွက်က သိသိသာသာ တိုးလာခဲ့သည်။ တိုက်ရိုက် ထုတ်လွှင့်မှုတွင်လည်း ကြည့်ရှုသူများက အပြည့်ပင်။

[ဒီပွဲက ဘယ်တော့ စမှာလဲ, ငါ ထပ်မစောင့်နိုင်ဘူး]

[နောက်တစ်နာရီ လိုသေးတယ်၊ ငါ စိတ်မရှည်တော့ဘူး]

[ဘယ်သူက အရင်ဆုံး ဖျော်ဖြေမလဲ ငါ သိချင်လိုက်တာ]

[ဟားဟားဟား … ငါ နောက်ဆုံးတော့ ငါ့ထောင်ထောင်လေးကို တွေ့ရပြီ၊ သူ ပထမရမှာ ကျိန်းသေတယ်]

[အဓိပ္ပာယ် မရှိလိုက်တာ၊ သေချာပေါက် ငါ့ဟွမ်ရှင်းလေး ရမှာ၊ သူ နိုင်မှာ သေချာတယ်]

[ပင်းပင်းက အတော်ဆုံးဟဲ့]

[ငါတော့ စူပါမန်းရဲ့ ဖျော်ဖြေမှုကိုပဲ စောင့်နေတာ]

[ဘာတွေ မျှော်လင့်စရာ ရှိလို့လဲ၊ သူက အရင်ဆုံး အဖြုတ်ခံရမှာ သေချာနေတာကြီးကို]

…

Masked Singers အစီအစဉ်အား တိုက်ရိုက် ထုတ်လွှင့်ရန် တစ်နာရီသာ လိုတော့သည်။

စင်မြင့်အား မြန်မြန်ဆန်ဆန် ပြင်ဆင်နေကြသည်။ လူတိုင်း ကိုယ့်နေရာကိုယ် ယူနေကြပြီး ဒါရိုက်တာက ထပ်ခါ တလဲလဲ စစ်ဆေးနေ၏။ သူတို့အားလုံး စိုးရိမ်ပူပန်နေလေသည်။

ပြိုင်ပွဲဝင်များအားလုံး အသင့်ပြင်ထားကြသည်။

ရဲ့လင်းချန်သည် နားနေခန်း၌ စောင့်နေပြီး သူ့ပြိုင်ပွဲ‌နေ့ မဟုတ်သကဲ့သို့ အေးအေးလူလူ လဲလျောင်းနေ၏။ သူတို့အားလုံးထဲတွင် သူက စိတ်အေးလက်အေး အရှိဆုံး ဖြစ်သည်။

သူ့ဘေး၌ စိုးရိမ်ပူပန်နေသော ဆုမို ရှိနေသည်။

*ဒီနေ့ ဘယ်လို ရက်စက်တဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို ရှင် မေ့နေတာလား*

သို့သော် သူမသည် ရဲ့လင်းချန်ကို အရမ်း မနှောင့်ယှက်ချေ။ ထိုအစား သူမက သူ့အား သတိသာပေးနိုင်သည်။

“ပွဲက စတော့မယ်နော်၊ ပြိုင်ပွဲဝင် နံပါတ်အစဉ်အလိုက်ကို မဲနှိုက်ရလိမ့်မယ်”

ရဲ့လင်းချန်က ခပ်အေးအေး ခေါင်းညိတ်လိုက်သည်။

“အင်း ငါ နားလည်ပြီ”

လူတိုင်း စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေချိန်တွင် ပွဲစရန် နီးကပ်လာလေပြီ။

“သုံး၊ နှစ်၊ တစ်”

တိုက်ရိုက် ထုတ်လွှင့်မှု စတင်လေပြီ။

အစီအစဉ် တင်ဆက်သူ လော့စီစီသည် စင်ပေါ်သို့ ကြော့မော့စွာ တက်လာပြီး အပြုံးနှင့် စကားစလာသည်။

“အားလုံးပဲ မင်္ဂလာပါ၊ Masked Singers ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ကြည့်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒီနေ့ ကျွန်မတို့ Masked Singers ရဲ့ အနိုင်ရရှိသူအတွက် နောက်ဆုံးပွဲစဉ် စတင်မှာ ဖြစ်ပါတယ်၊ သူတို့ လေးယောက် လုံးက နာမည်ကြီးပါတယ်။ ဒီနေ့ ဘယ်သူက အနိုင်ရရှိမလဲဆိုတာကို သိဖို့အတွက် သူတို့က စင်မြင့်ပေါ်မှာ အတူတူ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်”

“ကျွန်မတို့ရဲ့ ပွဲကြည့် ပရိသတ်တွေနဲ့ တိုက်ရိုက် ထုတ်လွှင့်မှုထဲက ကြည့်ရှုသူတွေ စိတ်မရှည်ကြတော့ဘူးလို့ ထင်ပါတယ်၊ ပြိုင်ပွဲ စတင်ဖို့ ဆယ်မိနစ်တောင် မလိုတော့ပါဘူးနော်၊ အခုအချိန်က မဲနှိုက်ရမယ့် အချိန်ပါ။ ကျွန်မနဲ့အတူ စင်နောက်ကို လိုက်ခဲ့ပြီး မဲနှိုက်တာကို ကြည့်လိုက်ကြရအောင်၊ ဘယ်သူကများ စင်ပေါ်ကို ပထမဆုံး တက်ရမလဲ၊ ကြည့်လိုက်ရအောင်နော်”

စင်နောက်၌ စုစုပေါင်း အခန်း လေးခန်း ရှိသည်။ ရဲ့လင်းချန်၊ ဟွမ်ရှင်း၊ ကျန်းထောင်နှင့် ပင်းပင်း။

လော့စီစီက ရဲ့လင်းချန်၏ အခန်းဘက်သို့ စိတ်လှုပ်ရှားစွာ လျှောက်လှမ်း၍ ပြောသည်။

“အခုချိန်အထိ မစ္စတာ စူပါမန်းရဲ့ နောက်ခံက ဆန်းကြယ်နေတုန်းပါပဲ၊ လူတိုင်းက သူ ဘယ်သူလဲဆိုတာကို အပြင်းအထန် ဆွေးနွေးပြီး ခန့်မှန်းချက်မျိုးစုံ ထွက်နေတုန်းပါ၊ အခု သူ့ကို အင်တာဗျူးကို ကျွန်မ အားလုံးကို ခေါ်သွားပါမယ်”

“ဒေါက် ဒေါက် ဒေါက်”

ရဲ့လင်းချန်က တံခါးခေါက်သံ ကြားပြီး လှမ်းပြောလိုက်သည်။

“ဝင်လာခဲ့ပါ”

လော့စီစီက ဂရုတစိုက် ဝင်သွားပြီး မေးလိုက်သည်။

“မစ္စတာ စူပါမန်း၊ ပြိုင်ပွဲက စတော့မယ်နော်၊ ရှင် ပြင်ဆင်ထားတာကရော အခြေအနေ ဘယ်လို ရှိလဲ”

“ငါ အချိန်မရွေး စနိုင်ပါတယ်”

“မစ္စတာ စူပါမန်းက ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး တော်တော်လေးကို ယုံကြည်မှု ရှိတယ်နဲ့ တူတယ်”

“ကျွန်တော့် ဖျော်ဖြေမှုကိုသာ စောင့်ကြည့်လိုက်ပါ”

ရဲ့လင်းချန်၏ အဖြေက ပုံမှန်ပင် ဖြစ်သည်။ ထို့နောက် လော့စီစီက အခန်းထဲမှ ထွက်သွားပြီး အခြား ပြိုင်ပွဲဝင် သုံးယောက်ကို အင်တာဗျူးရန် သွားလေသည်။

ရဲ့လင်းချန်၏ အဖြေနှင့် ခြားနားစွာပင် သူတို့ သုံးယောက်က သူတို့၏ စိတ်ဆန္ဒကို ဖော်ပြကြပြီး ချန်ပီယံဆု ရရန် ဆုံးဖြတ်ထားကြောင်း ပြောကြသည်။ သူတို့သည် ဖန်သားပြင်မှ ကြည့်နေသည့် ပရိသတ်များကိုပင် အားပေးရန် ပြောလာကြသည်။

တိုက်ရိုက် ထုတ်လွှင့်မှု၌:

[အား … ရလဒ်တွေ ထွက်လာပြီ]

[ဘယ်သူ အရင်ဆုံး ဆိုရမှာလဲ]

[သေစမ်း၊ ထောင်ထောင်က အရင်ဆုံးပဲ]

[ဟားဟားဟား … ဟွမ်ရှင်းက ဒုတိယ]

[ပင်းပင်းက တော်တော်လေး ကံကောင်းလို့ တတိယ ရောက်တာ]

[ဒါဆို စူပါမန်းက နောက်ဆုံးပေါ့]

[စပဲ စလိုက်ပါတော့၊ ငါ့မဲကို ဟွမ်ရှင်းအတွက် စုထားတာ]

[လခွမ်း … ပြိုင်ပွဲက စတောင် မစသေးဘူး]

[မစသေးတော့ ဘာဖြစ်လဲ၊ ငါ့မဲနဲ့ ဘာလုပ်ရမလဲဆိုတာ ငါ ဆုံးဖြတ်ပြီးပြီ၊ ငါ့သူငယ်ချင်းတွေကိုတောင် ငါနဲ့အတူ မဲပေးပေးဖို့ ပြောထားပြီးပြီ]

…

ယခင် ပွဲစဉ်မှ အဖြုတ်ခံလိုက်ရသည့် အနုပညာရှင်များသည်လည်း စင်ပေါ်၌ အထူးဧည့်သည်တော်များအဖြစ် ရှိနေကြသည်။

ဆရာလော: “စူပါမန်းရဲ့ကံက တော်တော်လေး ကောင်းတာပဲ၊ စင်ပေါ်ကို နောက်ဆုံးမှ တက်ရတဲ့ တစ်ယောက်က အားသာချက်အချို့ ရှိတယ်”

ဆရာထန့်က မျက်မှောင်ကြုတ်နေသည်။

“အဲ့လောက်လဲ အသုံးချစရာ မရှိပါဘူး”

ယွီမောင် (Feather): “ဟုတ်တယ်၊ ဒီတစ်ခေါက် သူ ဘာသီချင်းဆိုမလဲ ဆိုတာ ကျွန်မ သိချင်မိတယ်”

ထိုအချိန်တွင် ဆုမိုသည် ချွေးစို့နေသော လက်နှစ်ဖက်ကို ပွတ်၍ စင်အနောက်၌ စိုးရိမ်ပူပန်စွာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။

သူတို့ မဲနှိုက်ပြီးသောအခါ ပြိုင်ပွဲစတင်မည့်အချိန် ပိုနီးလာသည်။

မီးများ လင်းလာပြီး နောက်ခံတေးဂီတ သီချင်းသံ စတင် ထွက်ပေါ်လာသည်။ လူတိုင်း စင်ပေါ်သို့ အာရုံရောက် လာပြီး ဝန်ထမ်းများက ကိုယ့်နေရာကိုယ် ယူကြသည်။

တစ်ချိန်တည်းမှာပင် Weibo၊ Jinri Toutiao၊ WeChat Moments နှင့် Tieba တွင် Masked Singers နှင့် ပတ်သက်သော ပို့စ်များ ပလူပျံနေ၏။

အစီအစဉ်၏ ကျော်ကြားမှုက ပိုပို၍ ကြီးလာပြီး တိုက်ရိုက်ထုတ်လွှင့်မှုတွင် လူပိုပို၍ ဝင်ကြည့်လာကြသည်။ ဆွေးနွေးပြောဆိုသံများ များလာသဖြင့် တိုက်ရိုက် ထုတ်လွှင့်မှုတွင် မှတ်ချက်များ ပြည့်နေသည်။ ပြိုင်ပွဲ ကျင်းပရာ ခန်းမ၌ အားပေးသံများနှင့် အော်ဟစ်သံများ ပြည့်နေ၏။

နောက်ဆုံးတွင် မီးရောင်များ စပြောင်းလာသည်။

“လာပြီ၊ စနေပြီ”

“အား … ထောင်ထောင်၊ ရှင် လုပ်နိုင်တယ် ထောင်ထောင်”

“ထောင်ထောင်ကို အားပေးကြ”

“သူက သိပ်ချောတာပဲ”

ကျန်းထောင်၏ ပရိသတ်များက လက်ကိုမြှောက်၍ အားပေးကြသဖြင့် သူတို့လက်ထဲမှ light stick များက လှိုင်းသဖွယ် လှုပ်ရှားနေ၏။

ကျန်းထောင်သည် ပထမဆုံး ဖြစ်သဖြင့် စင်ပေါ်သို့ အေးအေးလူလူ လျှောက်လာကာ တံခါးပွင့်သွားသည်နှင့် ပရိသတ်များက အသည်းအသန် အော်ဟစ်ကြသည်။

ပြိုင်ပွဲ စတင်လေပြီ။

လက်ခုပ်သံများ ကြားမှာပင် သီချင်းသံ ထွက်ပေါ်လာသည်။

ယခင်ကဲ့သို့ rock and roll တေးသံ ထွက်လာလေသည်။

ကျန်းထောင်က မိုက်ကို ကိုင်၍ လှမ်းကြည့်လာသည်။ ထို့နောက် သူက ခေါင်းမော့၍ ရုတ်တရက် အော်ဟစ်လာသည်။

“ငါက လန်ထောင်လို့ပြောရင် မင်းတို့က ရို့လို့ ပြောပေး”

“ငါက လန်ထောင်လို့ပြောရင် မင်းတို့က ရို့လို့ ပြောပေး”

“ငါက လန်ထောင်လို့ပြောရင် မင်းတို့က ရို့လို့ ပြောပေး”

“အားလုံး အတူတူ”

“လန်ထောင်”

ထို့နောက် ကျန်းထောင်က မိုက်ခ်ကို ပရိသတ်ဘက်သို့ ထိုးပေးသည်။

“ရို့”

“လန်ထောင်”

“ရို့”

….

လူတော်တော်များများက ပျော်ရွှင်စွာ အဆုတ်ကွဲမတတ် အော်ဟစ်နေကြသည်။ မိန်းကလေး အချို့ဆိုလျင် အသံများ ပြာအက်သည်အထိ အော်ဟစ်ကာ ငိုပင်ငိုနေကြသည်။

အွန်လိုင်းပေါ်၌။

[အားလုံးပဲ၊ မဲပေးလိုက်ရအောင်]

[ကိုယ် အားပေးကြောင်း ပြပေးကြပါ]

[ဝိုး … ထောင်ထောင်က တကယ်ကို သိပ်ချောတာပဲ၊ သူ သီချင်းဆိုတာလဲ သိပ်ကောင်းတယ်]

[ရို့ ရို့ ရို့ … မိုက်တယ်]

ရဲ့လင်းချန်သည် ထိုလူများ တက်ကြွနေသည်ကို တီဗွီမှတစ်ဆင့် ကြည့်နေသည်။ မှန်ပေသည်။ သူတို့ တက်ကြွ နေကြသည်။ ယင်းက သီချင်းဆိုနေခြင်းပင် မဟုတ်ချေ။ အနုပညာရှင်နှင့် သူ၏ အရူးအမူး ကြိုက်နေသော ပရိသတ်များ၏ ပါတီတစ်ခု သက်သက်သာ ဖြစ်ပေသည်။

*ဒါ ငပျော့ကောင်ရဲ့ လွှမ်းမိုးမှုလား*

*နည်းနည်း‌တော့ ရယ်စရာ ကောင်းတယ် မဟုတ်လား*

All Chapters