← Chapters

အသုံးချခံ ဝမ်ကျန်း

Vol. 78 Ch. 1163

အသုံးချခံ ဝမ်ကျန်း

Vol. 78 Ch. 1163

မိမိအကြောင်းနှင့် ရန်သူ၏အကြောင်းကို သိလျှင် အောင်ပွဲတိုင်းသည် သင့်အတွက် ဖြစ်လိမ့်မည်။

သတင်းအချက်အလက် ထောက်လှမ်းခြင်းသည် ရှင်သန်ရေး တိုက်ပွဲတွင်အရေးကြီးဆုံးသော အလုပ်တစ်ခု ဖြစ်၏။

မဟာမိတ်စခန်းတစ်ခုဆီတွင် သတင်းအချက်အလက်များကို စုဆောင်းရန်အတွက် နည်းလမ်းအမျိုးမျိုး ရှိသည်။

ယေဘုယျအားဖြင့် မဟာမိတ်စခန်းတွင် ပါ၀င်သော ကျောင်းများ၏ အားသာချက်အားလုံးကို ပေါင်းစပ်ကာ ထောက်လှမ်းရေး၏ ရလဒ်များကို အမြင့်ဆုံး မြှင့်တင်ရန် လုပ်ဆောင်သင့်ပေ၏။

အမှတ်၆၀ အထက်တန်းကျောင်းကို ကိုယ်စားပြုသော မီးတောင်ထွတ်ရှိ အခြေစိုက်စခန်းသည် တောင်ပင်လယ်ကောင်းကင် အထက်တန်းကျောင်း ပါ၀င်လာ၍ သတင်းအချက်အလက် ထောက်လှမ်းရေး အပိုင်းတွင် အားသာချက်ကို ရရှိခဲ့သည်။

နန်ယန်ရှို့သည် အာရုံခံမှော်စွမ်းရည်အပိုင်းတွင် အလွန်ကျွမ်းကျင်၏။

ထို့အပြင် နန်ယန်ရှို့သည် သဘာ၀၏ စွမ်းအားအချို့ကိုအသုံးပြုနည်းအား ကောင်းစွာသိသည်။

ယခုရှင်သန်ရေးတိုက်ပွဲသည် သဘာ၀ ပတ်၀န်းကျင်တွင် ဖြစ်ပွားနေသောကြောင့် နန်ယန်ရှို့အတွက် အားသာချက် ရှိနေခဲ့၏။

မြူခိုးတောင်ထွတ်၏ တောင်ခြေကို ချဥ်းကပ်ပြီးနောက်တွင် နန်ယန်ရှို့၊၀မ်ကျန်း၊ ချန်းချောင်နှင့် လေးလုံးတို့သည် ကိုယ်ယောင် ဖျောက်ထားခဲ့ကြ၏။

ယခုအခါ သူတို့လမ်းခရီးတွင် ဖမ်းမိခဲ့သောငှက်သည် အရေးပါသောအခန်းကဏ္ဍမှ ပါ၀င်လာတော့မည် ဖြစ်သည်။

နန်ယန်ရှို့က ငှက်၏ မျက်လုံးကိုကြည့်ရင်း မန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်။

"စိတ်ပိုင်းဆိုင်ရာပေါင်းစည်းရေးမန္တန်"

"အဲဒါက ဘယ်လိုမန္တန်မျိုးလဲ"

ချန်းချောင်က တအံ့တသြ မေးလိုက်သည်။

"ဒါက အစ်ကိုနန်ယန်ရှို့ အကျွမ်းကျင်ဆုံး မန္တန်ပဲ.. သူက သက်ရှိ သတ္တ၀ါတစ်ကောင်ကောင်နဲ့ စိတ်ပိုင်းဆိုင်ရာ ပေါင်းစည်းပြီး ဦးနှောက်လှိုင်းတွေကို ထိန်းချုပ်နိုင်တယ်.. သူ့တို့က အမြင်အာရုံ၊ အကြားအာရုံ နဲ့ အနံ့ခံအာရုံတွေကို မျှဝေနိုင်ကြတယ်.. အခုဆိုရင် ငှက်ရဲ့ဦးနှောက်က အစ်ကိုနန်ယန်ရှို့နဲ့ လုံး၀ကို ချိတ်ဆက်မိနေခဲ့ပြီ"

လေးလုံးက သူ၏ မျက်မှန်ကို ပင့်တင်ကာ ပြောလိုက်သည်။

"ငါနားလည်ပြီ"

ချန်းချောင်က ခေါင်းညိမ့်လိုက်သည်။

နန်ယန်ရှို့၏ငှက်ကို ဖမ်းဆီးရသည့် ရည်ရွယ်ချက်သည် စားဖို့မဟုတ်မှန်း အဆုံးသတ်တွင် သူသဘောပေါက်သွားခဲ့၏။

"ဒါနဲ့ သူကဘာလို့ငှက်ကို ရွေးချယ်လိုက်တာလဲ"

"ငှက်တွေက တခြားသော သတ္တ၀ါတွေထက် ထူးဆန်းတဲ့ အမြင်အာရုံရှိကြတယ်.. ငှက်တွေထက် အမြင်အာရုံစူးရှတဲ့ အဆင့်မြင့်သားရဲတွေ ရှိပေမဲ့လည်း ဖမ်းဆီးဖို့နဲ့ ထိန်းချုပ်ဖို့ကျတော့ အတော်လေး ခက်ခဲတဲ့အတွက် ငှက်တွေကိုပဲ အသုံးပြုကြတယ်"

လေးလုံးက ချန်းချောင်ကို ရှင်းပြလိုက်သည်။

ထို့ကြောင့် အကျဥ်းချုပ်ပြောရလျှင် ငှက်ကို အသုံးပြုခြင်းသည် ပတ်၀န်းကျင်ကို ထောက်လှမ်းရန်အတွက် လက်ရှိတွင် အမှန်ကန်ဆုံးသော ရွေးချယ်မှုတစ်ခု ဖြစ်သည်။

ထို့အပြင် နဂါးကိုးကောင်တောင်တွင် ကျက်စားသည့် ငှက်သည် သာမန်ငှက်မျိုး မဟုတ်ပေ။

၎င်းတို့က စိတ်၀ိညာဥ်စွမ်းရည်များ ရှိကြပြီး လင်းယုန်ငှက်လောက်နီးပါး ကောင်းမွန်သော အမြင်အာရုံ ရှိကာ အဝေးကြီးကိုပင် လှမ်းမြင်နိုင်ကြသည်။

ထိုအချိန်တွင် နန်ယန်ရှို့သည် ငှက်ကို ထိန်းချုပ်နေခဲ့သည်။

သူက သစ်ပင်ပေါ်ရှိ အကိုင်းခက်တစ်ခု ပေါ်တွင် ပျံသန်းစေပြီး အဝေးတစ်နေရာကို စိုက်ကြည့်စေခဲ့၏။

သို့သော်လည်း ထင်မှတ်မထားသည့် အရာတစ်ခု ဖြစ်ပျက်လာခဲ့သည်။

မြူခိုးတောင်ထွတ်၏ တောင်ထိပ်ကနေ ချွန်ထက်သောမြှားတစ်စင်းသည် မြူခိုးများကို ဖြတ်သန်း၍ ငှက်ကို တိုက်ရိုက်ထိုးဖောက်သွားခဲ့သည်။

ငှက်က ချက်ကောင်းကို ထိမှန်သွားသဖြင့် ချက်ခြင်းပင် သေဆုံးသွားခဲ့၏။

နန်ယန်ရှို့က ဤကြောက်မက်ဖွယ်ကောင်းသည့်

အခြေအနေကို အချိန်မီ တုန့်ပြန်နိုင်ခြင်းမရှိခဲ့ပေ။

သူနှင့်ငှက်သည် စိတ်ပိုင်းဆိုင်ရာ ပေါင်းစည်းရေးမန္တန်ကို အသုံးပြုထားသောကြောင့် သူ့အနေဖြင့် သေလုမျောပါး ဖြစ်သွားခဲ့ပြီး ချွေးများရွှဲနစ်သွားခဲ့သည်။

ဆိုရလျှင် ဤသည်မှာ မန္တန်၏ နောက်ဆက်တွဲဆိုးကျိုးဖြစ်သည်။

နန်ယန်ရှို့သည် အန္တရာယ်ရှိကြောင်း သိသည်နှင့်

မန္တန်ကိုချက်ခြင်း ရပ်တန့်လေ့ ရှိသော်လည်း ယခုဖြစ်ပျက်ခဲ့သည်မှာ အရမ်းကို ရုတ်ခြည်း ဆန်ခဲ့သည်။

ထို့ကြောင့် ငှက်၏နာကျင်မှုကို သူကပါ ထပ်တူ ခံစားလိုက်ရ၍ ခံနိုင်ရည်မရှိ ဖြစ်သွားခဲ့ခြင်းပင်။

"သူတို့ရဲ့တုန့်ပြန်မှုက အတော်မြန်တာပဲ"

ချန်းချောင်က ထိုမြင်ကွင်းကိုကြည့်ကာ မှင်သက်သွားခဲ့သည်။

ငှက်ကို ထိန်းချုပ်၍ စေလွှတ်ခဲ့သည်မှာ ဆယ်စက္ကန့်ပင် မကြာသေးသော်လည်း တစ်ဖက်လူသည် အဝေးကနေ မြှားတစ်စင်းကို ပစ်လွှတ်ကာ ငှက်ကို သတ်ပစ်လိုက်သည်။

ချန်းချောင်က မြှားကို စစ်ဆေးလိုက်ရာ ကိုယ်တိုင်လုပ်ထားသည့် သစ်သားမြှားခေါင်းတွင် အန္တရာယ်ရှိသော အဆိပ်တစ်မျိုး သုတ်လိမ်းထားသည်ကို တွေ့လိုက်ရ၏။

လူတစ်ယောက်က အသက်အန္တရာယ်ရှိလာသည်ဟု ခံစားမိသည်နှင့် လက်မောင်းတွင် ပတ်ထားသည့် ရွှေရောင်အဆောင်လက်ဖွဲ့သည် အသက်ဝင်လာပြီး သူတို့ကို ပြိုင်ပွဲကနေ ထုတ်ပယ်မည် ဖြစ်၏။

သို့သော်လည်း ဤသည်မှာ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုသာ ဖြစ်၍ ရွှေရောင် အဆောင်လက်ဖွဲ့က အသက်မ၀င်ခဲ့ပေ။

ငှက်ကိုမြှားဖြင့် ပစ်လိုက်သူ၏စွမ်းအားသည် အခြေခံ တည်ထောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားလုံး၀မဖြစ်နိုင်ချေ။

အဘယ်ကြောင့်ဆိုသော် သူတို့သည် မြူခိုးတောင်ထွတ်နှင့် ငါးလီလောက် ဝေးသည့်နေရာတွင် ရောက်နေသောကြောင့် ဖြစ်သည်။

အခြေခံတည်ထောင်ခြင်းအဆင့် ကျောင်းသားအနေဖြင့် လေးကဲ့သို့ မှော်လက်နက်မရှိပဲ ကိုယ်တိုင် လုပ်ဆောင်ထားသည့် သစ်သားမြှားကို ဤမျှ အကွာအဝေးသို့ ပစ်လွှတ်နိုင်ရန်မှာ လက်တွေ့အားဖြင့် မဖြစ်နိုင်ပေ။

ထိုအချိန်တွင် ၀မ်ကျန်းက ၀င်ပြောလိုက်သည်။

"ဒါက မြေပြင်အားသာချက်ကို ယူထားတာပဲ"

ထိုစကားကိုကြားလျှင် ချန်းချောင်က ချက်ခြင်း တုန့်ပြန်လိုက်သည်။

"ဒါဆို မြေပြင်အားသာချက်ကြောင့်ပေါ့"

မြေပြင်အားသာချက်ကြောင့်သာ ဆိုလျှင် ဤကဲ့သို့ အလွန် ဝေးကွာသည့်နေရာမှ ပစ်ခတ်မှုသည် အမှန်တကယ် ဖြစ်နိုင်ပေသည်။

ဆိုရလျှင် မြူခိုးတောင်ထွတ်၏ အပေါ်ပိုင်းတွင် မမြင်နိုင်သည့် လေစီးကြောင်းများ ဖြစ်ပေါ်နေခဲ့သည်။

ထိုလေစီးကြောင်းများသည် တောင်ထွတ်ကို တက်ရန် ကြိုးစားသည့် သက်ရှိသတ္တ၀ါ မှန်သမျှကို လွင့်စင်သွားစေနိုင်စွမ်းရှိသည်။

ဤမြေပြင်အားသာချက်ဖြစ်သည့် ထူးခြားသည့် လေစီးကြောင်းကို ကောင်းမွန်သည့် မြှားပစ်စွမ်း

ရည်နှင့်သာ ပေါင်းစပ်လိုက်လျှင် အဝေးကနေ မြှားကိုပစ်ခတ်ရန်မှာ မခက်ခဲပေ။

ထိုအချိန်တွင် နန်ယန်ရှို့သည် သေလုနီးပါး နာကျင်မှုကနေ ပြန်လည် သက်သာသွားခဲ့သည်။

အရာအားလုံးက ရုတ်ခြည်း ဖြစ်ပျက်သွားသောကြောင့် သူ့အနေဖြင့် လုံး၀ မတုန့်ပြန်နိုင်ခဲ့ပေ။

သူက သူ၏မတည်မငြိမ်ဖြစ်နေသော စိတ်အခြေအနေကိုထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

"ကောင်းထျန်းမင် မြူခိုးတောင်ထွတ်ကိုရွေးချယ်လိုက်တာက ခုခံဖို့လွယ်ကူပြီး တိုက်ခိုက်ဖို့ ခက်ခဲလို့ပဲ.. မြူခိုးတောင်ထွတ်က အခြေခံအားဖြင့် သဘာ၀အားသာချက်ရှိတယ်.. ဒါပေမဲ့ အရင်းအမြစ်ကို ဖြည့်တင်းဖို့အတွက်တော့ ပြသနာရှိတယ် အရင်းအမြစ်ကို ဖြည့်တင်းရမှာ ဖြစ်တဲ့အတွက် သူတို့အနေနဲ့အချိန်တိုင်း တောင်ထိပ်မှာနေလို့မရဘူး.. သူတို့က အရင်းအမြစ် ဖြည့်တင်းဖို့အတွက် တောင်ထိပ်မှာ တစ်ချိန်လုံး နေလို့မရဘူး သူတို့ကလည်း အရင်းအမြစ် စုဆောင်းဖို့ အတွက် ထောက်ပံ့ရေးအဖွဲ့တွေကို စေလွှတ်ထားမှာ သေချာတယ်.. အဲဒီအဖွဲ့လေးတွေကို ချောင်းမြောင်းတိုက်ခိုက်ရမယ်"

နန်ယန်ရှို့ ထိုစကားကို ပြောပြီးသည်နှင့် ချန်းချောင်

သည် လှုပ်ရှားမှုအသစ် တစ်ခုကို သတိပြုမိလိုက်သည်။

သူက မြူခိုးတောင်ထိပ်တွင် တစ်စုံတစ်ယောက်သည်

စွန်ကဲ့သို့ အရာတစ်ခု လွှတ်တင်လိုက်သည်ကို သတိပြုမိလိုက်သည်။

မြူခိုးတောင်ထွတ်၏ တောင်ထိပ်မှာရှိသည့် လေစီးကြောင်းကြောင့် ဤစွန်များသည် ဦးတည်ချက် အမျိုးမျိုးသို့ ပျံသန်းသွားမည် ဖြစ်၏။

စွန်တစ်ခုစီ၏ ကျောဘက်တွင် ရုပ်သေးတစ်ခုစီကို

ချည်နှောင်ထားခဲ့သည်။

ရုပ်သေးက ပါးစပ်ကို ဖွင့်လိုက်သောအခါတွင် ချိတ်ပါ

သည့် ရှည်လျားသော ပိုးချည်မျှင် တစ်ခုက ထွက်ပေါ်လာခဲ့သည်။

"ကောင်းထျန်းမင်က မြေပြင်အားသာချက်ကို အသုံးချပြီး အနီးအနား ပတ်၀န်းကျင်မှာရှိတဲ့ စိတ်၀ိညာဥ်သစ်သီးတွေနဲ့ အပင်တွေကို စုဆောင်းဖို့အတွက် ရုပ်သေးနည်းစနစ်ကို အသုံးပြုနေတာပဲ"

ထိုမြင်ကွင်းကိုကြည့်ကာ နန်ယန်ရှို့သည် အလွန်အံ့သြနေခဲ့သည်။

ကောင်းထျန်းမင်က ကိုယ်တွယ်ရခက်လိမ့်မည်ဟု သူခံစားမိပြီးသား ဖြစ်၏။

သို့သော်လည်း ရုပ်သေးများကို အသုံးချပြီး အရင်းအမြစ်

စုဆောင်းသည် အထိ လုပ်ဆောင်လိမ့်မည်ဟုတော့ သူမထင်

ထားခဲ့ပေ။

ဤအတိုင်းသာဆိုလျှင် ကောင်းထျန်းမင်၏ စခန်းသည် လုံး၀ ပြီးပြည့်စုံသွားပြီဟုပင် ဆိုရမည်။

သူတို့အနေဖြင့် အရင်းအမြစ် ရှာဖွေရန်အတွက် မည်သူ့ကိုမှ တောင်ထိပ်ကနေ စေလွှတ်ရန် မလိုအပ်တော့ပေ။

အမှတ်၆၀ အထက်တန်းကျောင်း၏ အခြေစိုက်စခန်းက အတော်လေးကောင်းမွန်သည်ဟု ချန်းချောင် ထင်မြင်ခဲ့သည်။

သူတို့ထက် ပိုကောင်းသည့် အခြေစိုက်စခန်း ရှိလိမ့်မည်ဟု ချန်းချောင် မထင်ထားခဲ့ပေ။

"ငါတို့ဘာဆက်လုပ်သင့်လဲ"

ချွေးများဖြင့်ရွှဲစိုနေသည့် လေးလုံးက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။

ပုံမှန်အားဖြင့် သူတို့သည် ဤကဲ့သို့စိတ်ရှုပ်မှုမျိုးကို မခံစားရပေ။

ယင်းအခြေအနေကိုကြည့်လျှင် အမှတ်၁ မိစ္ဆာနှိမ်နင်းရေးအထက်တန်းကျောင်းနှင့် ရင်ဆိုင်ရန်မှာ မည်မျှ ခက်ခဲမှန်း ရှင်းလင်းစွာ သိသာနေသည်။

ကောင်းထျန်းမင်သည် တိုက်ပွဲပေါင်း များစွာကနေ အတွေ့အကြုံများ ရရှိခဲ့ပြီး အဆက်မပြတ် သင်ယူနေခဲ့သူ ဖြစ်သည်။

ထို့ကြောင့် အဆုံးသတ်တွင် သူ၏နည်းဗျူဟာသည် သြချရလောက်သည့် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

နန်ယန်ရှို့က သူ၏သွားများကို အံ့ကြိတ်လိုက်သည်။

သူက ဤအခြေအနေကို လက်မခံချင်ခဲ့ပေ။

အမှတ်၆၀ အထက်တန်းကျောင်းနှင့် အမှတ်၅၉ အထက်တန်းကျောင်းတို့က ပြိုင်ဘက်များ ဖြစ်နေသကဲ့သို့ပင် တောင်ပင်လယ်ကောင်းကင် အထက်တန်းကျောင်းနှင့် အမှတ်၁ မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်းကြားတွင်လည်း ပြင်းထန်သည့် ရန်ညှိုးရန်စများ ရှိသည်။

ဤတစ်ကြိမ်သည် နန်ယန်ရှို့ အတွက် ကောင်းထျန်းမင်ကို သိရှိချိန်ကစပြီး သူတို့နှစ်ဦးကြားရှိ တတိယမြောက် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်သည်။

သူတို့သည် ယခင် ထိပ်တိုက်တွေ့ဆုံမှု နှစ်ကြိမ်တွင် သရေကျခဲ့ကြသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ နန်ယန်ရှို့သည် သူက သိသိသာသာ အားနည်းနေသည်ဟု ခံစားခဲ့ရ၏။

"ငါတို့ရဲ့ တည်နေရာကို အရင်ပြောင်းကြရအောင်.. သူတို့က ငါတို့နေရာကို သိနေမှာ ငါစိုးရိမ်မိတယ်"

နန်ယန်ရှို့က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် မြူခိုးတောင်ထိပ်ကနေ လွှတ်တင်လိုက်သည့် စွန်ရုပ်သေးများသည် ပတ်၀န်းကျင်ကို စောင့်ကြည့်ရန်အတွက်လည်း အသုံးပြုနိုင်သောကြောင့်ပင်။

ကောင်းထျန်းမင်က သူတို့၏ တည်နေရာကို သတိထားမိသွားပြီလား အသေအချာ မသိသော်လည်း အစောပိုင်းတွင် ပစ်လိုက်သောမြှားကြောင့် သူတို့က ဖော်ထုတ်ခံထားရသည်မှာ သိသာနေသည်။

"စွန်ရုပ်သေးကြောင့်လား"

၀မ်ကျန်းကမေးလိုက်သည်။

"သေချာပေါက်ပေါ့"

နန်ယန်ရှို့က ခေါင်းညိမ့်ကာ ပြန်ဖြေလိုက်သည်။

"ဒီီလိုလုပ်ကြည့်ပါလား.. ငါက သူတို့ကို ငါးစာအဖြစ် မျှားမယ်.. မင်းတို့တွေက စွန်ကြိုးတွေကို ဖြတ်ဖို့လုပ်ပါ.. ဖြစ်နိုင်သလောက် များများဖြတ်လေ ကောင်းလေပဲ"

၀မ်ကျန်းက အကြံပေးလိုက်သည်။

သူ၏စကားကိုကြားလျှင် ကျန်ကျောင်းသား သုံးယောက်သည် ထိတ်လန့်သွားခဲ့၏။

"မင်းကငါးစာအဖြစ် တကယ်ကြီး သွားမှာလား"

၀မ်ကျန်းက ခပ်ယဲ့ယဲ့ပြုံး၍ ပြန်ဖြေလိုက်သည်။

"မင်းတို့ ဘာမှစိတ်မပူပါနဲ့ ငါက ငယ်ငယ်ကတည်းက အရိုက်ခံလာရတဲ့သူပဲ.. ငါ့ရဲ့ခန္ဓာကိုယ်က အရမ်းကြံ့ခိုင်တယ်"

အပိုင်း(၁၁၆၃) ပြီး၏

All Chapters