← Chapters

လူထူးဆန်း

Vol. 16 Ch. 233

လူထူးဆန်း

Vol. 16 Ch. 233

နန်းကောနှင့် ခဏစကားပြောနေသည်။ လွမ်းသည့်အကြောင်းပြောနေသည်များကို သူနားထောင်သည်။ ထို့နောက် သိစိတ်အာရုံကို ပြန်ရုတ်သိမ်း၍ သူသွားနေသည့်လမ်းကို အာရုံပြန်စိုက်သည်။ လမ်းတစ်လျှောက် ဖြတ်သွားသူများအားလုံး လက်နက်ကိုင်ထားသည်။ လက်ဗလာဖြင့်ခရီးသွားသူ ရှားလှသည်။

“အန့်ချင်းမြို့တော်ကလူတွေ တကယ်ကြမ်းတာပဲ”

ဝူလင်တောင်ကထွက်ချိန်တွင် ဆုံခဲ့ရသည့် လယ်သမားကို ဖုန်ချင်အန်း ပြန်သတိရလာသည်။ လယ်လုပ်နေသော်လည်း ထိုလူသည် ကျွမ်းကျင်သည့်မုဆိုးတစ်ယောက်လည်းဖြစ်သည်။

“တကယ်ချစ်စရာကောင်းတဲ့မြင်းပါလား။ ဒီလို ပုပုသေးသေး သခင်လေးတစ်ယောက်က ပိုင်ဆိုင်ထားတာ ဆိုးလိုက်တာ။ တကယ်နှမျောစရာကောင်းတာပဲ”

စကားသံတစ်ခု သူ့နားထဲဝင်လာသည်။ အသံလာရာသို့ လှမ်းကြည့်လိုက်သည်။ ကုန်သည်မြင်းလှည်းတန်းတစ်ခု ဖြစ်သည်။ လက်နက်ကိုင်အစောင့်များ ခြံရံလိုက်ပါလာသည်။ မြင်းနက်တစ်ကောင်ပေါ်မှ သိုင်းလူငယ်တစ်ယောက်က ပြောလိုက်ခြင်းဖြစ်သည်။

မြင်းနက်များချည်းဖြစ်သော်လည်း ဖုန်ချင်အန်းမြင်းနှင့် လုံးဝယှဉ်နိုင်စရာမရှိ။ လူပုနှင့် လူရှည်ကို နှိုင်းယှဉ်သကဲ့သို့သာရှိမည်။ မြင်းအကြောင်း နားမလည်သူများပင် ခွဲခြားသိနိုင်သည်။

သို့သော် ဖုန်ချင်အန်းလှည့်ကြည့်လာချိန်တွင် သူ့မျက်နှာတွင် ထိတ်လန့်အံ့ဩရိပ် ပေါ်လာသည်။ ခပ်တိုးတိုးပြောလိုက်သည့် သူ့စကားကို ဖုန်ချင်အန်း ကြားမည်ဟု ထင်မထား”

“မင်းဘာတွေလျှောက်ပြောနေတာလဲကွ။....သခင်လေး၊ ဒီကောင်လေးက သက်တော်စောင့်တာဝန် အခုမှပထမဆုံး ထမ်းဆောင်ဖူးတာပါ။ ဘာမှမသိနားမလည်တဲ့ တောသားတစ်ယောက်ပါ။ ကျေးဇူးပြုပြီး ဗွေမယူပါနဲ့”

သက်တော်စောင့်ခေါင်းဆောင် ထိတ်လန့်သွားပြီး ဖုန်ချင်အန်းကို အမြန်ဦးညွှတ်တောင်းပန်ပြီး သိုင်းလူငယ်ထံ မျက်နှာတင်းတင်းဖြင့် ချဉ်းကပ်သွားသည်။ သိုင်းလူငယ် နည်းနည်းနားမလည်နိုင်အောင်ဖြစ်နေသည်။

“ဘာရပ်လုပ်နေသေးတာလဲ။ သခင်လေးကို အခုချက်ချင်းတောင်းပန်လိုက်”

သိုင်းလူငယ် မကျေမနပ်ဖြစ်သွားပြီး တစ်ခုခုပြောရန်ပြင်သည်။ သို့သော် ဖုန်ချင်အန်းနောက်မှ တောင်နက်၏ မှုန်ရီနေသည့် မျက်လုံးများကိုကြည့်၍ သူအသံတိတ်သွားသည်။ ကျောရိုးထဲမှ စိမ့်တက်လာသည်။ ချွေးပြန်လာသည်။

“ကျုပ်မဆင်မခြင် သုံးသပ်မိခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါ သခင်လေး”

သိုင်းလူငယ် မြင်းပေါ်မှ အမြန်ဆင်း၍ မြေပေါ်တွင်ဒူးထောက်တောင်းပန်သည်။ ထိုခွေးနက်မျိုးကို ယဉ်ပါးအောင်လုပ်နိုင်သူသည် သာမန်လူမဟုတ်နိုင်။ သန္ဓေတည်အဆင့်ကို ကျော်လွန်သည့် သိုင်းဆရာတစ်ယောက်ပင် ဖြစ်နေနိုင်သည်။ ထိုလူမျိုးကို သိုင်းလူငယ် မလေးမစားလုပ်၍မရ။ ယခု ထိုလူက သိုင်းလူငယ်ကို တစ်ချက်တည်းသတ်လိုက်လျှင်ပင် သက်တော်စောင့်ခေါင်းဆောင် ဘာမှပြောမည်မဟုတ်။

“လူငယ်ဆိုတာ မာန်ရှိတာပဲ။ ကျုပ်နားလည်ပါတယ်”

ဖုန်ချင်အန်း တောင်နက်ကို တစ်ချက်စိုက်ကြည့်၍ အမူအရာထိန်းရန် အချက်ပြသည်။ ထို့နောက် နွေးထွေးသည့်အပြုံးမျိုးဖြင့် တုန်ရင်နေသည့်သိုင်းလူငယ်ကို နှစ်သိမ့်လိုက်သည်။

“ထပါ၊ ဒီလို ပုံစံကျလုပ်ဖို့ မလိုပါဘူး။ ဒါပေမယ့် ပါးစပ်ကြောင့် ဒုက္ခတွေ့တတ်တာကို မှတ်ထားပါ။ တစ်ခြားလူတွေကို လက်လွတ်စပယ် မဝေဖန်နဲ့”

“ဟုတ်ကဲ့၊ သခင်လေးရဲ့စကားကို မှတ်ထားပါ့မယ်”

သိုင်းလူငယ်၏ဦးခေါင်းက မြေပြင်နှင့်ထိလုမတတ်ဖြစ်နေသည်။ သို့သော် ဦးညွှတ်ဖို့ပြင်နေချိန်တွင် သူမခုခံနိုင်သည့် အားလှိုင်းတစ်ခု မြေပြင်မှတက်လာသည်။ အလိုလို မတ်တပ်ရပ်လျက်သားဖြစ်သွားသည်။

“ချီစွမ်းအင် ဒီလောက်အားကောင်းတယ်ပေါ့”

သိုင်းလူငယ် ဖုန်ချင်အန်းကို ငေးစိုက်ကြည့်နေသည်။ မျက်လုံးတွင် အံ့ဩလေးစားရိပ်များ ပြည့်နေသည်။ မြင်းပေါ်တွင် ထိုင်လျက်သားအနေအထားမှ မြေကြီးထဲသို့ ချီစွမ်းအင် ပို့လွှတ်နိုင်သည်။ အလွန်နက်ရှိုင်းသည့် ချီစွမ်းအင်အစစ်သာ ဖြစ်ရမည်။ သန္ဓေတည်အဆင့်သိုင်းစစ်သည်တစ်ယောက်ပင် ထိုမျှအားကောင်းမည်မဟုတ်။

ဖုန်ချင်အန်းကို အဆင့်လွန်သိုင်းသမားတစ်ယောက်ဟု သူယူဆလိုက်သည်။

အရေးမကြီးလှသည့် အဖြစ်အပျက်နှင့် သိုင်းလူငယ်၏ လေးစားရိပ်သန်းသည့်အကြည့်ကို ဖုန်ချင်အန်း အရေးမစိုက်တော့။ သူအမိန့်ပေးစရာမလိုဘဲ စန်းမြောင်က လမ်းအတိုင်း ကဆုန်စိုင်းပြေးသွားသည်။ ကုန်သည်လှည်းတန်းက နောက်တွင်ကျန်ခဲ့သည်။

စန်းမြောင် အတတ်နိုင်ဆုံး သာမန်မြင်းတစ်ကောင်ပုံစံမျိုး ပြောင်းထားထားသည်။ အဖြူအနက်ဝံပုလွေနှစ်ကောင်လည်းလည်း အိမ်မွေးခွေးအသွင်မျိုး ပြောင်းထားသည်။ သို့တိုင်အောင် သွားလေရာတွင် လူစိတ်ဝင်စားခံရသည်။ ခုနကအဖြစ်ကြောင့် လမ်းသွားလမ်းလာများ သူ့ကိုလှည့်ကြည့်လာကြသည်။

ဖုန်ချင်အန်း ထိုအဖြစ်မျိုးကို မလိုချင်။ သူထွက်သွားပြီးနောက် ကြည့်နေသူများကြားမှ လူတစ်ယောက် ထွက်လာသည်။ မုတ်ဆိတ်မွှေးများရှိသည်။ ရိုးရှင်းသည့်ဝတ်စုံဝတ်ထားသည်။ ဓားတစ်လက်လွယ်ထားသည်။ မြက်ခမောက်ဆောင်းထားသည်။သိုင်းလူငယ်ဒူးထောက်ခဲ့သည့်နေရာတွင် သူဒူးထောက်၍ မြေပြင်ကိုစိုက်ကြည့်နေသည််။ သူ့မျက်လုံးတွင် စိတ်ဝင်စားသည့်အရိပ်များ ပေါ်လာသည်။

“ခုနက မင်းထရပ်လာအောင် ပင့်တင်လိုက်တဲ့အားလှိုင်းက မြေကြီးကနေလာတာလား”

အံ့ဩရိပ်မပြယ်သေးသည့် သိုင်းလူငယ်ကို သူလှမ်းမေးလိုက်သည်။ ထရပ်စဉ်က ကိုယ်ဟန်အနေအထား ပုံမှန်မဟုတ်သည်ကို သူသတိထားမိသည်။

“ဟုတ်တယ်။ အတော်အားကောင်းတဲ့ အတွင်းချီစွမ်းအားမျိုးပါ”

သိုင်းလူငယ်ပြန်ဖြေသည်။ အတွင်းချီစွမ်းအားဟုသာ သူနားလည်သည်။ သိုင်းပညာဟုသာ သူနားလည်သည်။

“ထင်တဲ့အတိုင်းပါလား။ သူဟာ တကယ်စိန်ခေါ်တိုက်ခိုက်သင့်တဲ့ ပညာရှင်ပဲ”

မုတ်ဆိတ်လူမျက်နှာတွင် အပျော်ရိပ်တစ်ချို့ ပေါ်လာသည်။ မြေကြီးကို သူစူးစမ်းကြည့်သည်။ တစ်ခုခုမူမမှန်မှန်းတော့ သူသိသည်။ မြေပြင်က သူ့ဘာသာအသက်ဝင်ပြီး အားလှိုင်းတစ်ခု တွန်းထုတ်ပေးသလို ဖြစ်နေသည်။ သို့သော် ထိုသို့မဖြစ်နိုင်ဟု ယူဆလိုက်သည်။

“ခင်းဗျားက ဘယ်သူလဲ”

သက်တော်စောင့်ခေါင်းဆောင်က မုတ်ဆိတ်နှင့်လူကို မြင်းပေါ်မှ လှမ်းမေးသည်။ ထိုလူ၏ အပြောအဆို အပြအမူများက အတော်ထူးခြားနေသည်။ သာမန်တော့မဟုတ်။

“ကျုပ်နာမည် ကျန်းပိုင်ပါ။ ဒီနာမည် ခင်ဗျားကြားချင်မှ ကြားဖူးလိမ့်မယ်။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကတော့ ကျုပ်ကို လှိုင်းဖြတ်ဓားလို့ ခေါ်ကြတယ်။ အဲဒါတော့ ကြားဖူးမယ်ထင်ပါတယ်”

မုတ်ဆိတ်လူက တစ်ချက်ပြုံးလိုက်သည်။ သာမန်လူအသွင်မှ ရုတ်တရက် တိုက်ပွဲအငွေ့အသက်တစ်ခု ပေါ်လာသယောင်ရှိသည်။

“လှိုင်းဖြတ်ဓား...ကျန်းပိုင်။ ခင်ဗျားက သန္ဓေတည်အဆင့်သိုင်းသခင်ပေါ့”

သက်တော်စောင့်ခေါင်းဆောင့် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် တအံ့တဩ အော်ဟစ်လိုက်သည်။

“သန္ဓေတည်အဆင့် သိုင်းသခင်တဲ့လား။ ဒါက မင်းတို့လို ဘာမှနားမလည်တဲ့လူတွေ လျှောက်ပြောကြတဲ့ သိုင်းဘွဲ့တစ်ခုပါ။ ဒီလိုလူမျိုးတွေကို ငါ့လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်သတ်နိုင်တယ်။ သူတို့ကိုယ်သူတို့ သိုင်းသခင်တွေလို့ ခေါ်ရဲတယ်တဲ့လား”

ကျန်းပိုင် အထင်မကြီးဟန်ဖြင့် မြေပေါ်တံတွေးတစ်ချက်ထွေးပြီးနောက် နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။ ကုန်သည်မြင်းလှည်းတန်းမှလူများ ထိတ်လန့်အံ့ဩလျက် ကျန်ခဲ့ကြသည်။ နေ့ခင်းကြောင်တောင် သရဲတစ္ဆေကို မြင်ရသလိုပင်ဖြစ်သည်။

“အတော်ကြောက်စရာကောင်းတဲ့ ကိုယ်ဖော့ပညာပါလား”

ခေါင်းဆောင်မျက်နှာ ဖြူရော်နေသည်။ သူသည် သန္ဓေတည်အဆင့်သို့ စဝင်ရုံမျှသာရှိသေးသည်။ ကျန်သည့်လူများထက် အကြောက်တရားကို ပိုခံစားနေရသည်။

“ခေါင်းဆောင်၊ သန္ဓေတည်သိုင်းသမား လေးငါးယောက် တစ်ချက်တည်းရိုက်သတ်နိုင်တယ်ဆိုရင် ဒီလူက ဘယ်အဆင့်မျိုးကို ရောက်နေတာလဲ”

သိုင်းလူငယ်က မေးသည်။ သူမည်မျှအဆင့်နိမ့်သေးကြောင်း နားလည်လာသည်။

“သိုင်းပညာကိုသာ ကြိုးကြိုးစားစားလေ့ကျင့်စမ်းပါ။ ဘာလို့ဒီလောက်အများကြီးမေးနေတာလဲ။ မင်းကိုယ်တိုင် သန္ဓေတည်အဆင့်ရောက်မှ ဒါမျိုးမေး”

သက်တော်စောင့်ခေါင်းဆောင် မာန်မဲလိုက်သည်။ မဆင်မခြင်ပြောလျှင် ဒုက္ခရောက်သွားနိုင်သည်။

All Chapters