← Chapters

အမည်မသိလောက(ခ)

Vol. 101 Ch. 1554

အမည်မသိလောက(ခ)

Vol. 101 Ch. 1554

အချိန်က ကုန်ဆုံးသွားသည်။ အမည်မသိ အချိန်ကာလတစ်ခု ကြာမြင့်ပြီးနောက် ရွှီချင်း၏ ဂရုတစိုက် ထိန်းချုပ်မှုအောက်မှာ သူနှင့် စေတီအပျက် နှစ်ခုစလုံးသည် သူတို့၏ လှည့်ပတ်မှုအမြန်နှုန်းကို စတင်လျော့ချနိုင်သွားကြသည်။

သူတို့က ဝဲကတော့၏ လှည့်ပတ်မှုအမြန်နှုန်းနှင့် တဖြည်းဖြည်း တူညီသွားကြသည်။

သူတို့အချင်းချင်း ဟန်ချက်ညီသွားသည်နှင့်တစ်ပြိုင်နက် သုံးခုစလုံးက မြန်ဆန်စွာ လှည့်ပတ်နေကြသော်လည်း ဦးတည်ရာတူညီပြီး အမြန်နှုန်းတူညီသောကြောင့် ရွှီချင်း၏ စိတ်အာရုံထဲတွင် သူအပါအဝင် စေတီအပျက်နှင့် ဝဲကတော့က ရပ်တန့်သွားသည့်အလား ခံစားမိသွားသည်။

ရပ်တန့်ခြင်းဟူသော ခံစားမှုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်းက သူ၏ ဘေးပတ်ဝန်းကျင်ကို မြင်တွေ့သွားသည်။

သူက အလွန်ကျယ်ပြောသော ဝဲကတော့ကို မြင်တွေ့သွားသည်။ အချိန်က ဝဲကတော့အတွင်းမှာ စီးဆင်းနေဟန် ရ၏။

မရေမတွက်နိုင်သော လေဟာနယ်များက တစ်ခုနှင့်တစ်ခု လှည့်ပတ်နေကြောင်း သူမြင်တွေ့သွားသည်။

ဝေဝါးသော သမိုင်းပုံရိပ်များက ဝဲကတော့ထဲမှာ ထွက်ပေါ်လာနေကြောင်းပင် သူမြင်တွေ့သွားသည်။ ထိုပုံရိပ်များထဲမှာ အနာဂတ်မြင်ကွင်းများက ယှက်ထွေနေကြသည်။

သူက ကိုယ့်ကိုယ်ကိုယ် ဝေဝေဝါးဝါး မြင်တွေ့သွားဟန် ရသည်။

သို့သော်လည်း သူက ရှင်းလင်းစွာ မမြင်နိုင်ခင် အချိန်နှင့် လေဟာနယ်က ဝဲကတော့၏ အစွမ်းအောက်မှာ အတူတကွ ပေါင်းစပ်သွားကြသည်။

ဝုန်းခနဲ မြည်သံက ဝဲကတော့ထဲမှ မြည်ဟိန်းထွက်လာပြီး စေတီအပျက်နှင့် ရွှီချင်း၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

နောက်အခိုက်အတန့်မှာ စေတီအပျက်က ဝဲကတော့ထဲသို့ လုံးလုံးလျားလျား ပေါင်းစပ်သွားသည်။

ထို့နောက် စေတီက ပျောက်ကွယ်သွားသည်။

ရွှီချင်းသည်တော့ သူ၏ စိတ်ထဲမှ ဝုန်းခနဲ မြည်ဟိန်းသံက ပိုပြီးကျယ်လောင်လာသည်။ သူက ယင်းကို ဆက်လက် မဖိနှိပ်နိုင်တော့ဘဲ နှစ်ချိုက်စွာ အိပ်မောကျသွားသည်။

အမည်မသိ ကြယ်တာရာစက်ဝန်းတစ်ခုထဲမှ အမည်မသိ လောကတစ်ခုတွင်…

မြေပြင်က ညှိုးနွမ်းခြောက်သွေ့နေပြီး မြေမျက်နှာပြင်ပေါ်တွင် ပင့်ကူအိမ်သဖွယ် အက်ကွဲကြောင်းများ ရှိသည်။ ထိုအက်ကွဲကြောင်းများက အရပ်မျက်နှာပေါင်းစုံဆီသို့ ဆန့်တန်းနေကြသည်။

ကောင်းကင်က မည်းမှောင်နေသည်။ ရက်စက်ကြမ်းကြုတ်သော မျက်လုံးသုံးလုံးက ကောင်းကင်ပေါ်မှာ တည်ရှိနေကြပြီး အောက်ဘက်မှ ကုန်းမြေကို ငုံ့ကြည့်နေကြသည်။

ဤလောကတွင် အလင်းရောင်အနည်းငယ်သာ ရှိသည်။ လစန္ဒာသဖွယ် အောက်မေ့ရသော ထိုမျက်လုံးသုံးလုံးမှ ထုတ်လွှတ်နေသည့် မှိန်ဖျော့ဖျော့အလင်းရောင်သာ ဤလောက၏ တစ်ခုတည်းသော အလင်းရောင်ဖြစ်သည်။

လောကက မှောင်ရီနေသည့်အပြင် သုသာန်အလား တိတ်ဆိတ်ခြောက်ကပ်နေသည်။

အချိန်က တရွေ့ရွေ့ စီးဆင်းသွားပြီးနောက် တစ်နေ့ကုန်ဆုံးသွားသည်။

ထိုအခါ နောက်ထပ် မျက်လုံးတစ်လုံးက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။

စတုတ္ထမျက်လုံးထွက်ပေါ်လာပြီး သိပ်မကြာမီ ဝဲကတော့တစ်ခုက ညှိုးနွမ်းခြောက်သွေ့နေသော ဤကုန်းမြေပေါ်မှာ ထွက်ပေါ်လာသည်။

ထိုဝဲကတော့က အသက်တစ်ခါရှူချိန်ကြာပြီးနောက် ပျောက်ကွယ်သွားသည်။

ဝဲကတော့က မပျောက်ကွယ်သွားခင် စေတီအပျက်တစ်ခုကို ဤကုန်းမြေပေါ်မှာ ထားရစ်ခဲ့သည်။

အချိန်တစ်ခဏကြာပြီးနောက် စေတီအပျက်ထဲတွင် ရွှီချင်းက ဖြည်းညင်းစွာ မျက်လုံးပြန်ဖွင့်လိုက်သည်။ အစတွင် သူ၏ မိန်းမောတွေဝေနေသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ၏ မျက်လုံးက ကြည်လင်လာပြီး သူက ချက်ချင်း သတိကြီးစွာ ထားလိုက်သည်။ သူက ဘေးဘီကို ကြည့်လိုက်ပြီး အာရုံခံလိုက်သည်။

တစ်ခဏကြာပြီးနောက် ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။

ဤနေရာက အမှတ်ငါးကြယ်တာရာစက်ဝန်း ဟုတ်မဟုတ် သူမသိပေ။

ထို့ပြင် ဘေးပတ်ဝန်းကျင်၏ အသွင်အပြင်က သူ့အား တုံ့ဆိုင်းစေသည်။

သူ၏ နားလည်ထားမှုအရ သူက ရှေးဦးပင်လယ်ကို ဖြတ်ကျော်ခဲ့သောကြောင့် သူပြန်ပေါ်လာရမည့်နေရာက ဤကြယ်တာရာစက်ဝန်း၏ ရှေးဦးပင်လယ်မှာ ဖြစ်သင့်ပေသည်။

သူက ပခုံးကို အလိုအလျောက် ကြည့်လိုက်သည်။ အကြောင်းအရင်းတချို့ကြောင့် ရွှံ့မြေခွေးက ရုပ်တုဖြစ်သွားပြီး သူ၏ ပခုံးပေါ်မှာ လုံးဝမလှုပ်ရှားတော့ပေ။

ရွှီချင်းက တိတ်ဆိတ်သွားပြီး သူ၏ ဒဏ်ရာများကို အာရုံခံလိုက်သည်။ သူက ဤနေရာမှ ချက်ချင်း ထွက်သွားရန် မရွေးချယ်ခဲ့ပေ။ ယင်းအစား သူက မျက်လုံးမှိတ်လိုက်ပြီး တရားထိုင်လိုက်သည်။

နှစ်ရက်ကြာပြီးနောက် သူ၏ ဒဏ်ရာအများစုက ပြန်ကောင်းမွန်သွားသည့်အခါ ရွှီချင်းက မျက်လုံးဖွင့်လိုက်သည်။

သူက တစ်ခဏတွေးတောပြီးနောက် မတ်တတ်ရပ်လိုက်ပြီး စေတီအပျက်ထဲမှ ထွက်လျှောက်လာသည်။ သူက အပြင်သို့ ရောက်ရှိသွားသည်နှင့်ချက်ချင်း ကောင်းကင်ပေါ်မှ မျက်လုံးခြောက်လုံးကို ကြည့်လိုက်သည်။

“ တစ်ရက်ကို မျက်လုံးတစ်လုံး တိုးလာတာလား ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။

ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေသည်။ ဤနေရာတွင် လေမတိုက်သလို မည်သည့်စွမ်းအင်မှလည်း မရှိပေ။

ဤလောကက အဆုံးစွန်ထိ ညှိုးနွမ်းခြောက်သွေ့နေသည့်အလားပင်။

ရွှီချင်းက ထိုခံစားမှုကို မရင်းနှီးခြင်း မဟုတ်ပေ။ သူက ချီယွဲ့ထုံဂိုဏ်းကို မဝင်ရောက်ခင် နန်းဟွမ်ကုန်းမြေမှ တောရိုင်းထဲမှာ နှစ်ပေါင်းများစွာကြာအောင် ကျင်လည်နေထိုင်ခဲ့သည်။

ထိုအချိန်တုန်းကနှင့် မတူညီသည်မှာ ယခု သူက သေမျိုးတစ်ယောက် မဟုတ်တော့ပေ။

“ ပထမဆုံး ဒီလောကက ဘယ်လိုအခြေအနေမှာရှိလဲ ငါလေ့လာကြည့်ရမယ်… အဲ့ဒီနောက် ဒီနေရာက အမှတ်ငါးကြယ်တာရာစက်ဝန်း ဟုတ်မဟုတ် အတည်ပြုနိုင်ဖို့ သက်ရှိတွေကို ငါရှာဖွေရမယ် ”

“ တကယ်လို့ ဟုတ်တယ်ဆိုရင် အင်မော်တယ်မြို့တော်ဆီ မြန်နိုင်သမျှမြန်မြန် ငါသွားရမယ်… ”

“ တကယ်လို့ မဟုတ်ဘူးဆိုရင်… ”

ရွှီချင်းက တစ်ခဏ တွေးတောပြီးနောက် စေတီအပျက်ကို ပြန်သိမ်းဆည်းလိုက်သည်။

ဝဲကတော့ထဲမှာ ဖြတ်သန်းသွားပြီးနောက် ဤစေတီက အတော်လေး ထိခိုက်ပျက်စီးသွားခဲ့သည်။ ၎င်းကို အနာဂတ်မှာ အမှတ်ကိုးကြယ်တာရာစက်ဝန်းဆီသို့ သူပြန်သည့်အခါ အသုံးပြုရဦးမည်ဖြစ်သောကြောင့် ၎င်းကို ဆက်လက် အသုံးပြုခြင်းက မကောင်းပေ။

“ ငါရောက်နေတာ ဘယ်ကြယ်တာရာစက်ဝန်းလဲဆိုတာ အတည်ပြုပြီးရင် ဒီစေတီကို ပြုပြင်ဖို့ နေရာတစ်နေရာ ရှာဖွေရမယ် ”

ထိုသို့စဉ်းစားပြီးနောက် ရွှီချင်းက တုံ့ဆိုင်းမနေတော့ပေ။ သူက သတိကြီးစွာထား၍ အရှေ့သို့ ရွေ့လျားသွားပြီး နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။

တစ်ရက်ကြာပြီးနောက် သတ္တမမြောက်မျက်လုံးက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။

မျက်လုံးအရေအတွက်က တိုးပွားလာသည်နှင့် ဤလောက၏ သွေးရောင်က တဖြည်းဖြည်း ပေါ်လွင်လာသည်။

ရွှီချင်းသည်တော့ သွေးအလင်းရောင်ထဲမှာ မရှိပေ။ သူက ဤလောက၏ မြေအောက်ထဲမှာ ထွက်ပေါ်လာသည်။

ထိုနေရာတွင် သူက ဧရာမခေါင်းတလားတစ်လုံးကို မြင်တွေ့သွားသည်။

ခေါင်းတလားက မြေအောက်အနက်ပိုင်းထဲမှာ နစ်မြုပ်နေသည်။

မရေမတွက်နိုင်သော အမှတ်အသားများ၊ မှော်သင်္ကေတများနှင့် သံကြိုးများက ခေါင်းတလားကို ချုပ်နှောင်ထားကြသည်။ ခေါင်းတလား၏ ဘေးပတ်ဝန်းကျင်မှာ ဧရာမစည်းချအစီအရင်တစ်ခုလည်း ရှိသည်။

ထိုစည်းချအစီအရင်က အဆက်မပြတ် လှည့်ပတ်နေပြီး ခေါင်းတလားထဲရှိ တည်ရှိမှုထံမှ အသက်ဓာတ်ကို ဆွဲထုတ်နေကာ ဤလောကကို အာဟာရဖြည့်ပေးနေသည်။

အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် ရွှီချင်း၏ သူငယ်အိမ်က ဖြည်းညင်းစွာ မှေးကျဉ်းသွားသည်။

“ ခေါင်းတလားထဲက တည်ရှိမှုက နတ်ဘုရားတစ်ပါးပဲ… ”

ရွှီချင်းက ဖြည်းညင်းစွာ အနောက်ဆုတ်သွားသည်။

နောက်တစ်ရက် ကုန်ဆုံးသွားပြီးနောက် အဌမမြောက်မျက်လုံးက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ မျက်လုံးများထံမှ ထုတ်လွှတ်နေသော သွေးအလင်းရောင်က ပိုပြီးသိပ်သည်းလာသည်။

သွေးအလင်းရောင်ကြားတွင် ရွှီချင်း၏ ပုံရိပ်က တောင်တစ်လုံးပေါ်မှာ ထွက်ပေါ်လာသည်။

တောင်အောက်ခြေတွင် မြို့တစ်မြို့ ရှိသည်။

သွေးအလင်းရောင်အောက်တွင် ထို့မြို့က ထူးဆန်းပြီး ချောက်ချားဖွယ်ကောင်းသည်။

ရွှီချင်းက မြို့ကို စိုက်ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးထဲတွင် ဆင်ခြင်သုံးသပ်သော အရိပ်အယောင်က ထွက်ပေါ်လာသည်။

ဤနှစ်ရက်အတွင်းမှာ သူက နေရာအများအပြားဆီသို့ ခရီးသွားခဲ့သည်။

ခေါင်းတလားတည်ရှိသော မြေအောက်နေရာမှာသာမက သူက အပြင်ဘက်မှာလည်း သက်ရှိများကို မြင်တွေ့ခဲ့သည်။

သူတို့က လူသားများမဟုတ်ကြပေ။ သို့သော်လည်း သူတို့က လူသားနှင့် အနည်းငယ် ဆင်တူကြသည်။ သူတို့၏ အသားအရေက အပြာရောင်ဖြစ်ပြီး သူ၏ မျက်လုံးထဲမှ သူငယ်အိမ်များက တြိဂံပုံသဏ္ဍာန် ရှိကြသည်။

သူတို့အများစုက ကျင့်ကြံသူများ ဖြစ်ကြသည်။

သို့သော်လည်း သေမျိုးများဖြစ်စေ ကျင့်ကြံသူများဖြစ်စေ သူတို့အားလုံးက ပိန်ချုံးကြပြီး အသက်ဓာတ်အားနည်းကြသည်။

သူတို့၏ မျက်လုံးများက အသက်ဓာတ်မဲ့နေလေရာ သူတို့က လမ်းလျှောက်နေကြသော ဖုတ်ကောင်များနှင့် ဆင်တူကြသည်။

ထို့ပြင် ဤနေရာတွင် အဆင့်အမြင့်ဆုံး ကျင့်ကြံသူက ဝိညာဉ်နတ်သူငယ်အဆင့်မှာသာ ရှိ၏။

ယခု ရွှီချင်းကြည့်ရှုနေသော မြို့ထဲမှာပင် သူ၏ စိတ်အာရုံအောက်မှာ အစွမ်းထက်ဆုံး ကျင့်ကြံသူသုံးယောက်ကလည်း ဝိညာဉ်နတ်သူငယ်အဆင့်မှာသာ ဖြစ်ကြသည်။

“ ဒီနေရာက ကမ္ဘာငယ်တစ်ခုဖြစ်နေမလား ”

“ ဒါပေမဲ့ ခေါင်းတလားဆီကနေ အာဟာရဓာတ်တွေကို စုပ်ယူပြီး ဒီလောကကို အားဖြည့်ပေးနေတာကို ကြည့်ရင် အဲ့ဒီလို မဖြစ်လောက်ဘူး ”

ရွှီချင်းက နက်နဲစွာ တွေးတောလိုက်ပြီး ကောင်းကင်ပေါ်သို့ ခြေချလိုက်သည်။

သူက မြို့ထဲသို့ လျှောက်သွားသည်။ သို့သော်လည်း ဤနေရာမှ ကျင့်ကြံသူများသည် သူတို့၏ ဘေးမှာ သူစိမ်းတစ်ယောက်ရှိနေကြောင်း အာရုံမခံနိုင်ကြချေ။ သူတို့ကြားမှ ကျင့်ကြံခြင်းအဆင့် ကွာခြားမှုကြောင့် အကယ်၍ ရွှီချင်းသာ ဆန္ဒမရှိလျှင် သူတို့က အာရုံခံနိုင်လိမ့်မည် မဟုတ်ချေ။

ထိုသို့ဖြင့် ရွှီချင်းက အမည်မသိမြို့ထဲမှာ ဆက်လျှောက်သွားသည်။ သူက လမ်းသွားလမ်းလာများ၊ ဈေးဆိုင်များနှင့် ကျင့်ကြံသူများကို မြင်တွေ့သွားသည်။ သူတို့အားလုံးက အရိုးခြောက်များအလား ပိန်ချုံးကြပြီး သူတို့၏ မျက်လုံးများက အသက်ဓာတ်ကင်းမဲ့ကြသည်။ သူတို့ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါထဲမှာပင် ညှိုးမှိုင်ခြင်းဖြင့် ပြည့်နှက်နေသည်။

ရွှီချင်းက နှုတ်ဆိတ်သွားသည်။ သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှ မျက်လုံးများကို ကြည့်လိုက်သည်။ ထို့နောက် သူက ဤမြို့ထဲမှ လူများ ဝတ်ပြုကြသော ဘိုးဘေးခန်းမတစ်ခုကို ရှာတွေ့သွားသည်။

ကျင့်ကြံသူအများစုက ဤနေရာမှာ တည်ရှိကြသည်။ ခန်းမ၏ ခမ်းနားထည်ဝါသော ဗိသုကာလက်ရာများက ရွှီချင်း၏ စိတ်အာရုံကို ဖမ်းစားသွားသည်။

ခန်းမထဲသို့ လျှောက်သွားပြီးနောက် ရွှီချင်း၏ စိတ်အာရုံကို အရင်ဆုံး ဖမ်းစားသွားသည်မှာ ဧရာမယဇ်ပလ္လင်တစ်ခု ဖြစ်သည်။

ယဇ်ပလ္လင်ပေါ်တွင် သွေးမျက်လုံးကိုးလုံး ရှိသည်။

ယဇ်ပလ္လင်၏ ဘေးပတ်ပတ်လည်တွင် ဒဏ္ဍာရီများအကြောင်းကို ဖော်ပြနေသော ဆေးပန်းချီများ ရှိကြသည်။

ယင်းက ရွှီချင်းလိုအပ်နေသော သတင်းအချက်အလက် ဖြစ်သည်။

သို့ဖြစ်၍ သူက ယင်းတို့ကို ချက်ချင်း ကြည့်လိုက်သည့်အခါ ဤလောကနှင့်ပတ်သက်သော ပုံပြင်ကို မြင်တွေ့သွားသည်။

ဤလောကသည် အစက ငြိမ်းချမ်းသော လောကတစ်ခုဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက နေနတ်ဆိုးတစ်ကောင်က ကောင်းကင်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

၎င်းက ယိုယွင်းပျက်စီးခြင်းနှင့် သေခြင်းကို ခေါ်ဆောင်လာသည်။ ထို့နောက် ဤလောကက ကပ်ဘေးသင့်သွားသည်။

နောက်ဆုံးမှာတော့ ဆိုးဝါးသော အခြေအနေများကို တွေ့ကြုံပြီးနောက် သူရဲကောင်းကိုးဦးက ဤလောကမှာ ထွက်ပေါ်လာကြသည်။ သူတို့က နေနတ်ဆိုးကို တိုက်ခိုက်နှိမ်နင်းနိုင်ခဲ့သော်လည်း ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ကြသည်။

သို့ဖြစ်၍ သူရဲကောင်းကိုးဦးက ကောင်းကင်ဘုံတာအိုများအဖြစ် ပြောင်းလဲသွားကြပြီး သက်ရှိအားလုံးကို ကာကွယ်စောင့်ရှောက်ပေးမည့် မျက်လုံးကိုးလုံး ဖြစ်လာကြသည်။

သို့သော်လည်း သူတို့၏ ဆိုးဝါးသော ဒဏ်ရာများကြောင့် ဆက်ပြီး ကာကွယ်စောင့်ရှောက်မှုပေးရန် ပြင်ပအထောက်အပံ့ကို လိုအပ်သည်။

သို့ဖြစ်၍ ကိုးရက်ကြာသွားပြီး ကောင်းကင်ပေါ်မှာ မျက်လုံးကိုးလုံး အတူတကွ ထွက်ပေါ်လာသည့်အခါတိုင်း ဤလောကထဲမှ သက်ရှိများက သူတို့၏ အသက်ဓာတ်ကို ဆန္ဒရှိစွာ ပေးအပ်ကြလိမ့်မည်။

“ မျက်လုံးကိုးလုံး… သူရဲကောင်းကိုးဦး… ”

“ ဒါဆိုရင် မြေအောက်ထဲက နတ်ဘုရားက ဒဏ္ဍာရီထဲက နေနတ်ဆိုးဖြစ်မယ် ”

“ အဲ့ဒါဆိုရင် အဲ့ဒီသူရဲကောင်းကိုးဦးက ဘယ်သူတွေလဲ… ”

ရွှီချင်းက ဆေးပန်းချီများထံမှ အကြည့်ပြန်ရုပ်လိုက်သည်။ သူ့အတွက်တော့ ထိုဒဏ္ဍာရီက အသက်ဓာတ်များကို ပိုပြီးရိတ်သိမ်းနိုင်စေမည့် လှပသော ပုံပြင်တစ်ပုဒ်မျှသာ ဖြစ်သည်။

“ ဒါပေမဲ့ သဲလွန်စတွေ ရှိတယ် ”

ရွှီချင်းက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ သူ၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။ သူက ပြန်ပေါ်လာသည့်အခါ မြို့အပြင်ဘက်မှ တောင်ပေါ်သို့ ရောက်ရှိသွားသည်။

ရွှီချင်းက တောင်ပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက ဝဲကတော့အတွင်းမှာ ရရှိခဲ့သော ဒဏ်ရာအများစုကို ပြန်ကုသပြီးပြီ ဖြစ်သည်။ သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှ သွေးမျက်လုံးရှစ်လုံးကို ကြည့်လိုက်ကာ နဝမမြောက်မျက်လုံး ထွက်ပေါ်လာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းသည်။

နဝမမြောက်မျက်လုံး ထွက်ပေါ်လာသည့်အခိုက် ဤလောကအကြောင်း ပိုပြီးရှင်းလင်းစွာ နားလည်သွားလိမ့်မည်ဟု ရွှီချင်း ခံစားမိသည်။

All Chapters