← Chapters

ဝမ်လင်း၏ ပရိသတ်အသစ်

Vol. 78 Ch. 1160

ဝမ်လင်း၏ ပရိသတ်အသစ်

Vol. 78 Ch. 1160

သင့်တွင် အလွန်အမင်း ထိန်းချုပ်ရခက်ခဲသည့် စွမ်အားမျိုးရှိနေသောအခါတွင် မတုန်လှုပ်ဘဲ နေနိုင်မည်မဟုတ်ပေ။

၀မ်လင်းသည် ကလေးဘ၀ကတည်းကပင် ဤခံစားချက်ကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင်ခံစားခဲ့ရသည်။

သူက သန်းခေါင်ယံတွင် လန့်နိုးလာတတ်ပြီး အိပ်စက်နေချိန်တွင် ကြောက်မက်ဖွယ်ရာတစ်ခုခုလုပ်မိမည်ကိုစိုးရိမ် နေမိသည်။

ဆိုရလျှင် ကမ္ဘာကြီးကို ဖျက်ဆီးပစ်ရန်မှာ တာအိုအဆောင် လက်ဖွဲ့ တရား၀င်တီထွင်ခြင်း မပြုခင်က ၀မ်လင်းအတွက် အလွန် လွယ်ကူသော ကိစ္စတစ်ခု ဖြစ်ခဲ့သည်။

တာအိုအဆောင်လက်ဖွဲ့ လက်မောင်းတွင် ကပ်ထားလျှင်ပင် ၀မ်လင်းအတွက် စစ်မှန်သော လွတ်လပ်မှုဟု မဆိုလိုပေ။

သူ၏စွမ်းအားက အဆက်မပြတ် တိုးတက်လာခဲ့ပြီး တစ်နေ့နေ့ တစ်ချိန်ချိန်တွင် တာအိုအဆောင်လက်ဖွဲ့၏ ကန့်သတ်ခံနိုင်ရည်ထက် ကျော်လွန်သွားပေလိမ့်မည်။

၀မ်လင်းက မပြောမဆိုဖြင့် သူ၏လက်ဖ၀ါးကို ရှားမင်၏ ပုခုံးပေါ်သို့ ညင်သာစွာပုတ်လိုက်သော အချိန်တွင် သူတို့၏ စိတ်များသည် ချိတ်ဆက်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ရှားမင်သည် စက္ကန့်အနည်းငယ် အတွင်း ၀မ်လင်း၏ ဘ၀တစ်ခုလုံးကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။

ထို့နောက်တွင် သူ၏ မျက်ရည်များသည် ထိန်းမနိုင်သိမ်းမရ စီးကျလာခဲ့၏။

ယင်းမှာ စိတ်ထဲတွင် အထီးကျန်သည့်ခံစားချက်ကြောင့် ဖြစ်သည်။

၀မ်လင်းက ဤအချိန်တွင် လုပ်ဆောင်ဖို့ ရွေးချယ်ခဲ့သည်မှာ ဤအချိန်သည် ရှားမင်၏ ဖီဆန်ခြင်းမျက်လုံးကို ဖယ်ရှားရန်အကောင်းဆုံးအချိန် ဖြစ်မှန်း သိသောကြောင့်ပင်။

သို့သော်လည်း ၀မ်လင်းသည် အချက်တစ်ချက်ကို လျစ်လျူရှုမိခဲ့သည်။

ဖီဆန်ခြင်းမျက်လုံးသည် ကံကြမ္မာတာအို၏ မှော်စွမ်းအားတစ်ခု ဖြစ်သောကြောင့် ၀မ်လင်းသည် ထိုအရာကို ဖယ်ရှားဖို့ ကြိုးစားနေချိန်တွင် သူ၏ကံကြမ္မာ လမ်းကြောင်းသည် ရှားမင်၏ လမ်းကြောင်းနှင့် ခဏတာ ပေါင်းစည်းသွားခဲ့သည်။

ထိုခဏတာတွင် ရှားမင်သည် ၀မ်လင်းက မည်ကဲ့သို့သောတည်ရှိမှုမျိုးလဲ ဆိုသည်ကို နားလည်သွားခဲ့၏။

အမှတ် ၆၀ အထက်တန်းကျောင်းမှ လူများသည် ၀မ်လင်း၏ အကြောင်းကို သိပ်မသိကြပေ။

သူတို့၏ ကံကြမ္မာလမ်းကြောင်းများ ပေါင်းစည်းသွား၍ သူ့အကြောင်း ဖော်ထုတ်ခံရမည်ဟု ထင်ရသော်လည်း ၀မ်လင်းသည် ရှားမင် သူ့အကြောင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောမည်ကို မပူပန်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဤအရာအားလုံးသည် ရှားမင်အတွက် အိပ်မက်တစ်ခုလို ဖြစ်သွားမည် ဖြစ်သောကြောင့်ပင်။

သူတို့၏ ကံကြမ္မာလမ်းကြောင်းများ သီးသန့် ပြန်ဖြစ်သွားသည်နှင့် ရှားမင်သည် ယခုမှတ်ဥာဏ်များနှင့်ပတ်သက်၍ အလျင်အမြန် မေ့လျော့သွားပေလိမ့်မည်။

"မင်းနောက်ထပ် နာကျင်ရတော့မှာ မဟုတ်ဘူး"

၀မ်လင်း၏ နှစ်သိမ့်ပေးနေသော အသံသည် ရှားမင် နှလုံး သား၏ အနက်ရှိုင်းဆုံး နေရာအထိ စိမ့်၀င်သွားခဲ့သည်။

၀မ်လင်းက ထိုစကားလုံးများကို ပြောဆိုလိုက်သည်နှင့် ရှားမင်၏ ဗိုက်ထဲမှ ဖီဆန်ခြင်းမျက်လုံး ကျိန်စာသည် ဖြေဖ၀ါးအောက်မှ ပြည်တည်နာ ကဲ့သို့ အမြစ်ကနေ ဆွဲထုတ်ခံလိုက်ရပြီး လုံး၀ ပျောက်ကွယ်သွားခဲ့သည်။

ရှားမင် သတိပြန်၀င်လာသောအခါတွင် သူငိုနေသည်ကို သဘောပေါက်ခဲ့သော်လည်း အစောပိုင်းက မည်သည့်အရာများ မြင်ခဲ့မှန်း မသိတော့ပေ။

သူက ဖီဆန်ခြင်းမျက်လုံး၊ ဆံဖြူလူငယ်က သူ့ကို ခြိမ်းခြောက်ပြီး လုပ်ဆောင်ခိုင်းသည့် အရာများ၊ ၀မ်လင်း၏ လျှို့၀ှက်ချက် စသည့် အရာအားလုံးကို မေ့လျော့သွားခဲ့သည်။

ဆိုရလျှင် ရှားမင်သည် ပုံမှန် အခြေအနေအတိုင်း ပြန်လည် ရောက်ရှိသွားပြီ ဖြစ်သည်။

သူက စွမ်းအားနှင့် ပတ်သက်၍ မတုန်လှုပ်တော့သလိုကြောက်လည်း မကြောက်တော့ပေ။

ထို့ပြင် သူသည် အကြောင်းတစ်ခုခုကြောင့် ၀မ်လင်းကို လုံး၀ မမုန်းတီးတော့ပေ။

"အတန်းဖော်၀မ်လင်း မင်း.."

ရှားမင်သည် ၀မ်လင်းက သူ့ကို မုန်းတီးနေမည်ဟု ထင်ခဲ့သော်လည်း သူကြောက်ရွံ့နေချိန်တွင် ၀မ်လင်းသည် သူ၏ နောက်ကျောကနေ ပုခုံးကိုပုတ်၍ နွေးထွေးသောခွန်အားကို ပေးခဲ့သည်။

ထိုအချိန်တွင် ရှားမင်သည် ၀မ်လင်းကို ကြည့်ကာ သက်ပြင်းချလိုက်၏။

"ကျောင်းသူစွန်းရုံက မင်းကို အရမ်းသဘောကျတာ အံ့သြစရာ မရှိတော့ပါဘူး"

"........"

"အတန်းဖော်၀မ်လင်း မင်းနဲ့ယှဥ်ပြိုင်ဖို့ကို လက်လျှော့ဖို့ ငါဆုံးဖြတ်လိုက်ပြီ.. တကယ်တမ်းပြောရရင် ကျောင်းသူစွန်းရုံက ငါ့ထက် ပိုသာတဲ့ သူနဲ့ပဲ ထိုက်တန်ပါတယ်"

ရှားမင်က ၀မ်လင်းကို ကြည်လင်သောအမြင်ဖြင့် ကြည့်လိုက်ပြီး ၀မ်လင်း အံ့အားသင့်စေမည့် စကားလုံးများကို ပြောလိုက်သည်။

" ? ? ? "

[ဘာလို့ အရာအားလုံးကို ဘာလို့ ငါဆီပို့ပေးနေရတာလဲ]

၀မ်လင်းက အံ့အားသင့်နေခဲ့သည်။

[မင်းမယှဥ်ပြိုင်ရင် ဘယ်သူက ငါ့အတွက် အဲဒီမိန်းကလေးကို တားဆီးထားပေးမှာလဲ]

၀မ်လင်းက ဆိုးညစ်သည့် ကျိန်စာတစ်ခုကို ပေါ့ပေါ့ပါးပါးပင်ပင် ဖယ်ရှားပေးခဲ့သော်လည်း ရုတ်တရက်ကြီး ပရိသတ် အသစ် တစ်ယောက် ရလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူ၏ကောင်းကင်တာအို ၃၀၀၀၀ ထဲတွင် လူတစ်ယောက်ကို သူ၏ ပရိသတ်အဖြစ် ပြောင်းလဲပေးနိုင်သည့် တာအိုတစ်ခု အမှန်တကယ် ရှိခဲ့သည်။

ထိုတာအိုကို မဟာပရိသတ်တာအိုဟု ခေါ်ပြီး အူလှိုက်သဲလှိုက် လိုက်လံအားပေးသည့် ပရိသတ်မျိုးကို ရရှိစေမည် ဖြစ်သည်။

သို့သော် ၀မ်လင်းသည် ထိုတာအိုကို မကြာခဏ မသုံးခဲ့ပေ။

အကြောင်းရင်းမှာ ထိုတာအိုကိုအသုံးပြုရန်အတွက် သူ၏ အင်အားကို ထိန်းချုပ်ရခက်ခဲသောကြောင့် ဖြစ်သည်။

အင်အားကို အလွန်အကျွံ အသုံးပြုမိလျှင် ပရိသတ်များသည် ကြောက်မက်ဖွယ်ကောင်းသည့် အစွန်းရောက် ပရိသတ်များ ဖြစ်သွားပေလိမ့်မည် မဟုတ်ပါလား။

ထိုကဲ့သို့ အစွန်းရောက် ပရိသတ်များသည် သင်ဘယ်မှာနေလဲ ဆိုသည်ကို အသည်းအသန်ရှာဖွေပြီး သင်ရေချိုးနေချိန်မှာပင် သင်၏ ဓာတ်ပုံကို ရိုက်ကူးရန် အခွင့်အရေးကို ရရှိဖို့အတွက် သင်၏ နေရာတွင် တစ်ပတ်လောက် ပုန်းအောင်းနေမည့် ပရိသတ် အမျိုးအစား ဖြစ်သည်။

၀မ်လင်းသည် ရှားမင်နှင့် သူ၏ဆက်ဆံရေးက အနည်းငယ် တင်းမာနေ၍ မဟာပရိသတ်တာအိုကို ယခင်က သုံးရန် စဥ်းစားခဲ့ဖူးသည်။

သို့သော် မဟယပရိသတ် တာအိုနှင့် ပတ်သက်သည့် ချို့ယွင်းချက်ကို ထည့်သွင်းစဥ်းစားပြီးသည့်နောက်တွင် အသုံးမပြုခဲ့တော့ပေ။

သူ၏ နေအိမ်တစ်၀ိုက်တွင် အစွန်းရောက် ပရိသတ်တစ်ယောက် အမြဲတစေ ရှိနေပြီး သူ၏ ပုံရိပ်များကို ခိုးကြောင်ခိုးဝှက် လိုက်လံ ရိုက်ကူးမည့် ဖြစ်ရပ်မျိုး သူ မလိုချင်ခဲ့ပေ။

သို့ဆိုလျှင် ရှားမင်သည် အဘယ်ကြောင့် သူ၏ပရိသတ်ဖြစ်လာပါသနည်း။

ဤသည်က ကံကြမ္မာတာအိုနှင့် ပတ်သက်မှု ရှိနိုင်သည်ဟု ၀မ်လင်း ခံစားခဲ့ရသည်။

လူနှစ်ယောက်၏ ကံကြမ္မာလမ်းကြောင်းများ ဆက်သွယ်မိသည့် အခိုက်အတန့်တွင် မဟာပရိသတ်တာအိုနှင့် ဆင်တူသည့် အကျိုးသက်ရောက်မှုများ သက်ရောက်သွားပုံရသည်။

ဤသည်မှာ ၀မ်လင်း ယခုအချိန်ထိ စဥ်းစားနိုင်သည့် တစ်ခုတည်းသော ဖြေရှင်းချက် ဖြစ်သည်။

"တက်.."

ထိုအချိန်တွင် အမှတ် ၆၀ အထက်တန်းကျောင်း၏ အခြေစိုက်စခန်း အပြင်ဘက်မှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

တောင်ပင်လယ်ကောင်းကင် အထက်တန်းကျောင်း၏ ခေါင်းဆောင် နန်ယန်ရှို့၊ တိုင်တန်အထက်တန်းကျောင်း၏ ခေါင်းဆောင် ကျူးဟန်ယွင်တို့သည် လက်ဟန် အမူအရာများ ပြုလုပ်ကာ မှော်စွမ်းအားများကို အသုံးပြု၍ အမှတ် ၆၀ အထက်တန်းကျောင်း၏ အခြေစိုက်စခန်းကို ချိုးဖျက်ရန် ကြိုးစားခဲ့ကြသည်။

သို့သော် အခြေစိုက်စခန်းရှိ အကာအကွယ် အတားအဆီးကို ဖျက်ဆီးရန်မှာ မည်ကဲ့သို့ လွယ်ကူနိုင်ပါမည်နည်း။

စင်စစ် ထိုအတားအဆီးသည် ကူရွှင်းကျစ်တို့ လူစု တည်ဆောက်ထားခဲ့သော အတားအဆီး ဖြစ်သည်။

ထို့အပြင် ကူရွှင်းကျစ်တို့သည် အလွန်ပင် လိမ္မာပါးနပ်ခဲ့ကြသည်။

သူတို့က အတားအဆီးကို ပိုမိုအားနည်းပုံ ပေါက်အောင် အလွန်ပါးလွှာသည့် အတားအဆီးမျိုးကို အသုံးပြုခဲ့ကြသည်။

အလွန်ပါးလွှာသည့် အတားအဆီးသည် သဘာ၀အားဖြင့် ခံနိုင်ရည် အလွန်နည်းပါးသည်။

သို့သော်လည်း ကူရွှင်းကျစ်တို့လူစုသည် ထိုအတားအဆီး တွင် အလိုအလျောက် ပြန်လည် ကောင်းမွန်နိုင်စွမ်းကိုပါ ထည့်သွင်းထားခဲ့ကြသည်။

တစ်နည်းအားဖြင့် ထိုအလွန်ပါးလွှာသည့် အတားအဆီးသည် ဖျက်ဆီးရန် လွယ်ကူပုံရသော်လည်း ပျက်စီးသွားသည်နှင့်တစ်ပြိုင်နက် ပြန်လည် ကောင်းမွန်လာမည် ဖြစ်၏။

တစ်ဖက်အဖွဲ့က မည်မျှပင် တိုက်ခိုက်လာသည်ဖြစ်စေ၊ အတားအဆီးကို ဖျက်ဆီးရန် တစ်ချက်သာ လိုတော့သလို ခံစားစေမည် ဖြစ်သည်။

သို့သော်လည်း အချိန်တန်လျှင် အတားအဆီးသည် သူ့အလိုလို ပြန်လည် ကောင်းမွန်သွားပေလိမ့်မည်။

"ဒီတစ်ခေါက်လည်း လှည့်ကွက်တွေ အသုံးပြုခဲ့ပေမဲ့ ဥာဏ်သုံးခဲ့ကြတဲ့ပုံပဲ"

၀မ်လင်းက ရောထွေးသော ခံစားချက်များနှင့်အတူ

သက်ပြင်းချလိုက်သည်။

ကူရွှင်းကျစ်တို့ လူစုသည် သိုသိုသိပ်သိပ် နေထိုင်ခြင်း၏ အဓိပ္ပါယ်က မည်သည့်အရာကို ဆိုလိုမှန်း အဆုံးသတ်တွင် သင်ယူနိုင်ခဲ့ကြပြီဟု သူခံစားခဲ့ရသည်။

နန်ယန်ရှို့နှင့် ကျူးဟန်ယွင်တို့အုပ်စု ဦးဆောင်သောကျောင်းလေးကျောင်း မဟာမိတ်အဖွဲ့သည် နာရီ၀က်ခန့် တိုက်ခိုက်ခဲ့သော်လည်း အမှတ်၆၀ အထက်တန်းကျောင်း၏ အတားအဆီးကို မဖျက်ဆီးနိုင်ခဲ့ကြပေ။

သူတို့၏ စွမ်းအင်များ လျော့နည်းလာပြီးနောက်တွင် ခေတ္တနောက်ဆုတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

"ဘယ်လိုဖြစ်လို့ ငါတို့က အမှတ် ၆၀ အထက်တန်းကျောင်းရဲ့ အတားအဆီးကို မဖျက်ဆီးနိုင်ရတာလဲ.. ငါတို့တွေ အချိန်တိုင်းနီးပါး ဖျက်ဆီးနိုင်တော့မယ်လို့ ခံစားခဲ့ရပေမဲ့ တကယ်တမ်းမှာ မဖျက်ဆီးနိုင်ခဲ့ကြဘူး"

ကျောင်းသားများက အမှတ် ၆၀ အထက်တန်းကျောင်း၏ ခံတပ်နှင့် ပတ်သက်၍ ဆွေးနွေးနေခဲ့ကြသည်။

အမှတ် ၆၀ အထက်တန်းကျောင်းသည် တကယ်ကို ကိုင်တွယ်ရ ခက်ခဲသော ကျောင်းတစ်ကျောင်း ဖြစ်နေခဲ့သည်။

အနည်းဆုံးတော့ ထိုကျောင်းသည် သူတို့ ထင်ထားသည်ထက်ပင် အများကြီး ပို၍ ခက်ခဲသည်။

[အသက်ရှင်ကျန်ရစ်သူများ = ၅၁၉ ယောက်]

အဓိကတောင်ထွတ်၏ အထက်တွင် ပြသထားသော အသက်ရှင်သူ အရေအတွက်ကို ကြည့်ပြီး နန်ယန်ရှို့နှင့် တခြားသူများသည် ချက်ခြင်းပင် ဖိအားကို ခံစားလာရသည်။

သူတို့က ဤနေရာတွင် အချိန်ဖြုန်းနေပြီး စွမ်းအင်များ ကုန်ဆုံးသွားသောအခါတွင် အခြေအနေ နှစ်ခုထဲမှ တစ်ခုကို မလွဲမသွေ ရင်ဆိုင်ရပေလိမ့်မည်။

ယင်းအခြေအနေနှစ်ခုမှာ အမှတ်၆၀ အထက်တန်း ကျောင်းသည် တန်ပြန်တိုက်ခိုက်မှုကို စတင်လာပေလိမ့်မည် သို့မဟုတ် အားနည်းနေသည့် သူတို့အဖွဲ့ကို တခြားအဖွဲ့များက ၀ါးမျိုးသွားမည် ဖြစ်၏။

ထိုအကြောင်းကို တွေးမိပြီး နန်ယန်ရှို့နှင့် ကျူးဟန်ယွင်တို့သည် အတော်လေး ခေါင်းကိုက်လာခဲ့သည်။

"ငါတို့အခြေအနေမကောင်းဘူး"

ပို၍ ဆိုးရွားသည်မှာ ကျူးဟန်ယွင်၏ လက်မောင်းသည် ဒဏ်ရာရရှိနေ၍ အရေးပေါ် ဆေးကုသမှုကို ခံယူရန် လိုအပ်နေခြင်းပင်။

နန်ယန်ရှို့က ဆေးပညာကို တတ်မြောက်ထားသော်လည်း ကုသရန်အတွက် လုံလောက်မှု မရှိသည်မှာ ထင်ရှားနေသည်။

"အခုငါတို့ ဘယ်လိုလုပ်ကြမလဲ"

တောင်ခြေရှိ ကျောင်းလေးကျောင်း မဟာမိတ်အဖွဲ့မှ ကျောင်းသားများသည် ဘာလုပ်၍ ဘာကိုင်ရမှန်းမသိ ဖြစ်နေခဲ့ကြသည်။

ထိုအချိန်မှာပင် စက္ကူလေယာဥ်ပျံတစ်စင်းသည် တောင်ပေါ်ကနေ တောင်ခြေသို့ ပျံသန်းလာသည်ကို သူတို့ မြင်လိုက်ရ၏။

ထိုစက္ကူလေယာဥ်ပျံသည် နန်ယန်ရှို့၏နဖူးကို တည့်မတ်စွာ ထိမှန်သွားခဲ့သည်။

နန်ယန်ရှို့က ထိုစက္ကူလေယာဥ်ပျံ၏ အတွင်းဘက်တွင် ရေးထားသည့် စာများကို ဖတ်ရှုလိုက်သည်။

{မင်းတို့တွေ တိုက်ခိုက်မှုကို စွန့်လွှတ်ပြီး နောက်ဆုံးရက်အထိ ငါတို့နဲ့ မဟာမိတ်ဖွဲ့ဖို့ ရွေးချယ်လို့ရတယ်.. နောက်ဆုံးရက်ကျမှပဲ တောင်ထိပ်မှာ အဆုံးသတ် တိုက်ပွဲကို ဆင်နွှဲကြတာပေါ့}

"စာထဲမှာ ဘာရေးထားလဲ"

ကျူးဟန်ယွင်က မေးခွန်းထုတ်လိုက်သည်။

"သူတို့နဲ့ ပူးပေါင်းလို့ရတယ်လို့ ရေးထားတယ် ဒါပေမဲ့အခြေအနေတစ်ခုတော့ ရှိတယ်"

နန်ယန်ရှို့က ပြောလိုက်သည်။

"ဘယ်လိုအခြေအနေမျိုးလဲ"

"ကျောင်းသား၀မ်လင်းရဲ့ ဖန်အဖွဲ့ထဲကို ၀င်ရမယ်တဲ့"

အပိုင်း(၁၁၆၀) ပြီး၏

All Chapters