← Chapters

အဆင့်အတန်း (၂)

Vol. 16 Ch. 236

အဆင့်အတန်း (၂)

Vol. 16 Ch. 236

“မင်းဘာရပ်လုပ်နေသေးတာလဲ။ ရှေ့က လမ်းပြစမ်း”

“ဟုတ်ကဲ့ ဆရာ၊ ကျုပ်နောက်က လိုက်ခဲ့ပေးပါ”

အားအကြီးဆုံးလူသာ အထူးအခွင့်အရေးရသည်။ လမ်းပြခြင်းသည် တာဝန်အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ ဘယ်သူမှ သူ့ကိုအပြစ်ပြောမည်မဟုတ်။

စန်းမြောင်နှင့်မြေခွေးနှစ်ကောင် သာမန်အသွင်မျိုး ရုပ်ဖျက်ထားသည့်တိုင် အန့်ချင်းမြို့တော်လမ်းများပေါ် ဖုန်ချင်အန်း လျှောက်နေချိန်တွင် လူအများအာရုံစိုက်ခံနေရဆဲဖြစ်သည်။

“အင်း...”

ဖုန်ချင်အန်း ဘေးပတ်လည်ကို လှည့်ကြည့်၍ စိတ်ပျက်လက်ပျက် သက်ပြင်းချသည်။ သာမန်အကြည့်များကို သူအရေးမစိုက်။ သူ့ရှေ့ဘက်နှင့် နောက်ဘက်တွင် မြင့်မားသည့်သဏ္ဌာန်ကြီးများ ပေါ်လာသည်ကို သူမြင်နေရသည်။ အရိပ်ကျသည့် လမ်းထောင့်ချိုးများတွင်လည်း ရှီနေသည်။

အန့်ချင်းမြို့၏ နတ်မင်းများ နတ်ဘုရားများဖြစ်သည်။

သို့သော် ကျန်းယန်ပြည်နယ်တွင် ရှိစဉ်ကလောက် ဒုက္ခသိပ်မများ။ အန့်ချင်းမြို့တော်နတ်ဘုရားနှင့် သူတွေ့ဆုံခဲ့ပြီးဖြစ်သည်။ ဟုန်ရှီကို အတူတိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် အရာရာ ပိုချောမွေ့သည်။

“ခဏတည်းခိုဖို့ အိမ်ငှားဦးမှပဲ”

လမ်းသွားလမ်းလာတစ်ယောက်ထံ စုံစမ်းမေးမြန်းပြီးနောက် ဤပြည်နယ်မြို့တော်မှ အကြီးဆုံး တည်းခိုအိမ်ယာကိုတွေ့သည်။ ပိုင်ရှင်ကို ငွေများများပစ်ပေးပြီး ရေကန်ဘေးအိမ်ကောင်းတစ်လုံး ငှားလိုက်သည်။

သာမန်တည်းခိုခန်းမှ အကောင်းဆုံးအခန်းဆိုသည်မှာ အဆင်တန်ဆာကောင်းအောင်ပြင်ထားခြင်းသာ ဖြစ်သည်။ သို့သော် ထိပ်တည်းခိုအိမ်ယာကြီးများတွင် လုံးချင်းတည်းခိုအိမ်များကို ငှားယမ်းခြင်းဖြစ်သည်။

အိမ်ထဲတွင် အိမ်စေများ အလုပ်သမားများ အသင့်ရှိသည်။ တစ်နေ့သုံးနပ် အစားအသောက်လာပို့သည်။ စားချင်သည်ကို မှာလိုက်ရုံသာဖြစ်သည်။ ပျင်းရိငြီးငွေ့လျှင် အပြင်မထွက်လိုလျှင် ပြည့်တန်ဆာရုံမှ ကချေသည်များကိုပင် အိမ်သို့ခေါ်နိုင်သည်။

ငွေရှိလျှင် အလိုရှိသမျှ ဆန္ဒရှိသမျှပြည့်မည်။ ဝန်ဆောင်မှုပေးမည့်လူ အသင့်ရှိသည်။ ဖုန်ချင်အန်းတွင် ငွေမရှားပါ။ ရေနဂါးနန်းတော်တစ်ခုလုံးကို အပိုင်သိမ်းခဲ့သည်။

ရေနဂါးနန်းတော်တွင် ကြမ်းခင်းအုတ်ခဲများအားလုံး အရည်သွေးမြင့် ငွေပြားများဖြစ်သည်။ အုတ်ခဲတစ်ခဲ ဖဲ့လိုက်ရုံဖြင့် ပြည်နယ်မြို့တော်တွင် အဆင့်အတန်းမြင့်မြင့်နေနိုင်သည်။

သို့သော် ဖုန်ချင်အန်းသည် ထိုမျှလက်ဖွာသူမဟုတ်။ အိမ်ငှားပြီးနောက် အိမ်စေများ အလုပ်သမားများအားလုံးကို မောင်းထုတ်လိုက်သည်။ အချိန်မှန် အစားသောက်လာပို့ဖို့သာပြောသည်။ ထို့ထက်ဘာမှမလိုအပ်။

အိမ်စေများထွက်သွားပြီးနောက် အပြင်ဘက်မှ သာမန်လူများ မမြင်နိုင်စေရန် အတားအဆီးတစ်ခု ကာလိုက်သည်။

“ဒီအိမ်မျိုးငှားဖို့ တစ်နေ့ကို ရွှေဆယ်တုံးလိုတယ်။ သခင်လေးက ဒီမှာ တစ်လနေဖို့ စီစဉ်ထားတယ်ဆိုတော့ တကယ်ရက်ရောတာပဲ”

ဝတ်ရုံဖြူအဘိုးကြီးတစ်ယောက် အိမ်ထဲတွင် ပေါ်လာသည်။ ရွှေသရဖူဆောင်းထားသည်။ မျက်နှာက ရှေးဆန်သည်။ မျက်လုံးက ရွှေရောင်လက်သည်။ ဟန်ပန်တည်ကြည်ခံ့ညားသည်။

“ဒါက မြို့တော်နတ်ဘုရားကျေးဇူးကြောင့်ပါ။ ငါးနဂါးကိုသာ မသတ်နိုင်ခဲ့ရင် ဒီငွေတွေ ကျုပ်ဘယ်လိုရမှာလဲ။ အခု ကျုပ်သုံးလိုက်တာက ရေပုံးထဲက ရေတစ်စက်လောက်ပဲ ရှိတာပါ။ မြို့တော်နတ်ဘုရားလိုအပ်တယ်ဆိုရင် ပေတစ်ထောင်မြင့်တဲ့ ရွှေသားရုပ်ထုမျိုး ဖန်တီးပေးလို့ရပါတယ်”

ဖုန်ချင်အန်း ရယ်မော၍ပြေလိုက်သည်။ သူပြောသည်က အမှန်ဖြစ်သည်။ မြို့တော်နတ်ဘုရားလိုချင်လျှင် ရွှေသားရုပ်ထု သူဖန်တီးပေးနိုင်သည်။

ရေနဂါးနန်း‌တော်မှ ထွက်လာစဉ်က တတ်နိုင်သမျှ ခြစ်ကုတ်ယူခဲ့သည်။ ရွှေတိုင်လုံးများ ရှင်းသွားသည်။ ငွေအုတ်ခဲများအားလုံး ကုန်သွားသည်။ ကျောက်စိမ်းထုပ်တန်းများအားလုံး ဖြုတ်ယူသည်။ လက်ရှိသူ့ပိုင်ဆိုင်မှုသည် မြို့အတော်များများကို ဝယ်ယူနိုင်လောက်သည်။ နည်းနည်းချဲ့ကားပြောရာကျနိုင်သည်။ သို့သော် သုံးလေးမြို့လောက်ဝယ်ဖို့တော့ ပြဿနာမရှိနိုင်။

“မြို့တော်နတ်ဘုရားဖြစ်နေတော့ ငါ့အတွက် ‌ရွှေတွေငွေတွေနဲ့ ရုပ်ထုလုပ်စရာမလိုပါဘူး။ ရွှံ့သားရုပ်ထုကို ဆေးခြယ်ထားတာနဲ့တင် လုံလောက်ပါတယ်”

အန့်ချင်းနတ်ဘုရား ခေါင်းခါသည်။ ဖုန်ချင်အန်းကမ်းလှမ်းမှုကိုငြင်းသည်။ ရွှေငွေများကို သူစိတ်မဝင်စား။

“မြို့တော်နတ်ဘုရားက တကယ်မြင့်မြတ်တာပဲ”

ဖုန်ချင်အန်း လက်နှစ်ဘက်ဆုပ်၍ လေးစားသည့်အမူအရာလုပ်ပြသည်။ အတူတူတိုက်ခိုက်ပေးပြီး ဘာမှမတောင်းဆိုသည့်လူမျိုးကို ကျေးဇူးတင်ရမည်။

“ဖုန်သခင်လေး အခုရက်ပိုင်း အလုပ်များခဲ့တာ ကျုပ်သိပါတယ်။ ဒါကြောင့် မြို့တော်ကို အနားယူဖို့ လာတာဖြစ်မယ်။ ကျုပ်နှောက်ယှက်ချင်လို့မဟုတ်ပါဘူး။ ဒါပေမယ့် သခင်လေး ဘာတွေလုပ်မယ်ဆိုတာ သေချာမမှန်းဆနိုင်လို့ ကျုပ်လာလည်ပြီး မေးမြန်းရတာပါ”

စကားပြောနေစဉ်အတွင်း နတ်ဘုရားက စန်းမြောင်ကို ကြည့်နေသည်။ စန်းမြောင်က အဖြူအနက်မြင်းတစ်ကောင်အဖြစ် ပုံပြောင်းထားသည်။

မြို့တော်နတ်ဘုရား၏စိတ်က ရိုးရှင်းသည်။ ဖုန်ချင်အန်းနှင့် ဒုတိယအကြိမ် ဆက်သွယ်လိုသည့် ရည်ရွယ်ချက်မရှိ။

မည်သို့ဆိုစေ သူသည် နတ်ဘုရားကျင့်ကြံနည်းအတိုင်း လူတို့၏ပူဇော်မှုကို ရယူ၍ အန့်ချင်းမြို့တော်နယ်မြေ ငြိမ်းချမ်းရေးကို ကာကွယ်ထားရသူဖြစ်သည်။ ဖုန်ချင်အန်းလို သာမန်မဟုတ်သည့်လူများနှင့် ဆက်ဆံရခြင်းသည် အန္တရာယ်များလွန်းသည်။

သို့သော် ဖုန်ချင်အန်း မြို့တော်သို့ဝင်လာပြီးနောက်တွင် သူအတွေးလွန်နေကြောင်း နားလည်လိုက်သည်။ မှတ်တမ်းများအရ ဖုန်ချင်အန်းဘေးတွင် ဝိညာဉ်သားရဲနှစ်ကောင်သာရှိသည်ဟုဆိုသည်။

သို့သော်ယခု တကယ့်မဟာနတ်ဆိုးအစစ်ကိုခေါ်၍ မြို့ထဲသို့ဝင်လာသည်။ ထိုအဖြစ်ကို မမြင်ချင်ယောင်ဆောင်လျှင် သူ့အတွက် တာဝန်လျစ်လျူရှုရာကျသည်။

မည်သို့စဉ်းစားသည်ဖြစ်စေ ဖုန်ချင်အန်းသည် သူနှင့်အတူ နဂါးမျိုးနွယ်ကို တိုက်ခိုက်ခဲ့သည်။ ထိုအခြေအနေမျိုးကို သူ့လက်ထောက်စစ်ပွဲနတ်မင်း ဖြေရှင်းဖို့မသင့်တော်။ ကောင်းကောင်းမဖြေရှင်းနိုင်မည်မဟုတ်။ ထို့ကြောင့် မြို့တော်နတ်ဘုရားကိုယ်တိုင် ထွက်လာရခြင်းဖြစ်သည်။

“ဒါက ဘယ်သူလဲ”

စန်းမြောင်ကို သူကြည့်နေသည်။ သူ့အာရုံတွင် တိမ်တိုက်ကြားမှ သဏ္ဍာန်တစခုကို ကြည့်နေရသလိုရှိသည်။ မြူငွေ့များ ထိုသဏ္ဍာန်ဘေးပတ်လည်တွင် လွှမ်းခြုံနေသည်။ သရုပ်မှန်အစစ်ကို ခွဲခြားမရ။

“စန်းမြောင်ပါ၊ အရင်ပိုင်လန်မြစ်သခင်ရဲ့သားပေါ့”

မြင်းခန္ဓာပေါ်တွင် နဂါးကြေးခွံများ ပေါ်လာသည်။ အရိုးတောင်ပံနှစ်ခု ဆန့်ထွက်လာသည်။ မြင်းနဂါးပုံစံ တစ်ချို့ကို ထုတ်ပြလိုက်သည်။ မြို့တော်နတ်ဘုရားမျက်နှာတွင် လေးစားသဘောကျသည့်အရိပ်များ ပေါ်လာသည်။

“မင်းက မူရှီရဲ့သားလား”

“ခင်ဗျား ကျုပ်အဖေကိုသိလို့လား”

စန်းမြောင် နတ်ဘုရားကို ဇဝေဇဝါမျက်နှာဖြင့် ကြည့်နေသည်။ သူ့အဖေနာမည်က မူရှီဖြစ်သည်။

“အန့်ချင်းမှာ နတ်ဘုရားဖြစ်ခဲ့တာ နှစ်ခြောက်ရာရှိပါပြီ။ မင်းအဖေကို ငါကောင်းကောင်းသိတာပေါ့”

နတ်ဘုရားမျက်နှာတွင် ကြေကွဲဝမ်းနည်းရိပ်သန်းလာသည်။ အတိတ်အကြောင်းများကို သတိရလာဟန်ရှိသည်။

“ခင်ဗျားသူ့ကို တကယ်သိတယ်ပေါ့”

စန်းမြောင် အမူအရာပြောင်း၍ စိတ်လှုပ်ရှားလာသည်။ သို့သော် ဖုန်ချင်အန်း အချိန်မှီ ထိန်းသိမ်းလိုက်သည်။

“ကျုပ်ရှက်မိပါတယ်။ ကျုပ်မိတ်ဆွေဟောင်းတစ်ယောက် အသတ်ခံခဲ့ရတယ်။ နောက်ထပ် နှစ်နှစ်ရာကြာမှပဲ လက်စားပြန်ချေရဲခဲ့တာပါ။ အထိနာနေချိန် ဝင်တိုက်ခဲ့တာပါ”

မြို့တော်နတ်ဘုရား ခေါင်းကိုခါယမ်းနေသည်။ အပြစ်လုပ်မသလို သူခံစားရသည်။ ထိုလုပ်ရပ်မျိုးကို သူဂုဏ်မယူတတ်။ သူ့ရှေ့မှ မြင်းနဂါးသည့် မိတ်ဆွေဟောင်း၏သားဖြစ်ကြောင်းသိရသဖြင့် နတ်ဘုရားဖြစ်သည့်သူ့ကိုယ်တိုင်ပင် စိတ်လှုပ်ရှားမိသည်။

“ကျုပ်အဖေအတွက် လက်စားချေပေးတာ ကျေးဇူးတင်ပါတယ်”

မြို့တော်နတ်ဘုရားကိုကြည့်သည့် စန်းမြောင်၏အကြည့် လုံးဝပြောင်းလဲသွားသည်။ ကျေးဇူးတင်သည့်အနေဖြင့် ဦးညွှတ်အရိုအသေပြုလိုက်သည်။

“မလိုပါဘူး။ ဒါပေမယ့် ဟိုနဂါးယုတ်က သေသွားပြီဆိုတော့ ပိုင်လန်မြစ်သခင်နေရာက လစ်လပ်နေပြီပဲ။ မင်းဘာလို့ အဲဒီ့နေရာမယူတာလဲ”

နတ်ဘုရားက ဖုန်ချင်အန်းကို တစ်ချက်လှမ်းအကဲခတ်သည်။

“ကျုပ်အဖေလို အဖြစ်မျိုး မလိုချင်လို့ပါ”

“ဒါကြောင့် ဒီဖုန်သခင်လေးနောက်ကို လိုက်လာတယ်ပေါ့”

“ကျုပ်သေချာတွေးပြီးမှ ဆုံးဖြတ်ချက်ချခဲ့တာပါ”

“ဒါဆိုရင်လည်း တစ်နေ့ကျရင် မိုးမြေကို ပြောင်းပြန်လှန်နိုင်ပြီး ဘာကိုမှမကြောက်တဲ့သူမျိုး ဖြစ်လာပါစေလို့ ကျုပ်ဆုတောင်းပါတယ်”

စန်းမြောင်အမူအရာကိုကြည့်၍ မြို့တော်နတ်ဘုရား သက်ပြင်းအသာချလိုက်သည်။ ဘာမှဆက်မပြောတော့။ နှစ်နှစ်ရာကြာပြီးမှ ပထမဆုံးပြန်တွေ့ရသည်ဖြစ်၍ သူသည် စန်းမြောင်၏ စီနီယာအကြီးအကဲဟု မဆိုသာပေ။

“အဲဒီ့ကောင်းချီးမျိုး ကျုပ်ရချင်ပါတယ်”

“မြို့တော်နတ်ဘုရား၊ စန်းမြောင် မြို့တော်ထဲမှာနေလို့ ဖြစ်တယ်မဟုတ်လား”

ဖုန်ချင်အန်း မေးလိုက်သည်။

“မြင်းနဂါးဆိုတာ ကောင်းချီးခံသားရဲပါ။ သခင်လေးသာ ဒုက္ခများမှာမကြောက်ရင် သူ့ပုံစံအစစ်နဲ့ မြို့ထဲလျှောက်သွားနေရင်တောင် ပြဿနာမရှိပါဘူး။ သူ့ပျော်သလောက် မြို့တော်မှာ နေနိုင်ပါတယ်”

မြို့တော်နတ်ဘုရား ဖုန်ချင်အန်းကို စိုက်ကြည့်နေသည်။ သူ့မျက်နှာက သိပ်မကြည်လင်။

ထိုလူငယ်သည် စန်းမြောင်ကို မည်သို့သိမ်းသွင်းခဲ့သည်မသိ။ စီတော်ယဉ်မြင်းမျိုး ဖြစ်လာသည်။ အတော်ဒေါသထွက်စရာကောင်းသည်။

သို့သော် သူ့အနေအထားက ကိုးယို့ကားယားဖြစ်နေသည်။ ဝင်စွက်ဖက်ဖို့ မသင့်။ အတင်းဝင်စွက်ဖက်လျှင် စန်းမြောင်က သူ့ကို ကျေးဇူးမတင်သည့်အပြင် အမုန်ပွားလာနိုင်သည်။

ဖုန်ချင်အန်း၏ နောက်ခံကိုလည်း သူတွေးမိသည်။ ပိုင်လန်မြစ်သခင်နေရာထက်စာလျှင် ထိုလူငယ်နောက် လိုက်သည်က တကယ်ပိုကောင်းလောက်သည်။ အနည်းဆုံးတော့ နဂါးမျိုးနွယ်က လက်စားလာချေမည်ကို စိုးရိမ်စရာမလို။

“ဒါက တကယ့်ကိုတရားမျှတလွန်းသွားပါပြီ”

စန်းမြောင်၏ ရက်စက်တတ်သည့်စိတ်တစ်ဘက်ခြမ်းကို မြင်ဖူးထားသူဖြင့်၍ ဖုန်ချင်အန်း သက်ပြင်းချနေသည်။

All Chapters