← Chapters

မမကို ဘယ်လိုပြန်ပေးဆပ်ရမလဲ မင်းသိတယ်မဟုတ်လား

Vol. 101 Ch. 1551

မမကို ဘယ်လိုပြန်ပေးဆပ်ရမလဲ မင်းသိတယ်မဟုတ်လား

Vol. 101 Ch. 1551

အတွင်းပိုင်းပင်လယ်ထဲဝယ် နယ်နိမိတ်စည်းနှင့် သိပ်မဝေးသော ဧရိယာ၌…

ကောင်းကင်ပေါ်တွင် ပျံသန်းနေသော ကောင်းကင်ဘုံသူတော်စင်စေတီက ရုတ်တရက် ရပ်တန့်သွားသည်။

ပင်လယ်မျက်နှာပြင်ပေါ်မှာ လှိုင်းတဝုန်းဝုန်း ထသွားသည်။ ဤသည်မှာ ဆူနာမီက အစပျိုးလာသည့်အလားပင်။ လှိုင်းများက ပေါ်လျှိုးလာကြပြီး အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့နှံ့သွားကြသည်။ ကောင်းကင်တမျှ ကြီးမားသော ဧရာမရုပ်တုတစ်ခုသည် ပင်လယ်အောက်ခြေမှ ထွက်ပေါ်လာသည်။

ထိုရုပ်တုက နတ်ဘုရားအလင်းရောင် တောက်ပပြီး အရာအားလုံးက ရွှေရောင်သို့ ပြောင်းလဲသွားသည်။

၎င်းက နတ်ဘုရားတစ်ပါးဖြစ်သည်။

၎င်းက ပင်လယ်ပေါ်မှာ ရပ်နေပြီး ကောင်းကင်နှင့် မြေပြင်ကြားမှာ တည်ရှိနေသည်။ ၎င်းနှင့် နှိုင်းယှဉ်လျှင် ကောင်းကင်ဘုံသူတော်စင်စေတီက ကစားစရာအရုပ်တစ်ခုမျှသာ ဖြစ်၏။

ရုပ်တု၏ အသွင်သဏ္ဍာန်သည် မြေခွေးတစ်ကောင် ဖြစ်သည်။ သို့သော်လည်း ၎င်းက ယခင်ကဲ့သို့ ရွှံ့ရုပ်တုမဟုတ်တော့ပေ။ ယခု ၎င်းက ကျောက်တုံးရုပ်တုအဖြစ် ထွက်ပေါ်လာသည်။ ၎င်း၏ တစ်ကိုယ်လုံးက အနီရောင်ဖြစ်ပြီး မြေခွေးက တကယ်အသက်ဝင်နေဟန် ရ၏။

၎င်း၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည်မှာ အတိတ်တုန်းကကဲ့သို့ ပြစ်ချက်မဲ့နတ်ဘုရားမီးတောက် မဟုတ်တော့ပေ။ ယင်းအစား နတ်ဘုရားယဇ်ပလ္လင်အဆင့် အရှိန်အဝါဖြစ်သည်။

အတိအကျဆိုရလျှင် ၎င်းက နတ်ဘုရားယဇ်ပလ္လင်အဆင့်သို့ တတ်လှမ်းရန် သိပ်မကွာဝေးတော့ချေ။ သို့ဖြစ်၍ ယခု ၎င်းက နတ်ဘုရားယဇ်ပလ္လင်အဆင့်နှင့် နှိုင်းယှဉ်နိုင်သော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားသည်။

နတ်ဘုရားယဇ်ပလ္လင်အရှိန်အဝါ ထွက်ပေါ်လာသည်နှင့်ချက်ချင်း လောက၏ အရောင်က ပြောင်းလဲသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအစွမ်းက ကောင်းကင်နှင့် ပင်လယ်ကို အလွန်ကျယ်ပြောသော ဝဲကတော့အဖြစ် ပြောင်းလဲပစ်လိုက်သည်။

ကောင်းကင်ပေါ်မှ ဝဲကတော့က နာရီလက်တံအတိုင်း ရွှေ့လျားနေစဉ် ပင်လယ်ပေါ်မှ ဝဲကတော့က နာရီလက်တံ၏ ပြောင်းပြန်အတိုင်း ရွေ့လျားနေသည်။ ယင်းက ဝဲကတော့နှစ်ခုကြားမှ လေဟာနယ်ကို ပုံပျက်တွန့်လိမ်စေသည်။

ထိုအခိုက်အတန့်မှာ ရယ်သံက မြေခွေးရုပ်တုထံမှ ပဲ့တင်ထပ်လာသည်။

ကောင်းကင်ဘုံသူတော်စင်စေတီက ရပ်တန့်သွားပြီး ရွှီချင်းက မျက်လုံးဖွင့်လိုက်သည်။

သူက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။

အဆင့်မြင့်နတ်ဘုရား မီးလျှံကြယ်နှင့် ရင်ဆိုင်ရသည့်အခါတိုင်း သူက ရှောင်ပြေးရန် အမြဲတမ်း စဉ်းစားမိသည်။

သူ့ကို ဤနေရာမှာ မြင်တွေ့ရလိမ့်မည်ဟု ရွှီချင်းမမျှော်လင့်ထားပေ။

ဤအခိုက်အတန့်မှာ သူ့မှာ တခြားရွေးချယ်စရာ မရှိတော့ပေ။ ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ကောင်းကင်ဘုံသူတော်စင်စေတီ၏ အပြင်သို့ လျှောက်သွားသည်။ သူက လေထဲမှာ ရပ်လိုက်ပြီး သူ၏ အရှေ့မှ ဧရာမရုပ်တုကို ကြည့်ကာ အရိုအသေပေးလိုက်သည်။

“ အဆင့်မြင့်နတ်ဘုရား မီးလျှံကြယ်ကို နှုတ်ဆက်ပါတယ် ”

တစ်ဖက်လူ၏ ကျင့်ကြံခြင်းက နတ်ဘုရားယဇ်ပလ္လင်အဆင့်နှင့် အလွန်နီးကပ်နေကြောင်းကိုတော့ ရွှီချင်း မအံ့ဩပေ။ အတိတ်မှာ နတ်ဘုရားရိုးရာဓလေ့ကို ပြုလုပ်ခဲ့စဉ်က နတ်ဘုရားသုံးပါးသည် နတ်ဘုရားယဇ်ပလ္လင်အဆင့်သို့ သေချာပေါက် တတ်လှမ်းနိုင်မည့် အခွင့်အရေးကို အသီးသီးရရှိခဲ့ကြသည်။ သူတို့က အဆင့်တတ်ရန် အချိန်တစ်ခုသာ လိုအပ်သည်။ ထို့ပြင် သူတော်စင်ကုန်းမြေများ၏ ဆင်းသက်လာမှုက သူတို့ကို အတွေ့အကြုံအများအပြား ပေးအပ်ခဲ့သည်။

သူတော်စင်ကုန်းမြေများထဲမှ သက်ရှိများ၏ အသက်ဓာတ်များကို ဓားကိုင်ဧကရာဇ်က စုပ်ယူခဲ့သော်လည်း ပျက်စီးသွားသော သူတော်စင်ကုန်းမြေများထဲမှာ ကိန်းအောင်းနေသည့် ကြယ်အလင်းစွမ်းအင်က နတ်ဘုရားသုံးပါး၏ ကြီးထွားမှုကို အရှိန်မြှင့်တင်ပေးခဲ့သည်။

“ ကောင်လေး… ဘာလို့ မင်းက သတိထားနေတာလဲ… မင်းရဲ့ မျက်နှာကို ကြည့်ရတာ မမကို တွေ့ရတာ မပျော်ရွှင်တဲ့ပုံပဲ ”

“ မမက မင်းကို တစ်ချိန်လုံး စိတ်ပူနေတာ… မင်းကို နေ့တိုင်း ညတိုင်း လွမ်းနေတာ ”

ညှို့ဓာတ်ကိန်းအောင်းနေသော အဆင့်မြင့်နတ်ဘုရား မီးလျှံကြယ်၏ အသံက ရွှီချင်း၏ နားထဲသို့ ဝင်ရောက်သွားသည့်အခါ ဆံချည်မျှင်တစ်မျှင်က သူ၏ နားကို ပွတ်သပ်နေသည့်အလား သူခံစားမိသွားသည်။

မီးလျှံကြယ်က စကားပြောလိုက်သည့်အခါ ရုပ်တုက မြန်ဆန်စွာ ကျုံ့သွားသည်။ မကြာမီ ဧရာမရုပ်တုက ပုံမှန်လူတစ်ယောက်၏ အရွယ်အစားသို့ ပြောင်းလဲသွားသည်။ ရုပ်တု၏ ကျောက်တုံးများက အသွေးအသားများအဖြစ် ပြောင်းလဲသွားပြီး ချောမောလှပသော မိန်းမလှတစ်ဦး ထွက်ပေါ်လာသည်။ သူက ရွှီချင်းကို ကျီစယ်သော အပြုံးဖြင့် ကြည့်လိုက်သည်။

ရွှီချင်းသည် မည်သို့ပြန်ဖြေသင့်ကြောင်း မသိတော့ပေ။ သို့ဖြစ်၍ သူက ခါတိုင်းကဲ့သို့ နှုတ်ဆိတ်နေလိုက်သည်။

ရွှီချင်း၏ ထိုသို့ပုံစံကို မြင်လိုက်ရသောအခါ မီးလျှံကြယ်က နှုတ်ခမ်းသပ်လိုက်သည်။ သူက ရွှီချင်းကို စုန်ချည်ဆန်ချည် အကဲခတ်လိုက်လေရာ သူ၏ အကြည့်က ရွှီချင်း၏ အဝတ်အစားများကို ဖောက်ထွင်းသွားဟန် ရ၏။ တဖြည်းဖြည်း သူ၏ မျက်ဝန်းထဲမှာ ဆွဲဆောင်မှုရှိသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။

သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

သူက စိတ်ဓာတ်တတ်ကြွလာသည်။

သူ၏ အသံသည်ပင် ပိုပြီးနူးညံ့လာသည်။

“ ထားလိုက်ပါတော့… ထားလိုက်ပါတော့… နှလုံးသားမရှိတဲ့ ကောင်ဆိုးလေး… မင်းရဲ့ ယန်အဆီအနှစ်က ဘာလို့များ အဲ့လောက်ချိုနေရတာလဲ… မမ စိတ်ဆိုးပေမဲ့လည်း မင်းရဲ့ အခုလိုပုံစံကို မြင်လိုက်ရတော့ မမရဲ့ ဒေါသတွေက ပြေပျောက်သွားပြီ ”

“ ဒီတော့ အခု မင်းက အပြင်ပိုင်းပင်လယ်ဆီ သွားမလို့လား ”

မီးလျှံကြယ်က တခစ်ခစ် ရယ်မောလိုက်သည်။

ရွှီချင်းက မီးလျှံကြယ်၏ အကြည့်ကို ကျင့်သားရနေပြီ ဖြစ်သည်။ တစ်ဖက်လူ၏ စကားကို ကြားသောအခါ သူက ခေါင်းညိတ်လိုက်သည်။

“ ဘယ်လိုတောင် တိုက်ဆိုင်တာလဲ ”

မီးလျှံကြယ်က မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။

“ မမလည်း အပြင်ပိုင်းပင်လယ်ဆီ သွားမလို့… ဒါဆို ငါတို့အတူတူ သွားကြရအောင်… ဒါနဲ့ မင်းပုံစံက ဘာလို့ သတိထားနေတဲ့ပုံပေါ်တာလဲ… မင်းက မမကို အပြင်ထွက်ပြီး မကြိုဆိုတဲ့အပြင် ပူဖောင်းကိုတောင် မဖွင့်ပေးဘူး ”

“ မဟုတ်မှ မမက မင်းကို ကိုက်စားမှာကို ကြောက်နေတာလား… မင်းစဉ်းစားကြည့်စမ်းပါ… ဒီနှစ်တွေမှာ မမက မင်းကို ဘယ်လောက်တောင် ကူညီပေးခဲ့လဲ… ဒါပေမဲ့ မင်းက မမအပေါ် သိပ်စိမ်းကားတာပဲ ”

မီးလျှံကြယ်၏ မျက်နှာပေါ်မှာ ခါးသီးသော အမူအရာ ထွက်ပေါ်လာသည်။

ရွှီချင်းက အကူအညီမဲ့မှုကို ခံစားမိသွားသည်။ သူက မငြင်းဆန်နိုင်ကြောင်း သိသည်။ ထို့ပြင် ဤနှစ်များမှာ တစ်ဖက်လူက သူ့ကို အမှန်တကယ် အများကြီး အကူအညီပေးခဲ့သည်။ အထူးသဖြင့် ယခု သူတို့၏ လူသားမျိုးနွယ်က မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်နှင့် မဟာမိတ်ဖွဲ့ထားသည်။

ရွှီချင်းက နောက်တစ်ကြိမ် သက်ပြင်းချလိုက်သည်။ ထို့နောက် သူက လက်မြှောက်လိုက်ပြီး စေတီ၏ အပြင်ဘက်မှ ပူဖောင်းကို ဖယ်ရှားလိုက်သည်။ သူက ကောင်းကင်ဘုံသူတော်စင်စေတီကို ပြန်သိမ်းဆည်းလိုက်ပြီး မီးလျှံကြယ်နှင့် ဘေးချင်းကပ် လမ်းလျှောက်လိုက်သည်။

“ အဲ့လိုမှပေါ့ ”

မီးလျှံကြယ်က ရွှီချင်းမရှောင်တိမ်းနိုင်မည့် အလျင်နှင့်အတူ သူ့ပါးကို ဆိတ်ဆွဲလိုက်ပြီး ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ ထို့နောက် နတ်ဘုရားလေက တိုက်ခတ်လာပြီး ရွှီချင်းကို အတွင်းပိုင်းပင်လယ်နှင့် အပြင်ပိုင်းပင်လယ်ကြားမှ နယ်နိမိတ်စည်းဆီသို့ ခေါ်ဆောင်သွားသည်။

နယ်နိမိတ်စည်းက ဤနေရာနှင့် သိပ်မဝေးပေ။

သို့ဖြစ်၍ မျက်စိတစ်မှိတ်အတွင်းမှာ သူတို့က အပြင်ပိုင်းပင်လယ်နှင့် အတွင်းပိုင်းပင်လယ်ကြားသို့ ရောက်ရှိသွားကြသည်။

ပင်လယ်၏ အရောင်က ဤနေရာမှာ သိသိသာသာ ကွာခြားသွားသည်။

တစ်ဖက်က ခရမ်းရောင်ဖြစ်ပြီး အခြားတစ်ဖက်က အနက်ရောင်ဖြစ်သည်။

အနက်ရောင်ပင်လယ်နှင့် ခရမ်းရောင်ပင်လယ်ကြားမှ ဧရိယာတွင် အထီးကျန်လှေငယ်လေးတစ်စင်း ရှိသည်။

အထီးကျန်လှေပေါ်တွင် ချောမောခန့်ညားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးက တင်ပျဉ်ခွေထိုင်၍ ငါးမျှားနေသည်။

ထိုလူက ယုလျှိုချန်း ဖြစ်သည်။

ရွှီချင်းနှင့် မီးလျှံကြယ်က ရောက်ရှိလာသော်လည်း သူက တစ်ချက်ပင် မော့မကြည့်ပေ။ သို့သော်လည်း မီးလျှံကြယ်က ယုလျှိုချန်းကို မြင်သွားသောအခါ သူ၏ အမူအရာက တည်ကြည်လေးနက်သွားသည်။

သူတို့နှစ်ယောက်စလုံးက နတ်ဘုရားများဖြစ်သော်လည်း သူတို့ကြားမှ ကွာခြားမှုက ကောင်းကင်နှင့်မြေပြင်ပမာ ကြီးမားသည်။

လက်ရှိ ယုလျှိုချန်းသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်ဆီသို့ ဦးတည်နေသည်။

မီးလျှံကြယ်က ယင်းကို ချက်ချင်း အာရုံခံမိသွားသည်။ သူ၏ နှလုံးက တုန်ယင်သွားပြီး သူက အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ကာ ရွှီချင်း၏ အရှေ့တွင် ဝင်ရပ်လိုက်သည်။ ထို့နောက် သူက ယုလျှိုချန်းကို အရိုအသေပေးလိုက်သည်။

ယုလျှိုချန်းက မထူးမခြားနား ပြောသည်။

“ မင်းက ငါ့အမြင်ကို ပိတ်ဆို့နေတယ် ”

မီးလျှံကြယ်က ဘေးသို့ တိတ်တဆိတ် ရွေ့လျားသွားသည်။

သို့မှသာ ယုလျှိုချန်းက ဖြည်းညင်းစွာ ခေါင်းမော့လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းက အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ရိုသေလေးစားစွာ ဦးညွတ်လိုက်သည်။

“ နှုတ်ဆက်ပါတယ် စီနီယာ ”

ယုလျှိုချန်းက ချက်ချင်း စကားမပြောပေ။ ယင်းအစား သူက ရွှီချင်းကို ဆက်ပြီး စစ်ဆေးလေ့လာသည်။ အချိန်အတော်ကြာပြီးနောက် သူက ရွှီချင်းထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။

သူက တည်ငြိမ်စွာ ပြောသည်။

“ သူထွက်မသွားခင် ရယ်သွားလား ”

တစ်ဖက်လူ၏ စကားက ဓားကိုင်ဧကရာဇ်ကို ရည်ညွှန်းကြောင်း ထုံးစံအားဖြင့် ရွှီချင်း သိသည်။

ရွှီချင်းသည် ဓားကိုင်ဧကရာဇ်နှင့် ယုလျှိုချန်းကြားမှ အတိတ်အကြောင်းကို အများကြီး မသိထားပေ။ သို့သော်လည်း အတိတ်တုန်းက လူသားနန်းမြို့တော်အတွင်းမှ တိုက်ပွဲမှာ ယုလျှိုချန်းက ဓားကိုင်ဧကရာဇ်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထိုပူးပေါင်းဆောင်ရွက်မှု၏ အဓိကရည်ရွယ်ချက်က ဓားကိုင်ဧကရာဇ်ထံသို့ နောက်ဆုံးဓားချက်ကို လွှဲပြောင်းပေးရန် ဖြစ်သည်။

ထိုဆိုလိုရင်းမှာ ဓားကိုင်ဧကရာဇ်နှင့် ယုလျှိုချန်းကြားတွင် မိတ်ဆွေဆက်ဆံရေး ရှိသည်။

ရွှီချင်း၏ ယခင်နားလည်မှုများအရဆိုလျှင် အင်မော်တယ်များနှင့် နတ်ဘုရားများကြားမှ မိတ်ဆွေဆက်ဆံရေးသည် မယုံကြည်နိုင်စရာကိစ္စ ဖြစ်သည်။

သို့သော်လည်း နတ်ဘုရားဖြစ်လာသော ဧကရီ၏ လုပ်ဆောင်မှုများနှင့် အစောနက သူ့အရှေ့မှာ ဝင်ရပ်ပေးခဲ့သော မီးလျှံကြယ်၏ လုပ်ဆောင်မှုများကို သူမြင်တွေ့ပြီးနောက် နတ်ဘုရားများအပေါ် ရွှီချင်း၏ နားလည်မှုက အနည်းငယ် ပြောင်းလဲသွားသည်။

သို့ဖြစ်၍ သူက နူးညံ့စွာ ပြောသည်။

“ သူရယ်ခဲ့ပါတယ်… သူက အရမ်းပျော်ရွှင်စွာ ရယ်ခဲ့ပါတယ် ”

ယုလျှိုချန်းက နှုတ်ဆိတ်သွားသည်။

အချိန်အတော်ကြာပြီးနောက် သူက ရွှီချင်းကို ထပ်မံ ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။

“ ငါထင်ထားသလိုပဲ… အဲ့ဒီကောင်က ကြွားဝါရတာကို အရမ်းသဘောကျတာ… ”

ယုလျှိုချန်းက စကားပြောပြီးနောက် လက်မြှောက်လိုက်ပြီး သူ၏ ငါးမျှားတံကို မလိုက်သည်။ ထိုအခါ ငါးမျှားကြိုးက ဖြောင့်တန်းသွားပြီး ခေါင်းသုံးလုံးနှင့် အရောင်ကိုးရောင်ရှိသော ငါးတစ်ကောင်က လေထဲသို့ မြှောက်တတ်သွားသည်။

ကျယ်လောင်သော မြည်သံနှင့်အတူ ထူးဆန်းသော ငါးက လေထဲမှာ ပေါက်ကွဲသွားသည်။ ၎င်း၏ အသွေးအသားများက အတူတကွ စုဝေးသွားပြီး အသားဘောလုံးတစ်လုံးသို့ ပြောင်းလဲသွားသည်။

“ ရွှီချင်းဆိုတဲ့ ကောင်လေးတစ်ယောက်က လေ့ကျင့်ဖို့ အပြင်ထွက်သွားတယ်… နှစ်အနည်းငယ်ကြာပြီးနောက် သူက ဘေးကင်းလုံခြုံစွာ ပြန်ရောက်လာတယ် ”

ယင်းက ယုလျှိုချန်း၏ ပုံပြင်ဖြစ်သည်။

ယင်းက သူ၏ ကောင်းချီးပေးမှုလည်း ဖြစ်သည်။

ထိုသို့ပြောပြီးနောက် သူ၏ ပုံပြင်က အသားဘောလုံးထဲသို့ ဝင်ရောက်သွားသည်။ အသားဘောလုံးက ကျုံ့သွားပြီး အရောင်ကိုးရောင်အလင်းစက်လုံးအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် အရောင်တစ်ရောင်ပြီးတစ်ရောင်က ပျောက်ကွယ်သွားကြပြီး ပုပ်သိုးနေသော အသားဘောလုံးသာ ကျန်ရှိတော့သည်။

ပုပ်သိုးနေသော အသားဘောလုံးက ဖုန်မှုန့်အဖြစ် ပြိုကွဲသွားပြီး လောကထဲမှာ ပျောက်ကွယ်သွားသည်။

နွေးထွေးမှုက သူ၏ ခန္ဓာကိုယ်ထဲမှာ ထွက်ပေါ်လာကြောင်း ရွှီချင်း ခံစားမိသည်။ ထို့ကြောင့် ကျေးဇူးတင်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာပြီး သူက နောက်တစ်ကြိမ် အရိုအသေပေးလိုက်သည်။

ယုလျှိုချန်းက အကြည့်ပြန်ရုပ်လိုက်ပြီး ဆက်လက် ငါးမျှားသည်။

တစ်ခဏကြာပြီးနောက် မီးလျှံကြယ်၏ အချက်ပေးမှုနှင့်အတူ ရွှီချင်းက ယုလျှိုချန်းကို ဖြတ်သန်းသွားပြီး အပြင်ပိုင်းပင်လယ်ထဲသို့ ခြေချလိုက်သည်။

သူက သီးခြားလောကတစ်ခုထဲသို့ ရောက်ရှိသွားသည့်အလား ခံစားမိသွားသည်။ ပင်လယ်လေထဲမှာ ရင်းနှီးသော ဖရိုဖရဲစိတ်ဆန္ဒက ထွက်ပေါ်လာသည်။

သူတို့က အပြင်ပိုင်းပင်လယ်ဆီသို့ ရောက်ရှိသွားကြသည်။

“ သူက မင်းကို တစ်ကယ်ကြီး ကောင်းချီးပေးလိုက်တယ်… ကောင်လေး… ဒီကောင်းချီးက အရမ်းတန်ဖိုးကြီးမားတယ်… မင်းသိထားရမှာက သူက အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်လာဖို့ အချိန်တစ်ခုပဲ လိုတော့တယ် ”

“ ဒီကောင်းချီးက မင်းနောက်ကို အမြဲတမ်း လိုက်ပါနေလိမ့်မယ်… သူက အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်လာတဲ့အခါကျရင် အဲ့ဒါက မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ အစစ်အမှန်နတ်ဘုရားတစ်ပါးရဲ့ အကာအကွယ်ရှိတာနဲ့ အတူတူဖြစ်သွားလိမ့်မယ် ”

မီးလျှံကြယ်က မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် မပျော်မရွှင်ခံစားမိသွားသည်။ သို့သော်လည်း သူက ရွှီချင်းကို ထိုကောင်းချီးက မည်မျှတန်ဖိုးကြီးမားကြောင်း ပြောပြလိုက်ဆဲပင်။

သူက မပျော်မရွှင်ဖြစ်ရခြင်းမှာ ကောင်းချီးပေးခံရပြီးနောက် ရွှီချင်း၏ ခန္ဓာကိုယ်ကို ယခင်ကဲ့သို့ ဖောက်ထွင်းမမြင်နိုင်သောကြောင့် ဖြစ်သည်။

“ ကောင်းပြီ… မင်းရဲ့ ဦးတည်ရာက ဘာလဲ… အဲ့ဒါကို သေချာငါမသိပေမဲ့ အဲ့ဒါက အပြင်ပိုင်းပင်လယ်မဟုတ်တာတော့ သေချာတယ် ”

မီးလျှံကြယ်က ရွှီချင်းကို ကြည့်လိုက်သည်။

“ ပြီးတော့ မင်းရဲ့ ကိုယ်ပေါ်မှာ ဖြတ်ကျော်ခွင့်တုံကင်ရဲ့ အရှိန်အဝါရှိတယ် ”

“ လူအများစုက အပြင်ပိုင်းပင်လယ်အကြောင်းကို သိပ်မသိကြဘူး… ဒါပေမဲ့ နတ်ဘုရားတွေက ဘယ်လိုလုပ် အဲ့ဒါကို မသိဘဲနေမှာလဲ ”

“ ဒါပေမဲ့ အပြင်ပိုင်းပင်လယ်ကနေ တခြားကြယ်တာရာစက်ဝန်းတွေဆီ သွားဖို့က အရမ်းခက်ခဲတယ် ”

“ ဖြတ်ကျော်ခွင့်တုံကင်က မင်းရဲ့ ကျင့်ကြံခြင်းအဆင့် မလုံလောက်တာကို လျစ်လျူရှုနိုင်စေပေမဲ့… ”

“ အဲ့ဒီတုံကင်ရှိရုံနဲ့ မင်းက လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူးနော် ”

မီးလျှံကြယ်က ရွှီချင်းကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်သည်။

ရွှီချင်းက နှုတ်ဆိတ်သွားပြီး စကားပြောရန် ပြင်လိုက်သည်။ သို့သော်လည်း မီးလျှံကြယ်က ပြုံးလိုက်ပြီး နှုတ်ခမ်းသပ်လိုက်သည်။ သူက ရွှီချင်းကို စကားပြောရန် အခွင့်အရေးမပေးချေ။

“ ဒါပေမဲ့ မမ ဒီမှာရှိနေရင် အားလုံးက ကွာခြားသွားလိမ့်မယ် ”

“ တကယ်လို့ မင်းက အပြင်ပိုင်းပင်လယ်ကနေ တခြားကြယ်တာရာစက်ဝန်းတွေဆီ ခရီးသွားချင်တယ်ဆိုရင် အရင်ဆုံး လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ရမယ်… အဲ့ဒါကို ဖွင့်လှစ်ဖို့ နည်းလမ်းနှစ်ခု ရှိတယ် ”

“ ပထမတစ်နည်းက ရိုးရာဓလေ့ကို မှီခိုအားထားတာပဲ… အဲ့ဒီအတွက် အနည်းဆုံး နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားသုံးပါးက တစ်ပြိုင်နက် လုပ်ဆောင်ပေးရမယ်… ပြီးတော့ ယဇ်ပူဇော်မှုအနေနဲ့ နတ်ဘုရားသက်ရှိအများအပြားကို လိုအပ်တယ် ”

“ အဲ့ဒီလိုလုပ်ဆောင်နိုင်ဖို့ မမ မင်းကို ကူညီပေးနိုင်တယ်… ဘာပဲပြောပြော မမရဲ့ အစွမ်းကုန်တိုက်ခိုက်မှုက နတ်ဘုရားယဇ်ပလ္လင်အဆင့်နဲ့ နှိုင်းယှဉ်နိုင်တယ်… ဒါ့အပြင် မမမှာ အမနှစ်ယောက်လည်း ရှိသေးတယ်… တကယ်လို့ မင်းသာ တောင်းဆိုမယ်ဆိုရင် မမက မင်းအတွက် လမ်းကြောင်းတစ်ခု ဖွင့်လှစ်ပေးမယ် ”

“ ဒါပေမဲ့ အဲ့ဒီလိုလုပ်ဖို့ မမက စွမ်းအင်အများကြီး အသုံးပြုရလိမ့်မယ်… ဒီတော့ မမကို ဘယ်လိုပြန်ပေးဆပ်ရမလဲ မင်းသိတယ်မဟုတ်လား ”

စကားပြောနေရင်း မီးလျှံကြယ်၏ အကြည့်က ပိုပြီးပူလောင်လာသည်။

ရွှီချင်း၏ အမူအရာက မပြောင်းလဲသွားပေ။ သူက တည်ငြိမ်စွာ မေးသည်။

“ ဒုတိယနည်းလမ်းက ဘာလဲ ”

မီးလျှံကြယ်က မျက်ခုံးပင့်တင်လိုက်သည်။

“ ဒုတိယနည်းလမ်းလား… အဲ့ဒါက ကြယ်တာရာစက်ဝန်းမြက်ပဲ… အဲ့ဒီမြက်ကို မီးရှို့လိုက်မယ်ဆိုရင် လမ်းကြောင်းက ပွင့်သွားလိမ့်မယ်… ကြယ်တာရာစက်ဝန်းမြက်က လမ်းကြောင်းဖွင့်လှစ်ဖို့သက်သက် ဖြစ်ပေါ်လာတာပဲ ”

“ အဲ့ဒီမြက်က သာမန်လို့ထင်ရပြီး ကောက်ရိုးနဲ့ ဆင်တူပေမဲ့ အဲ့ဒီထဲမှာ မှေးမှိန်တဲ့ ကြယ်အလင်းရောင်တချို့ ကိန်းအောင်းနေတယ်… ဒါပေမဲ့ အဲ့ဒီမြက်က မျိုးတုန်းလုနီးပါးဖြစ်သွားပြီး ဝမ်ကူးကုန်းမြေထဲမှာ မတွေ့ရတော့ဘူး… တခြားကြယ်တာရာစက်ဝန်းတွေနဲ့ ထိစပ်နေတဲ့ အပြင်ပိုင်းပင်လယ်ထဲမှာပဲ အဲ့ဒါကို ရံဖန်ရံခါ တွေ့ရတတ်တယ် ”

“ ဒါကြောင့် ပထမနည်းလမ်းကို ရွေးချယ်ဖို့ မမ အကြံပေးချင်တယ် ”

ရွှီချင်းက သူ၏ သိုလှောင်အိတ်ထဲမှ ကောက်ရိုးတစ်မျှင်ကို ထုတ်လိုက်သည်။

ထိုမြက်ကို မြင်သွားသောအခါ မီးလျှံကြယ်၏ မျက်လုံးက ပြူးကျယ်သွားသည်။

ထိုကောက်ရိုးသည် အပြင်ပိုင်းပင်လယ်ထဲမှာ သူတွေ့ဆုံခဲ့သော ရွှေကြွက်၏ ပါးစပ်ထဲမှ ပြုတ်ကျခဲ့သောအရာ ဖြစ်သည်။

နွေဦးအင်မော်တယ်နန်းတော်ထဲတွင် ဖြတ်ကျော်ခွင့်တုံကင်အတွက် သူလဲလှယ်ခဲ့စဉ် လမ်းကြောင်းဖွင့်လှစ်နိုင်မည့် နည်းလမ်းကိုလည်း မေးမြန်းခဲ့သည်။ ယင်းက မီးလျှံကြယ်ပြောသွားခဲ့သည့်အတိုင်းပင်။ သို့ဖြစ်၍ သူက နွေဦးအင်မော်တယ်နန်းတော်သခင်ကို ထိုကောက်ရိုးအမျှင်အား ထုတ်ပြခဲ့ပြီး ယင်းက ကြယ်တာရာစက်ဝန်းမြက် ဟုတ်မဟုတ် အတည်ပြုစေခဲ့သည်။

အစောနက သူက ထိုအကြောင်းကို မီးလျှံကြယ်အား ပြောပြချင်သော်လည်း တစ်ဖက်လူက သူ့ကို ပြောခွင့်မပေးခဲ့ချေ။

မီးလျှံကြယ်က မြက်ပင်ကို မိန်းမောတွေဝေစွာ စိုက်ကြည့်နေစဉ် ရွှီချင်းက ယင်းကို တိတ်တဆိတ် မီးရှို့လိုက်သည်။ နောက်အခိုက်အတန့်မှာ မီးခိုးငွေ့က လေထဲသို့ မြှောက်တတ်သွားသည်။

မကြာမီ မီးခိုးငွေ့က ပိုပြီးသိပ်သည်းသွားပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

နောက်အခိုက်အတန့်မှာ အပြင်ပိုင်းပင်လယ်၏ မျက်နှာပြင်က တုန်လှုပ်သွားသည်။

ပင်လယ်ရေက ပရမ်းပတာ လှုပ်ခတ်သွားသည့်အခါ ဧရာမဝဲကတော့(၃၅)ခုက ပင်လယ်ပေါ်မှာ တစ်ပြိုင်နက် ထွက်ပေါ်လာကြသည်။ ယင်းတို့က အဆက်မပြတ် လှည့်ပတ်နေကြပြီး ခမ်းနားထည်ဝါသော ရှေးဟောင်းအငွေ့အသက်ကို ထုတ်လွှတ်နေကြသည်။

All Chapters