Chapters

လက်စားချေခြင်း

Vol. 15 Ch. 212

လက်စားချေခြင်း

Vol. 15 Ch. 212

“ဖုန်သခင်လေး၊ ငါ့အဖေကိုသတ်တဲ့အရူးနဲ့ ရုပ်ချင်းဆင်နေတဲ့ မင်းလိုလူက ဒီလိုစကားမျိုးပြောခွင့်မရှိဘူး။ မင်းက အပြောကြီးသလောက် အစွမ်းရှိမရှိဆုတာ ငါတကယ်သိချင်လာပြီ”

သူ့စကားဆုံးသည်နှင့် အပြာရောင်သရဲမီးတောက်တစ်ခု ကောင်းကင်သို့ထိုးတက်သွားသည်။ ထိုမီးတောက်နှင့်အတူ အနက်ရောင်အမွှေးရှိသည့် သရဲဝံပုလွေတစ်ကောင်က ရုပ်ဆိုးဆိုး မင်နက်ရောင်ရေသရဲတစ်ကောင်ကို ဝါးမျိုလိုက်သည်။ အနီရောင်သွေးများစွန်းထင်းနေသည့် ပါးစပ်ကြီးကြောာင့် ပုစွန်စစ်သည် ကဏန်းစစ်သည်များ ထိတ်လန့်သွားကြသည်။

“အထင်ကြီးစရာ သရဲဝံပုလွေပဲ။ ဒါပေမယ့် ဒါက မင်းစီးနေတဲ့ သတ္တဝါမဟုတ်လား။ မင်းရဲ့ကိုယ်ပိုင်စွမ်းအားကရော...။ ဒီဝံပုလွေးအစွမ်းလောက်နဲ့ဆို ငါ့တပည့်တွေကိုထိန်းထားဖို့ ခက်လိမ့်မယ်နော်”

တောင်နက်အစွမ်းကို မြင်ရသော်လည်း ဟုန်ရှီ အရေးစိုက်ဟန်မရှိ။

“ဂါး”

ဖြူဖွေးသည့်အမွေးပွများ လေထဲတွင် တဖျတ်ဖျတ်ခါသွားသည်။ ပိုင်ယော် ကောင်းကင်သို့ခုန်တက်၍ သံချပ်ကာဝတ် ကဏန်းစစ်သည် ပုစွန်စစ်သည်များကို တိုက်ခိုက်သည်။ သိုသော် ထိန်းထားနိုင်ရုံလောက်သာဖြစ်သည်။

“တကယ်ခေါင်းကိုက်စရာပဲ”

မျက်စိရှေ့မှ အန္တရာယ်များသည့်မြင်ကွင်းကို ဖုန်ချင်အန်း အရေးမစိုက်။ အဖြူရောင်ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ နဂါးသွားဖြင့် ပြုလုပ်ထားသည့် နတ်စိမ်းဓားဖြစ်သည်။ နေစွမ်းအင်ဓားရိပ်ထွက်ပေါ်လာသည်။ ဝိုင်းရံဖုံးလွှမ်းနေသည့် ရေဓာတ်များ ချက်ချင်းအငွေ့ပျံပျောက်ကွယ်သွားသည်။

သူ့အနားမှ ကဏန်းစစ်သူကြီးတစ်ယောက်နှင့် ပုစွန်စစ်သည့်ဆယ်ရောက်ကျော်ကို ဓားစွမ်းအင်ရောင်က ချက်ချင်းဝါးမျိုသွားသည်။ စူးရှသည့်အော်သံများနှင့်အတူ မီးသွေးခဲအဖြစ်ပြောင်းသွားသည်။

အသားကင်နံ့နှင့် ညှော်နံ့များ လေထဲတွင် ပြည့်နက်သွားသည်။ သို့သော် ရပ်ကြည့်နေသည့်ဟုန်ရှီက စိတ်ဆိုးဟန်မပြဘဲ တဟားဟားအော်ရယ်နေသည်။

“ဪ....ဒါမင်းရဲ့ နတ်စွမ်းအားလား။ ဒီထက်မပိုဘူးထင်တယ်။ ငါ့ရဲ့ရေစွမ်းအင်ပုလဲ အလဟဿဖြစ်ရပြီကွာ”

ဟုန်ရှီ လေထဲသို့ တဖြေးဖြေးပျောက်ကွယ်သွားသည်။ မီးခိုးငွေ့တန်းများအသွင်ပြောင်း၍ ကောင်းကင်သို့လွင့်တက်သွားသည်။ ထို့နောက် ယင်ဓာတ်သိပ်သည်းသည့် တိမ်တိုက်များ ‌ပေါက်ကွဲထွက်လာသည်။ ပေပေါင်းဒါဇင်ချီ၍ရှည်သည့် သတ္တဝါကြီးတစ်ကောင် ပေါ်လာသည်။ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းသာ မြင်ရသေးသော်လည်း ကြောက်စရာကောင်းလွန်းလှသည်။

“နွီလော၊ မင်းဒီကောင့်ကို အကဲဖြတ်ခဲ့တာ လုံးဝမမှားဘူးပဲ”

ဖုန်းချင်း အော်ဟစ်ရယ်မော၍ ထိုသတ္တဝါကို ကြည့်နေသည်။

“နဂါးသွေးတွေ အချည်းအနှီးဖြစ်ရပြီ။ မင်းက ကြွက်စိတ်ဓာတ်မျိုး ရှိနေလို့လေ”

“ရိုင်းလှချည်လားကွ၊ လူသားကောင်။ မင်းကများ ငါ့ကိုမလေးမစားလုပ်ရဲတယ်ပေါ့”

ကြီးမားသည့် ကြက်သွေးရောင်နဂါးဦးခေါင်း ယင်တိမ်တိုက်များကြားမှ ပေါ်လာသည်။ အောက်ဘက်မှလူငယ်ကို ငုံ့ကြည့်နေသည်။

“စည်းကျော်တာက နင်ပါ ဟုန်ရှီ။ နင်ဆက်ပြီးအသက်မရှင်ချင်တော့ဘူးလား။ သူ့ကို တိုက်ခိုက်ရဲတယ်ပေါ့”

အော်ငေါက်သံနှင့်အတူ ရွှေရောင်အလင်းတန်းတစ်ခု မမြင်နိုင်သည့် အကာအရံတစ်ခုကို ချက်ချင်းထိုးဖောက်လာသည်။ ကျားသစ်နီစီးထားသည့် နွီလော် ဖုန်ချင်အန်းရှေ့တွင် ပေါ်လာသည်။ ထိုးကျလာသည့် နဂါးစွမ်းအင်ဖိအားကို ကာဆီးပေးသည်။ ဖုန်ချင်အန်း ချက်ချင်း ပေါ့ပါးသွားသလို ခံစားရသည်။

“ဘာလို့မတိုက်ခိုက်ရဲရမှာလဲ။ ဟိုလူက ငါ့အဖေကို သတ်ခဲ့တယ်။ နဂါးသားတော်ဖြစ်တဲ့ငါက လက်စားမချေနိုင်ခဲ့ဘူး။ အခု ဟိုလူရဲ့ဆွေမျိုးကို ငါတွေ့နေရပြီ။ ငါလစ်လျူရှုလိုက်ရင် နဂါးသားတော် ဘယ်ပီသတော့မှာလဲ”

ယင်တိမ်တိုက်ထဲမှ အောင်မြင်ခံ့ညားသည့်အော်ဟစ်သံ ပေါ်လာသည်။ ဒေါသရိပ် ရူးသွပ်ရိပ် ပြည့်နေသည်။

“နင့်အဖေတောင် ဓားတစ်ချက်ကို မခံနိုင်တာ။ သူ့ဆွေမျိုးကို နင်ကသွားသတ်ချင်သေးတယ်ပေါ့”

နွီလော် မေးခွန်းထုတ်သည်။ ဟုန်ရှီကို လျှော့တွက်ခဲ့မိသည်။ ထိုကြွက် ထိုမျှရဲတင်းမည်ထင်မထား။

“သားတစ်ယောက်ဟာ အဖေအတွက်လက်စားချေရမှာပဲ။ မှန်တာမှားတာတွေမရှိဘူး။ ဒီကောင့်ကိုသတ်ပြီး တိုင်းခြားကို ထွက်ပြေးရမယ်ဆိုရင်တောင် ငါဟုန်ရှီ တရားမျှတမှုကို ပြန်ရှာပေးရမှာပဲ”