← Chapters

ဝမ်လင်း၏ မဟာကယ်မခြင်းတာအို

Vol. 78 Ch. 1158

ဝမ်လင်း၏ မဟာကယ်မခြင်းတာအို

Vol. 78 Ch. 1158

ရင်းနှီးသော အခြေအနေတစ်ခုဖြစ်သည့် သေဆုံးသူတစ်ယောက် ပြန်လည်ရှင်သန်လာသည့် အခြေအနေသည် ၀မ်လင်း၏ ခန့်မှန်းချက်ကို အတိပြုပေးခဲ့သည်။

ဥက္ကဌပိုင်၏သား ပိုင်ယိုချွမ်ဖြစ်စေ၊ ဥက္ကဌချီက နဂါးကိုးကောင်ဘုံကျောင်းတွင် ဖမ်းဆီးရမိခဲ့သည့် အိပ်မက်ဆိုးဖြစ်စေ၊ ၎င်းတို့၏နောက်ကွယ်မှ ကြိုးကိုင်နေသူသည် တစ်ယောက်တည်းသာ ဖြစ်သည်။

ကံကြမ္မာတာအို၏ နက်နဲသောအမှန်တရားသည် သေခြင်းရှင်ခြင်းကို ထိန်းချုပ်ကာ လူတစ်ယောက်၏ ကံကြမ္မာကိုပြောင်းလဲရန် ဖြစ်သည်။

ဤသည်က ရိုးရှင်းသည့် ရှင်သန်ထမြောက်ခြင်း မန္တန်တစ်ခုမဟုတ်ပေ။

နောက်ကွယ်မှ ကြိုးကိုင်သူသည် ရှားလီရှင်းကို ပြန်လည်ရှင်သန်လာစေခဲ့သည်။

ဆိုရလျှင် ကံကြမ္မာတာအို၏ စွမ်းအားသည် ထိုကဲ့သို့သောအခိုက်အတန့်တွင် အပြိုင်ကမ္ဘာများတွင်ရှိသည့် ရှားလီရှင်းများထဲမှ မည်သူ့ကိုမဆို ၎င်း၏အစားထိုးအဖြစ် သေဆုံးနိုင်အောင် စီစဥ်ပေးနိုင်သည်။

ထို့ကြောင့် ပုံမှန်မဟာတာအိုများသည် ရှားလီရှင်းပေါ်တွင် လုံး၀ အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ပေ။

သို့သော်လည်း ဤမဟာကယ်မခြင်းတာအိုကမူ ကွဲပြား၏။

ဤသည်က ၀မ်လင်း၏ မဟာတာအို သုံးသောင်းထဲတွင် ထိပ်တန်းမဟာတာအို ဆယ်ခုထဲမှ တစ်ခု ဖြစ်သည်။

မည်မျှဆိုးယုတ်သည့် ၀ိညာဥ်ဖြစ်စေ၊ မဟာကယ်မခြင်းတာအို၏ အကျိုးသက်ရောက်မှုအောက်တွင် ဘာမှအသုံးကျမည် မဟုတ်တော့ပေ။

ဆိုလိုသည်မှာ ရှားလီရှင်းက ကံကြမ္မာတာအိုကြောင့် အကြိမ်ရေမည်မျှ ပြန်လည် ရှင်သန်လာသည်ဖြစ်စေ၊ မဟာကယ်မခြင်း တာအို၏ စွမ်းအားသည် ၀မ်လင်းက ရှားလီရှင်းအပေါ် မရုတ်သိမ်းသ၍ အမြဲတည်ရှိနေမည် ဖြစ်သည်။

ထို့ကြောင့် ရှားလီရှင်းသည် ၀မ်လင်း၏ရှေ့တွင် ရှင်သန်ထမြောက်လိုက် ပြန်လည်သေဆုံးလိုက်ဖြင့် ထိုင်ထလုပ်နေသလို မြင်ကွင်းကို ပြသနေခဲ့သည်။

နောက်ကွယ်မှ အဓိကကြိုးကိုင်သူသည် ရှားလီရှင်းကိုကံကြမ္မာတာအို မည်မျှအထိ ခွဲဝေပေးထားမှန်း ၀မ်လင်းမသိပေ။

အကယ်၍ ရှားလီရှင်းကို ပိုင်ယိုချွမ်ကဲ့သို့ တစ်ရာသာ ပေးထားမည်ဆိုလျှင် ရှားလီရှင်းသည် အကြိမ်တစ်ရာ သေရမည်ဖြစ်သည်။

အကယ်၍ သုံးထောင်ဆိုလျှင် ရှားလီရှင်းသည် အကြိမ်ပေါင်းသုံးထောင် သေရပေလိမ့်မည်။

သို့သော် ပိုင်ယိုချွမ်သည် လူသားမိစ္ဆာရှားလီရှင်း နှင့် နှိုင်းယှဥ်လျှင် ပို၍ မိုက်မဲသည်ဟု ဆိုရမည်။

သူက ကံကြမ္မာတာအိုစွမ်းအားဖြင့် အပြိုင်ကမ္ဘာက ပိုင်ယိုချွမ် အယောက်တစ်ရာ၏ စွမ်းအားကို ပေါင်းစပ်ကာ ၀မ်လင်းကို အနိုင်ယူနိုင်မည်ဟု ထင်နေခဲ့သည်။

ပိုင်ယိုချွမ်က အရမ်းနုသေးသည်ဟု ၀မ်လင်း ခံစားခဲ့ရသည်။

ကျုံးရီ၏ပြောစကားအရ ပိုင်ယိုချွမ်သည် ယခုအချိန်ထိ သူ၏ ပါးစပ်ကို ခိုင်မာစွာ ရေငုံနှုတ်ပိတ်နေဆဲ ဖြစ်သည်။

သူသည် ထိုအချိန်က အင်မော်တယ်ရှဲဖီ ခံစားခဲ့ရသည့် လဲ့ဖုန်း ဘုရားကျောင်းတွင် တူညီသော ညှင်းပန်းမှုကို ခံနေရပြီး ၀န်ခံသည်အထိ နေ့စဥ်ခေါင်းကို လျှပ်စီးဖြင့် အပြစ်ပေးခံနေရ၏။

တစ်မိနစ်အကြာတွင် ၀မ်လင်း၏ မဟာကယ်မခြင်း တာအိုအောက်၌ ရှားလီရှင်းသည် အကြိမ်ပေါင်း၆၀၀ နီးပါး ထိုင်ထလုပ်ပြီးနောက် အဆုံးသတ်တွင် ကောင်းမွန်စွာ သေဆုံးသွားခဲ့သည်။

ရှားလီရှင်း၏ ပျမ်းမျှသေဆုံးမှုအကြိမ်ရေ ၀.၁စက္ကန့်တိုင်းကို မှတ်တမ်းတင်ထားမည် ဆိုလျှင် ကျင့်ကြံခြင်းလောက၏ ကမ္ဘာ့စံချိန် အသစ်ပင် ဖြစ်သွားပေလိမ့်မည်။

ကံမကောင်းစွာဖြင့် ဤမြင်ကွင်းကို သက်သေခံရန် အနားတွင် မည်သူမှ ရှိမနေခဲ့ပေ။

၀မ်လင်းက ပိုပြီး လုံခြုံစိတ်ချရအောင် သီးခြားနေရာ တစ်ခုတွင် မဟာကယ်မခြင်း တာအိုကို အသုံးပြုခဲ့သောကြောင့် ထိုအဖြစ်အပျက်များကို မည်သူ တစ်ဦးတစ်ယောက်မှ မမြင်လိုက်ရပေ။

၀မ်လင်းသည် ရှားလီရှင်းကို ဖယ်ရှားပြီးနောက်တွင် ဘာမှမဖြစ်ခဲ့သလို ခြုံနွယ်ထဲကနေ ထွက်လာခဲ့သည်။

လူသားမိစ္ဆာ သေဆုံးသွားသည်နှင့် တစ်ပြိုင်နက် တောင်၀ိညာဥ်သည်လည်း ငြိမ်သက်သွားခဲ့သည်။

ဧရာမမီးတောင် ချော်ရည်လက်ကြီးသည် ၀ိညာဥ်ဆင့်ခေါ်ခြင်း အစီအရင်ထဲကို ပြန်၀င်သွားပြီးနောက် မီးတောင်ထွတ်၏ တောင်၀ိညာဥ်သည် နောက်ထပ်တစ်ကြိမ် အိပ်ပျော်သွားခဲ့သည်။

၀မ်လင်း မှန်းဆထားသည့်အတိုင်းပင် ရှားလီရှင်းသည် ဤပြသနာ၏ အဓိကအကြောင်းအရင်း ဖြစ်သည်။

ကံကောင်းစွာဖြင့် ၀မ်လင်းက အချိန်မီ အရေးယူ ဆောင်ရွက်နိုင်ခဲ့သောကြောင့် မီးတောင်ထွတ်ပေါ်ရှိ သက်ရှိ အားလုံးသည် တောင်၀ိညာဥ် နိုးထလာခြင်း၏ နောက်ဆက်တွဲရလဒ်များကို မခံစားခဲ့ရပေ။

၀မ်လင်းသာ ၀င်မပါခဲ့လျှင် တောင်၀ိညာဥ်(၀ါ) သဘာ၀သားရဲ၏ အင်အားကို ရင်ဆိုင်နိုင်သူ အလွန်နည်းပါးသည်။

ထိုသို့ တောင်၀ိညာဥ်ကို ထိန်းသိမ်းနိုင်ခဲ့ခြင်းသည် သဘာ ၀ပတ်၀န်းကျင်ကို ထိန်းသိမ်းရာလည်း ရောက်ပေသည်။

ဆိုရလျှင် ၀မ်လင်းသည် ပြိုင်ပွဲကို ယှဥ်ပြိုင်ရင်း မမျှော်လင့်ပဲ သဘာ၀ပတ်၀န်းကျင်ကိုပါ ထိန်းသိမ်းခဲ့ရသည်။

သို့သော် ကိစ္စက ဤနေရာတွင် မပြီးဆုံးသေးပေ။

ပထမအချက်အနေဖြင့် နောက်ကွယ်မှ ကြိုးကိုင်သူကို ရှာဖွေရပေမည်။

ဒုတိယအချက်ကမူ ရှားမင်အပေါ်တွင် သက်ရောက်နေသည့် ဖီဆန်ခြင်း မျက်လုံးကျိန်စာကို မရုတ်သိမ်းရသေးခြင်း ဖြစ်သည်။

ရှားမင်သည် မရည်ရွယ်ဘဲ တောင်၀ိညာဥ်ကို ဆင့်ခေါ်မိခဲ့ပြီး ကြီးမားသည့် ပျက်စီးမှုကို ဖြစ်လုနီးပါး ဆောင်ရွက်မိသောကြောင့် ထိတ်လန့် တုန်လှုပ်နေခဲ့သည်။

တောင်၀ိညာဥ်က ငြိမ်သက်သွားသော်လည်း သူက ထိတ်လန့်နေဆဲဖြစ်ပြီး မှင်တက်နေသော အမူအရာဖြင့် ကြောင်ငေးနေခဲ့သည်။

ပုံမှန်မဟုတ်သည့် စွမ်းရည်များကို စောင့်ကြည့်ဖို့ တာ၀န်ယူထားသည့် ကွပ်ကဲရေးဌာနသည် စွမ်းအင်များ ငြိမ်သက်သွားသောကြောင့် သတိပေးချက်ကို ရုတ်သိမ်းလိုက်သည်။

တောင်၀ိညာဥ် နိုးထလာသည့် အစောပိုင်းတွင် စောင့်ကြည့်ရေးကိရိယာပေါ်၌ ၀ိညာဥ်စွမ်းအင် အတတ်အကျများ အတွက် ဂဏန်းများသည် ချက်ချင်းဆိုသလို အမြင့်ဆုံးသို့ရောက်ရှိသွားသော်လည်း သိပ်မကြာခင်မှာပင် အလျင်အမြန် ကျဆင်းသွားခဲ့သည်။

ယင်းမှာ ရိုလာကိုစတာ စီးနေသကဲ့သို့ပင်။

"ထူးဆန်းတယ် တောင်၀ိညာဥ်က နိုးထလာပြီးမှ သမ်းဝေပြီး ပြန်အိပ်လိုက်တာလား"

ဟွမ်ဖုန်းက မျက်မှောင်ကြုတ်ကာ မေးခွန်းထုတ်လိုက်သည်။

သူ့ဆရာ၏ စကားကြောင့် ဥက္ကဌချီ၏ အမူအရာက လေးနက်သွားခဲ့သည်။

"ဒါက အရမ်းထူးဆန်းတယ်.. ကျွန်တော့်စိတ်ထဲ တစ်ခုခုမှား နေတယ်လို့ ထင်တယ်.. ပြောရရင် တောင်၀ိညာဥ်က အကြောင်းပြချက် မရှိဘဲ နိုးထလာမှာ မဟုတ်ဘူး.. တစ်စုံတစ်ခုက သူ့ရဲ့အိပ်စက်မှုကို အနှောင့်အယှက်ပေးခဲ့တာ ဖြစ်ရမယ်.. အခြေခံတည်ထောင်ခြင်းအဆင့် ကျောင်းသားတစ်ယောက်က ၀ိညာဥ်ဆင့်ခေါ်ခြင်း နည်းလမ်းနဲ့ တောင်၀ိညာဥ်ကို ဆင့်ခေါ်နိုင်တယ်ဆိုတဲ့ အယူအဆကို ရှင်းပြရရင် ဒါက လုံး၀တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်တယ်.. ဥပမာအားဖြင့်

တောင်၀ိညာဥ်မှာ နိုးထလာဖို့ လက္ခဏာတွေ နဂိုကတည်းက ရှိနေပြီးသား ဖြစ်နိုင်တယ်.. ဒီလိုအချိန်မှာ ၀ိညာဥ်ဆင့်ခေါ်ခြင်းနည်းလမ်းက မူးယစ်ဆေးနဲ့ ဆင်တူတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေခဲ့ပြီး တောင်၀ိညာဥ်အပေါ် သက်ရောက်သွားတာ ဖြစ်နိုင်တယ်"

သို့သော် ဤဥပမာသည် အရာအားလုံးကို ရှင်းလင်းစွာ ရှင်းပြနိုင်သည်တော့ မဟုတ်ပေ။

သူတို့အနေဖြင့် တောင်၀ိညာဥ်၏ အိပ်စက်မှုကို မည်သည့်အရာက အနှောင့်အယှက်ပေးခဲ့မှန်း ရှာဖွေရပေမည်။

အဖိုးအိုဟွမ်ဖုန်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"သဘာ၀တရားရဲ့ နိယာမတွေက လူသားတွေရဲ့ ရှင်သန်မှုကို အုပ်ချုပ်တယ်.. ငါတို့က ကျင့်ကြံခြင်းမှာ ဘယ်လောက်ပဲ အားကောင်းပါစေ.. ဘယ်လောက်ပဲ အသက်ရှည်ရှည်နေနိုင်ပါစေ.. ဒီကမ္ဘာဂြိုလ်က ငါတို့ နေထိုင်ဖို့သင့်တော်တဲ့ ဂြိုလ်တစ်လုံးပဲ.. မကြာသေးမီက နတ်တာအိုကြယ်ကို ရှာဖွေ့တွေရှိမှုနဲ့အတူ အာကာသကို စူးစမ်းလေ့လာရာမှာ တိုးတက်မှုကို ရရှိခဲ့တယ်.. ဒါပေမဲ့ နတ်တာအိုကြယ်က ငါတို့နဲ့ အတော် အလှမ်းဝေးပြီး တခြားဂြိုလ်သားတွေလည်း အများအပြား နေထိုင်ကြတယ်.. အဆုံးသတ်ပြောရရင် ယဥ်ကျေးမှု ကွာခြားချက်က ပြဿနာတစ်ရပ်ပဲ.. လက်ရှိအချိန်မှာ ကျင့်ကြံသူတွေအနေနဲ့ ပြောင်းရွှေ့နေထိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သေးဘူး.. ဒါကြောင့် အခုလောလောဆယ် ငါတို့ရှေ့မှာရှိနေတဲ့ ကမ္ဘာဂြိုလ်ကို ကာကွယ်ဖို့က အရေးကြီးဆုံးပဲ"

ထိုစကားကိုကြားလျှင် ကျောင်းအုပ်ကြီးများသည် ခေါင်းညိမ့်လိုက်ကြသည်။

အနာဂတ်က အရေးကြီးသည်မှာ မှန်သော်လည်း ပစ္စုပ္ပန်ကို အာရုံစိုက်ရန် ဦးစားပေးရပေမည်။

လက်ရှိ ကျင့်ကြံခြင်းလောကတွင် လူသားများအနေဖြင့် ပြင်ဆင်ဖို့ လိုအပ်သည့်အားနည်းချက် အများအပြား ရှိနေပါသေးသည်။

မကြာသေးမီက ဆေးဘက်ဆိုင်ရာ နယ်ပယ်တွင် ဖြစ်ပွားခဲ့သည့်လူသတ်မှုသည် အဓိကဥပမာတစ်ခု ဖြစ်၏။

ဆေးဘက်ဆိုင်ရာနယ်ပယ်တွင် စေတနာ ထက်သန်စွာဖြင့် လုပ်ကိုင်နေကြသည့် ကျင့်ကြံသူများသည် ဒေါသထွက်နေသည့် လူနာ အနည်းငယ်ကြောင့် ရက်ရက်စက်စက် အသတ်ခံခဲ့ရသည်။

ဤသည်ကို ကြည့်လျှင် ကမ္ဘာဂြိုလ်သည် ပြုပြင်ပြောင်းလဲမှုများ လိုအပ်သည်မှာ ထင်ရှားနေ၏။

ထိုသို့ ပြောင်းလဲရန်အတွက် ကျင့်ကြံသူများသည် ခြေလှမ်း တစ်လှမ်းချင်း မှန်မှန်ကန်ကန် လှမ်းနိုင်ရန် အလွန် အရေးကြီး၏။

သို့မှသာ ကမ္ဘာဂြိုလ်ကို ပြီးပြည့်စုံမည့် စည်းလုံးသည့် နေချင်စဖွယ်နေရာတစ်ခု ဖြစ်အောင် လုပ်ဆောင်နိုင်ပေမည်။

"ဥက္ကဌချီ"

ထိုအချိန်တွင် ဥက္ကဌချီသည် ဗိုလ်ချုပ်ပိုင်၏ အသံကိုကြားလိုက်ရသည်။

ဥက္ကဌချီပိုင် "ပြောပါ ဗိုလ်ချုပ်ပိုင်"

ဗိုလ်ချုပ်ပိုင် "ရှားလီရှင်းက ငါထင်ထားတာထက်ပိုပြီး လိမ္မာပါးနပ်ပုံရတယ်.. ပစ်မှတ်ကို ငါတို့ဆုံးရှုံးသွားရပြီ.. သူ့ကိုနောက်ထပ် တစ်ခါ ရှာပေးလို့ရမလား"

"ရှားလီရှင်းကို ရှာဖို့လား ကောင်းပြီလေ"

ဥက္ကဌချီက ခေါင်းညိမ့်လိုက်သည်။

ထို့နောက်တွင် စိတ်စွမ်းအားများကို ဖြန့်ကျက်လိုက်ပြီး နဂါးကိုးကောင်တောင်၏ နေရာတိုင်းကို လွှမ်းခြုံလိုက်သည်။

သူသည် တစ်ချိန်က ရှားလီရှင်းကို လိုက်လံဖမ်းဆီးသည့် စစ်ဆင်ရေးအဖွဲ့၀င် တစ်ယောက်ဖြစ်ခဲ့ဖူး၍ ရှားလီရှင်း၏ အော်ရာနှင့် ပက်သက်လျှင် ရင်းနှီးသူတစ်ယောက်ဖြစ်သည်။

လူတစ်ယောက်သည် အကြောင်းပြချက်မရှိဘဲ ပျောက်ကွယ်သွားစရာ အကြောင်းမရှိပေ။

ထို့ကြောင် အလွန်လိမ္မာပါးနပ်သော ရှားလီရှင်းသည် သူ၏ သဲလွန်စများကို ဖုံးကွယ်ရန် နည်းလမ်းတစ်ခုခုကို အသုံးပြုခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဥက္ကဌချီ တွေးတောမိခဲ့သည်။

သို့သော် နဂါးကိုးကောင်တော်၏ ဧရိယာတစ်ခုလုံးကို ရှာဖွေပြီးနောက်တွင် ဥက္ကဌချီသည် မယုံကြည်နိုင်စရာ ရလဒ်ကို တွေ့ရှိခဲ့သည်။

သူက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

"ရှားလီရှင်းက မြေပုံပေါ်ကနေ ပျောက်ကွယ်သွားခဲ့ပြီ.. ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ရှားလီရှင်းသေသွားပြီ"

ထိုခဏတွင် အဖိုးအိုဟွမ်ဖုန်းသည် ဥက္ကချီကို ပြောလိုက်သည်။

ဟွမ်ဖုန်း၏ စကားကိုကြားလျှင် ဥက္ကဌချီသည် အံ့သြသွားခဲ့၏။

"ရှားလီရှင်း သေသွားပြီ ဟုတ်လား.."

"သူ့ရဲ့အော်ရာတွေကို မရှာဖွေနိုင်မှတော့ အခြေအနေ တစ်ခုပဲရှိတယ်.. လူတစ်ယောက်က အကြောင်းပြချက်မရှိ ပျောက်ကွယ်သွားစရာ အကြောင်းမရှိဘူး.. ဒါ့အပြင် ရှားလီရှင်းဆီမှာက မကောင်းဆိုး၀ါး စွမ်းအားတွေ အများကြီးရှိနေတယ်.. သူက အသက်ရှင်နေမယ်ဆိုရင် သဲလွန်စတွေ ကျန်ခဲ့မှာ အသေအချာပဲ.. ဒါပေမဲ့ သူဘယ်လိုသေဆုံးသွားတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး အကြောင်းပြချက် တစ်ခုခုတော့ ရှိရမယ်"

အဖိုးအိုဟွမ်ဖုန်းက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

သူ၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

ထိုအချိန်တွင် ဥက္ကချီသည် ဘေးဘီတွင်ရှိသည့် ကျိုးရီကို လှမ်းကြည့်လိုက်ပြီး ကွပ်ကဲရေးဌာနကနေ ကျိုးရီ ထွက်ခွာမှု မရှိသည်ကို အတည်ပြုလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ ယခင် အတွေ့အကြုံများအရ ဤကဲ့သို့ ထူးဆန်းသည့်ဖြစ်ရပ် အများစုတွင် ကျိုးရီသည် ပါ၀င်ပတ်သက်နေသောကြောင့်ပင်။

အပိုင်း(၁၁၅၈) ပြီး၏

All Chapters