← Chapters

ပိုင်ဆိုင်မှု

Vol. 15 Ch. 223

ပိုင်ဆိုင်မှု

Vol. 15 Ch. 223

ရေနဂါးသခင်၏ ဇနီးဖြစ်၍ ဝူလင်တောင်သခင်မကို သူသိပါသည်။ သူဆန့်ကျင်ဖို့ စိတ်မကူးခဲ့။ သူတို့သားအမိအတွက် သနားညှာတာမှုတာမှုရဖို့ ဆုတောင်းရုံသာရှိသည်။

“ကျွန်မနောက်ကလိုက်ခဲ့ပါ”

ကျယ်ပြန့်သည့် နန်းတော်ကိုဖြတ်လာကြသည်။ လေသာဆောင်များ ဘုံမြင့်ပြဿာဒ်များကြားမှ လျှောက်လာသည်။ မြွေဆိုးမက သူတို့နှစ်ယောက်ကို ထူးဆန်းသည့်အခန်းတစ်ခုသို့ ဦးဆောင်လာသည်။

“ဒါ ကျွန်မယောက်ျားရဲ့ ရတနာတိုက်ပါ”

မြွေဆိုးမက လက်နှစ်ဘက်လှုပ်ရှား၍ မှော်တံဆိပ်များ ဖန်တီးလိုက်သည်။ ခန်းမတံခါးကို ဖြေးညှင်းစွာဖွင့်သည်။ ပြင်းထန်သိပ်သည်းသည့် ဝိညာဉ်ချီများ ထိုးထွက်လာသည်။ ဝိညာဉ်စွမ်းအင်လေပြင်းတစ်ခု ဖြစ်ပေါ်လာသည်။

“ဒါတွေအားလုံး ကျွန်မယောက်ျားစုစည်းထားတာပါ။ ကျွန်မ ပစ္စည်းတစ်ခုမှ ယူမထားပါဘူး။ ကျွန်မတို့သားအမိအသက်ကို ချမ်းသာပေးပါ”

ထိုသို့ပြောရင်း မြွေဆိုးမက ရေငွေ့အသွင်ပြောင်း၍ ဝိညာဉ်စွမ်းအင်လှိုင်းနှင့် တစ်သားတည်းပေါင်းစပ်သွားပြီး သူ့သားနှင့်အတူ အဝေးမှ ရေနဂါးအိမ်တော်ဆီ ထွက်ပြေးလေသည်။

“တောင်နက်၊ သူတို့အနံ့ကို မင်းရသလား”

ဖုန်ချင်အန်း ခပ်တိုးတိုးရယ်လျက် တောင်နက်ကို လှည့်မေးလိုက်သည်။ တောင်နက်မျက်လုံးတွင် စိတ်အားတက်ကွသည့်အမူအရာများ ပေါ်လာသည်။

“အားဝူး....”

သွေးဆာနေသည့် အလင်းမျိုး ထိုးထွက်လာသည်။လာသည်။

“ဘာတွေစောင့်နေတာလဲ။ ရေနဂါးသခင်ရဲ့မိသားစုကို ပြန်ပေါင်းစည်းပေးလိုက်တော့လေ”

ဖုန်ချင်အန်း လက်ကိုဆန့်ထုတ်လိုက်သည်။ အင်္ကျီကော်လာထဲမှ ရေနဂါးကို ဆွဲထုတ်၍ တောင်နက်ကိုယ်ပေါ်သို့ ပစ်လွှတ်လိုက်သည်။ ထို့နောက် နတ်လက်နက်ကိုလည်းလေထဲသို့ပစ်လွှတ်လိုက်သည်။ ရွှေရောင်အလင်းတန်းအသွင်ပြောင်းပြီး နဂါးခံတွင်းထဲသို့ ဝင်သွားသည်။

“သွားတော့”

“သခင်၊ ကျွန်မကရော ဘာလုပ်ရမှာလဲ”

ပိုင်ယောက် ရှေ့တက်လာပြီး မေးသည်။ ဖုန်ချင်အန်းလုပ်ရပ်ကို မှားသည်ဟု သူမထင်ပါ။ ဟုန်ရှီက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်၍ ပြန်လည်တိုက်ခိုက်ပြီး ‌နောက်ကြောင်းရှင်းအောင်လုပ်သည်မှာ သဘာဝကျသည်။ နဂါးပေါက်လေးသည် ကြင်နာနူးညံ့သည့်စရိုက်မျိုး မရှိသည်မှာလည်း ထင်ရှားလှသည်။

“မင်းလည်း လိုက်ချင်လိုက်သွားပါ။ သူတို့ကို မနိုင်ရင် တားရုံပဲတားထား။ မင်းတို့နောက်ကနေ ငါလိုက်ခဲ့မယ်”

ဝံပုလွေဖြူနက်နှစ်ကောင် အမိန့်ရသည်နှင့် မူလအသွင်သို့ပြောင်းပြီး ပြေးထွက်သွားကြသည်။ တောင်နက်လည်ပင်းတွင် ခွေရစ်နေသည့် ရေနဂါးသံချပ်ကာက ရေစီးကိုထိန်းချုပ်သည်။ ထို့ကြောင့် ဝံပုလွေများ ဖြတ်သန်းသွားလာဖို့ အခက်အခဲမရှိ။

“မြွေဆိုးမကို နင်က လျှော့တွက်ထားတာပဲ”

ဖုန်ချင်အန်းက ဝိညာဉ်သားရဲများနှင့် ‌ရေနဂါးတစ်ကောင်ကို တိုက်ခိုက်ခိုင်းသဖြင့် နွီလော်က မှတ်ချက်ပြုသည်။

တောင်နက်တို့စွမ်းအားသည် သိပ်မမြင့်။ အင်အားကြီးနတ်ဆိုးများနှင့် ယှဉ်နိုင်သည့်အဆင့်သို့ မရောက်သေးဟု နွီလော်ယူဆသည်။ ရေနဂါးမျိုထားသည့် နတ်ပုဆိန်သာ အားကိုးစရာရှိသည်။ တစ်ချက်လောက် ဝှေ့ယမ်းနိုင်လျှင် မြွေနတ်ဆိုး ဒဏ်ရာရသွားအောင် လုပ်နိုင်သည်။ အသေပင်သတ်နိုင်လောက်သည်။

“အန္တရာယ်ကင်းဖို့က ပထမဦးစားပေးပါ”

ဖုန်ချင်အန်း ရယ်မောလျက် ဝိညာဉ်ချီများ တည်ငြိမ်သွားပြီဖြစ်သည့် ရတနာတိုက်ထဲသို့ ဝင်သွားသည်။ မျက်လုံးမှေးစင်း၍ တစ်ချက်ဝှေ့ကြည့်သည်။ ဝိညာဉ်စွမ်းအင်ရောင်တို့က အမျိုးမျိုးတောက်ပလျက်ရှိသည်။ ထို့နောက် သူ့မျက်နှာတွင် အံ့ဩရိပ်ပေါ်လာသည်။

“ဒီနေ့ နဂါးနန်းတော်ရဲ့ချမ်းသာကြွယ်ဝမှုကို ငါတကယ်လက်တွေ့မြင်ဖူးပြီပဲ”

နောက်မှလိုက်လာသည့် နွီလော်လည်း ထိုသို့ပင်တွေးမိသည်။ ရေထဲရောက်ကတည်းက သူမျက်နှာမှိုင်နေခဲ့သည်။ သို့သော်ယခု မျက်လုံးများ အရောက်တောက်လာသည်။ ခန္ဓာကိုယ်စွမ်းအင်ရောင်လည်း ချက်ချင်းနိုးထတက်ကြွလာလေသည်။

"ဟားဟား၊ ဖုန်ချင်အန်း အခုချိန် နောင်တရရင် အချိန်မီသေးတယ်နော်”

“ဘာမှ နောင်တရစရာမရှိပါဘူး။ မင်းလိုချင်တာယူလို့ရပါတယ်”

ဖုန်ချင်အန်း အားလုံးကို မျက်လုံးတစ်ချက်သာ ဝေ့ကြည့်သည်။ တောက်ပသည့် မှောက်လက်နက်များအပြင် ရေတွင်ပေါက်ရောက်ရှင်သန်သည့် ဝိညာဉ်ပင်များ ဝိညာဉ်သစ်သီးများလည်း ရှိသည်။ အမျိုးအစားစုံလင်၍ ပေါများသည်။

အရေအတွက်အများဆုံးမှာ အရွယ်အစားမျိုးစုံ စုပုံနေသည့် ပုလဲများနှင့် အပြာရောင်ဖျော့‌ဖျော့ ထူးဆန်းသည့်သဲကျောက်များဖြစ်သည်။ ရတနာတိုက်တစ်ဝက်နီးပါး နေရာယူထားသည်။ ထိုကျောက်များပုလဲများတွင် ဝိညာဉ်သန္ဓေမရှိ။ သို့သော် ပါဝင်နေသည့် ဝိညာဉ်ချီက ထူးဆန်းသည်။ အစောပိုင်းက တံခါးဖွင့်ရန် ထိုးထွက်လာသည်။ခဲ့သည့် ဝိညာဉ်ရေလှိုင်းရင်းမြစ်ဖြစ်သည်။

“ကောင်းတော့ကောင်းပေမယ့်၊ ငါ့အကြိုက်မဟုတ်သေးပါဘူး”

နွီလော် တစ်ချက်ကြည့်၍ ပြောသည်။ သာမန်ကျင့်ကြံသူများ ဤနေရာတွင် ရှိနေလျှင် ပျော်ရွှင်စွာခုန်ပေါက်မြူးထူးနေကြပေလိမ့်မည်။

သို့သော် ဖုန်ချင်အန်း၏ရည်ရွယ်ချက်က မြင့်လွန်းနေသည်။ နွီလော်လည်း တောင်တန်းတစ်ခု ပိုင်ဆိုင်ထားသူဖြစ်သည်။ ရိုးရှင်းစွာဝတ်စားထားသော်လည်း ဟုန်ရှီထက် ဆင်းရဲသည်ဟု မဆိုလို။ ထုတ်မကြွားခြင်းသာဖြစ်သည်။

“ဒါက အတော်ကောင်းတာပဲ”

ခြေရင်းမှလက်မအရွယ် အပြာရောင်သဲကျောက်တစ်ခုကို ဖုန်ချင်အန်း ကောက်ကိုင်လိုက်သည်။ ထို့နောက် အသာအယာကြိတ်ချေလိုက်သည်။ လက်ထဲမှ သိပ်သည်းသည့်ရေစွမ်းအင်ရောင် ချက်ချင်း ထိုးထွက်လာသည်။ ဖုန်ချင်အန်းက ထိုစွမ်းအင်ရောင်ကို ရေလုံးတစ်လုံးဖြစ်အောင် ဖန်တီးလိုက်သည်။

“ရေစွမ်းအင်ဝိညာဉ်သဲကျောက်တွေပဲ။ ဒီမှာ ကီလိုသုံးထောင်လောက်ရှိမယ်။ ဒါတွေယူသွားရင် ကျင့်ကြံသူတွေရောင်းတဲ့ဆိုင်က လိုချင်တဲ့ပစ္စည်းမှန်သမျှ ဝယ်လို့ရတယ်”

သူ့အပြုအမူကြောင့် နွီလော် ရယ်မောလိုက်သည်။

“ဒါက ကျင့်ကြံသူတွေသုံးတဲ့ ငွေကြေးလား”

ဖုန်ချင်အန်း တွေးနေသည်။ ဝိညာဉ်စွမ်းအင်သိပ်သည်းသည့် ထိုသဲကျောက်မျိုးသည့် တန်ဖိုးရှိသည်။ ရောင်းဝယ်ဖောက်ကားသည့် ငွေကြေးအဖြစ်သုံးနိုင်သည်။

“အဲလိုပြောလို့ရပါတယ်”

“ဒါဆို ဒီပုလဲတွေရော သုံးလို့ရလား”

ပုလဲတစ်လုံး ဖုန်ချင်အန်း ကောက်ယူလိုက်သည်။ သို့သော် ဟုန်ရှီပေးခဲ့သည့်ပုလဲထက်ငယ်သည်။

“ဒီပုလဲတွေရဲ့တန်ကြေးက ပိုမြင့်လောက်တယ်။ ဒါပေမယ့် ဟုန်ရှီဘာကြောင့် ဒီလိုအဆုံးသတ်ရသလဲဆိုတာ ငါနားလည်သွားပြီ”

“ဟမ်”

ဖုန်ချင်အန်း နည်းနည်းနားမလည်ဖြစ်သွားသည်။

“ဝိညာဉ်သဲတွေကို ဝိညာဉ်ကြောတွေက တူးရတာ။ အဲဒါကို ပုံမှန်လောက်ပဲလုပ်နေရင်တော့ ဝိညာဉ်ကြောတွေ မထိခိုက်ဘူး။ သဲကျောက်တွေလည်း ကုန်ခမ်းသွားမှာမဟုတ်ဘူး။ ဒါပေမယ့် ဒီဝိညာဉ်ပုလဲတွေဟာ ပိုင်လန်မြစ်ထဲက ကမာကောင်တွေဖန်တီးထားတာ သေချာတယ်။ ရေဘုရင်အနေနဲ့ ဟုန်ရှီက သူ့လက်အောက်ခံတွေကို ကာကွယ်မပေးဘဲ ကမာတွေရဲ့ဝိညာဉ်သန္ဓေကို အသုံးချတယ်။ ရေကမာတွေရဲ့အခွင့်အရေးကို ပိတ်ပင်တားဆီးခဲ့တယ်။ ဟုန်ရှီ ဝဋ်လည်တာပဲ”

“ဒါဆို ငါက ဟုန်ရှီကို ပြစ်ဒဏ်ခတ်တဲ့လူပေါ့”

ဖုန်ချင်အန်း ရယ်နေသည်။

“ဟုတ်တာပေါ့”

“မဟုတ်ဘူး။ အဲလိုပြောလို့မရသေးဘူး။ ငါသူ့ကို တစ်စိတ်တစ်ပိုင်းပဲ အပြစ်ပေးရသေးတာပါ”

“ဘယ်လို”

ယခုတစ်ကြိမ် တွေးရခက်သွားသူက နွီလော်ဖြစ်သည်။

All Chapters