← Chapters

ရိုးသားစွာဝန်ခံခြင်း

Vol. 15 Ch. 213

ရိုးသားစွာဝန်ခံခြင်း

Vol. 15 Ch. 213

“မင်းအဖေအတွက်လက်စားချေဖို့ ဘာလို့ငါ့ကိုပစ်မှတ်ထားနေတာလဲ”

စကားကြိးစကားကျယ်ပြောနေသည့် ကောင်းကင်မှဟုန်ရှီကို ဖုန်ချင်အန်း ပြန်မေးလိုက်သည်။

“ငါက သူ့ပြိုင်ဘက်မဖြစ်နိုင်ဘူး။ ငါလက်စားချေရင် ကိုယ့်ကိုယ်ကို သတ်သေသလိုဖြစ်မှာပဲ။ ဒါပေမယ့် ကောင်းကင်က ငါ့ကိုအခွင့်အရေးပေးတယ်။ ငါ့ရန်သူဟာ ချစ်တဲ့လူတစ်ယောက် ဆုံးရှုံးရတဲ့ ခံစားချက်မျိုး ထပ်တူခံစားရတော့မယ်လေ။ ဒီအခွင့်အရေးကို ငါလက်လွတ်မခံဘူး”

မီးအိမ်နှင့်တူသည့် နဂါးမျက်လုံးအစုံက ဖုန်ချင်အန်းကို စိုက်ကြည့်နေသည်။ လူသတ်ရိပ်များ ပြည့်နေသည်။ ထိုငါးနဂါးသည် ရန်သူအပေါ် အမုန်းတရားကို ဖုန်ချင်အန်းအပေါ် လွှဲပြောင်းလိုက်ပုံရသည်။

ဖုန်ချင်အန်း ဓားဖြင့်သာ တုန့်ပြန်ရတော့မည်။ သို့သော် ထိုခဏမှာပင် အရေးကြီးသည့်ပြဿနာတစ်ခုကို တွေးမိသည်။

ဟုန်ရှီ၏ဖခင်ကို သူ့အကိုသတ်ခဲ့သည်။ ထိုမကောင်းဆိုးဝါး၏ အသွင်အပြင်အရ နဂါးနီသည် အတော်တဏှာရာဂကြီးလိမ့်မည်။ ထို့ကြောင့်လည်း ဟုန်ရှီလိုသတ္တဝါမျိုး လောကတွင် ပေါ်လာခြင်းဖြစ်သည်။

သို့ဆိုလျှင် ထိုနဂါးနီတွင် သားသမီးမြေးမြစ်များ ဘယ်လောက်ကျန်ခဲ့သနည်း။ ဖြေရခက်သည့်မေးခွန်းဖြစ်သည်။ နဂါးနီကိုယ်တိုင်ပင် ဖြေချင်မှဖြေနိုင်မည်။

သို့သော် သူတို့ညီအကို နဂါးမျိုးဆက်များ၏ နာကျည်းမှုများစွာ ရင်ဆိုင်ရမည်ဟုလည်း မဆိုလို။ ဦးနှောက်နည်းနည်းရှိသူပင် ဟုန်ရှီလို တာဝန်သိသားမြေးများ နည်းနည်းသာရှိမည်။ အများစုက အချိန်အခါကို နားလည်နိုင်စွမ်း ရှိကြပေလိမ့်မည်။

သို့သော် သူ့အကို သတ်ခဲ့သည်က နဂါးနီတစ်ကောင်တည်းမဟုတ်။နဂါးနီသည် သူ့အကိုဓားသွားအောက်ရှိ ဝိညာဉ်များစွာထဲမှ တစ်ခုသာဖြစ်သည်။ သူ့အကိုသတ်ခဲ့သည့် စွမ်းအားမြင့်နတ်ဆိုးများ၏ မိသားစုများနှင့်မိတ်ဆွေများ။ အခဲမကျေ၍ လက်စားချေရန် ကြိးစားကြသည်ဆိုလျှင် သူ့အကိုသည် အမုန်းဒဏ်များစွာ သင့်ပေလိမ့်မည်။

ဟုန်ရှီလို ထူးထူးဆန်းဆန်းတွေးနေသည့် အမုန်းတရားရှင်မျိုး ဘယ်နှစ်ယောက်သနည်း။ အကိုဖြစ်သူကို မနိုင်၍ညီဖြစ်သူကို လက်စားချေသည်။ ချစ်တတ်လူတစ်ယောက်ဆုံးရှုံး၍ နာကျင်ခဲ့ရသည်။ ထို့ကြောင့် ရန်သူ၏ဆွေမျိုးကိုသတ်မည်တဲ့။

သောက်တလွဲဖြစ်လိုက်သည့်ဖြစ်ခြင်း။

“ဖုန်သခင်လေး။ မင်းနဲ့ ငါ့အဖေကိုသတ်တဲ့လူ ဘယ်လိုပတ်သက်လဲ ပြောပြပါလား။ ဒါမှ ငါသတ်မယ့်လူ ဘယ်လူလဲသိချင်လို့ပါ”

နွီလော်ရောက်လာသော်လည်း ဟုန်ရှိ သိပ်အရေးမစိုက်။ ဖုန်ချင်အန်းကိုသာ စိတ်လှုပ်ရှားပျော်ရွှင်ဟန်ဖြင့် စိုက်ကြည့်နေသည်။ ဖုန်ချင်အန်း အသွင်အပြင်အရ သူ့ရန်သူနှင့် ပတ်သက်နေကြောင်း သူခန့်မှန်းနိုင်သည်။

“စန့်ကျန်းနဂါးကို ခေါင်းဖြတ်ခဲ့တာ ငါ့အကိုပါ”

အရိုးသားဆုံး ဝန်ခံလိုက်သည်။

“ဪ...ငါ့အဖေကိုသတ်တဲ့လူရဲ့ညီပေါ့”

ဟုန်ရှီ အော်ဟစ်ရယ်မောလိုက်သည်။ သူအတိုင်းထက်အလွန် ပျော်ရွှင်နေသည်။

ခန့်မှန်းခဲ့မိသော်လည်း အတည်ပြုချက်ကြားရချိန်တွင် အံ့ဩမိနေဆဲဖြစ်သည်။ လက်စားချေခွင့် သူ့မျက်စိရှေ့တွင် ပေါ်လာသည်။

ဖုန်ချင်အန်းကို စတွေ့စဉ်က သူအတော်စိတ်လှုပ်ရှားခဲ့သည်။ စိုးရိမ်ပူပန်မှုလည်း ဖြစ်ခဲ့သည်။တစ်ခြားနတ်ဆိုးများလိုပင် သူလည်း ဖုန်ချင်အန်းစွမ်းအားကို ထိုးဖောက်မမြင်နိုင်။ စွမ်းအားအစစ်ကို သေချာမသိသဖြင့် သူလက်လွတ်စပယ်မလုပ်ရဲခဲ့။

သို့သော် တစ်ခြားနတ်ဆိုးများနှင့် စကားပြောကြည့်၍ ဖုန်ချင်အန်းနောက်မှ သားရဲနှစ်ကောင်ကို အကဲခတ်ပြီးနောက် သူစိတ်အားထက်သန်လာသည်။ ဖုန်ချင်အန်းကို စမ်းသပ်ရန်အတွက် ပုလဲတစ်လုံးပေးခဲ့သည်။ ထိုပုလဲကို သူ့ကိုယ်ပိုင်အသွင်ပြောင်းနိုင်သည်။

ဖုန်ချင်အန်း ဓားထုတ်ချိတ်တွင် ဓားစွမ်းအင်ရောင်မှ အန္တရာယ် အငွေ့အသက်ကိုရသည်။ ဖုန်ချင်အန်း၏စွမ်းအားကိုလည်း သိရသည်။ နတ်ဆိုးအဆင့်ဖြစ်သည်။ ဟုန်ရှီက နတ်ဆိုးဘုရင်ဖြစ်၍ နတ်ဆိုးအဆင့်လောက်ကို မျက်လုံးထဲမထည့်။

“ဟုန်ရှီ၊ နင့်ကိုယ်နင် အဟုတ်ထင်မနေနဲ့”

ကျာသစ်နီပေါ်မှ နွီလော်က ငါးနဂါးထံ တိုးကပ်သွားသည်။ လက်ထဲတွင် အစိမ်းရောင်အလင်း တဖျတ်ဖျတ်တောက်နေသည့် အစိမ်းရောင်ကြာပွတ်တစ်ခုရှိသည်။

“အဟုတ်ထင်မနေသင့်တာက မင်းပါ နွီလော်။ ငါမင်းကို မျက်နှာသာပေးခဲ့တယ်။ ဒီနေရာက မင်းရဲ့ဝူလင်တောင်မဟုတ်ဘူး။ မင်းငါ့ကို တားခွင့်မရှိဘူး။ ဒီကောင်လေးက မင်းနဲ့ဘာဆိုင်လို့လဲ။ မင်းချစ်သူမို့လား။ ရက်နည်းနည်းလောက် လူသားမျိုးနွယ်နဲ့ အတူအိပ်ခဲ့လို့လား။ အတော် အပေါစားဆန်တဲ့ နတ်ဘုရားမပဲ”

ဟုန်ရှီ နွီလော်ကို လှောင်ပြောင်နေသည်။ ယနေ့ သူအရာအားလုံးကို စွန့်ပယ်ထားပြီးဖြစ်သည်။ မြစ်သခင်ရာထူးကိုပင် မလိုချင်တော့။ တောင်တန်းနတ်ဘုရားကိုလည်း အရေးမစိုက်။

နဂါးမျိုးနွယ်တို့သည် မြေဝိညာဉ်တို့နှင့်မတူ။ စွမ်းအားအများစုကို နဂါးသွေးဆက်မှရကြသည်။ မြစ်ရေများကို ထိန်းချုပ်ခြင်းဖြင့် နဂါးသွေးကို အဟာရပြုသည်။ သူတို့ပိုင်ဆိုင်ရာ မြစ်ချောင်းများမှ ထွက်သွားလျှင် စွမ်းအားလျော့မည်။ သို့သော် အတိုင်းအတာတစ်ခုသာဖြစ်သည်။

ထို့ကြောင့်လည်း ပိုင်လန်မြစ်သခင်ဘဝကို နှစ်ရက်လောက်စဉ်စားပြီးနောက် အလွဘ်တကူ စွန့်ပစ်ခဲ့ခြင်းဖြစ်သည်။ ပလ္လင်ကိုစွန့်လိုက်သဖြင့် စွမ်းအးကျသွားသော်လည်း အတော်များမား ကျန်နေသေးသည်။ နတ်ဆိုးဘုရင်စွမ်းအားဖြင့် လောကတစ်ခွင်လှည့်လည်နိုင်သေးသည်။

“ရိုင်းစိုင်းလှချည်လား။ ငါနဲ့ဖုန်ချင်အန်း ဘယ်လိုပတ်သက်လဲဆိုတာ နင့်အပူမပါဘူး။ ငါတို့အတူနေတယ်ဆိုရင်တောင် နင့်လို နဂါးမျိုးနွယ်ခွေးသူတောင်းစားတစ်ယောက်က ငါ့ကိုလာခနဲ့စရာမလိုဘူး”

မိန်းမပျိုတစ်ယောက်လို ရိုရိုးရှင်းရှင်းနှင့် ကဗျာဆန်နေသော်လည်း နွီလော်သည် တကယ်မိန်းမပျိုအစစ်မဟုတ်။ သူဒေါသထွက်လာသည် နတ်စွမ်းအားလည်း ပေါ်ထွက်လာသည်။

မျက်တောင်တစ်ခတ်အတွင်း ဖြေးဖြေးအေးအေး သွားနေသည့် ကျားသစ်နီက တောင်တန်းတစ်ခုစာခန့် မြင့်မားလာသည်။ သူ့ကျော်ကုန်းထက်မျှ နတ်ဘုရားမလည်း ပေတစ်ခန့်ကြီးမားသည့် အရွယ်အစားသို့ ပြောင်းလဲသွားသည်။ သူ့နောက်ဘက်တွင် တောင်းတန်းဆက်ကြောင်းသဏ္ဌာန်များ ပေါလာသည်။ ကြမ်းတမ်းသည့် တောင်တန်းလေပြင်းက စတင်တိုက်ခတ်လာသည်။ အရာလားလုံးကို ဓားသွားကဲ့သို့ ထိုးဖြတ်သည်။

“အရှက်မရှိတဲ့ ကျွန်စုတ်”

“ခွေးသူတောင်စား”ဆိုသည့်စကားကို ဟုန်ရှီ အတော်ဒေါသထွက်သွားသည်။ သူ့နဂါးမျိုးနွယ်ကို သူအလွန်ဂုဏ်ယူသည်။ ယခု တစ်ခြားတစ်ယောက်က နှိမ်ချပြောနေသည်။

သူ့ကို နဂါးသခင်ဟု ခေါ်ကြသည်ကို သူအလွန်သဘောကျသည်။ “နဂါးမျိုးကွဲ” “နဂါးမျိုးစိတ်” ဟုပြောလျှင်ပင် သူစိတ်မဆိုး။ ခွေးသူတောင်းစားဆိုသည့်စကားကိုတော့ သူသည်းမခံနိုင်။

All Chapters