မုဆိုးမဟုတ်လျှင် သားကောင်
Vol. 16 Ch. 232
သုံးရက်ကြာပြီးနောက် အန့်ချင်းမြို့တော် အပိုင်နယ်မြေထဲမှ ခေါင်ရှန်းရွာတွင် လေးတစ်လက်ကိုင်ထားသည့် လယ်သမားတစ်ယောက် လယ်ကွင်းထဲတွင် ဖြတ်သန်း၍လျှောက်နေသည်။ နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်းလုပ်ခဲ့ရသဖြင့် သူ့မျက်နှာ ပို၍နက်မှောင်လာသည်။ ယခု သူ့မျက်နှာတွင် ဝေခွဲမရဖြစ်နေသည့်အရိပ်များ ပေါ်နေသည်။ ထိုလယ်မြေများ တစ်ခုခုမူမမှန်ဟု အမြဲတမ်းခံစားခဲ့ရသည်။ လယ်ကွင်းထဲမှ အပင်များက သူစိုက်ခဲ့သည့်အပင်များမဟုတ်။
သို့သော် သူ့မျက်စိနှင့် တပ်အပ်မြင်နေရသည်။ သူအမှတ်မှား၍သာဖြစ်မည်။ သို့သော် သက်တမ်းတစ်ဝက်လောက် လယ်စိုက်ခဲ့သူအဖို့ ထိုမျှအမှတ်မှားစရာမရှိ။
“ခွပ် ခွပ် ခွပ်”
ရုတ်တရက် မြင်းခွာသံကို သူကြားလိုက်ရသည်။ အသံလာရာသို့ လှမ်းကြည့်သည်။ ဝတ်ရုံဖြူလူငယ်တစ်ယောက် မြင့်မားခံ့ညားသည့် မြင်းတစ်ကောင်ထက်တွင်စီး၍ လိုက်လာသည်။ မြင်းနောက်ဘက်တွင် ခွေးနှစ်ကောင်ပါလာသည်။
သူဌေးသားတစ်ယောက် တောင်တန်းပေါ် အမဲလိုက်ရင်း လမ်းမှတ်လာခြင်းဖြစ်မည်။
လူငယ်နောက်ဘက်မှ တော်တန်းဆီလှမ်းကြည့်နေပြီးနောက် လယ်သမား ဦးညွှတ်အရိုအသေပေးလိုက်သည်။ ထိုသူဌေးသားသည် ပြည်နယ်မြို့မှလာခြင်းဖြစ်မည်။ သူ့လိုလယ်သမားတစ်ယောက်က ပြဿနာသွားရှာ၍မဖြစ်။
“အဘိုးကြီး”
သူရှောင်သွားချင်သော်လည်း သူဌေးသားက အလွတ်မပေးဘဲ လှမ်းခေါ်သည်။
“သဌေးမင်း ကျုပ်ကို ခေါ်သလားဗျ”
လယ်သမား ချက်ချင်းအရိုအသေပြုလိုက်သည်။ သူ့အသွင်က လယ်သမားဆိုသည်ထက် မုဆိုးနှင့် ပိုတူသည်။
“ဟုတ်တယ်၊ ကျုပ်မေးစရာရှိလို့ပါ။ အန့်ချင်းမြို့တော်ကို ဘယ်လိုသွားရမလဲ”
ဖုန်ချင်အန်း လမ်းမေးသည်က စကားစပြောဖို့ အကြောင်းပြချက်သာဖြစ်သည်။ ဤနေရာသည် သူနှင့်ဟုန်ရှီ တိုက်ခိုက်ခဲ့သည့်နေရာဖြစ်ကြောင်း သူမှတ်မိသည်။
တိုက်ပွဲကြောင့် လည်ကွင်းများ ပျက်စီးခဲ့သည်။ သို့သော် မြေကို သူပြန်ပြင်ပေးခဲ့သည်။ တစ်စုံတစ်ယောက်က နတ်အစွမ်းဖြင့် သီးနှံများကို ပြန်ဖန်တီးပေးခဲ့သည်။ သို့သော် အရင်သီးနှံများနှင့် ကွဲပြာနေသည်။
“ဒီလမ်းအတိုင်း တည့်တည့်လျှောက်သွားပါ သူဌေးမင်း။ ပြီးတော့.......”
လယ်သမား ပြန်ဖြေသည်။
စိတ်ရှည်ရှည်နားထောင်ပြီးနောက် ဖုန်ချင်အန်း အင်္ကျီလက်ထဲနှိုက်သယောင် ဟန်ဆောင်၍ ငွေစလက်တစ်ဆုပ်ယူပြီး လယ်သမားရှေ့ ပစ်ချပေးလိုက်သည်။
“ကျေးဇူးပါ အဘိုးကြီး”
“သူဌေးမင်း၊ ဒါက...”
ငွေစများကို ကောက်ယူပြီးနောက် လယ်သမားအသံများ တုန်ရင်နေသည်။ သူ့တစ်သက် ထိုမျှများပြားသည့် ငွေမျိုးမရှိခဲ့ဖူးပေ။
“ဒါက လမ်းပြခပါ”
ဖုန်ချင်အန်း ရယ်မော၍ပြောလိုက်သည်။
“ဒါပေမယ့် ဒါကများလွန်းတယ်လေ”
"ဟားဟားဟာ၊ မများပါဘူး။ မများပါဘူး”
ဖုန်ချင်အန်း တဟားဟားအော်ရယ်လျက် မြင်းကိုဆက်မောင်းသွားသည်။ ဝံပုလွေ (သို့မဟုတ်) အိမ်မွေးခွေးနှစ်ကောင်လည်း နောက်မှကပ်လိုက်သွားသည်။
လှပခမ်းနားသည့် ခရမ်းအလင်းတော်နက်အလယ်တွင် ရောင်စုံအလင်းများ ယှက်ဖြာနေသည်။ ကြည်လင်စမ်းချောင်းတစ်ခုတွင် လှိုင်းဂယက်များထနေသည်။ အပြစ်အနာအဆာမရှိသည့် မိန်းမလှလေးတစ်ယောက် မျက်လုံးကိုမှိတ်၍ ငြိမ်သက်စွာထိုင်နေသည်။ ရှားပါးသည့် သူ့အလှကို နောက်ခံရှုခင်းက အလိုက်သင့်ဖြည့်ဆည်းပေးထားသည်။
ရုတ်တရက် မမြင်နိုင်သည့်လေပြင်းတစ်ခု တော်အုပ်ကိုဖြတ်၍ တိုက်ခတ်လာသည်။ အရောင်အသွေးစိုပြေကြည်လင်သည့် သစ်ရွက်များ လှုပ်ခါလာသည်။ ခဏကြာပြီးနောက် လေက ပိုပြင်းထန်လာသည်။ ခရမ်းရောင်သစ်ရွက်များ ကြွေကျမတတ် အပြင်းအထန် လှုပ်ခါလာကြသည်။
"ဝှီး ဝှီး ဝှီး"
လေတိုးသံများ ပဲ့တင်ထပ်နေသည်။ တောအုပ်က လှပသော်လည်း လေပြင်းကကြမ်းလွန်းသည်။ လေပြင်းစတင်သည့်နေရာက တောအုပ်အလယ်မှ စမ်းချောင်းငယ်လေးဖြစ်သည်။
“ဖုန်ချင်အန်း”
နန်းကောမျက်လုံးများ ပွင့်လာသည်။ လေပြင်းက အကြမ်းတမ်းဆုံးအနေအထားသို့ ရောက်လာသည်။ နေရာစုံမှ သရဲယင်ချီများ စတင်ဝင်ရောက်လာသည်။
သို့သော် တောအုပ်ကိုဖြတ်သန်းချိန်တွင် စစ်ထုတ်သန့်စင်ခံရသည်။ နန်းကောဆီ ရောက်ချိန်တွင် အသန့်စင်ဆုံး အမျှင်အတန်းလောက်သာ ကျန်တော့သည်။ ထိုယင်ဓာတ်ကို သူစုပ်ယူသန့်စင်သည်။
မိုင်ရာချီအဝေး အန့်ချင်းမြို့တော်အပြင်ဘက်တွင်ရှိနေသည့် ဖုန်ချင်အန်းမျက်လုံးများ မှေးစင်းသွားသည်။ အေးစိမ့်သည့် အားလှိုင်းတစ်ခု သူ့နဖူးမှစီးဝင်လာသည်။ သူ့ဝိညာဉ်ကို အားဖြည့်ပေးသည်။ စိတ်များ ချက်ချင်းကြည်လင်လာသည်။ ဝိညာဉ်စွမ်းအားလည်း များစွာတိုးတက်လာသည်။
ဒုတိယဝိညာဉ်စာချုပ် - နန်းကော
မျိုးနွယ် - မွေးရာပါယင်ဝိညာဉ်
ဗီဇ - ယင်၊ ကောင်းကင်၊ ဝိညာဉ်
စွမ်းရည် - အင်ပါယာ၊ အခြေခံ
တိုက်ခိုက်စွမ်းအား - ကွန်မန်ဒါ၊ ထိပ်တန်း
“ငြိမ်နေတော့လည်း ကြွက်လို၊ လှုပ်ရှားတော့လည်း မိုးကြိုးမုန်တိုင်းလိုပါလား”
နန်းကော အဆင့်တက်သွားခြင်းဖြစ်ကြောင်း ဖုန်ချင်အန်း သိလိုက်သည်။ ယခု တောင်နက်နှင့် တိုက်ခိုက်စွမ်းအားချင်း တန်းတူအဆင့်လာသည်။ သို့သော် အဆင့်ဆိုသည်မှာ ကိုးကားစရာအမည်ခံသာဖြစ်သည်။ အဆင့်ပိုမြင့်လာလေ၊ ထိုအဆင့်ထဲတွင် အနိမ့်အမြင့်ကွာဟချက်က ပိုကြီးလာလေဖြစ်သည်။
တောင်နက်နှင့်နန်းကောတို့ ပြဿနာတစ်ခုကြောင့် တိုက်ခိုက်ကြမည်ဆိုပါစို့။ တောင်နက် အရှက်တကွဲ မသေလိုလျှင် ထွက်ပြေးရုံသာရှိသည်။
“ဖုန်ချင်အန်း၊ ငါအဆင့်တက်သွားပြီ”
ဝိညာဉ်စာချုပ်မှတစ်ဆင့် နန်းကောက ပျော်ရွှင်နေသည့်အသံဖြင့် လှမ်းပြောသည်။
“ငါ့နန်းကောက တကယ်အံ့ဩစရာကောင်းတာပဲ”
ဖုန်ချင်အန်း ချက်ချင်းချီးကျူးလိုက်သည်။ သန့်စင်မှုကိုးပါး လျှို့ဝှက်ကျင့်စဉ်သည် စွမ်းအားစုဆောင်းရုံသာမဟုတ်။ စွမ်းအားကို ‘ဆတိုးပွား’ခြင်းလည်းဖြစ်သည်။ အဆင့်တစ်ဆင့် ကူးဖြတ်ရုံသာမက ထိုအဆင့်၏ ထိပ်တန်းနေရာသို့ တန်းရောက်သွားသည်။
“ခစ်ချစ်”
ချီးကျူးစကားကြောင့် နန်းကော ကြည်နူးစွာရယ်မောနေသည်။
“နောက်ထပ် အဆင့်ကြီးတစ်ဆင့်တက်ပြီးရင် နေရောင်ကို ငါကြောက်စရာမလိုတော့ဘူး။ ဒါဆို လူသားကမ္ဘာမှာ နင့်ကိုလာတွေ့လို့ရပြီ”
“သိပ်ကောင်းတာပေါ့၊ ငါမင်းကိုစောင့်နေမယ်။ အကောင်းဆုံးကြိုးစားပါ”
“အင်း...”
နန်းကောစွမ်းရည်က အတော်ကောင်းသည်။ ဖုန်ချင်အန်း သိပ်များများအရင်းအနှီးစိုက်စရာမလို။ ရှိနေပြီးသား မူလယင်ဝိညာဉ်အမွေဖြင့ တစ်ဆင့်ချင်း ကျင့်ကြံသွားဖို့သာလိုသည်။ ဖုန်ချင်အန်းနှင့်မတွေ့မီ တစ်ချိန်က တုန်ဟွမ်းရှိခဲ့သည့်အဆင့်ကိုပင် အလွယ်တကူ သူကျော်ဖြတ်သွားနိုင်သည်။