← Chapters

ရန်သူဟောင်း

Vol. 15 Ch. 224

ရန်သူဟောင်း

Vol. 15 Ch. 224

အပြာရောင်သရဲမီးတောက်များ မြစ်ပြင်ပေါ်တွင် အရှိန်ပြင်းစွာတောက်ပနေသည်။ သရဲဝံပုလွေ၏ ပုံစံအစစ်ကို မြင်နေရသည်။ ပေရာချီမြင့်သည့် မြစ်ကိုကူးဖြတ်နေသည်။ အနက်ရောင်အမွှေးများက ရေလှိုင်းများကြောင့် တဖျတ်ဖျတ်ခါနေသည်။

“နင့်သခင်က မရိုးသားဘူး။ ဘယ်သူ့အသက်ကိုမှ ဒုက္ခမပေးဘူးလို့ သူပြောထားပြီးသားပါ”

မြစ်ပြင်ပေါ်တွင် အဖြူရောင်အလင်းတစ်ခု အရှိန်ကုန်တင်၍ ပြေးလွှားနေသည်။ ခြေထောက်နေရာတွင် မြွေအမြီးရှိနေသည့် မိန်းမလှဖြစ်သည်။ ရင်ခွင်ထဲတွင် လှံတိုကိုဝင့်၍ အတင်းရုန်းကန်နေသည့် သတ္တဝါငယ်ကို ပွေ့ဖက်ထားသည်။

“ငါတို့သခင်လေးက မသတ်ဘူးလို့ပဲပြောတာပါ။ မကစားဘူးလို့မပြောဘူး”

ပိုင်ယော်က မခိုးမခန့်လေသံဖြင့်ပြောသည်။ အင်အားကြီးမြွေဆိုးမက ပြန်လည်ခုခံခြင်းမရှိဘဲ ထွက်ပြေးနေသဖြင့် သူသဘောကျနေသည်။

ကောင်းကင်အထက်တိမ်တိုက်များကြားတွင် ပုန်းကွယ်နေသည့် ရွှေရောင်ရေနဂါးက မြွေနတ်ဆိုး ပြန်မတိုက်ခိုက်ရဲအောင် ကာကွယ်ထားသည်။ ထို့ကြောင့်လည်း ထွက်ပြေးရုံသာ တတ်နိုင်ခြင်းဖြစ်သည်။

နှစ်ရာချီတိုက်ပွဲအတွေ့အကြုံကြောင့် အန္တရာယ်အငွေ့အသက်ကို မြွေဆိုးမ ကောင်းကောင်းအာရုံခံနိုင်သည်။ ဝံပုလွေနှစ်ကောင် မထိနိုင်သေးသော်လည်း သူခဏတွေဝေမိသည်နှင့် အသက်ပျောက်သွားမည်ဟု ခံစားနေရသည်။

မြစ်ကြောင်းအတိုင်း ဆက်ပြေးရင်း တဖြေးဖြေးဝေးကွာလာသည်။ ထွက်ပြေးလွတ်မြောက်တော့မည်ဟု သူထင်မိသည်။ ထိုစဉ် ဘာကြောင့်မှန်းမသိ သူ့ကျောရိုးထဲမှ စိမ့်တက်လာသည်။

မြေနေရာအနေအထားကြောင့် မြစ်ကွေ့တစ်နေရာတွင် ရေတိမ်ပိုင်းကမ်းခြေငယ်လေးတစ်ခု ဖြစ်ပေါ်နေသည်။ ထိုနေရာတွင် မြင်းရိုင်းတစ်အုပ် ရေသောက်နေကြသည်။ မြွေနတ်ဆိုး သိပ်အရေးမစိုက်။

သူ့ကိုမြင်သည်နှင့် မြင်းရိုင်းတစ်အုပ်လုံး ထွက်ပြေးကြသည်။ မြင်းရိုင်းများသာမဟုတ်။ တောင်တန်းထဲမှ ကျားများ ကျားသစ်များပင် ကြောက်လန့်တုန်လှုပ်သွားသည်။ကြပေလိမ့်မည်။

တစ်ချက်သာ လှမ်းကြည့်ပြီးနောက် မြစ်ကွေ့ ‌ရေတိမ်ပိုင်းကို ဒဲ့ဖြတ်သွားရန်ပြင်သည်။ သို့သော် မြစ်ထဲမှ ကမ်းစပ်သို့ ခုန်တက်လာသည်နှင့် သူ့စိတ်များ လေးလံလာသည်။

အောက်သို့ သူအမြန်ငုံ့ကြည့်လိုက်သည်။ ထွက်ပြေးနေသည့် မြင်းရိုင်းများကြားတွင် ထိပ်ဖြူကွက် မြင်းတစ်ကောင် ရေသောက်နေဆဲဖြစ်သည်။ အလွန်တရာ ခိုင်ခန့်သည့်ခန္ဓာကိုယ်ရှိသည်။ အားအင်ပြည့်ဖြိုးသည်။ အမွှေးအမျှင်က အရောင်မျိုးစုံရောယှက်နေသည်။ အဓိကအားဖြင့် အနက်ရောင်နှင့် မီးခိုးရောင်အမွှေးများဖြစ်သည်။ သို့သော် လည်ဆံမွှေး၊ အမြီးနှင့် ခြေလက်လေးဘက်မှအမွှေးတို့က နှင်းကဲ့သို့ ဖြူဖွေးနေသည်။

“သူပဲ”

တစ်ချက်ကြည့်ရုံဖြင့် မြွေဆိုးမ မှတ်မိသည်။ အတိတ်နှစ်ပေါင်းများစွာက မှတ်ဉာဏ်များ သူ့ခေါင်းထဲ ပြေးဝင်လာသည်။ အသုံးမကျသည့် သူ့ယောက်ျားဟုန်ရှီ ပိုင်လန်မြစ်သခင်နေရာကို မယူမီ ယခင်မြစ်သခင်ဟောင်းက မြင်းတစ်ကောင်ဖြစ်သည်။

မြင်းနဂါးမျိုးစိတ်ဖြစ်သည်။ နဂါးအကြေးခွံများ အပြည့်အဝပါသည်။ သို့သော် နဂါးဖီးနစ်အစစ်လို မျိုးစိတ်မျိုးတော့မဟုတ်။ ထိုအရာက မှော်ဆန်သည့် စကြာဝဠာ၏ ဖန်တီးမှုများဖြစ်သည်။ ယခုမြင်းက သာမန်မြင်းနဂါးဖြစ်သည်။ နဂါးကြေးခွံများက နဂါးစစ်မျိုးနွယ်နင့် ဘာမှမဆိုင်။

ဟုန်ရှီ သူ့နေရာကို သိမ်းယူစဉ်က ထိုမြင်းနဂါးသေသွားသည်ဟု မြွေဆိုးမထင်ခဲ့သည်။

စူးရှသည့် မြင်းဟီသံ ပေါ်လာသည်။ ရေသောက်နေသည့်မြင်းနဂါး ခေါင်းမော့ကြည့်လာသည်။ မြွေဆိုးမကို ကြည့်နေသည့်မျက်လုံးတွင် လှောင်ပြောင်သရော်ရိပ်များပြည့်နေသည်။ ရှေ့ခြေကိုမ၍ မြစ်ရေပြင်ပေါ် ပြင်းထန်စွာခြေဆောင့်ချလိုက်သည်။

"ဘုန်း”

သာမန်မြင်းရိုင်းဟုသာ ထင်ရသည်။ စတွေ့စက မြွေဖြူမပင် ခွဲခြားမသိခဲ့။ မြင်းခွာချက်က ရေထဲသို့ နစ်ကျမသွား။ မြေသားအမာပေါ် ဆောင့်ချသကဲ့သို့ပင်ဖြစ်သည်။

ခွာအောက်မှ ရေပြင်က မှန်သားလိုကြည့်လင်နေဆဲဖြစ်သည်။ ခန္ဓာကိုယ်တစ်ဝက် လေထဲမြောက်တက်သွားသည်။ စီးနေသည့်မြစ်ရေ ပြောင်းပြန်ဖြစ်သွားသည်။ ပေတစ်ရာခန့်မြင့်သည့် ရေလွှာတစ်ခု ထိုးတက်လာသည်။ မြွေဆိုးမ ခုန်ပြေးလာသည့်လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်သည်။

မြွေဆိုးမ စူးရှစွာအော်ဟစ်လိုက်သည်။ တပြိုင်တည်းမှာပင် သူ့နောက်ဘက်မှ အေးစက်သည့်အငွေ့အသက်ကိုလည်း ခံစားလိုက်ရသည်။

"ရွှီး”

စူးရှသည့် အလင်းတန်းတစ်ခု ကောင်းကင်မှ ကျလာသည်။ မြွေဆိုးမ၏ခါးကို ဖြတ်သန်း၍ ရေလွှာကို ရိုက်ခတ်သွားသည်။

“ဖူး”

သွေးနှင့်ရောနှောနေသည့် မြွေအကြေးခွံများ ပြိုကျသွားသည့် ရေလွှာတစ်ဝက်ခန့် ပြန့်နှံ့သွားသည်။ မြွေဆိုးမ ဒဏ်ရာအပြင်းအထန် ရသွားသဖြင့် မူလအသွင်သို့ ပြန်ပြောင်းလိုက်ရသည်။ ထူထည်းသည့် မြွေခန္ဓာကိုယ်က ယခု နှစ်ပိုင်းပြတ်နေသည်။ ကိုယ်ထည်က အတော်ကြီးမားသည်။ ပြတ်နေသည့်နေရာပင် လုံးပတ်အတော်ကြီးသည်။

“အာဝူး....”

စိတ်လှုပ်ရှားစွာ အော်ဟစ်ကြုံးဝါးသံတစ်ခု လေထဲတွင် ပဲ့တင်ထပ်သွားသည်။ ဝိညာဉ်စားသရဲမီးတောက်များက မြွေခန္ဓာတစ်ဝက်ကို ဖုံးလွှမ်းသွားသည်။ လောင်ကျွမ်းသည်။

အစောပိုင်းက သာမန်မြင်းရိုင်းအသွင်ရှိနေသည့် မြင်းနဂါးလည်း မူလအသွင်ပြောင်းလိုက်သည်။ ရှစ်ပေရှစ်လက်မခန့်မြင့်သည်။ လည်တိုင်ရှည်တွင် လည်ဆံမွှေးများ ဖွာထွက်နေသည်။ ခန္ဓာကိုယ်တွင် ဖုံးထားသည့် နူးညံ့သည့်အကြေးခွံများရှိသည်။

“အမေ”

အန္တရာယ်အစစ်ဝိုင်းနေသည်ကို ပထမဆုံးအကြိမ် ကြုံဖူးသွားသဖြင့် နဂါးပေက် အော်ဟစ်ငိုယိုသည်။ ကြောက်လန့်မှု အားငယ်မှုများ ပြည့်နေသည့်အသံဖြစ်သည်။ ဒဏ်ရာရနေသည့် မြွေဆိုးမလည်း သူ့သားကို မကူညီနိုင်တော့။ နဂါးပေါက် ဝိညာဉ်လှံငယ်ကို ဆုပ်ကိုင်ရင်း မြေပေါ်သို့ လဲကျသွားသည်။ သူ့ထံ ပြေးဝင်လာသည့် မြင်းနဂါးကို ငေးကြောင့်၍ ကြည့်နေသည်။

"ဘုန်း”

ကြီးမားသည့်မြင်းခွာာက နဂါးပေါက်၏ အသွင်ပြောင်းစ ဦးခေါင်းပေါ် အငဲ့အညှာမရှိကျလာသည်။ ဦးခေါင်းရိုးခွက်ဝင်သွားသည်။ မျက်လုံးပြူးထွက်လာသည်။ ဦးနှောက်များပြန့်ကျဲ၍ နေရာတင်သေသွားသည်။

“သားလေး”

သရဲမီးတောက်များ ဝါးမျိုခံနေရသည့်ကြားမှ မြွေဆိုးမ ဝမ်းနည်းပက်လက် အော်ဟစ်လိုက်သည်။ ရေနဂါးနန်းတော်တွင် သူအခြေချ၍ အသုံးမကျသည့် ရေနဂါးနှင့် အချိန်အတော်ကြာ သည်းခံနေထိုင်ပြီးမှ နဂါးမျိုးစေ့တစ်ခု မွေးထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

All Chapters