အရိုင်းပင်လယ် ဘုရင်ကိုးပါး
Vol. 15 Ch. 217
“သဘောကောင်းလှချည်လား”
မြို့တော်နတ်ဘုရား အစရှာမရဘဲ ပျောက်ကွယ်သွားသဖြင့် ဖုန်ချင်အန်း နည်းနည်းစဉ်းစားသည်။ အပြုံးတစ်ပွင့် သူ့မျက်နှာတွင်ပေါ်လာသည်။ နောက်ကွယ်မှ အကြောင်းရင်းကို သူသိသည်။ ပင်လယ်မိုးကြိုးဟူသည့် ပုဆိန်ကြောင့်ဖြစ်သည်။
ဟုန်ရှိသည် ဖခင်မရှိတော့သော်လည်း နဂါးမျိုးနွယ်တွင် အဆင့်အတန်းတစ်ခုတော့ရှိသည်။ အလွယ်တကူ သတ်၍ရသူမဟုတ်။ သူသေပြီးနောက်တွင် နဂါးမျိုးစိတ်များ လက်စားလာချေမည်ကို စိုးရိမ်စရာတော့မလို။
တစ်ခါတစ်ရံ လူတစ်ယောက်၏ နောက်ခံအဆင့်အတန်းက အရမ်းမြင့်မားနေလျှင် တစ်ခြားလူများ ရှိန်ရသည်။ သတိဖြင့် တိုက်ခိုက်ရသည်။ နောက်ဆက်တွဲပြဿနာများကို ကြောက်သဖြင့် အလွန်အကျူးစော်ကားသည့် လုပ်ရပ်မျိုး မလုပ်ရဲ။
ဖုန်ချင်အန်းအတွက်တော့ များများစားစား စိုးရိမ်စရာမရှိ။ သူ့အကိုက ဟုန်ရှီအဖေကို သတ်ခဲ့သည်။ ထို့ကြောင့် ဟုန်ရှီကို သူသတ်လျှင်လည်း အရေးမကြီး။ အကြွေးများများမထားသင့်။
"ရွှီး”
လက်နက်မြည်သံ ပဲ့တင်ထပ်သါားပြီး ဟုန်ရှီ၏အသက်ဓာတ်များ လျော့ကျလာသည်။ သူ့ကိုယ်မှလျှပ်စီးနှင့် ရေစွမ်းအင်များလည်း ရွှေပုဆိန်ထဲသို့ ပြန်ရောက်သွားသည်။ အံ့ဖွယ်လက်နက်က လေထဲသို့ခုန်ဝင်၍ ထွက်ပြေးရန်ပြင်နေသည်။
“မင်းက ဘယ်ကိုသွားမလို့လဲကွ၊ ရပ်နေစမ်း”
ဖုန်ချင်အန်းက လှုပ်ရှားမှု မြန်ဆန်သည်။ လွတ်နေသည့်လက်ဖြင့် နတ်လက်နက်ကို လှမ်းဆွဲသည်။ သူ့မျက်လုံးက ထိုပုဆိန်ကို တစ်ချိန်လုံးြည့်နေခဲ့သည်။ ဟုန်ရှီပိုင်ဆိုင်သမျှထဲတွင် ထိုလက်နက်သာ တန်ဖိုးအကြီးဆုံးဖြစ်သည်။ ထွက်ပြေးခွင့်မပေးနိုင်။
သူဆုပ်ကိုင်လိုက်သည်နှင့် စူးရှသည့်လျှပ်စီးများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ သူ့ခန္ဓာကိုယ်ကို ရေဓာတ်များ ဖုံးလွှမ်းသွားသည်။ သက်ရောက်မှုက ကြီးမားလွန်းသဖြင့် သူ့သံချပ်ကာပင် အော်မြည်လာသည်။
“အန်း...”
နဂါးအော်သံ ဟိန်းထွက်လာသည်။ ဖုန်ချင်အန်းကိုယ်ပေါ်မှ ရွှေကြေးခွံရေနဂါးအရိပ် ထိုးထွက်လာသည်။လာသည်။ ဖုန်ချင်အန်းလက်ထဲမှ ထွက်ပြေးရန် ရုန်းကန်ကြိုးစားနေသည့် ပင်လယ်မိုးကြိုးပုဆိန်ကို စိုက်ကြည့်နေသည်။ ရှည်လျားသည့်နဂါးခန္ဓာကိုယ်က ဖုန်ချင်အန်းလက်နှင့်အတူ ပုဆိန်ကိုရစ်ပတ်သည်။ ထို့နောက် တဖြေးဖြေးစိမ့်ဝင်သွားသည်။
ပေါင်းစပ်မှုဖြစ်စဉ်အတွင်း လက်ထဲမှနတ်လက်နက် ရုန်းကန်မှု တုံ့ပြန်မှု တဖြေးဖြေးလျော့သွားသည်ကို ဖုန်ချင်အန်း ခံစားမိသည်။ ရုန်ကန်နေရာမှ အမိန့်နာခံသည့်အလား ချက်ချင်းငြိမ်ကျသွားသည်။
“အန်း”
မကြာမီ ပိုထင်ရှားသည့် ရွှေနဂါးအရိပ် ပင်လယ်မိုးကြိုးပုဆိန်မှ ပေါ်လာပြီး ဖုန်ချင်အန်း၏ သံချပ်ကာအဖြစ် ပြောင်းလဲသွားပြန်သည်။ လက်ထဲမှပုဆိန်သည် နဂါးသံချပ်ကာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်ကို ဖုန်ချင်အန်း ခံစားမိသည်။
စွမ်းအင်ကုန်ခုခံနေသည့် နတ်လက်နက်က သူချောမွေ့စွာ ထိန်းချုပ်ဆက်သွယ်နိုင်သည့် ပစ္စည်းဖြစ်လာသည်။ ပုဆိန်စွမ်းအားကိုထုတ်သုံးရန် လွတ်လပ်စွာဝှေ့ယမ်းနိုင်သည်။
ပုဆိန်က ရေဓာတ်နှင့်မိုးကြိုးများ ထုတ်လွှတ်နေခြင်းမရှိတော့။ မူလအခြေအနေသို့ ပြန်ပြောင်းသွားသည်။ သာမန်ပုဆိန်လိုသာဖြစ်သည်။ ဓားလက်ကိုင်တွင် ရွှေရောင်ကြေးခွံလေးများ သေသပ်စွာရှိနေသည်။ လက်ကိုင်နှင့်ဓားသွားဆုံသည့်နေရာတွင် အပြာရောင်နဂါးတစ်ကောင် ရစ်ချွေနေသည်။ ဓားပြားက အလယ်တွင်တစ်ဖြောင့်တည်းရှိပြီး ဘေးနှစ်ဘက်ဓားသွားများက မိုးကြိုးတန်းလို ကွေးညွှတ်သည်။ ဓားရောင်က အနည်းငယ်ကြည်လင်သည် အပြာရောင်ရွှေဖြင့် သွန်းလုပ်ထားဟန်ရှိသည်။
တစ်ချက်ကြည့်ရုံဖြင့် နဂါးမျိုးနွယ်သွန်းလုပ်ထားသည့် လက်နက်ဖြစ်မှန်း သိသာသည်။ သို့သော် ထိုလက်နက်၏ဝိညာဉ်ကို ဝါးမျိုအစားထိုးပြီးဖြစ်သည်။
ငါးခုမြောက်ဝိညာဉ်စာချုပ် - နဂါးစစ်
အမျိုးအစား - ဝိညာဉ်ဆက်ရတနာသံချပ်ကာ
ဂုဏ်သတ္တိ - ဝိညာဉ်၊ နဂါး၊ ရေ၊ မိုးကြိုး
စွမ်းရည် - မိုနာ့၊ အခြေခံ
တိုက်ခိုက်စွမ်းအား - ကွန်မန်ဒါ၊ အလတ်တန်း
နဂါးစစ်သံချပ်ကာ၏ အရှင်သခင်ဖုန်ချင်အန်း ပြောင်းလဲမှုများကို သိနေသည်။ စွမ်းရည်နှင့် တိုက်ခိုက်စွမ်းအား နောက်တစ်ဆင့်တိုးသွားခြင်းဖြစ်သည်။ ဂုဏ်သတ္တိလည်း ပြောင်းလဲသွားသည်။
ဂုဏ်သတ္တိ ထိုမျှအလွယ်တကူ ပြောင်းလဲသည်ကို သူမမြင်ဖူး။ သို့သော် နဂါးသံချပ်ကာဝါးမျိုလိုက်သည့် ပင်လယ်မိုးကြိုးပုဆိန်အကြောင်း ပြန်စဉ်းစားမိသည်။ ပုဆိန်၏ ဂုဏ်သတ္တိများ ရလာသည်မှာ မဆန်းတော့။
ဝိညာဉ်ဆက်သဘာဝရှိသည့် ထိုသံချပ်ကာမျိုးသာ ထိုသို့ပြောင်းလဲနိုင်သည်။ သာမန်သတ္တဝါများ ထိုသို့အလွယ်တကူ မပြောင်းလဲနိုင်။ တောင်နက်ပြောင်းလဲမှုက အတော်ကြမ်းတမ်းခက်ခဲသည်။ သူတစ်ညလုံး ပင်ပန်းခဲ့သည်။
“ဒီကောင်က လက်နက်တွေဝါးမျိုပြီး စွမ်းအားမြှင့်နိုင်တယ်ပေါ့။
ဖုန်ချင်အန်း ထိုသို့ထင်မထား။ သေချာစဉ်းစားကြည့်ပြီးနောက် အကြောင်းရင်းအများစုကို သူခန့်မှန်းနိုင်သည်။
တိုက်ဆိုင်မှုအမျိုးမျိုးကြုံခဲ့သည့် ရလာဒ်ဖြစ်သည်။ အကြီးမားဆုံးတိုက်ဆိုင်မှုက သူ့လိုသခင်မျိုးနှင့် ဆုံခဲ့ခြင်ဖး်ြစ်သည်။
သူ့သွေးစက်ကို မရခဲ့လျှင် နေ့နေ့ညည ဝိညာဉ်စွမ်းအားအဟာရကျွေး၍ ဝိညာဉ်ဓာတ်ကို ဖန်တီးမပေးခဲ့လျှင် နတ်လက်နက်တစ်ခုကို ဝါးမျိုနိုင်ခဲ့မည်မဟုတ်။
နောက်ထပ်အရေးကြီးသည့်အချက်က ထိုနတ်လက်နက်သည် နဂါးစစ်သံချပ်ကာနှင့် လိုက်လျောညီထွေ ရှိနေခြင်းဖြစ်သည်။ ရတနာနှစ်ခုလုံးက နဂါးမျိုးနွယ်မှ အစပြုခဲ့ခြင်းဖြစ်သည်။ နဂါးစစ်သံချပ်ကာ၏ ဝိညာဉ်ဓာတ်က ပင်လယ်မိုးကြိုးပုဆိန်ထက် မြင့်နေသဖြင့် ထိုသို့ဝါးမျိုနိုင်ခဲ့ခြင်းဖြစ်သည်။
“နဂါးမျိုးနွယ်က နတ်လက်နက်”
ဖုန်ချင်အန်း မျက်လုံးတွင်း အလင်းတစ်ချက်တောက်ပလာသည်။ သူ့ဝိညာဉ်စွမ်းအင်အားဖြည့်မှုသည် မျိုးနွယ်တစ်ခုဖြစ်စေ ပစ္စည်းတစ်ခုဖြစ်စေ ဖြေးဖြေးချင်း စနစ်တကျ စွမ်းရည်တိုးအောင် ပြုလုပ်ပေးနိုင်သည်။ အားနည်းချက်ကလည်း ရှင်းသည်။ အခြေခံအဆင့်များ တိုးတက်မှုမြန်သည်။ အဆင့်မြင့်လာသည်နှင့် ပြောင်းလဲရန် အချိန်ပိုကြာလာသည်။
သို့သော် လောကတွင် ကံကြမ္မာကိုပြောင်းလဲပေးနိုင်သည့် အံ့ဖွယ်ရတနာများ မရှားပါးလှပါ။ သင်တင့်သည့်အခွင့်အရေး ရနိုင်သူများသာ ရှားပါးခြင်းဖြစ်သည်။ အမှတ်မထင်ရထားသည့် လူအများစုက ထိုရတနာတို့ကို မလိုအပ်။ သို့မဟုတ် အသုံးမပြုနိုင်ကြ။
အချိန်တိုအတွင်း စွမ်းရည်နှင့်တိုက်ခိုက်စွမ်းအားကို မြှင့်တင်နိုင်သည့် နဂါးသံချပ်ကာ၏ အရည်အသွေးက ပိုထင်ရှားသည်။