← Chapters

လာကူညီသူ

Vol. 15 Ch. 216

လာကူညီသူ

Vol. 15 Ch. 216

မူလက ချောမောခံ့ညား၍ သူရဲကောင်းဆန်သည့်ဟန်ပန်က နူးညံ့ပျော့ပြောင်းသည့်ကိုယ်ဟန်မျိုး ဖြစ်လာသည်။ ယောက်ျားမိန်းမ နှစ်မျိုးစပ်ကိုယ်ဟန်ဖြစ်သည်။ အရပ်ရှည်၍ ခန္ဓာကိုယ်သွယ်လာသည်။ သက်ရှိလူသားအသွင်မဟုတ်ဘဲ နတ်ဝိညာဉ်တစ်ယောက်အသွင်ဖြစ်လာသည်။

ဟုန်ရှီနှင့်ရင်ဆိုင်တိုက်ခိုက်နေသည့် အန့်ချင်းနတ်ဘုရား နောက်ကျောဘက်မှ အေးစိမ့်သည့်ယင်စွမ်းအားကို ခံစားလိုက်ရသည်။ အတွေးရခက်ဟန်ဖြင့် နောက်လှည့်ကြည့်သည်။ ဖုန်ချင်အန်းသည် လူသားအစစ်မှန်း သူသိသည်။ သို့သော် ထိုယင်စွမ်းအားကို ဘယ်ကငှားယူလိုက်မှန်းမသိ။

“ဒီနေ့ခေတ်လူငယ်မျိုးဆက်တွေဟာ နားလည်ရအတော်ခက်တာပဲ”

စွမ်းအားမြင့်ရတနာတစ်မျိုးမျိုး ထုတ်သုံးလျှင် သူအံ့ဩမည်မဟုတ်။ အပြင်ဘုံလောကမှ စွမ်းအားကို ငှားယူလိုက်ခြင်းကြောင့် အံ့ဩခြင်းဖြစ်သည်။

“ဖုန်သခင်လေး”

ဟုန်ရှီလည်း ထိတ်လန့်တုန်လှုပ်သွားသည်။ ယခု ဖုန်ချင်အန်း ထုတ်လွှတ်သည့်စွမ်းအား၏ အဆင့်အတန်းကို သူကောင်းကောင်းနားလည်သည်။ သူလည်း ထိုစွမ်းအားမျိုးကို ပိုင်ဆိုင်သောကြောင့်ဖြစ်သည်။

သို့သော် သူက မကြာသေးခင်ကမှ အဆင့်တက်စဖြစ်သည်။ ဖုန်ချင်အန်း ငှားယူလိုက်သည့် စွမ်းအားက ထိပ်ဆုံးအဆင့်သို့ရောက်နေသည်။ နောက်တစ်ဆင့်ကူးဖို့ပင် တာစူနေသည့် အနေအထားဖြစ်သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ဟုန်ရှီ မယုံနိုင်။ ထိုလူငယ် သူနှင့်စရင်ဆိုင်ကတည်းက တည်တည်ငြိမ်ငြိမ် ရှိခဲ့သည်ကို ပြန်အမှတ်ရလာသည်။ သူ့အဘိုးပေးသည် ပင်လယ်မိုးကြိုးပုဆိန်ကို ထုတ်သုံးချိန်မှာပင် မျက်နှာအမူအရာ အပြောင်းအလဲမရှိ။

ထိုဆယ်ကျော်သက်သည် သူ့ဖခင်ကိုသတ်ခဲ့သူနှင့် သွေးချင်းတော်သဖြင့် သူ့ကိုလည်းသတ်နိုင်မည်ဟု ယုံကြည်မှုလွန်ကဲနေသည်ဟု ယူဆခဲ့သည်။ ဟာသဟု ယူဆခဲ့သည်။

ယခု အားလုံးကို သဘောပေါက်သွားသည်။ စိတ်ထဲတွင် ခံစားချက်မျိုးစုံရောထွေးနေသည်။ လက်တွင်ကိုင်ထားသည့် ပုဆိန်မှ တွန့်ဆုတ်နေသည့်အာရုံကို ခံစားမိသည်။ အကြောက်တရားတစ်ခုသာ သူ့စိတ်တွင် ရှိတော့သည်။

ပြေးမည်။

သူထွက်ပြေးရမည်။

သူ့ရှေ့တွင် ဖုန်ချင်အန်းသည် တစ်ချိန်လုံး အားနည်းသလိုလုပ်နေခဲ့သည်။ သူ့ကိုတိုက်ခိုက်လာအောင် မျှားခေါ်ခဲ့သည်မှာ ထင်ရှားသည်။ ထောင်ချောက်တစ်ခုဖြစ်သည်။

သူဆက်နေ၍မဖြစ်တော့။

ထိုခဏမှာပင် အေးစိမ့်ခမ်းနားသည့် ဓားရိပ်တစ်ခု ကောင်းကင်သို့ ထိုးခွဲသွားသည်။ ဓားရိပ်ဖြတ်ရာတစ်လျှောက် ဟုန်ရှီ၏ပုဆိန်မှရွာချသည့် မိုးစက်များအားလုံး အေးခဲသွားသည်။ နှင်းချပ်များအဖြစ် အောက်သို့ကျလာသည်။

“မြို့တော်နတ်ဘုရားသခင်။ ကျုပ်ကို ကူညီပါဦး။ ဒီလူမိုက်ကောင်ကို ထိန်းထားပေးပါ။ ထွက်မပြေးပါစေနဲ့”

ရွှေနဂါးလေးတစ်ကောင် ဖုန်ချင်အန်းဝတ်ရုံထဲမှ ထွက်လာပြီး လေထဲတွင် ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းသွားသည်။ ဖုန်ချင်အန်း ခန္ဓာကိုယ်ကို ရစ်ပတ်သည်။ ခိုင်မာသည့် သံချပ်ကာတစ်ခုဖြစ်လာသည်။ ရေစိမ့်ဝင်စရာနေရာလွတ်ပင်မရှိ။

ကောင်းကင်မှဆင်းလာသည့် နတ်ဘုရားတစ်ပါးအသွင် ဖြစ်လာသည်။ နတ်စိမ်းဓားကိုကိုင်၍ လေထဲသို့တက်သွားသည်။ မြို့တော်နတ်ဘုရားဘေးသို့ ရောက်လာသည်။ မြို့တော်နတ်ဘုရား သူ့ကိုနောက်တစ်ကြိမ်ပြန်ကြည့်မိသည်။ အတွေးတစ်ချို့ ခေါင်းထဲဝင်လာသဖြင့် ခဏမှင်သက်မိသွားသည်။

နဂါးမုဆိုး။

ဤကမ္ဘာတွင် နဂါးမျိုးနွယ်သွေးဆက်ဝိညာဉ်များကို အပျော်တမ်းအမဲလိုက်ကြသည့် လူတစ်စုရှိသည်။ သို့သော် ထိုလူစု၏လှုပ်ရှားမှုများက အတော်လျှို့ဝှက်သည်။ နေရာအတည်တကျလည်းမရှိ။ သူတို့ပေါ်လာသည်နှင့် ထိုနေရာမှ ယုတ်ညံ့သည့်နဂါးမျိုးနွယ်များ သေကြေပျက်စီးရသည်။

လူငယ်လက်ထဲမှဓား၊ ခန္ဓာကိုယ်ဝတ်ရုံ၊ သံချပ်ကာ။ အားလုံးက နဂါးမျိုးနွယ်ပိုင်ဆိုင်သည့် ပစ္စည်းများဖြစ်သည်။ ယခု ဟုန်ရှီကို တိုက်ခိုက်ရန်ပြင်နေသည်။ နဂါးမျိုးနွယ်များနှင့် လုံးဝမတည့်သည့် နဂါးမုဆိုးတစ်ယောက်ပုံစံ ဖြစ်နေသည်။

သို့သော် ထိုလူငယ် နဂါးမုဆိုးမဟုတ်မှန်း မြို့တော်နတ်ဘုရးသိသည်။ ထိုလူငယ်၏ ပုံတူပန်းချီကို မြင်ဖူးသည်။ ထိုလူငယ် ဘယ်သူမှန်းသိသည်။

“ဖုန်ချင်အန်း၊ မင်းတကယ်သေသင့်တဲ့ကောင်ပဲ”

ရွှေသံချပ်ကာဝတ် ဖုန်ချင်အန်းကိုကြည့်၍ ထွက်ပြေးရန် ကြိုးစားနေသည့်ဟုန်ရှီ ဒေါသထွက်လာပြန်သည်။ မြို့တော်နတ်ဘုရား သူ့အဖြစ်ကိုရိပ်စားမိသည်။ ဟုတ်ပေသည်။ ဖုန်ချင်အန်းကိုယ်မှ အရာအားလုံးက နဂါးမျိုးနွယ်မှ ယူထားသည့် ပစ္စည်းများဖြစ်သည်။

"ဖျောင်း”

ရေစီးကြောင်းများ လျှပ်စီးများ ရစ်ပတ်ထားသယောင်ရှိသည့် နတ်ပုဆိန်က ဟုန်ရှီ၏ ဒေါသကို အာရုံခံမိဟန်ရှိသည်။ ပြင်းထန်သည့်စွမ်းအင်လှိုင်းများ ထိုးထွက်လာသည်။လာသည်။

အနီရောင်သံချပ်ကာပေါ်တွင် ရေစွမ်းအင်များ ဖုံးလွှမ်းနေသည်။ မိုးကြိုးလျှပ်စီးကြောင်းက ဟုန်ရှီ၏ပုဆိန်မှ ထိုးထွက်လာသည်။လာသည်။ ခန္ဓာကိုယ်ကိုယ် ရစ်ခွေလှည့်ပတ်နေသည်။ မျက်လုံးတွင် လျှပ်စီးအလင်းများ ပြည့်နေသည်။

ဟုန်ရှီ မကြောက်တော့။ တိုက်ပွဲအကြောက်တရားများအားလုံး ပျောက်ကွယ်သွားသည်။ တိုက်ပွဲအငွေ့အသက်များ မြင့်တက်လာသည်။ သူ့အကိုကိုသတ်ခဲ့သည့်ရန်သူ၏ဆွေမျိုး၊ သူ့အစီအစဉ်ကို နှောက်ယှက်သည့်ဖုန်ချင်အန်းကို သတ်ဖြတ်ဖို့ စိတ်တစ်ခုတည်းသာ ရှိတော့သည်။

နဂါးဦးချိုနှင့်လူငယ်၊ မိုးကြိုးလျှပ်စီးများ ဖုံးလွှမ်းနေသည်။ နတ်လက်နက်ကိုဝင့်၍ ဖုန်ချင်အန်းထံ ပြေးဝင်လာသည်။ ဘာကိုရင်ဆိုင်ရသည်ဖြစ်စေ သူလုံးဝမမှုတော့။

“ဖုန်ချင်အန်း၊ မင်းရင်ဆိုင်ဖို့ ငါ့စွမ်းအားကို ငှားသုံးရတဲ့ရန်သူဆိုတာ သူလား။ သူက သူ့လက်နက်ကိုတောင် မထိန်းချုပ်နိုင်တဲ့ အမှိုက်ကောင်ပါ။လက်နက်ထိန်းချုပ်တာ ခံနေရတာ။ ဒီစွမ်းအားလောက်ဆို မင်းသူ့ကိုသတ်ဖို့ လုံလောက်ပါတယ်”

အေးစက်စက်စကားသံက ဖုန်ချင်အန်း စိတ်အာရုံသို့ဝင်လာသည်။ တတိယဝိညာဉ်စာချုပ်မှ စီးဝင်လာသည့်စွမ်းအင်များ ချက်ချင်းပေါက်ကွဲထွက်လာသည်။

ထိုစွမ်းအားသည့် လက်နက်၏”ကျွန်”ဖြစ်နေသည့် ပြိုင်ဘက်ကို ရင်ဆိုင်ဖြေရှင်းနိုင်မည်ဟု ယုဟွမ်သခင်မ ယုံကြည်သည်။ ထိုထက်စွမ်းအားပိုသုံးလျှင် အချည်းအနှီးသာဖြစ်မည်။

“သဘောပေါက်ပါပြီ”

ဖုန်ချင်အန်း ဓားကိုဝင့်၍ ထိုးဆင်းလာသည့် လျှပ်စီးမိုးကြိုးတန်းများကို ကာကွယ်သည်။ လက်နက်မထိန်းချုပ်နိုင်သည့် လူတစ်ယောက်၏ မည်မျှတိုက်ခိုက်နိုင်စွမ်းရှိမည်ကို သူအရေးမစိုက်။

“ဖုန်သခင်လေး၊ ဒီသတ္တဝါ ဒီလိုအခြေအနေမျိုးနဲ့ ထွက်ပြေးသွားမှာကို စိုးရိမ်စရာမလိုပါဘူး”

မြို့တော် နတ်ဘုရားက ပြန်ဖြေသည်။ လက်ထဲမှ ရွှေတံဆိပ်ဖြင့် မိုးကြိုးမုန်တိုင်းများ၏ တိုက်ခိုက်မှုကို ခုခံကာကွယ်နေသည်။

“ဖုန်သခင်လေး သူ့ကို သွားသတ်လို့ရပါပြီ”

“သူ့တိုက်ကွက်တွေကို ဂရုစိုက်ပါ”

ဖုန်ချင်အန်း မလိုအပ်သော်လည်း သတိပေးလိုက်သည်။ ပြေးဝင်လာသည့် လျှပ်စီးတန်းကို အသာအယာရှောင်တိမ်းသည်။ လျှပ်စီးတန်း မြေပြင်ကိုရိုက်ခတ်သွားပြီးနောက် ဓားတစ်ချက်ဖြင့် တုံ့ပြန်လိုက်သည်။

အနီရောင်နဂါးသွေးများ ကောင်းကင်မှကျလာသည်။ သို့သော် ဟုန်ရှီက နာကျင်မှု ပင်ပန်းမှုနှင့် ကြောက်ရွံ့မှုကို အ‌ရေးမစိုက်ဘဲ လူသတ်လက်နက်တစ်ခုအဖြစ်ပြောင်း၍ ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးရင်း ဖုန်ချင်အန်းထံ တိုးဝင်လာသည်။

လျှပ်စီးများဖုံးလွှမ်းနေသည့် ငါးနဂါးအရိပ် သူ့နောက်ဘက်တွင်ပေါ်နေသည်။ သို့သော် စွမ်းအားချင်း ညီတူညီမျှရှိနေသည့် ဖုန်ချင်အန်း လုံးဝမကြောက်။

ဟုန်ရှီတွင် စွမ်အားအကြီးဆုံးက သူ့လက်ထဲမှ ရွှေပုဆန်သာဖြစ်သည်။ ပုဆိန်ချက်ထိလျှင် မည်သို့ဖြစ်လာမည်ကို ဖုန်ချင်အန်းနှင့် အန်ချင်းမြို့တော်နတ်ဘုရားတို့ ကောင်းကောင်းရိပ်စားမိသည်။

သို့သော် ထိုလက်နက် မည်မျှကြောက်စရာကောင်းသည်ဖြစ်စေ ပစ်မှတ်ကိုမထိလျှင် အကျိုးမရှိ။

ဖုန်ချင်အန်း၏ ခန္ဓာကိုယ်အရွယ်အစားက သိပ်အပြောင်းအလဲမရှိ။ မြို့တော်နတ်ဘုရားလည်း သာမန်လူသားအရွယ်အစားသာဖြစ်သည်။ နတ်စွမ်းအားကို ထုတ်မသုံး။

ကြောင်းကျိုးဆင်ခြင်းစိတ်မရှိဘဲ လက်နက်ထိန်းချုပ်မှု ခံနေရသည့် ဟုန်ရှီ၏အသွင်အပြင်နှင့် များစွာကွာခြားလှသည်။

ဟုန်ရှီသည် အစကတည်းက စိတ်ဓာတ်ပျက်ပြားနေသူဖြစ်သည်။ အတွေ့အကြုံရှိသည့်စစ်သည်တစ်ယောက် ဖြစ်ခဲ့လျှင်ပင် ယခု အသိစိတ်လွတ်နေသူဖြစ်၍ အကြောက်တရားလုံးဝမရှိတော့။ ပို၍ပင် ကြောက်စရာကောင်းနေသည်။ လူသတ်အရိပ်အယောင်များ တစ်ကိုယ်လုံးဖုံးလွှမ်းနေသည်။

ဖရိုဖရဲ တိုက်ခိုက်နေခြင်းဖြစ်သည်။ ဖုန်ချင်အန်းပင် သူ့တိုက်ကွက်ကို ကြိုတင်ခန့်မှန်းနိုင်သည်။ သူ့လက်ထဲမှ ရွှေပုဆိန်၏ထိန်းချုပ်မှုကို အပြည့်အဝခံနေရသည်။

“ဖုန်သခင်လေး၊ ခဏကြာရင် ဒီသတ္တဝါဟာ သူ့လက်နက်ကို ထိန်းနိုင်တော့မှာမဟုတ်ဘူး။ သူ့မူလရုပ်မှန် ပေါ်လာလိမ့်မယ်။ သခင်လေးရဲ့ဓားနဲ့ သူအားနည်းချက်နေရာကို တိုက်ခိုက်ပါ။ သူ့နှလုံးကို ထိုးပါ။ ဒီသားရဲ သေသွားပါလိမ့်မယ်”

ဆယ်ကြိမ်ကျော် တိုက်ခိုက်ပြီးနောက် မြို့တော်နတ်ဘုရားက သိစိတ်အသံလှိုင်းမှတစ်ဆင့် လှမ်းပြောသည်။

“ငါးနဂါးမှာလည်း အားနည်းချက်(ပြောင်းပြန်အကြေးခွံ) ရှိတယ်ပေါ့”

“သိပ်ရှိတာပေါ့”

ခဏကြာပြီးနောက် မြို့တော်နတ်ဘုရားခန့်မှန်းသည့်အတိုင်း ဟုန်ရှီ သူ့အသွင်အပြင်ကို မထိန်းနိုင်တော့။ မူလငါးနဂါးအသွင်သို့ ပြောင်းသွားသည်။ ဖုန်ချင်အန်း အခက်တွေ့နေသည်။

“သူ့အားနည်းချက်နေရာက ဘယ်နားမှာလဲ”

မြို့တော်နတ်ဘုရား ခဏအသံတိတ်သွားသည်။ ထို့နောက် ဖုန်ချင်အန်းကို မြင်ကွင်းတစ်ခု ထုတ်ပြသည်။ ငါးနဂါးကိုယ်ပေါ်မှ လျှပ်စီးများ ရေစွမ်းအင်များ ပျောက်ကွယ်သွားပြီး ဗိုက်သားနေရာမှ အနီရောင်အကြေးခွံပေါ်တွင် ဖုန်ချင်အန်း ကြက်ခြေခတ်အမှတ်အသားတစ်ခုကို မြင်လိုက်ရသည်။

“ကျေးဇူးတင်ပါတယ်၊ မြို့တော်နတ်ဘုရား”

ဖုန်ချင်အန်းခန္ဓာကိုယ်ဘေးပတ်လည်နှင့် အောက်ဘက်မှ မီးတောက်တစ်ခု ထိုးထွက်လာသည်။ နေရာမှ ချက်ချင်းပျောက်သွားသည်။ ငါးနဂါး၏ ဝမ်းဗိုက်နားတွင် ပြန်ပေါ်လာသည်။ နတ်စိမ်းဓားကိုထုတ်၍ မြို့တော်နတ်ဘုရား ပြထားသည့် နေရာကို ထိုးထည့်လိုက်သည်။ ဓားစွမ်းအင် ပေါက်ကွဲထွက်လာပြီးနောက် ငါးနဂါးခန္ဓာကိုယ် တုန်ခါသွားသည်။

“ပြီးသွားပြီ”

ငါးနဂါးအသက်ဓာတ်များ ချက်ချင်းလျော့ကျသွားသည်ကို ဖုန်ချင်အန်း ခံစားမိသည်။ မြို့တော်နတ်ဘုရားကို ကျေးဇူးတင်စကားဆိုရန် လှည့်ကြည့်သည်။ မတွေ့ရတော့။ တိုးညှင်းသည့်စကားသံတစ်ခုသာ သူ့စိတ်အာရုံသို့ ဝင်လာသည်။

“ဖုန်သခင်လေး၊ သားရဲကောင်ရဲ့လက်နက်နဲ့ ရုပ်ဝတ္ထုအကြွင်းအကျန်ကို သခင်လေးယူလိုက်ပါ။ ဒါက ဒီတိုက်ပွဲအတွက် သခင်လေးရသင့်တဲ့အရာပါ။ ကျုပ်နဲ့ဘာမှမပတ်သက်ပါဘူး”

All Chapters