မုန်တိုင်းထဲမှ ကတိ(ခ)
Vol. 101 Ch. 1549
“ ငါနင့်ကို တစ်ကြိမ် ကူညီပေးဖို့အတွက် နင့်ရဲ့ ဆရာက တန်ဖိုးပေးချေခဲ့တယ် ”
“ နင့်ရဲ့ အင်မော်တယ်ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီး နတ်ဘုရားခန္ဓာကိုယ်ကို ပြန်ကောင်းမွန်စေဖို့အတွက် ငါနင့်ကို ဒီကို ဆင့်ခေါ်ခဲ့တာလဲ နင့်ဆရာကြောင့်ပဲ… နင့်ဆရာက အများကြီး စတေးခဲ့တယ် ”
“ ချန်းအားညို… နင်ရော အတူတူပဲ ”
“ နင့်ရဲ့ ဇစ်မြစ်က လျှို့ဝှက်ဆန်းကြယ်တယ်… နင်မလာခင် နင့်ဆရာက နွေဦးအင်မော်တယ်နန်းတော်ဆီ ရောက်လာခဲ့တယ်… သူက တန်ဖိုးတစ်ခုကို ပေးချေပြီးနောက် သမိုင်းကို စစ်ဆေးနိုင်ခဲ့တယ်… ဒါပေမဲ့ နွေဦးအင်မော်တယ်နန်းတော်က နင့်ရဲ့ တတိယမြောက်ဘဝနဲ့ အဲ့ဒီနောက်ပိုင်းက ဘဝတွေကိုပဲ မှတ်တမ်းတင်ထားတယ် ”
“ နင့်ရဲ့ ဒုတိယဘဝ၊ ပထမဘဝနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေက နွေဦးအင်မော်တယ်နန်းတော်ထဲမှာ မရှိဘူး… အဲ့ဒါကို နင်တစ်ယောက်ပဲ သိလိမ့်မယ် ”
“ နင့်ရဲ့ တတိယမြောက်ဘဝကိုလည်း အများကြီး ငါတို့မသိထားဘူး… စွမ်းအင်တစ်ခုက အဲ့ဒါကို ပယ်ဖျက်ထားပုံပဲ… ဒါကြောင့် နွေဦးအင်မော်တယ်နန်းတော်က အဲ့ဒီအပိုင်းကို ဘယ်သူ့ကိုမှ ပြောမပြနိုင်ဘူး ”
“ ဒါပေမဲ့ နင့်ရဲ့ ဆရာက နင့်အတွက် အင်မော်တယ်အရင်းအမြစ်ဆီကနေ အခွင့်အရေးတစ်ခုကို တောင်းဆိုဖို့ သူ့ရဲ့ မူလစွမ်းအင်တချို့ကို စတေးခဲ့ပြီး သူ့ရဲ့ အခွင့်အာဏာကိုတောင် အသုံးပြုခဲ့တယ်… ဒါကြောင့် နင်က နွေဦးအင်မော်တယ်နန်းတော်ရဲ့ သမိုင်းနဲ့ ပေါင်းစပ်သွားပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲဆိုတာ ပိုပြီးသိလာတယ် ”
“ နင်တို့မှာ ဆရာကောင်းတစ်ယောက် ရှိတာပဲ ”
မိုးရေထဲတွင် ရွှီချင်းက ခေါင်းမော့လိုက်ပြီး နန်းဟွမ်ကုန်းမြေ၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။
“ စီနီယာအကိုကြီး… ဆရာက… နောက်ဆုံးအခြေအနေအတွက် ပြင်ဆင်နေတယ် ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။
အားညိုက နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက ဖြည်းညင်းစွာ ပြောသည်။
“ ငါပြန်သွားပြီးတော့ အဖိုးကြီး ဘာတွေလုပ်နေတာလဲ မေးကြည့်မယ် ”
အားညိုက စကားပြောပြီးနောက် ခန္ဓာကိုယ်တစ်ချက် လှုပ်ရှားလိုက်ပြီး နန်းမြို့တော်မှ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ဆီသို့ ဦးတည်သွားသည်။
ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး အားညိုနှင့်အတူ လျှောက်သွားသည်။
ဤအခိုက်အတန့်မှာ သူတို့က အရာအားလုံးကို ဘေးချိတ်ထားကြသည်။ ယခုအချိန်မှာ အရေးကြီးဆုံးက နန်းဟွမ်ကုန်းမြေသို့ ပြန်သွားပြီး သူတို့ဆရာနှင့် တွေ့ဆုံရန် ဖြစ်သည်။
သူတို့က အရာအားလုံးကို မေးမြန်းချင်သည်။
မကြာမီ နန်းမြို့တော်၏ စည်းချအစီအရင်က ဝုန်းခနဲ မြည်သွားပြီး ရွှီချင်းနှင့် အားညိုက ပျောက်ကွယ်သွားကြသည်။
ရက်ပေါင်းများစွာကြာပြီးနောက် နန်းဟွမ်ကုန်းမြေနှင့် ယင်ဟွမ်ပြည်နယ်ကြားမှ တားမြစ်ပင်လယ်ပေါ်တွင် စေတီတစ်ခုက လေဟာနယ်ကို ဆုတ်ဖြဲလိုက်ပြီး တားမြစ်ပင်လယ်ကို အရှိန်ပြင်းပြင်းဖြင့် ဖြတ်သန်းသွားသည်။
နေဝင်ရီတရောအချိန်တွင် စေတီက ချီယွဲ့ထုံဂိုဏ်းပေါ်မှာ ထွက်ပေါ်လာသည်။ ထို့နောက် စေတီက ပျောက်ကွယ်သွားသည်။ နောက်အခိုက်အတန့်မှာ ချီယွဲ့ထုံဂိုဏ်း၏ သတ္တမတောင်ထွတ်ပေါ်မှ သတ္တမသခင်ကြီး၏ တံခါးပိတ်ကျင့်ကြံသော ဂူဗိမာန်၏ အပြင်ဘက်တွင် ရွှီချင်းနှင့် အားညိုက ရုတ်တရက် ထွက်ပေါ်လာကြသည်။
သူတို့နှစ်ယောက်က ဒူးထောက်လိုက်ကြသည်။
အချိန်တစ်ခဏကြာပြီးနောက်…
သက်ပြင်းချသံက ဂူဗိမာန်ထဲမှ ပဲ့တင်ထပ်လာသည်။
“ ဘာလို့ မင်းတို့နှစ်ယောက်က နွေဦးအင်မော်တယ်နန်းတော်နောက်ကို လိုက်ပြီး အင်မော်တယ်အရင်းအမြစ်ကုန်းမြေထဲမှာ သွားမအိပ်ကြတာလဲ… ဘာလို့ မင်းတို့က ဒီကို ရောက်လာကြတာလဲ ”
“ ဆရာ ”
ရွှီချင်းက ခေါင်းမော့လိုက်ပြီး ဂူဗိမာန်ကို ကြည့်လိုက်သည်။ စိုးရိမ်ပူပန်မှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
အားညိုသည်တော့ သူ၏ မျက်နှာက ဤရက်များမှာ ညှိုးမှိုင်နေသည်။ ဤအခိုက်အတန့်မှာ သူက ခေါင်းမော့လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ အဖိုးကြီး… ဘာတွေဖြစ်နေတာလဲ ”
ဂူဗိမာန်၏ ဂိတ်တံခါးက ဝုန်းခနဲ မြည်သံနှင့်အတူ ပွင့်သွားပြီး သတ္တမသခင်ကြီးက အပြင်သို့ ထွက်လျှောက်လာသည်။ သူက အားညိုကို စူးစိုက်ကြည့်လိုက်ပြီး ပြောသည်။
“ မင်းက အရိုက်ခံချင်နေတာလား ”
သတ္တမသခင်ကြီးက ပုံမှန်အတိုင်း ရှိနေကြောင်း မြင်သွားသောအခါ အားညိုက စိတ်ထဲမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူက မျက်နှာချိုသွေးသော အမူအရာကို အမြန်ထုတ်ဖော်လိုက်ပြီး ရယ်ပြလိုက်သည်။
သတ္တမသခင်ကြီးက နှာခေါင်းရှုံ့လိုက်သည်။ သူ၏ အကြည့်က ရွှီချင်းပေါ်သို့ ကျရောက်သွားပြီးနောက် သူက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
“ မင်းဖွဲ့စည်းခဲ့တဲ့ ဒီခန္ဓာကိုယ်က အတော်လေး ကောင်းတယ် ”
ထို့နောက် သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်သို့ ကြည့်လိုက်သည်။ ရွှီချင်းနှင့် အားညိုက မေးမြန်းတော့မည့်အချိန် သူ၏ အသံက တောင်ပေါ်မှာ ပဲ့တင်ထပ်သွားသည်။
“ မင်းတို့ ဘာမေးချင်တာလဲ ငါသိတယ် ”
“ နောက်ဆုံးအခြေအနေအတွက် ပြင်ဆင်မှုနဲ့ပတ်သက်ပြီး ငါ့ကို မေးလို့ ဘာမှထူးမလာဘူး ”
ရွှီချင်းနှင့် အားညိုက နှလုံးတုန်ယင်သွားကြသည်။
“ နွေဦးအင်မော်တယ်နန်းတော်ထဲမှာ ကြီးမားတဲ့ တန်ကြေးကို ငါပေးခဲ့ပေမဲ့ ငါက မင်းတို့ရဲ့ ဆရာမဟုတ်လား… အဲ့ဒါက ငါလုပ်သင့်တဲ့အရာပါ ”
“ မင်းတို့ပဲ မဟုတ်ဘူး… ချီယွဲ့ထုံဂိုဏ်းက တပည့်တွေနဲ့ ဟိုကောင်းကျိုးမပေးတဲ့ အမှတ်သုံးကိုတောင် အင်မော်တယ်အရင်းအမြစ်ကုန်းမြေမှာ အိပ်စက်ဖို့ ငါစေလွှတ်ပြီးပြီ ”
“ အမှတ်နှစ်ကျတော့… သူ့မှာ သူ့ကိုယ်ပိုင်ရွေးချယ်မှု ရှိတယ်… ငါသူ့ကို ဝင်မနှောင့်ယှက်ချင်ဘူး ”
“ အဲ့ဒီလို ငါလုပ်ရတာ အကြောင်းအရင်းရှိတယ် ”
“ ငါနဲ့ ကောင်းကင်ဘုံအဆင့် သူတော်စင်ကုန်းမြေရဲ့ ရှေးခေတ်အင်မော်တယ်ကြားမှာ ကမ္မရှိတယ် ”
“ ဒါပေမဲ့ ငါ့ကိုယ်ငါ ယုံကြည်မှုမရှိတာ မဟုတ်ဘူး… ဓားကိုင်ဧကရာဇ်ရဲ့ ဓားချက်က ငါ့အတွက် အချိန်ဆွဲပေးခဲ့တယ်… ဒါကြောင့် မင်းတို့နှစ်ကောင် အခုချက်ချင်း ငါ့ရှေ့ကနေ ထွက်သွားစမ်း… ငါ့ရဲ့ ကျင့်ကြံခြင်းအချိန်ကို လာမဖြုန်းတီးကြနဲ့ ”
သတ္တမသခင်ကြီးက အားညိုကို စိုက်ကြည့်လိုက်ပြီး ရွှီချင်းကို ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူတို့နှစ်ယောက်က ဘာမှမပြောနိုင်မီ သတ္တမသခင်ကြီးက အင်္ကျီလက်ကို လှုပ်ခါလိုက်ပြီး သူတို့ကို အဝေးသို့ ပို့လွှတ်လိုက်သည်။ ထိုသို့လုပ်ဆောင်ပြီးမှသာ သူက လက်နောက်ပစ်လျက် ဂူဗိမာန်ထဲသို့ ပြန်ဝင်သွားသည်။
ဝုန်းဟူသော မြည်သံနှင့်အတူ ဂိတ်တံခါးက ပြန်ပိတ်သွားသည်။
ဂူဗိမာန်ထဲတွင် သတ္တမသခင်ကြီးက အချိန်တစ်ခဏကြာအောင် နှုတ်ဆိတ်နေပြီးနောက် နူးညံ့စွာ သက်ပြင်းချလိုက်သည်။
“ လောကက ပြောင်းလဲတော့မယ်… ငါ့ရဲ့ ထီးက… အကာအကွယ်ပေးနိုင်ပါ့မလား… ”
သတ္တမသခင်ကြီးက ဖြည်းညင်းစွာ တင်ပျဉ်ခွေထိုင်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။
ရလဒ်က မသေချာသော်လည်း သူက တိုက်ခိုက်ရန် စိတ်ဆုံးဖြတ်ပြီးပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ ထီးက သူ့တပည့်များကို ဤမုန်တိုင်းထံမှ ဆက်ပြီး ကာကွယ်ပေးလိမ့်မည်။
ချီယွဲ့ထုံဂိုဏ်း၏ အပြင်ဘက်တွင် ကြမ်းတမ်းသော လေက တိုက်ခတ်နေသည်။ ရွှီချင်းနှင့် အားညိုက ဤနေရာသို့ လွင့်စင်လာကြသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် စကားမပြောကြချေ။ သူတို့၏ နှလုံးသားထဲမှာ စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
သတ္တမသခင်ကြီးက ဘာမှမဖြစ်သည့်ပုံစံ ဖော်ပြခဲ့သော်လည်း ရွှီချင်းနှင့် အားညိုသည် ကလေးများ မဟုတ်ကြတော့ချေ။ သူတို့မှာ ကိုယ်ပိုင်သုံးသပ်မှုများ ရှိကြသည်။
“ အဖိုးကြီးက ဒီလောက်အသက်ကြီးနေတာတောင် ကိစ္စတွေကို တစ်ယောက်တည်း လုပ်ဆောင်နေတုန်းပဲ… ”
အားညိုက တီးတိုးရေရွတ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
“ ချင်းလေး… မင်းက နွေဦးအင်မော်တယ်နန်းတော်ဆီ သွားပြီး အိပ်စက်လိုက်ပါ… ဒီကိစ္စကို မင်းစိုးရိမ်ဖို့ မလိုပါဘူး… အဖိုးကြီးကို ငါကူညီပေးလိုက်မယ် ”
“ သူက ရှေးခေတ်အင်မော်တယ်တစ်ပါးပဲ မဟုတ်ဘူးလား… သူက ဘာမှမဟုတ်ပါဘူး ”
“ တတိယမြောက်ဘဝရဲ့ မှတ်ဉာဏ်တွေကနေ ငါ့ရဲ့ ဒုတိယဘဝနဲ့ ဆက်စပ်တဲ့ သဲလွန်စတစ်ခုကို ငါရှာတွေ့ထားတယ်… အဲ့ဒီသဲလွန်စက ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်နဲ့ ဆက်စပ်နေတယ် ”
“ ဒါကြောင့် ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်ကို ချိပ်ပိတ်ထားတဲ့ နေရာဆီ ခရီးထွက်ဖို့ ငါစီစဉ်ထားတယ်… အဲ့ဒီမှာ ငါ့ရဲ့ ဒုတိယဘဝကို ရှာဖွေမယ်… အချိန်ကျလာတဲ့အခါ ငါက စီနီယာအကိုကြီးအနေနဲ့ ကောင်းကင်ကို ထမ်းပိုးပေးမယ် ”
အားညိုက ရွှီချင်း၏ ပခုံးကို ဘဝင်မြင့်စွာ ပုတ်လိုက်သည်။
“ အဲ့ဒီနေရာက မင်းအတွက် အရမ်းအန္တရာယ်များတယ်… ဘာပဲပြောပြော မင်းက ငါနဲ့မတူဘူး… မင်းက သေသွားမယ်ဆိုရင် တကယ်သေသွားမှာ ”
“ ဒါကြောင့် ဒီတစ်ကြိမ်တော့ မင်းကို ငါခေါ်မသွားတော့ဘူး ”
“ ချင်းလေး… ငါ့စကားကို နားထောင်ပြီး နွေဦးအင်မော်တယ်နန်းတော်ဆီ သွားပါ… ငါ့ကို ယုံကြည်ပါ… အနှစ်သုံးဆယ်ကြာပြီးရင် ဆရာနဲ့ ငါက မင်းကို လာနှိုးမယ် ”
အားညိုက ရွှီချင်း၏ မျက်လုံးကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။
“ တကယ်လို့ မင်းမသွားဘူးဆိုရင် ငါစိတ်ပူနေလိမ့်မယ် ”
ရွှီချင်းက နှုတ်ဆိတ်သွားသည်။ အချိန်တစ်ခဏကြာပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။
“ ငါမင်းကို အရင်လိုက်ပို့ပေးမယ်… အဲ့ဒါက ငါသွားမယ့်နေရာနဲ့ လမ်းကြောင်းသင့်တယ် ”
အားညိုက စဉ်းစားကြည့်ပြီးနောက် ရွှီချင်းကို အချိန်မပေးတော့ပေ။ သူက ရွှီချင်းကို တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ဆီသို့ တန်းတန်းမတ်မတ် ဆွဲခေါ်သွားသည်။ သူတို့က စည်းချအစီအရင်ကို အသုံးပြု၍ နန်းမြို့တော်ဆီသို့ ပြန်သွားကြသည်။
ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်ကို ချိပ်ပိတ်ထားသော နေရာက နန်းမြို့တော်၏ အောက်မှာ တည်ရှိသည်။
လမ်းတစ်လျှောက်တွင် ရွှီချင်းက နှုတ်ဆိတ်နေသည်။ အားညိုက ရွှီချင်းကို နွေဦးအင်မော်တယ်နန်းတော်၏ ဘုရားကျောင်းဆီသို့ အတင်းအဓမ္မ ဆွဲခေါ်သွားသည်။ သူက နှုတ်ဆက်စကား ပြောလိုက်သည့်အခါ ဂိတ်တံခါးက ပွင့်သွားပြီး နွေဦးအင်မော်တယ်နန်းတော်သခင်၏ ပုံရိပ်က ထွက်ပေါ်လာသည်။ နန်းတော်သခင်ကို မြင်သွားသောအခါ အားညိုက ကျယ်လောင်စွာ ပြောသည်။
“ စီနီယာ… ငါတော့ မလိုက်တော့ဘူး… ငါ့ရဲ့ ဂျူနီယာညီလေးက လိုက်လိမ့်မယ် ”
ထိုသို့ပြောပြီးနောက် သူက ရွှီချင်းကို အထဲသို့ တွန်းထည့်လိုက်သည်။
ဂိတ်တံခါးထဲမှတဆင့် ရွှီချင်းက အားညိုကို ကြည့်လိုက်သည်။
အားညိုက တဟားဟား ရယ်မောလိုက်သည်။
“ ကောင်းပြီ… ဂျူနီယာညီလေး… အနှစ်သုံးဆယ်ကြာပြီးရင် ငါတို့ပြန်တွေ့ကြမယ် ”
စကားဆုံးသည်နှင့် အားညို၏ ခန္ဓာကိုယ်က ဝေဝါးသွားပြီး ပျောက်ကွယ်သွားသည်။
ဘုရားကျောင်း၏ ဂိတ်တံခါးသည်တော့ တိတ်ဆိတ်စွာ ပိတ်သွားသည်။ ဘုရားကျောင်းသည်လည်း ဝေဝါးသွားသည်။
ရက်ပေါင်းများစွာကြာပြီးနောက် ဘုရားကျောင်းက လုံးဝပျောက်ကွယ်သွားသည့်အခါ ဖုံးကွယ်ခြင်းအစီအမံကို အသုံးပြုထားသော အားညိုက ပြန်ထွက်ပေါ်လာသည်။ နောက်ဆုံးမှာတော့ သူက စိတ်အေးသွားသည်။
“ ဒီတစ်ကြိမ်တော့ သူက ငါ့စကားကို နားထောင်သားပဲ… အခု ငါစိတ်အေးသွားပြီ ”
အားညိုက တီးတိုးရေရွတ်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ရူးသွပ်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်ကို ချိပ်ပိတ်ထားသော နေရာဆီသို့ ဦးတည်သွားသည်။
ထိုနေရာမှတဆင့် ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်ဆီ သွားရောက်နိုင်မည့် နည်းလမ်းတစ်ခု သူ့ဆီမှာ ရှိသည်။
အားညိုက လမ်းတစ်ဝက်သို့ ရောက်ရှိသွားသည့်အခါ ပျောက်ကွယ်သွားခဲ့သော ဘုရားကျောင်းက မိုးရေထဲမှာ ပြန်ထွက်ပေါ်လာသည်။
ဘုရားကျောင်းက မမြင်နိုင်လုနီးပါး အလွန်ဝေဝါးနေသည်။ ဤသည်မှာ ယင်းက အချိန်မရွေး ပျောက်ကွယ်သွားနိုင်ဟန် ရ၏။
ဘုရားကျောင်း၏ ဂိတ်တံခါးက ပွင့်သွားသည်။
ရွှီချင်း၏ ပုံရိပ်က အပြင်သို့ ထွက်လျှောက်လာသည်။
သူ၏ အနောက်တွင် နွေဦးအင်မော်တယ်နန်းတော်သခင်၏ အသံက ပဲ့တင်ထပ်သွားသည်။
“ အိပ်စက်ဖို့ အင်မော်တယ်အရင်းအမြစ်ကုန်းမြေဆီ နင်မသွားဘူးဆိုတာ တကယ်သေချာလား ”
“ ငါမသွားတော့ဘူး ”
ရွှီချင်းက နူးညံ့စွာ ပြောသည်။
နွေဦးအင်မော်တယ်နန်းတော်သခင်က ရွှီချင်းကို စိုက်ကြည့်လိုက်သည်။ သူက နောက်ထပ် မသွေးဆောင်တော့ပေ။ ဂိတ်တံခါးက ပိတ်သွားပြီး ဘုရားကျောင်းက အမှန်တကယ် ပျောက်ကွယ်သွားသည်။
ရွှီချင်းက မိုးရေထဲမှာ ရပ်နေသည်။
ဓားကိုင်ဧကရာဇ် အချိန်ဆွဲပေးခဲ့သော အနှစ်သုံးဆယ်အတွင်းမှာ လူတိုင်းက တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေကြကြောင်း သူသိသည်။
သူ၏ ဆရာက တံခါးပိတ်ကျင့်ကြံနေသည်။
စီနီယာအကိုကြီးက ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်ဆီသို့ ခရီးထွက်သွားခဲ့သည်။
ဧကရီသည် လွန်ခဲ့သော တစ်လက ယင်ဟွမ်ပြည်နယ်၏ တစ္ဆေလှိုင်ဂူဆီသို့ သွားရောက်ခဲ့သည်။
လူသားမျိုးနွယ်တစ်ခုတည်း မဟုတ်ပေ။ တခြားမျိုးနွယ်စုများသည်လည်း ထို့အတူပင်။
အစွမ်းရှိသော လူတိုင်းက ပြင်ဆင်မှုများကို ပြုလုပ်နေကြသည်။
“ အနှစ်သုံးဆယ်… ”
ရွှီချင်းက ခေါင်းမော့လိုက်ပြီး အပြင်ပိုင်းပင်လယ်၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။
ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။