← Chapters

ကာကွယ်သူ

Vol. 15 Ch. 214

ကာကွယ်သူ

Vol. 15 Ch. 214

“ဒါမင်းရဲ့ဝူလင်တောင်မဟုတ်ဘူး။ ငါ့ရှေ့ကထွက်သွားစမ်း”

ပဲစေ့အရွယ်မိုးစက်များ ငါးနဂါးရှိနေသည့် ယင်တိမ်တိုက်များဆီမှ ကျဆင်းလာသည်။ အဖြူရောင်လျှပ်စီးများ နတ်ဘုရားမကို ရိုက်ခတ်သည်။ နတ်ဘုရာမကိုယ်မှထွက်နေသည့် အလင်းရောင်များလည်း မိန်ကျသွားသည်။

“ခွေးသူတောင်းစား”

နွီလော် တောင်တန်းလေပြင်းကိုထိန်းချုပ်၍ မိုးစက်များကို ခုခံသည်။ အဖြူရောင်လျှပ်စီးကို ရင်ဆိုင်သည်။ လျှပ်စီးကျလာသည်နှင့် သူ့လက်ထဲမှ နွယ်ပင်ကြာပါတ်လည်း ပေသုံးရာခန့် ရှည်ထွက်လာသည်။ ကြမ်းတမ်းသည့်လေပြင်းက ဓားသွားပမာ တိမ်မည်းများကို ခဏထိုးခွဲ၍ ငါးနဂါးကို ရိုက်ခတ်သည်။

"ဖျောင်း”

ခပ်အုပ်အုပ် အော်ဟစ်သံနှင့်အတူ ကြေမွသွားသည့် အနီရောင်ကြေးခွံများ တိမ်မည်းထဲမှ ကျလာသည်။ ရွာနေသည့် မိုးစက်တစ်ချို့ပင် သွေးစွန်းသွားသည်။

“နည်းနည်းဘေးဖယ်ပါ”

နတ်ဝိညာဉ်နှစ်ယောက်တိုက်ပွဲမှ ပြင်းထန်သည့်အားလှိုင်းကြောင့် လေပြင်းတစ်ခု ဖြစ်ပေါ်နေသည်။ မြေပြင်တွင် အက်ကြောင်းများ ထလာသည်။ ကျောက်သားမြေသားများပင် ရိုက်ခတ်လာသည့်လှိုင်းများကြောင့် အစိတ်စိတ်ကြေမွ၍ မြူမှုန့်ဖြစ်သွားကြသည်။

အစက တိမ်မည်းများကို ကောင်းကင်တစ်နေရာတွင်သာ ဟုန်ရှီကန့်သတ်ထားသည်။ ယခု ကောင်းကင်အနှံ့ ပျံ့ထွက်သွားသည်။ ထိုစွမ်းအားကို ထိန်းသိမ်းရန် ဟုန်ရှီစွမ်းအားအပိုမရှိ။

သွေးနှောနဂါးဟု စော်ကားခံရသော်လည်း သူ့နဂါးမျိုးနွယ်သွေးဗီဇကို မေးခွန်းထုတ်စရာမလို။ သွေးရှိနေရုံဖြင့် မိုးမြေကြားမှ ရေဓာတ်ကို စုစည်းနိုင်သည်။ မိုးသက်မုန်တိုင်းကို ဖန်တီးနိုင်သည်။

ကြည်လင်နေသည့်ကောင်းကင် မည်းမှောင်လာသည်။ နေရာင်လည်း တိမ်ဖုံး၍ လုံးဝကွယ်ပျောက်သွားသည်။ ဖုန်ချင်အန်းမြင်ကွင်းတစ်ခုလုံး မှောင်မိုက်လာသည်။ ကြမ်းတမ်းသည့်လေပြင်းနှင့် သည်းထန်သည့်မိုးက ပိုအရှိန်ပြင်းလာသည်။

နတ်ဝိညာဉ်တစ်ယောက်၏စွမ်းအား။

ထိုနတ်ဝိညာဉ်နှစ်ယောက်ပုံစံက အားနည်းနေပုံရသည်။ သို့သော် သူတို့လှုပ်ရှားတိုင်း အသက်ရှုတိုင်း သူတို့တိုက်ပွဲမှ ရိုက်ခတ်လာသည့်လှိုင်းလုံးတိုင်းက မိုးမြေကြားတွင် အပြောင်းအလဲများ ဖြစ်စေနိုင်သည်။ သေမျိုးလောက၏ သက်ရှိများစွာကို နှောက်ယှက်သည်။

“ငါ့ဝင်ပါဖို့ လိုမယ်မထင်ဘူး”

နတ်ဘုရားနှစ်ယောက် တိုက်ခိုက်နေသဖြင့် ဖုန်ချင်အန်း၊ တောင်နက်နှင့် ပိုင်ယောက်တို့ ဘေးထွက်နေကြသည်။ ခုနက တိုက်ခိုက်နေသည့် ရေမျိုးနွယ်များလည်း ဆက်လိုက်မလာတော့ဘဲ တစ်နေရာတွင် ပါးပါးနပ်နပ် စုစည်း၍နေကြသည်။ နတ်ဘုရားများ တိုက်ခိုက်နေသည်။ သူတို့ စောင့်ကြည့်ရုံသာရှိသည်။ ဘာမှတတ်နိုင်မည်လည်းမဟုတ်။

“နဂါးမျိုးနွယ်ဝင်တွေက အတော်အားနည်းတဲ့ပုံပဲ”

“စိတ်လှုပ်ရှားစွာ ပြောလာသည့်စကားကြောာင့် ဖုန်ချင်အန်း တောင်နက်ကို လှည့်ကြည့်သည်။ တောင်နက်က ကောင်းကင်ကို မော့ကြည့်နေသည်။

တောင်န်ကတစ်ကိုယ်လုံး သွေးများထွက်၍ ဒဏ်ရာများပြည့်နေသော်လည်း အပြာရောင်သူ့မျက်လံးထဲတွင် အကြောက်တရားမရှိ။ တိုက်ပွဲစိတ်ဓာတ်နှင့် ပြင်းထန်သည့်လူသတ်ရိပ်သာရှိသည်။

“ဒီအတိုင်းပဲနေပါ”

တိုက်ခိုက်ရန်ပြင်နေသည့် ပိုင်ယောက်ကို တစ်ချက်ကြည့်ပြီးနောက် ဖုန်ချင်အန်း တောင်နက်ခေါင်းကို ပုတ်လိုက်သည်။

မြေအောက်လောကတွင် သရဲဘုရင်များစွာ တောင်နက်မြင်ဖူးခဲ့ပြီးဖြစ်သည်။ အဆင့်တူ သားရဲဘုရင်များကို သူလုံးဝမကြောက်။ သို့သော် အဆင့်ကြီးနှစ်ဆင့်ကွာနေသဖြင့် အရမ်းကာရော သွားစိန်ခေါ်၍မဖြစ်။

နဂါးစစ်လို ကောင်းကင်ဖီးနစ်လို ဒဏ္ဍာရီသတ္တဝါများပင် အင်အားချင်းကွာလွန်းလျှင် စိန်မခေါ်ဘဲ အဆင့်မြင့်တိုက်ပွဲများတွင် မဝင်ဘဲ ရှောင်ရှားကြရသည်။

“အူး...”

တောင်နက် မကျေမနပ် တစ်ချက်ညည်းသံပေးသည်။

သူ့စကား မှားသည်ဟုမထင်။ ယခု ငါးနဂါး၏ပုံစံသည် အတော်အားနည်းနေသည်။ သူ့စွမ်းအားသူပင် မထိန်းချုပ်နိုင်။ မည်သို့တိုက်ခိုက်ရမှန်းမသိ။ စွမ်းအင်များ အလဟဿဖြန်းတီးသလိုဖြစ်နေသည်။

“သူအားနည်းတယ်ဆိုရင်တောင် မင်းကိုတော့ အသာလေးသတ်နိုင်တယ်ကွ”

တောင်နက်စိတ်ကို ရိပ်စားမိသည်။ မိုင်ရာချီပျံ့နှံ့နေသည့် တိမ်မည်းများကို ဖုန်ချင်အန်း မော့ကြည့်သည်။ နဂါးမျိုးဆက်၏ စွမ်းအားလက္ခဏာဖြစ်သ်ည။ သို့သော် မိုင်ရာချီပတ်လည်အတွင်း ပျံ့နှေံ့နေသည်။ အလဟဿဖြစ်နေသည်။

နွီလော်၏ တောင်တန်းလေပြင်းများက ဟုန်ရှီကို မလွဲတမ်းထိသည်။ တိုက်ပွဲရှိန်ကွာခြားသည်။ သို့သော် တိုက်ပွဲရလာဒ်က ထူးထူးဆန်းဆန်း ပြောင်းပြန်ဖြစ်နေသည်။

“သွေးဆက်ကိုအားကိုးနေတဲ့ အမှိုက်ကောင်”

နွီလော် လှောင်ပြုံးပြုံးသည်။ အစက သူနည်းနည်းစိုးရိမ်ခဲ့သည်။ သို့သော် တိုက်ပွဲချိန်ကြာသည်နှင့် သူ့ဘက်မှ အသာစီးရလာသည်။ ကြောက်စရာငွေခေါင်းတစ်လုံးရှိသည့် နဂါးသည် ထင်သလောက်မဟုတ်။

“အောက်တန်းစားတောင်တန်းဝိညာဉ်က ငါ့ကို အထင်သေးရဲတယ်ပေါ့”

နွီလော်ကိုကြည့်၍ ဟုန်ရှီ ဒေါသထွက်သွားသည်။ တောင်တန်းနတ်ဘုရားသည် တောင်တန်းနှင့်ဝေးလာလျှင် အားနည်းသွားကြောင်း ဟုန်ရှီသိသည်။

ထိုသို့အားနည်းနေသည့် နတ်ဘုရားက နဂါးမျိုးနွယ်ဝင်ကို ဖိနှိပ်နေသည်။ ထိုအရှက်တရားကို ဟုန်ရှီမခံစားနိုင်။

“အထင်သေးတော့ဘာဖြစ်လဲ။ သုံးစားမရတဲ့ကောင်”

နွီလော်လည်း ဟုန်ရှီကြောင့် ဒေါသထွက်နေသည်။ ကြာပွတ်ဒဏ်ရာများစွာရထားသည့်တိုင် ဟုန်ရှီက အေးစက်စက် မခိုးမခန့်ရယ်မောနေသည်။

“မင်းငါ့ကိုထိန်းထာနိုင်လည်း ယာယီပါပဲ။ ဒီလိုအသေးအဖွဲခြစ်ရာလေးတွေလောက်ပဲ မင်းပေးနိုင်တာပါ။ တောင်းတန်းစွမ်းအင် အထောက်အပံ့မရရင် မင်းငါ့ကိုဘယ်လောက်ထိန်းနိုင်မှာလဲ”

ဟုန်ရှီ လှောင်ပြုံးပြုံးနေသည်။ သူအရိုက်ခံရုံသာဖြစ်သည်။ နဂါးမျိုးနွယ်၏အကြေးခွံကို တောင်တန်းနတ်ဘုရား ကြေမွအောင်မလုပ်နိုင်။ ကြွေကျသွားသည့် အကြေးခွံ့များက အပိုင်းအစမျှသာဖြစ်သည်။ သူစိတ်ပူစရာမလို။

“မင်းအားကုန်သွားတာနဲ့ မင်းနောက်ကကောင်လေးဟာ ငါ့ဗိုက်ထဲရောက်လာမှာပါ”

All Chapters