← Chapters

အရေးကြီးဆုံးအရာ

Vol. 16 Ch. 226

အရေးကြီးဆုံးအရာ

Vol. 16 Ch. 226

နတ်ဆိုးတိမ်တိုက်များ ပျောက်ကွယ်သွားပြီးနောက် ကောင်းကင်က တဖြေးဖြေးကြည်လင်လာသည်။ သားရဲကောင်၏ သွေးနှင့်အသားကို တောင့်တကြသည့်လင်းယုန်ငှက်များ ကောင်းကင်အထက်တွင် ဝဲပျံနေသည်။

သိပ်မကြာလိုက်။ မြားတံများကဲ့သို့ ကောင်းကင်မှထိုးဆင်းလာကြသည်။ သူတို့နေစဉ်စားသောက်နေထိုင်ပုံက အထိန်းအကွပ်မရှိ။ အသားကို လောဘတကြီးထိုးဆိတ်စားသောက်သည်။

ပထမတစ်ကြိမ်စားရုံဖြင့် ကြီးမားသည့်အပြောင်းအလဲကို ကြုံရသည်။ သေးငယ်သည့်ခန္ဓာကိုယ် ပွယောင်းလာသည်။ ထူထဲသည့်အမွှေးများ ကျဲသွားသည်။ အောက်ဘက်မှ နူးညံ့သည့်အရေပြားများ ပေါ်လာသည်။

အမွှေးအ‌တောင်များကြားတွင် အကြေးခွံများထွက်လာသည်။ လျင်မြန်သည့် ခန္ဓာကိုယ်ပြောင်းလဲမှုနှင့်အတူ မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားသည်။ မြွေမျက်လုံးကဲ့သို့ တုတ်ချောင်းပုံမျက်ဆံမျိုး ဖြစ်လာသည်။ လည်တိုင်ရှည်ထွက်လာာသည်။ ငှက်လည်ပင်းမှ မြွေလည်ပင်းလိုဖြစ်လာသည်။

ဘဝပြောင်းလဲသွားသည့်အခွင့်အရေးဖြစ်သည်။ သာမန်တိရစ္ဆာန်များ သူတို့တစ်သက်တာတွင် မတွေ့နိုင်ပေ။ ဝိညာဉ်ပြောင်းဗီဇကြောင့် သားရဲကောင်၏အသားများကို အလောတကြီးဝါးမျိုစားသောက်လာသည်။

သို့သော် သာမန်ငှက်တစ်ကောင်ဖြစ်၍ အသားတစ်အနည်းငယ် စားသောက်ခွင့်ရသည်ကပင် အခွင့်ထထူးကြီးဖြစ်သည်။ စိတ်ကျေနပ်မှုမရသည့် ဆာလောင်မှုကြောင့် အသားစားသုံးမှုများသွားလျှင် ထိုအပြောင်းအလဲက သေခြင်းတရားသို့ ပြောင်းသွားမည်။

"ဘုန်း”

အစာပိုစားလေ၊ မြွေနှင့်လင်းယုန်ပေါင်းစပ်ထားသည့် သတ္တဝါပုံစံ ပိုပီပြင်လေဖြစ်သည်။ ခန္ဓာကိုယ်စတင်ကြီးထွားသည်။ ပုံဆိုးပန်းဆိုးဖြစ်လာသည်။ တွန့်လိမ်နေသည့် ခန္ဓာကိုယ်ပေါ်တွင် အကြေးခွံနှင့်အမွှေးများ ပြန့်ကျဲတည်ရှိနေသည်။ နောက်ဆုံးတွင် မြွေနတ်ဆိုးအသားကို နောက်ထပ်ပါးစပ်အပြည့် ကိုက်စားပြီးသည်နှင့် ခန္ဓာကိုယ် ရုတ်တရက် ပေါက်ကွဲသွားသည်။ မြစ်ကမ်းခြေတွင် သွေးနှင့်အသားပမာဏ တိုးပွားလာသည်။

သို့သော် ထိုသို့ဖြစ်သည်က တစ်ခြားတောင်တန်းတောရိုင်းများကို အချက်ပြသလိုဖြစ်နေသည်။ သွေးကိုအနံ့ခံ၍ ဆင်းလာကြသည်။ သားရဲကိုသတ်သည့် မြင်းနဂါး ထွက်သွားသည်နှင့် ကျား၊ကျားသစ်၊ ဝံပုလွေ၊ မျောက်၊ သမင် စသဖြင့် အပင်စားအသားစားသတ္တဝါမျိုးစုံ မြစ်ကမ်းခြေသို့ဆင်းလာသည်။

တိုက်ခိုက်မှုမရှိ။ ဆူညံခြင်းမရှိ။ မြွေနတ်ဆိုး၏ ကြေမွနေသည့်အသားတစ်များဆီ စုပြုံရောက်ရှိလာသည်။ မြက်ရိုင်းစားသည့် ယုန်များပင် သားရဲသွေးများစွန်းပေနေကြသည်။

ယခု အဆာလောင်ဆုံးဝံပုလွေများပင် သူတို့ဘေးမှ သားကောင်များကို စားရန်စိတ်မကူးကြ။ သာမန်အစားအစာကို သူတို့မတပ်မက်တော့။ ရွံ့ပေနေသည့် အသားများကိုသာ လောဘတကြီး စားသောက်နေကြသည်။ တောင်တန်းတို့၏ ချီစွမ်းအင်ဖြင့် ထူးဆန်းသည့်ဝိညာဉ်သားရဲများ ဖြစ်ပေါ်လာရန် အချိန်အတော်ကြပေလိမ့်မည်။ ယခု မြစ်ကမ်းဘေးတွင် အုံနှင့်ကျင်းနှင့် ထွက်ပေါ်နေသည်။

သို့သော် သားရဲဝိညာဉ်များ မွေးဖွားလာကြသလို ပေါက်ကွဲသေဆုံးကြသည်။ အသိဉာဏ်နည်းပါးသောကြောင့် ဖြစ်ကောင်းဖြစ်မည်။ လောဘကြီးလွန်းသောကြောင့်လည်း ဖြစ်နိုင်သည်။ အများအပြားစားသောက်၍ ပေါက်ကွဲ‌သေဆုံးကြသည်။ သူတို့‌နောက်လိုက်နောက်ပါများအတွက် စားသောက်စရာဖြစ်သွားသည်။

ထိုသို့ဖြစ်နေသော်လည်း အနီးပတ်ဝန်းကျင်မှတိရစ္ဆာန်များရော နောက်မှရောက်လာသည့် တောရိုင်းကောင်များပါ ထိတ်လန့်ကြခြင်းမရှိ။ တစ်သက်တစ်ခါရသည့် ကံကြမ္မာပြောင်းမည့်အခွင့်အရေးကို လက်လွတ်မခံလိုကြ။ ထူထဲသည့် သွေးမြူငွေ့များ လေထဲတွင် ဖြစ်ပေါ်နေသည်။ နတ်ဆိုးစွမ်းအင် စုစည်းလာသည်။ သားရဲချီများ လွှမ်းမိုးလာသည်။

လတ်ဆတ်သည့်သားရဲသွေးမိုးစက်များ မြစ်ရေပေါ်ကျလာချိန်တွင် ရေနေသတ္တဝါများ ဝရုန်းသုန်းကားလှုပ်ရှားလာသည်။ သွေးများကို အလောတကြီး မဝါးမျိုသော်လည်း ထိုသွေးများထိသည်နှင့် အသွင်ပြောင်းသွားသည်။

အနီရောင်ရေပြင်က ပို၍အရောင်ရင့်လာသည်။ ရေနတ်ဆိုးများက သွေးချီများကို တမင်တကာပင် စုပ်ယူနေကြသည်။ သို့တိုင်အောင် ရေနေအသွင်ပြောင်းသားရဲအသစ်တစ်အုပ် ပေါ်ထွက်လာသည်။ နောင်တစ်ချိန်တွင် ရေနတ်ဆိုးသားရဲများ ဖြစ်လာပေလိမ့်မည်။

မဟာနတ်ဆိုးတစ်ကောင်သေဆုံးလျှင် များစွာသောနတ်ဆိုးသားရဲများ ပေါ်ထွက်လာသည်မှာ သဘာဝဖြစ်သည်။

သားရဲအများစုက အချိန်ကာလတစ်ခုရောက်လျှင် ပျောက်ကွယ်သွားကြမည်။ ဆက်လက်ရှင်သန်ကျန်ရစ်ခဲ့သူလည်း ရှိမည်။ ထိုရှင်သန်သည့်သားရဲများက ထူးခြားထင်ရှား၍ အင်အားကြီးနတ်ဆိုးသားရဲများဖြစ်လာလိမ့်မည်။

မြစ်ကမ်းတွင်ဖြစ်ပေါ်နေသည့် သွေးသံရဲရဲမြင်ကွင်းအားလုံး နတ်ဘုရားနွီလော်၏ ကြည်လင်တောက်ပသည့် မျက်လုံးထဲတွင် ပေါ်နေသည်။ အားလုံးကို သူကြည့်နေသည်။ သူ့စွမ်းအားသုံး၍ တားဆီးခြင်းမရှိ။

ထိုအဖြစ်သည် တောင်တန်းများအတွက် ကပ်ဆိုးနှင့်တူသည်။ မထင်မှတ်သည့် အသွင်သစ်ပြောင်းလဲခြင်းလည်းဖြစ်သည်။ မဟာနတ်ဆိုးအသွေးအသားဖြင့် တောရိုင်းကောင်များ အသွင်ပြောင်း၍ အသက်ရှည်အောင် ထိန်းသိမ်းနိုင်သည်။ တစ်ချို့က ဗီဇသဘာဝကိုပင် ထိန်းချုပ်နိုင်စွမ်းရှိလာသည်။ ဆင်ခြင်နိုင်စွမ်းရှိလာသည်။ သူတို့အားလုံး တောင်တန်းထဲသို့ ပေါင်းစည်းကြမည်။ တောင်တန်းဝိညာဉ်ချီ၏ အစိတ်အပိုင်းများဖြစ်လာမည်။

“လာပါ၊ စားပါ။ အားမနာပါနဲ့။ မင်းအားနာစရာမလိုဘူး။ ဒါတွေအားလုံး ငါ့ဟာပါ။ မင်းမစားရင် အလဟဿဖြစ်သွားလိမ့်မယ်”

ပိုင်လန်ရေနဂါးနန်းတော်တွင် လူငယ်တစ်ယောက် ကျောက်စိမ်းကရားကိုင်ရင်း အပေါ်သို့မော့ကြည့်သည်။

သူ့ဝတ်ရုံပေါ် အရည်တစ်စက်ကျသွားသည်။ လတ်ဆတ်သည့်ရနံ့နှင့်အတူ ပြင်းထန်သည့်ဝိညာဉ်စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။ ဝိုင်နံ့နှင့်တူသည်။ အနံ့ကမွှေးသည်။ သစ်သီးဝိုင်ဖြစ်ပေလိမ့်မည်။

All Chapters