← Chapters

အရေးကြီးဆုံးအရာ (၂)

Vol. 16 Ch. 227

အရေးကြီးဆုံးအရာ (၂)

Vol. 16 Ch. 227

“လျှော့သောက်ပါ”

နွီလော်က ဖုန်ချင်အန်းကို အကြံပြုသည်။ ပြောနေရင်း သူ့ရှေ့ ငါးဟင်းပန်ကန်ထဲမျှ ငါးတစ်တုံးဆွဲယူပြီး ပါးစပ်ထဲပစ်ထည့်လိုက်သည်။ ဣန္ဒြေဘာညာမရှိ။ လွတ်လပ်စွာပြုမူသည်။ ထူးကဲသည့်ဟန်ပန်ရှိသည်။ သူ့လှုပ်ရှားမှုတိုင်းတွင် အရိုင်းဆန်သည့်အလှရှိသည်။

“အသားကိုပိုစားပါ။ ဒီဝိုင်တွေက အခုမှ အိုးထဲထည့်ကာစပဲရှိသေးတာ။ ဆယ်နှစ် ဒါမှမဟုတ် နှစ်နှစ်ဆယ်လောက် ချိတ်ပိတ်ထားပြီးမှ အရသာကောင်းတာ။ အခုချိန်သောက်ရင် ဖြုန်းတီးရာကျတယ်”

“ဆယ်နှစ်တဲ့လား၊ အဲဒီအချိန်လောက်ဆို ဒီထက်ပိုကောင်းတဲ့ဝိုင်မျိုးကို ငါသောက်ချင်သောက်နိုင်မှာပေါ့”

ဖုန်ချင်အန်း ရယ်လိုက်သည်။ ပါးစပ်ထဲမျှ ချိုချင်အရသာက ဝိုင်အရသာထက် သစ်သီးအရသာထက်ပိုတူသည်။ ဝိုင်ကို အထူးတလည်နှစ်သက်ခြင်းမျိုး သူ့တွင်မရှိ။ အရသာမကြိုက်လျှင် သူမသောက်။

ကြွားလုံးထုတ်၍လည်းရသည်။ ရေနဂါးနန်းတော်မှ နဂါးသခင်၏ဝိုင်သည် ခွက်ပေါင်းတစ်ထောင်သောက်လည်း မူးရစ်ရီဝေမည်မဟုတ်။

“နောင်တစ်ချိန်က နောင်တစ်ချိန်ပေါ့။ လောလောဆယ် ဒီအသားကိုစားတာ ပိုကောင်းတယ်။ ဒီလို အလကားအဖြစ်ခံမှာလား”

စားသောက်ပွဲအလယ်မှ ငါးနဂါးကို ကြည့်၍ နွီလော် ပြောသည်။ ဟုန်ရှီ၏ ဝမ်းဗိုက်ကို ခွဲဖွင့်ထားသည်။ အကြေးခွံများ ဖယ်ရှားထားသည်။ အားပါးတရစားထားသော်လည်း သုံးပုံတစ်ပုံပင် မကုန်တတ်သေး။

“ငါနောက်ထပ် မစားနိုင်တော့ဘူး”

ဖုန်ချင်အန်း ဗိုက်ကိုပွတ်၍ပြောသည်။ သိုင်းမှတ်တမ်းထဲမှ နည်းလမ်းများဖြင့် သူ့စွမ်းအင်ကို ထောက်ပံထားသည်။ အပိုစားသုံးဖို့ ချေဖျက်သန့်စင်နိုင်သည့် စွမ်းအင်လိုသည်။ လုံလောက်သည့်စွမ်းအင်မရှိလျှင် အစားအသောက်၏ စွမ်းအင်သန္ဓေကို ရမည်မဟုတ်။

စစ်နတ်မင်းသည်ပင် ရေနဂါးသခင်၏အသားကို မစားဖူးသည်မှာ သေချာနေသည်။ ခိုင်ခံ့ကြီးမားသည့် ခန္ဓာကိုယ်မျိုးမရှိလျှင် အသားထဲတွင်ပါသည့် စွမ်းအင်သန္ဓေကြောင့် တစ်ကိုယ်လုံးပေါက်ကွဲထွက်သွားနိုင်သည်။ သာမန်လူများ ခံနိုင်ရည်မရှိ။

“ဒီတော့ သူတို့ကိုပဲ အားကိုးရတော့မှာပေါ့”

တောင်နက်နှင့် မြင်းနဂါးကို ဖုန်ချင်အန်း ကြည့်လိုက်သည်။ ထိုနှစ်ယောက်သည် ငါးနဂါးအသားကို အများဆုံးစားကြသူများဖြစ်သည်။ ဖုန်ချင်အန်းနှင့်နွီလော်က အရည်အတွက်ဖြည့်ရုံသာရှိသည်။ နွီလော် အသားစားရဲသည်ဆိုသော်လည်း မူလအသွင်ပြောင်းထားသည့် တောင်နက်နှင့်မြင်းနဂါးတို့ကို ယှဉ်မစားနိုင်။ တို့ကနန်းဆတ်ကနန်းမျှသာစားသည်။

ဖုန်ချင်အန်းသည် အစားကြီးသည်မဆိုသာသော်လည်း အတော်စားနိုင်သည်။ ပိုင်ယော်က လုံးဝအသားမစား။ သစ်သီးတစ်ချို့သာ တိတ်ဆိတ်စွာကိုက်စားနေသည်။

ဝိညာဉ်သားရဲအဖြစ် ကျင့်ကြံနိုင်ဖို့ မည်မျှခက်ခဲကြောင်း ဖုန်ချင်အန်း ကောင်းကောင်းနားလည်သွားသည်။ အသားငါးရှောင်ရသည့်တစ်ချက်ကိုပင် သားရဲအတော်များများ လိုက်နာရန်မလွယ်ကြ။

“အာဝူး...”

တောင်နက်၏ဝမ်းဗိုက် ဖောင်းကားလာသည်။ ကိုယ်ဝန်ဆောင်ဝံပုလွေလို ဖြစ်လာသည်။ မျက်လုံးတွင်လည်း စားသောက်လိုသည့်အရိပ်မျိုး လုံးဝမရှိတော့။ ထပ်စားလျှင် သူ့ဝမ်းဗိုက် ပေါက်ကွဲထွက်သွားပေလိမ့်မည်။

“မင်းအဆက်တက်နိုင်ပြီလား”

ဖုန်ချင်အန်း တောင်နက်ကို မေးလိုက်သည်။ အဆင့်မတက်ဘဲ စွမ်းအားဖိနှိပ်ထားခဲ့ရသည်ကို။ တောင်နက်လည်း မဟာနတ်ဆိုးဖြစ်လာသင့်သည်။

“ဝုတ်”

တောင်နက်ခဏတုံ့ဆိုင်းနေပြီးနောက် ခေါင်းခါသည်။ သူဘာသာ သတ်မှတ်ထားသည့် အတိုင်းအတာမျိုး မရောက်သေးသောကြောင့်ဖြစ်သည်။ ယခု အဆင့်တက်လျှင် ရပါသည်။ သို့သော် ရှိထားသည့်အခြေခံစွမ်းအားကို သူအားမရသေး။

မဟာနတ်ဆိုးအဆင့်လောက်ကို သူမရည်ရွယ်။ နတ်ဆိုးဘုရင်ဖြစ်လာဖို့ ရည်ရွယ်ထားခြင်းဖြစ်သည်။ သို့မှသာ သူ့သခင်နောက်လိုက်ဖို့ အရည်အသွေးမီမည်။

“အဆင့်မတက်ဘဲ ထိန်းချင်လည်း ထိန်းထားပေါ့။ အဲလောက်အတွေးလွန်မနေနဲ့”

ဖုန်ချင်အန်း တောင်နက်ကို စိုက်ကြည့်၍ပြောလိုက်သည်။

သိုင်းပညာလေ့လာဖို့ သူစိတ်ကူးမရှိ။ သို့သော် သိုင်းပညာများသည် အတော်အဖိုးတန်သည်။ ဥပမာ အချိန်တိုအတွင်း အစားအသောက်များစွာ စားသုံးနိုင်သည့် ဤလျှို့ဝှက်နည်းလမ်းဖြစ်သည်။ သွေးနှင့်ချီစွမ်းအင်တိုးမြှင့်နိုင်သည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုတိုးလာသည်။ သာမန်သိုင်းသမားများ ထိုနည်းလမ်းကို အသုံးပြုလေ့သိပ်မရှိ။ အရင်းအနှီးများသောကြောင့်ဖြစ်သည်။

“ငါထပ်မစားနိုင်တော့ဘူး”

ငါးနဂါးကို ပွဲတော်တည်နေကြသူများ ထပ်မစားနိုင်တော့။ ဖခင်သေဆုံးမှုကြောင့် ဟုန်ရှီကိုမုန်းနေသည့် မြင်းနဂါးပင် ဗိုက်အတော်တင်းလာသည်။ ထပ်စားလျှင် လက်စားချေရာမရောက်။ သူသာဒုက္ခရောက်တော့မည်။

“မင်းနာမည်က မြောင်မြောင်နော်။ စားလို့ကောင်းရဲ့လား”

ဖုန်ချင်အန်း မျက်လုံးပွင့်လာပြီး တည်ငြိမ်အေးဆေးသည့်လေသံဖြင့် မေးသည်။

ထိုမြင်းနဂါးပုံစံက သာမန်သာဖြစ်သည်။ နောက်ခံနှင့် စွမ်းရည်လည်း သိပ်ထူးခြားသည်မဟုတ်။ သို့သော် မြင်းရိုင်းတစ်ကောင်ဖြစ်လိုသည့်ဆန္ဒ မြစ်‌ဘေးတွင် နေ့နေ့ညညပုန်းအောင်း၍ သူ့ဖခင်သေဆုံးမှုအတွက် လက်စားချေဖို့ အခွင့်အရေးကိုစောင့်ခဲ့သည့် ဇွဲနဘဲတို့ကြောင့် ဖုန်ချင်အန်း သဘောကျခဲ့ခြင်းဖြစ်သည်။

ဟန်ပန်ကလည်း မဆိုးလှ။ လည်ပင်းက နဂါးကဲ့သည့် ကြေးခွံများပါ၍ ရှည်လျားသည်။ အရိုးတောင်ပံများရှိသည်။ ထို့ကြောင့် ဖုန်ချင်အန်း မြင်မြင်ချင်း သဘောကျခဲ့သည်။

လူဆင်းရဲဘဝမှ လာသူဖြစ်၍ စွမ်းရည်နိမ့်ပါးသည်ကို သူအရေးမစိုက်။ ဟုန်ရှီ ပိုင်လန်မြစ်ကို သိမ်းယူသွားစဉ်က ထိုမြင်းနဂါး မွေးပင်မမွေးသေး။ ပိုင်လန်မြစ်ကို ဟုန်ရှီ နှစ်နှစ်ရာကျော်အုပ်စိုးခဲ့သည်ဟု နွီလော်ကပြောသည်။

ဖခင် သေဆုံးချိန်မှစ၍ ကိုယ်ဝန်တည်သည့်အချိန်နှင့် ကြီးပြင်းချိန်ကိုတွက်ကြည့်လျှင် ထိုမြင်းနဂါးသည် မြစ်ဘေးတွင် အနည်းဆုံး နှစ်တစ်ရာခန့် နေထိုင်ခဲ့ခြင်းဖြစ်သည်။ သစ္စာကြီးခြင်းလား၊ ဇွဲရှိခြင်းလား၊ အရှုံးမပေးသည့်စိတ်လား မသိနိုင်တော့။ မြင့်မြတ်သည့်နတ်ဆိုးတစ်ကောင်သည် အမုန်းတရားကို ဖြေလျှော့၍ မတွေ့ကြုံဖူးသည့်ဖခင်ကို မေ့ပစ်ပြီး တစ်နေရာရာတွင် လွတ်လပ်စွာ ရှင်သန်နိုင်သည်။ သို့သော် ဤမြင်းနဂါးက သက်တမ်းတစ်ဝက်လောက်ကို လက်စားချေဖို့ မြှုပ်နှံထားသည်။

ထိုမြင်းနဂါးကို လက်ခံထားလျှင် နောင်တစ်ချိန်ကြုံရမည့် အခက်အခဲများ တွေ့ကြုံရာတွင် အံ့ဩစရာစွမ်းဆောင်မှုများ ပေးနိုင်လောက်သည်။

“ကျုပ်နာမည် စန်းမြောင်ပါ”

တစ်ခုယူလျှင် တစ်ခုကျေးဇူးကြွေးတင်သည်။ ရန်သူငါးနဂါးအသားကို စားသောက်ပြီးနောက် စန်းမြောင် နည်းနည်းရှက်သွားသည်။ ဖုန်ချင်အန်းအပေါ်လည်း သဘောထားပြောင်းသွားသည်။

“ဟုတ်ပါပြီမြောင်မြောင်၊ မင်းရဲ့အနာဂတ်အစီအစဉ်က ဘယ်လိုရှိလား”

ဖုန်ချင်အန်း လိုရင်းကိုတန်းပြောသည်။ သူမျှော်မှန်းချက်ကြီးကြီးထားသော်လည်း မြင်းနဂါးဆုံးဖြတ်ချက်သာ အဓိကဖြစ်သည်။

“ကျုပ်....”

မြင်းနဂါး ဘာပြန်ဖြေရမည်မသိ။

“ပိုင်လန်မြစ်သခင်ရာထူးကို မင်းယူချင်ယူလိမ့်မယ်လို့ နွီလော်ကပြောတယ်။ ဒါပေမယ့် ငါကသူနဲ့ အမြင်မတူဘူး။ မင်းဒီလောက်အပေါ်ယံဆန်တဲ့ကိစ္စမျိုး မလုပ်လောက်ဘူးလို့ ငါပြောလိုက်တယ်။ မင်းအဖေရာထူးယူတာ ဘာတွေအဲလောက်ကောင်းလို့လဲ။ နောက်ထပ်စွမ်းအားမြင့်နဂါးတစ်ကောင် မင်းကိုလာသတ်တာ စောင့်နေတာလား”

ဖုန်ချင်အန်းစကားကြောင့် စန်းမြောင်အသံတိတ်သွားပြီး တွေးဆနေဟန်ရှိသည်။

စန်းမြောင်၏ မူလရည်ရွယ်ချက်ကို ဖုန်ချင်အန်း အတိအလင်းထုတ်ပြောလိုက်ခြင်းဖြစ်သည်။ မြစ်သခင်ရာထူး လစ်လပ်နေသည်။ မျိုးဆက်အရ စန်းမြောင် ယူပိုင်ခွင့်ရှိသည်။

ဖုန်ချင်အန်းစကားကြောင့် သူ့စိတ်ကူး ပြိုလဲသွားသည်။ မြစ်သခင်ရာထူးသည် မက်မောစရာကောင်းသော်လည်း သူရေရှည်ထိန်းသိမ်းနိုင်မည်မထင်။ ဟုန်ရှီလို နဂါးတစ်ကောင် သူ့ဆီထပ်ရောက်လာမည်။ သူ့ဖခင်ကံကြမ္မာမျိုး ဖြစ်လာမည်။ ဘာမှမထူးခြား။

“ဒါဆို မြောင်မြောင်အတွက် နင်ဘယ်လိုအကြံပေးချင်လို့လဲ”

စားသောက်ပွဲက ထူးထူးဆန်းဆန်းတိတ်ဆိတ်နေသဖြင့် နွီလော်က မျက်စိဒေါင့်ကပ်ကြည့်၍ မေးလိုက်သည်။

“အုပ်ချုပ်ဖို့ စွမ်းအားမရှိခင် ဒီလောကမှ အရေးအကြီးဆုံးက ဘာလို့ထင်လဲ မြောင်မြောင်”

“ဘယ်လို”

စန်းမြောင် ဖုန်ချင်အန်းကို ငေးကြောင်ကြည့်၍ အတွေးနက်နေသည်။

“နောက်ခံရယ် ဗီဇရယ် မျိုးနွယ်ရယ်ပဲ။ မြစ်သခင်ဖြစ်တဲ့ မင်းအဖေ ဘာလို့အလွယ်တကူ အသတ်ခံခဲ့ရလဲသိလား”

“သူ့မှာ မျိုးနွယ်မရှိလို့လား”

“သိပ်မှန်တာပေါ့။ မင်းအဖေဟာ မိဘတွေ မျိုးနွယ်တွေမရှိတဲ့ မြစ်သခင်ပဲ။ သူ့ကိုသတ်လိုက်လို့ နောက်ဆက်တွဲပြဿနာ ဘာမှမရှိနိုင်ဘူး။ မင်းသာမရှိရင် သူ့အတွက် ဘယ်သူမှ လက်စားချေပေးမှာမဟုတ်ဘူး”

ထိုသို့ပြောပြီးနောက် နွီလော်ကို သူတစ်ချက်လှမ်းကြည့်လိုက်သည်။ နွီလော်မျက်နှာက အပြောင်းအလဲမရှိ။ မြင်းနဂါး နောက်ထပ် အသံတိတ်သွားပြန်သည်။

“ဟုန်ရှီရဲံမိန်းမကို မင်းသတ်ခဲ့တယ်။ သူ့အသားကိုတောင်စားခဲ့တယ်။ ဒါပေမယ့် မင်းဘာသာလက်စားချေခဲ့တာလို့ တကယ်ထင်နေတာလား”

မြင်းနဂါးငြိမ်နေသဖြင့် ဖုန်ချင်အန်း ဆက်ဖိအားပေးသည်။ အင်အားကြီးနတ်ဆိုးကို ယဉ်ပါးအောင်လုပ်ရသည်မှာ မလွယ်လှ။ ထိုနတ်ဆိုးပေါ် စီးနင်းဖို့ ပို၍ပင်ခက်ခဲသေးသည်။ မြင်းနဂါးသာ အညံ့မခံလျှင် လုံးဝရမည်မဟုတ်။

All Chapters