← Chapters

ဝမ်လင်း၏ခါးကြံ့ခိုင်မှု

Vol. 78 Ch. 1169

ဝမ်လင်း၏ခါးကြံ့ခိုင်မှု

Vol. 78 Ch. 1169

၀မ်လင်းသည် ကောင်းထျန်းမင်ကို ရင်ဆိုင်မိသည်နှင့် တစ်ပြိုင်နက် အပြီးအပိုင် ဖယ်ရှားနိုင်မည့် နည်းလမ်းပေါင်း ၃၀၀၀ ကျော်ကို စဥ်းစားမိခဲ့သည်။

သို့သော် ကောင်းထျန်းမင်သည် ဆိုးယုတ်သောသူတစ်ဦးမဟုတ်ပေ။

အရိပ်တာအို၏ စွမ်းအားက သူ့နှလုံးသားထဲမှ မကောင်း သော အတွေးများကို အတိုင်းအဆမဲ့ ကြီးထွားစေခဲ့ခြင်းကြောင့်သာ ပြန်လှည့်စရာလမ်း မရှိတော့အောင် ဖြစ်သွားခဲ့ခြင်းပင်။

ထို့ကြောင့် ၀မ်လင်းတွင် ကောင်းထျန်းမင်ကို သတ်ရန် ရည်ရွယ်ချက်မရှိပေ။

သူက ကောင်းထျန်းမင်ဆီကနေ အရိပ်တာအို၏ စွမ်းအားကို ပြန်လည် ရယူချင်ရုံသာ ဖြစ်သည်။

၀မ်လင်းက ကောင်းထျန်းမင်ထံမှ အရိပ်စွမ်းအားကို ချောမွေ့စွာ ပြန်လည်ရယူနိုင်သ၍ ကောင်းထျန်းမင်၏

မကောင်းသောစိတ်များသည် ပျောက်ကွယ်သွားပေလိမ့်မည်။

ဤသည်က ယခုထက်ပို၍ အခြေအနေ မဆိုးရွားခင်၌ ၀မ်လင်း စဥ်စားထားသည့် အကောင်းဆုံးဖြေရှင်းနည်း ဖြစ်၏။

ကောင်းထျန်းမင်က စစ်မြေပြင်တစ်ခုလုံးကို ပိတ်ဆို့ထားခြင်းဖြင့် ၀မ်လင်းကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း တကယ်တမ်းတွင် ၀မ်လင်းကို အကူအညီပေးနေသလို ဖြစ်သွားခဲ့သည်။

၀မ်လင်းသည် မည်သူမှ သူ့ကိုအနှောက်အယှက် မပေးနိုင်တော့သောကြောင့် သူ၏စွမ်းအားကို အသုံးပြုရန် စိုးရိမ်စရာမလိုတော့ပေ။

သူက ကောင်းထျန်းမင်ဆီသို့ ခြေတစ်လှမ်းတိုးလိုက်သည်။

ယင်းက ခြေလှမ်းတစ်လှမ်းသာ ဖြစ်သော်လည်း ကောင်းထျန်းမင်၏ ဦးခေါင်းပေါ်သို့ အမြင့်ပေ လီ ၁၀၀၀၀ ပေါ်ရှိ ရေတံခွန်ကြီး ချက်ခြင်းဆိုသလို ကျရောက်လာသကဲ့သို့ အသက်ရှုရခက်ခဲစေခဲ့သည်။

"မင်း.."

ကောင်းထျန်းမင်က ၀မ်လင်းကို တုန်လှုပ်စွာဖြင့် ကြည့်နေခဲ့သည်။

သူက အရိပ်တာအို၏ စွမ်းအားကို အသုံးပြုခဲ့လျှင် ပုလင်းထဲတွင် လိပ်ကိုဖမ်းဆီးသော ပြကွက်ကဲ့သို့ ဖြစ်လာမည်ဟု အထင်ရောက်ခဲ့သည်။

သို့ရာတွင် လိပ်က သူဖြစ်နေလိမ့်မည်ဟု မထင်ခဲ့ပေ။

ဤသည်မှာ အခြေခံတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားမဟုတ်ချေ။

"မင်းလည်း ငါ့လိုပဲလား"

"ဟုတ်လည်း ဟုတ်တယ်.. မဟုတ်လည်း မဟုတ်ဘူး"

ကောင်းထျန်းမင်က ၀မ်လင်း၏ ခံစားချက်မဲ့ ငါးမသာမျက်လုံးကို ကြည့်ကာ အတည်ပြုရန် ကြိုးစားခဲ့သော်လည်း တိကျရေရာသော အဖြေကို မရရှိခဲ့ပေ။

ကောင်းထျန်းမင်က အရိပ်တာအို၏စွမ်းအားနှင့် ကောင်းစွာ ပေါင်းစပ်ထားသော်လည်း သူ၏ခွန်အားသည် ၀မ်နွမ်လေးခွန်အား၏ တစ်ထရီလျံပုံ တစ်ပုံပင်မရှိပေ။

၀မ်လင်းသည် အရိပ်တာအိုကို ကောင်းစွာ နားလည်ထားသူဖြစ်သည်။

ယခုအခါတွင် ဝမ်လင်းသည် ကြီးမြတ်သော တာအိုလေးမျိုးကို နားလည်ထားခဲ့သည်။

အဓိကတာအိုမှာ မဟာတာအို(၀ါ)ကောင်းကင်တာအို ဖြစ်ပြီး ၀မ်လင်း မွေးဖွားစဥ်ကတည်းကပင် အတူပါလာခဲ့သည်။

နတ်တာအိုကမူ နတ်တာအိုကြယ်တွင် ၂မိနစ်ကြာ လေ့လာပြီးနောက် သင်ယူနိုင်ခဲ့သောတာအို ဖြစ်၏။

ကံကြမ္မာတာအိုကမူ ပိုင်ယိုချွမ်ကို ဖမ်းမိပြီးနောက်တွင် အကျဥ်းထောင်၌ နားလည်ခဲ့သော တာအို ဖြစ်သည်။

နောက်ဆုံးတာအိုကမူ အရိပ်တာအို ဖြစ်သည်။

၀မ်လင်းသည် သူ့ညီမလေး၀မ်နွမ် အတွက် အေးခဲထားသောဖက်ထုပ်များကို ဖျက်ဆီးရန် အထူးတလည် ကြိုးစားခဲ့သည်။

တကယ်တမ်း ပြောရလျှင် နောက်ထပ် တာအိုတစ်မျိုးလည်း ရှိနေပါသေးသည်။

ယင်းမှာ စည်းပြင်ပတာအို ဖြစ်သည်။

သို့သော် တိတိကျကျ ပြောရလျင် စည်းပြင်ပတာအိုကို မြင့်မြတ်သော တာအိုအဖြစ် မသတ်မှတ်နိုင်ပေ။

၎င်းသည် မဟာတာအို(၀ါ)ကောင်းကင်တာအို၏ အကိုင်း အခက် တစ်ခုမျှသာ ဖြစ်၏။

ထိုအချိန်က ပိုင်ယိုချွမ်၏ဖခင်ဥက္ကဌပိုင်ကျဲသည် စည်းပြင်ပတာအိုကို တတ်ရောက်ရုံမျှဖြင့် သူ့ကိုယ်သူကြီးမြတ်သောတာအိုကို တတ်မြောက်သည်ဟု အထင်ရောက်ခဲ့သည်။

အတိုချုပ်ပြောရလျှင် ၀မ်လင်း၏အရိပ်တာအိုကို ဖီးနစ်အမွေနှင့်နဂါးဦးချိုဟု တင်စားပါက ကောင်းထျန်းမင်၏ အရိပ်တာအိုသည် ကြက်ပေါက်လေးထံမှ ကြက်မွှေးမျှသာ ဖြစ်သည်။

၀မ်လင်းနှင့်တိုက်ပွဲ၀င်နေသူ တစ်ဦးဖြစ်သည့် ကောင်းထျန်းမင်သည် အစစ်အမှန်ခွန်အား ဆိုသည်ကို ရှင်းလင်းစွာမသိသည်မှာ ၀မ်းနည်းစရာပင်။

နန်ယန်ရှို့ ပြောခဲ့သလိုပင် ကောင်းထျန်းမင်သည် ရူးသွပ်နေသော လူတစ်ယောက်လို ဖြစ်၏။

၀မ်လင်းသည် ကောင်းထျန်းမင်ကို ခွန်အားနှစ်ခုကြားရှိ အစစ်အမှန်ကွာဟချက်ကို မပြသလျှင် မဖြစ်တော့ဟု ထင်မြင်မိသည်။

သူ့ကို စိတ်ပျက်ပြီး အမှန်တကယ် အရှုံးမပေးမချင်း ဤကောင်လေးသည် မှားယွင်းသောလမ်းကို ဆက်လက် လျှောက်လမ်းနေမည်မှာ သေချာ၏။

"ဒီကမ္ဘာမှာ ပါရမီရှင်တစ်ယောက်ပဲ လိုအပ်တယ်.. အဲဒါက ငါပဲ"

ကောင်းထျန်းမင်က သူ့လက်များကို လှုပ်ရှားလိုက်သည်။

နောက်ထပ် တခဏတွင် ရုပ်သေးနှစ်ကောင်ကို ထုတ်သုံးကာ ၀မ်လင်းကို ညှပ်တိုက်ရန် စေခိုင်းလိုက်သည်။

ဤသားသတ်သမား ရုပ်သေးများသည် အစောပိုင်းတွင် ၀မ်ကျန်းကို အသုံးပြုခဲ့သော ရစ်ပါရုပ်သေးထက် ပိုမို သေစေနိုင်စွမ်း ရှိသည့်အပြင် ပို၍လည်း မြန်ဆန်သည်။

ကောင်းမွန်စွာ ပြုလုပ်ထားသော ဒီဇိုင်းပုံစံကြောင့် သားသတ်သမား ရုပ်သေးများ၏ ခါးတွင် ချိတ်ထားသော ရွှေရောင်ကွင်းများသည် ၀မ်လင်းကို ချဥ်းကပ်လာသည့်နှင့် အမျှ လျင်မြန်စွာ လည်ပတ်လာခဲ့သည်။

၀မ်လင်းသည် ကောင်းထျန်းမင်က သူ့ကိုသတ်ရန် ရည်ရွယ်ထားကြောင်း သိရှိခဲ့၏။

အရိပ်တာအို၏ စွမ်းအားဖြင့် အဆင့်မြင့်တင်ထားသော သားသတ်သမား ရုပ်သေးနှစ်ကောင်၏ ခါးရှိကွင်းများသည် တစ်စက္ကန့်လျှင် သန်းတစ်ရာကျော် လည်ပတ်နိုင်စွမ်း ရှိသည်။

ထိုလည်ပတ်သောကွင်း၏ အရှိန်သည် တောင်များကို ခွဲထုတ်နိုင်လောက်သည်အထိ အားကောင်း၏။

သို့သော် ထိုအမြန်နှုန်းသည် ၀မ်လင်းအသက် ၇နှစ်အရွယ်က ခါးလှည့်ကွင်း ကစားခဲ့သည့်အရှိန်ကို မယှဥ်နိုင်ပေ။

စွမ်းအား အလွန်နိမ့်ပါးနေသည့် ထိုအရွယ်ကပင် ဝမ်လင်း၏ ခါးလှည့်ကွင်း လည်ပတ်နှုန်းသည် တစ်စက္ကန့်လျှင် သန်းနှစ်ရာနီးပါး အထိ ရှိသည်။

ခါးလှည့်ကွင်း၏ မြန်ဆန်သောအရှိန်အဟုန်ကြောင့် ဆွဲငင်အားကိုပင် လုံး၀ဆန့်ကျင်ပြီး ကမ္ဘာမြေကနေ ဒုံးပျံကဲ့သို့ ပျံတတ်သွားစေနိုင်၏။

သို့သော် ယောကျာ်းကောင်းမှန်လျှင် အတိတ်မှ အောင်မြင်မှုကို မကြွား၀ါဟူသော စကားပုံတစ်ခု ရှိသည်။

ဤသည်က ၀မ်လင်းအနေဖြင့် အပြင်လူများကို ကြွား၀ါရန်မထိုက်တန်ဟု ထင်ခဲ့သော​ ငယ်ဘ၀၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

သို့သော် အတိအကျပြောရလျှင် ထိုအချိန်က ခါးလှည့်ကွင်းကစားသည့် အတွေ့အကြုံများကြောင့် ၀မလင်းသည် အဆုံးသတ်တွင် လေဖြင့် ခါးလှည့်ကစားသည့် စကေးလ်ကိုရရှိခဲ့သည်။

ထို့ကြောင့် ၀မ်လင်းသည် ခါးကို လှုပ်ရှားရာတွင် ခါးလှည့်ကွင်းကို မလိုအပ်တော့ပေ။

ယခုအခါတွင် ခါးလှည့်ကွင်း မပါဘဲ ၀မ်လင်း၏ ခါးလှုပ်နိုင်စွမ်းသည် တစ်စက္ကန့်လျှင် တစ်ဘီလီယံကျော် ရှိနေခဲ့ပြီ ဖြစ်၏။

ထို့ကြောင့် ကောင်းထျန်းမင်က သားသတ်သမား ရုပ်သေးများကို တိုက်ခိုက်ရန် စေလွှတ်လိုက်သောအခါ ၀မ်လင်းသည် မသိစိတ်ကနေ သူ၏ သေးသွယ်သောခါးကို အရှိန်ပြင်းစွာ လှုပ်ခါလိုက်သည်။

သူ၏လှုပ်ရှားမှုက အလွန်ပင် မြန်ဆန်သောကြောင့် ကောင်းထျန်းမင်သည် ၀မ်လင်းကို ခပ်ရေးရေးသာ မြင်တွေ့ခဲ့ရသည်။

၀မ်လင်း၏ ခါးလှုပ်ချက်ကြောင့် မြူခိုးတောင်ထိပ် တစ်ခုလုံးပင် အနည်းငယ် ယိမ်းထိုးလာခဲ့သည်။

တစ်စက္ကန့်လျှင် တစ်ဘီလီယံကျော် ခါးလှုပ်နိုင်စွမ်းနှင့် ရင်ဆိုင်မိပြီးနောက်တွင် သားသတ်သမား ရုပ်သေးနှစ်ကောင်အတွက် ပျက်စီးသွားခြင်း ဟူသည့် အကျိုးဆက်တစ်ခုသာ ရှိသည်။

သားသတ်သမား ရုပ်သေးနှစ်ကောင်က ၀မ်လင်းထံကနေ လွင့်စင်သွားပြီး တစ်စစီ ဖြစ်သွားခဲ့သည်။

ကောင်းထျန်းမင်သည် သူ၏ မျက်လုံးများကို လုံး၀ မယုံ ကြည်နိုင်ခဲ့ပေ။

လက်၀ါးအရွယ်အစားရှိ အပိုင်းအစ ကိရိယာတစ်ခုသည် လွင့်စင်လာပြီးနောက် သူ၏ခြေရင်းသို့ လှိမ့်လာခဲ့သည်။

ကောင်းထျန်းမင်က ထိုကိရိယာကို ကုန်း၍ ကောက်ယူလိုက်သောအခါ မီးလောင်လုမတတ် ပူပြင်းနေသောကြောင့် ချက်ချင်းပင် ပြန်လွှတ်လိုက်ရသည်။

၀မ်လင်း မည်သည့်အရာ လုပ်ဆောင်ခဲ့သည်ကို သူရှင်းလင်းစွာ မမြင်ခဲ့သော်လည်း သူ၏ သားသတ်သမား ရုပ်သေးများသည် ဤကဲ့သို့ပင် ပြိုကွဲသွားခဲ့သည်။

"၀မ်လင်း မင်းငါ့ရုပ်သေးတွေကို ဘာလုပ်လိုက်တာလဲ"

ကောင်းထျန်းမင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ယင်းမှာ စိတ်ဝေဒနာရှင် တစ်ယောက်က တခြားသူများကို ရူးသွပ်စွာ ဟိန်းဟောက်နေသကဲ့သို့ပင်၊ အလွန်တရာ ကျယ်လောင်ပြီး ကြောက်မက်ဖွယ်ကောင်း၏။

"ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေက ငါ့အတွက် အသုံးမ၀င်ဘူး

ဤသည်မှာ တိုက်ပွဲစတင်ကတည်းကပင် ၀မ်လင်း ပြောခဲ့သော ပထမဆုံး စကားလုံးများဖြစ်ပြီး စေတနာဖြင့် သတိပေးချက် တစ်ခုဟုလည်း သတ်မှတ်နိုင်သည်။

တစ်စက္ကန့်လျှင် တစ်ဘီလီယံကျော် ခါးလှုပ်ခြင်းသည် သားသတ်သမား ရုပ်သေးများကို တွေ့ပြီးနောက်မှ သတိရလာခဲ့သည့်အရာဖြစ်သည်။

၎င်းသည်ထိုအချိန်ကသူတီထွင်ခဲ့သည့် ရယ်စရာကောင်း သောစကေးလ်တစ်ခုဖြစ်သော်လည်း ယခုအခါတွင် အတော်လေး အသုံး၀င်နေခဲ့သည်။

သူက အရှိန်မြှင့်လိုက်သည်နှင့် မည်သူကမှ သူဘာလုပ်နေသည်ကို မမြင်နိုင်တော့ပေ။

ထို့အပြင် ၀မ်လင်းသည် သူတော်စင်ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်သည်။

သူ၏ခါးကို မလှုပ်ခါလျှင်ပင် သားသတ်သမားရုပ်သေးများသည် သူ့ကို ၀င်တိုက်မိသည်နှင့် ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်သွားကြလိမ့်မည်သာ။

"မင်းကို ငါ့စုဆောင်းမှုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲပစ်မယ်"

ကောင်းထျန်းမင်၏ မျက်လုံးများက ၀မ်လင်းကို စိုက်ကြည့်ရင်း နီရဲလာခဲ့သည်။

အခြေခံတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်၀မ်လင်းက သူနှင့်ဆင်တူသော စွမ်းအားကို အဘယ့်ကြောင့်ရရှိနေမှန်း သူမသိပေ။

သို့သော်လည်း သူသည် ၀မ်လင်းကို ရုပ်သေးအဖြစ် ပြောင်းလဲရန် စီစဥ်နေခဲ့၏။

"၀မ်လင်း မင်းငါ့ရဲ့ရုပ်သေး ဖြစ်လာစေရမယ်"

ကောင်းထျန်းမင်က အေးစက်စက် ရယ်မောလိုက်ပြီး သူ၏ လက်ချောင်းများကို လှုပ်ရှားလိုက်သည်။

ထိုခဏမှာပင် သူ၏အရိပ်သည် မြေပြင်မှ တဖြည်းဖြည်း ထကြွလာခဲ့ပြီး သူ၏ ကျောဘက်တွင် ၀ဲပျံနေခဲ့သည်။

ဤသည်မှာ ကောင်းထျန်းမင်၏ အရိပ်ရုပ်သွင် ဖြစ်၏။

၎င်းက ကြိုးတန်းပေါ်တွင် လမ်းလျှောက်သည့် လူရွှင်တော် တစ်ဦးနှင့် ဆင်တူပြီး ဆိုးယုတ်သော အော်ရာများကို ထုတ်လွှတ်နေခဲ့သည်။

အပိုင်း(၁၁၆၉) ပြီး၏

All Chapters