နတ်ဘုရားသန့်စင်ခြင်း ဝိညာဉ်သတ္ထုတွင်း
Vol. 101 Ch. 1557
သူတို့က ငုံ့ကြည့်လိုက်သည်နှင့်ချက်ချင်း ဧရာမသွေးမျက်လုံးကိုးလုံးထဲမှ သူငယ်အိမ်က ရုတ်တရက် ကျုံ့သွားသည်။
ထိုမျက်လုံးများထဲမှာ တင်ပျဉ်ခွေထိုင်၍ ဝိညာဉ်စွမ်းအင်သန့်စင်နေကြသော အရိုးခြောက်ကိုးခုသည်လည်း တုန်ယင်သွားကြသည်။
ရှင်းလင်းစွာပင် ရွှီချင်း၏ ထွက်ပေါ်လာမှုက အရိုးခြောက်ကိုးခုအတွက် လုံးဝမျှော်လင့်မထားသောအရာ ဖြစ်သည်။
သူတို့က ရွှီချင်းကို အစက လုံးဝအာရုံမခံနိုင်ခဲ့ပေ။ တစ်ဖက်လူက ရုပ်လုံးထုတ်ပြလာမှသာ သူ့ကို အာရုံခံနိုင်ခဲ့သည်။
ယင်း၏ နောက်ကွယ်မှ အဓိပ္ပာယ်က မျက်လုံးကိုးလုံးထဲမှာ တရားထိုင်နေကြသော အရိုးခြောက်ကျင့်ကြံသူကိုးယောက်ကို နှလုံးတုန်သွားစေသည်။
“ တဆိတ်လောက် စကားပြောပါရစေ ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
“ ငါဒီနေရာကနေ ထွက်သွားချင်တယ်… မင်းတို့ ငါ့အတွက် လမ်းလုပ်ပေးနိုင်မလား သိချင်ပါတယ် ”
အကယ်၍ သူက မတိုက်ခိုက်ဘဲ ဤနေရာမှ ထွက်သွားနိုင်မည်ဆိုလျှင် ယင်းက အကောင်းဆုံးဖြစ်လိမ့်မည်။
သို့သော်လည်း ရွှီချင်း၏ စကားက အများကြီး အသုံးမဝင်ပေ။
သွေးမျက်လုံးကိုးလုံးက ပြင်းထန်သော ရန်လိုမှုကို ထုတ်လွှတ်လိုက်သည်။
ကျင့်ကြံသူကိုးယောက်၏ အမြင်တွင် ဤလူက မည်သို့ကြောင့် သူတို့ကလန်၏ ကမ္ဘာငယ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာကြောင်း မသိသော်လည်း ဤနေရာမှာ မည်သည့်ပြဿနာမှမဖြစ်ရအောင် သူတို့ကာကွယ်ရမည်။
သို့ဖြစ်၍ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူတို့ထံမှ မြှောက်တတ်လာသည်။ သူတို့က တုံ့ဆိုင်းမနေဘဲ ချက်ချင်း သတင်းပို့လိုက်ကြသည်။
သို့သော်လည်း ရွှီချင်းက ဤအတွက် အချိန်အတော်ကြာ ကြိုပြင်ဆင်ထားခဲ့ခြင်း မဟုတ်ပါလော။ သွေးမျက်လုံးကိုးလုံးက ထူးခြားဆန်းကြယ်သော်လည်း ယင်းတို့ကို ချိုးဖြတ်ရန် သူ့အတွက် မခက်ခဲပေ။ အမှန်မှာ သွေးမျက်လုံးကိုးလုံးထဲမှ ကျင့်ကြံသူများသည်ပင် သူ့အတွက် ပြဿနာမဟုတ်ပေ။
သူ့ကို အမှန်တကယ် စိုးရိမ်ကြောင့်ကြစေသည်မှာ ဤကမ္ဘာငယ်၏ အပြင်ဘက်မှ အဟန့်အတားများ ဖြစ်သည်။
ရွှီချင်းက ဤကမ္ဘာငယ်၏ အပြင်အဆင်ကို ကြည့်၍ သုံးသပ်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။ ဤကမ္ဘာငယ်၏ အပြင်ဘက်တွင် အစောင့်အရှောက်တစ်ဦး ရှိရမည်ဟု သူယုံကြည်ထားသည်။
သူက လောကကို ချိုးဖြတ်နေစဉ်အတွင်း ထိုအစောင့်အရှောက်က ကြားဝင်နှောင့်ယှက်လာမည်ဆိုလျှင် ယင်းက ပရမ်းပတာအခြေအနေကို ဖြစ်ပေါ်စေလိမ့်မည်။
ထို့ကြောင့် အကောင်းဆုံး ချဉ်းကပ်မှုက ဤလောကမှ လွယ်ကူချောမွေ့စွာ ထွက်ခွာနိုင်မည့် နည်းလမ်းကို ရှာဖွေရန် ဖြစ်သည်။ သူက ဤလောကမှ အောင်မြင်စွာ ထွက်သွားနိုင်သည့်အခါ ထိုအစောင့်အရှောက်က သူ့အား ရှာတွေ့သွားမည်ဆိုလျှင်ပင် သူက ထိုအခြေအနေကို ပိုပြီးလွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်။
သို့ဖြစ်၍ သူက ကောင်းကင်ပေါ်သို့ ခြေချလိုက်ပြီးနောက် ရုတ်တရက် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ကောင်းကင်၏ အဆုံးသတ်၊ သွေးမျက်လုံးကိုးလုံး၏ အပေါ်တွင် ဟင်းလင်းပြင်က ပုံပျက်တွန့်လိမ်သွားပြီး လောကက ဝုန်းခနဲ တုန်လှုပ်သွားသည်။ ဧရာမကတ်ကြေးတစ်လက်က ဟင်းလင်းပြင်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုကတ်ကြေးက အလွန်ကြီးမားလေရာ ကောင်းကင်ကို အစားထိုးသွားဟန် ရ၏။ ကတ်ကြေးထွက်ပေါ်လာသည့်အခိုက် မဟာဧကရာဇ်အဆင့်ရတနာ၏ အရှိန်အဝါက အရပ်ရှစ်မျက်နှာဆီသို့ မုန်တိုင်းတစ်ခုပမာ ရိုက်ခတ်သွားသည်။
ထိုကတ်ကြေးက သဲလွန်စများနှင့် ကမ္မများကို ဖြတ်တောက်နိုင်သော မဟာဧကရာဇ်ရတနာတစ်ခု ဖြစ်သည်။
ကတ်ကြေးက ထွက်ပေါ်လာပြီးနောက် အကြမ်းပတမ်း ညှပ်ပစ်လိုက်သည်။
မည်သည့်အသံမှ မထွက်ပေါ်လာကြောင်း ထင်ရှားသည်။ သို့သော်လည်း သက်ရှိအားလုံး၏ နားထဲနှင့် မျက်လုံးကိုးလုံးထဲမှ ကျင့်ကြံသူကိုးယောက်၏ အသိအမြင်ထဲတွင် အက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက ပဲ့တင်ထပ်သွားပြီး သူတို့၏ ဝိညာဉ်ကို တုန်လှုပ်သွားစေသည်။
အပြင်ဘက်သို့ ပို့လွှတ်လိုက်သော သတင်းအချက်အလက်က ဤအခိုက်အတန့်မှာ တိုက်ရိုက် ဖြတ်တောက်ခံလိုက်ရသည်။
ယင်းက အဆုံးသတ်မဟုတ်သေးပေ။
နောက်အခိုက်အတန့်မှာ မဟာဧကရာဇ်ရတနာအပ်က ထွန်းလင်းတောက်ပလာပြီး ဖြတ်တောက်ခံလိုက်ရသော ကမ္မကို ပြန်ချုပ်ပေးလိုက်သည်။ ရတနာအပ်က ပြန်ချုပ်ပေးလိုက်သော အရာမှာ လွန်ခဲ့သော ကိုးရက်တုန်းက ရွှီချင်းမြင်တွေ့ခဲ့သော မြင်ကွင်းများ ဖြစ်သည်။
သို့ဖြစ်၍…
ဤနေရာမှ သတင်းအချက်အလက်များနှင့် အားလှိုင်းအတတ်အကျများက အပြင်ဘက်သို့ မပျံ့လွင့်နိုင်တော့ပေ။ အတိုင်းအတာတစ်ခုထိဆိုရလျှင် ဤနေရာမှ အဖြစ်အပျက်များက ဖုံးကွယ်ခံလိုက်ရပြီး သီးခြားဖြစ်တည်သွားသည်။
အကယ်၍ တစ်စုံတစ်ယောက်က ဤလောကထဲသို့ သူတို့၏ နတ်ဘုရားစိတ်အာရုံကို မစေလွှတ်သရွေ့ ဤနေရာမှ မူမမှန်မှုများကို အချိန်ကာလတစ်ခုထိ သတိထားမိလိမ့်မည် မဟုတ်ချေ။
ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်း၏ မျက်လုံးထဲမှာ အေးစက်စက်အလင်း ထွက်ပေါ်လာသည်။ သူက ကောင်းကင်ယံဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။
“ အဆက်အသွယ်က ဖြတ်တောက်ခံလိုက်ရပြီ… အဲ့ဒါဆိုရင် နောက်လုပ်ရမှာက… ”
ရွှီချင်းက နောက်ဆုံးခြေလှမ်းကို လှမ်းလိုက်သည်။
ထိုခြေတစ်လှမ်းနှင့်အတူ သူက ဟင်းလင်းပြင်ပေါ်သို့ ရောက်ရှိသွားသည်။ သူက ခြေချလိုက်သည့်အခိုက် ကောင်းကင်က ဝုန်းခနဲ လှုပ်ခါသွားသည်။ လျှပ်စီးများက သူ၏ ခြေဖဝါးအောက်မှာ ထွက်ပေါ်လာကြပြီး မျက်လုံးကိုးလုံးထံသို့ အနီရောင်မြွေများသဖွယ် ခုန်အုပ်လိုက်ကြသည်။
မျက်လုံးကိုးလုံးက တုန်ယင်သွားကြပြီး အနီရောင်အလင်းက သူတို့ထံမှ ပေါ်လျှိုးလာကြသည်။ တစ်ချိန်တည်းမှာ မျက်လုံးကိုးလုံးထဲမှ ကျင့်ကြံသူများက မြန်ဆန်စွာ လက်မြှောက်လိုက်ကြသည်။ သူတို့အားလုံး၏ အမူအရာက တည်ကြည်လေးနက်သွားကြသည်။ ထိုမဟာဧကရာဇ်ရတနာနှစ်ခုက ထူးခြားပြီး သူတို့နှင့် ပြင်ပလောကကြားမှ အဆက်အသွယ်က ပြတ်တောက်သွားကြောင်း သူတို့အာရုံခံနိုင်ကြသည်။
သို့ဖြစ်၍ သူတို့အားလုံးက စိတ်ဆုံးဖြတ်လိုက်ပြီး ချိပ်တံဆိပ်လက်ဟန်များကို ချက်ချင်း ဖွဲ့စည်းလိုက်ကြသည်။
နောက်အခိုက်အတန့်မှာ မျက်လုံးကိုးလုံးက အနီရောင်ထွန်းလင်းတောက်ပလာပြီး အစွမ်းထက် အကာအကွယ်စည်းချအစီအရင်တစ်ခုကို အသက်သွင်းလိုက်သည်။ တစ်ချိန်တည်းမှာ ကျင့်ကြံသူကိုးယောက်က အရိုးခြောက်အသွင်မှ မြန်ဆန်စွာ ပြောင်းလဲသွားကြသည်။ သူတို့က ယခင်က စုပ်ယူထားခဲ့သော အသက်ဓာတ်များကို အသုံးပြု၍ ပြန်လည်အားဖြည့်လိုက်ကြသည်။
သူတို့အတွက်တော့ ဤအခိုက်အတန့်မှာ ရုတ်တရက် ထွက်ပေါ်လာသော အန္တရာယ်က သေခြင်းရှင်ခြင်းတမျှ အရေးကြီးဟန် ရ၏။
ရွှီချင်းက အမူအရာကင်းမဲ့စွာ ရှိနေသည်။ ထိုကျင့်ကြံသူကိုးယောက်၏ ကျင့်ကြံခြင်းက မည်သည့်အဆင့်မှာဖြစ်ပါစေ သူတို့က အုပ်ချုပ်သူအဆင့်သို့ မရောက်ရှိသေးသရွေ့ အကယ်၍ သူတို့က အသက်ပြန်ရှင်လာမည်ဆိုလျှင်ပင် ယင်းက သူ့အတွက် အသေးအမွှားသာ ဖြစ်သည်။
“ ဒီဟာက ငါ့ရဲ့ အင်မော်တယ်ခန္ဓာကိုယ်ကို စမ်းသပ်ဖို့ အခွင့်ကောင်းပဲ ”
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက ညာလက်ကို ရုတ်တရက် မြှောက်လိုက်ပြီး ကောင်းကင်ပေါ်မှ ပထမမျက်လုံးထံသို့ လက်ညှိုးညွှန်လိုက်သည်။
နောက်အခိုက်အတန့်မှာ သတ္ထုစွမ်းအားက သူ၏ အဆုတ်ထံမှ အလွန်အားကောင်းစွာ ထွက်ပေါ်လာသည်။ ယင်းက သူ၏ အသက်ရှူသွင်းရှူထုတ်မှုနောက်သို့လိုက်၍ အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သတ္ထုစွမ်းအားက ဤကမ္ဘာငယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ယင်းက ဤလောကထဲမှ သတ္ထုအားလုံးနှင့် လက်နက်အားလုံးပေါ်သို့ သက်ရောက်သွားသည်။ လျှပ်တစ်ပြက်အတွင်းမှာ ကောင်းကင်နှင့် မြေပြင်က တုန်လှုပ်သွားသည်။
ဤအခိုက်အတန့်မှာ သတ္ထုစွမ်းအားက ဤကမ္ဘာငယ်ကို အစားထိုးသွားသည်။
ရွှီချင်း၏ အန္တိမသတ္ထုစွမ်းအားက ကြောက်မက်ဖွယ်ကောင်းသော ဖိအားနှင့်အတူ ဤလောက၏ လွှမ်းမိုးဖိနှိပ်သောတာအို ဖြစ်လာသည်။
ဤအခိုက်အတန့်မှာ သူက ဤလောကထဲမှ သတ္ထုဒြပ်စင်မှန်သမျှကို အတွေးတစ်ချက်ဖြင့် ထိန်းချုပ်နိုင်ကြောင်း ခံစားမိသွားသည်။
သူ၏ အကြည့်က ဝင်းလက်သွားသည်။
နောက်အခိုက်အတန့်မှာ ဤလောက၏ သတ္ထုစွမ်းအားက ပေါက်ကွဲထွက်သွားပြီး ကမ္ဘာမြေ၊ ဟင်းလင်းပြင်နှင့် ကောင်းကင်ပေါ်မှာ စုဝေးသွားသည်။ ယင်းတို့က ဒီရေအလား ပေါ်လျှိုးလာပြီး အတူတကွ စုဝေးသွားကာ ဧရာမသတ္ထုလက်ချောင်းတစ်ချောင်းကို ဖွဲ့စည်းသွားသည်။
လက်ချောင်းက ကောင်းကင်ပေါ်မှ ပထမမျက်လုံးထံသို့ ဦးတည်သွားသည်။
ယင်းက သိမ်မွေ့ညင်သာသော ထိတွေ့မှုသာ ဖြစ်သော်လည်း စည်းချအစီအရင်က ပြိုကွဲပျက်စီးသွားသည်။ မျက်လုံးအတွင်း၌ ပြန်လည်ရှင်သန်နေသော ကျင့်ကြံသူသည်ပင် မလွတ်မြောက်နိုင်ခဲ့ပေ။
ဝုန်းခနဲ မြည်သံက ပဲ့တင်ထပ်သွားသည့်အခါ မျက်လုံးက ပြိုကွဲသွားပြီး ကောင်းကင်ယံမှ ပြုတ်ကျလာသည်။
မျက်လုံးထဲမှ ကျင့်ကြံသူက အော်ဟစ်ညည်းညူလိုက်သည်။ ဤလောကမှ သတ္ထုစွမ်းအား၏ ဖိနှိပ်မှုအောက်မှာ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ဖျက်ဆီးခံလိုက်ရသည်။
မျက်လုံးရှစ်လုံးထဲမှ တခြားကျင့်ကြံသူများက တုန်လှုပ်ချောက်ချားသွားကြသည်။ သူတို့က ပြန်လည်ရှင်သန်ရန် အစွမ်းကုန် ထုတ်လွှတ်လိုက်ကြသည်။
“ အဲ့ဒါက အန္တိမအင်မော်တယ်ရဲ့ အစွမ်းလား ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ သူ၏ သတ္ထုစွမ်းအားက ဤလောကကို လွှမ်းခြုံသွားသည့်အခိုက် သူက ဤနေရာ၏ ကောင်းကင်ဘုံတာအိုဖြစ်လာသည့်အလား ခံစားမိသွားသည်။
နောက်အခိုက်အတန့်မှာ သူက နူးညံ့စွာ ပြောသည်။
“ သစ်သား ”
သူ၏ အသည်းထဲမှ သစ်သားစွမ်းအားက ရွှီချင်း၏ အသံနောက်သို့လိုက်၍ ဤကမ္ဘာငယ်ထဲမှာ ချက်ချင်း ပျံ့နှံ့သွားသည်။
ထိုအခါ ဤလောကထဲမှ သစ်ပင်ပန်းပင်များ၊ သစ်သားဒြပ်စင်ကျင့်ကြံသူများနှင့် သစ်သားဖြင့် ပြုလုပ်ထားသော အရာဝတ္ထုအားလုံးက တုန်ယင်သွားကြသည်။
ထို့နောက် ဤလောက၏ မူလသစ်သားတာအိုက ရွှီချင်း၏ အန္တိမသစ်သားတာအိုဖြင့် အစားထိုးခံလိုက်ရသည်။
အန္တိမသစ်သားက ဟင်းလင်းပြင်ထဲမှာ စုဝေးသွားပြီး ဧရာမလက်ချောင်းတစ်ချောင်းကို ဖွဲ့စည်းသွားသည်။ ယင်းက အလွန်သိပ်သည်းသော အသက်ဓာတ်နှင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သယ်ဆောင်လျက် ဒုတိယမျက်လုံးပေါ်သို့ ကျရောက်သွားသည်။
ထိုမြင်ကွင်းက ဤလောကထဲမှ သက်ရှိအားလုံးကို ထိတ်လန့်သွားစေသည်။
မျက်လုံးကိုးလုံးထဲမှ နောက်ထပ်တစ်လုံးက ပြုတ်ကျသွားသည်။
လောက၏ အရောင်က ပြောင်းလဲသွားပြီး လေက ကြမ်းတမ်းစွာ တိုက်ခတ်လာသည်။ ရွှီချင်း၏ အသံက ဒီရေသဖွယ် ပေါ်လျှိုးလာပြီး ဤလောက၏ တစ်ခုတည်းသောအသံ ဖြစ်လာသည်။
“ ရေ ”
ရေဒြပ်စင်စွမ်းအားက သူ၏ ကျောက်ကပ်များမှ ထွက်ပေါ်လာပြီး ဤလောက၏ ရေဒြပ်စင်ကို အစားထိုးသွားသည်။ ထို့နောက် မိုးရေများ၊ မြစ်ချောင်းများနှင့် ပင်လယ်များက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားကြပြီး သက်ရှိအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်လာသည်။
ဤလောကက အလွန်အမင်း သေးငယ်သည်။ သို့ဖြစ်၍ ရွှီချင်း၏ စိတ်ဆန္ဒက ကောင်းကင်ဘုံတာအို၏ စိတ်ဆန္ဒကို အစားထိုးသွားပြီးနောက် သူက ဤလောကမှ သက်ရှိအားလုံးကို အတွေးတစ်ချက်ဖြင့် ထိန်းချုပ်နိုင်သွားသည်။
“ မီး ”
သူ၏ နှလုံးသားထဲမှ မီးတောက်များက တစ်ဟုန်ထိုး တောက်လောင်လာသည်။ ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ မီးတောက်များက ဤလောကထဲမှာ ထွက်ပေါ်လာပြီး အရာအားလုံးကို ထွန်းလင်းတောက်ပစေသည်။
နောက်ဆုံးမှာတော့…
“ မြေကြီး ”
မြေပြင်က တုန်လှုပ်သွားသည်။ ဤသည်မှာ ဤကမ္ဘာငယ်ထဲမှ ကုန်းမြေအားလုံးက ကိုယ်ပိုင်အသိစိတ်ရှိလာသည့်အလားပင်။ ၎င်းတို့က နှစ်ပေါင်းများစွာကြာအောင် ဖိနှိပ်ထားခဲ့သော ဒေါသကို ထုတ်လွှတ်လိုက်ကြသည်။
ဒြပ်စင်သုံးမျိုးက ဧရာမလက်ချောင်းသုံးချောင်းအဖြစ် ပြောင်းလဲသွားကြပြီး ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားကြသည်။
နောက်ထပ် မျက်လုံးသုံးလုံး ပြိုကွဲပျက်စီးသွားကြသည်။
နောက်ထပ် ကျင့်ကြံသူသုံးယောက် သေဆုံးသွားကြသည်။
ဤအခိုက်အတန့်မှာ ဒြပ်စင်ငါးမျိုးစွမ်းအားက ရွှီချင်း၏ ထိန်းချုပ်ခံလိုက်ရပြီး ကောင်းကင်ဘုံတာအိုအဖြစ် ပြောင်းလဲသွားသည်။
ကျန်ရှိသော မျက်လုံးလေးလုံးထဲမှ ကျင့်ကြံသူလေးယောက်သည် သူတို့၏ ညှိုးနွမ်းခြောက်သွေ့သော အခြေအနေမှ ပြန်ကောင်းမွန်လာကြသည်။ သူတို့က ထိတ်လန့်စွာ မတ်တတ်ရပ်လိုက်ကြပြီး ဧရာမမျက်လုံးများကို ဖမ်းဆုပ်လိုက်ကြသည်။
မျက်လုံးလေးလုံးက ချက်ချင်း ကျုံ့သွားကြသည်။ သူတို့က ထိုမျက်လုံးများကို သူတို့၏ နဖူးပေါ်သို့ ထည့်သွင်းလိုက်ပြီး ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည့်အခါ အစွမ်းထက်အရှိန်အဝါက သူတို့၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။
မဟာလောကခုနစ်ခု ဝိညာဉ်စုစည်းခြင်းအဆင့်လား…
ဤအခိုက်အတန့်မှာ သူတို့၏ မျက်လုံးက ညှိုးမှိုင်သွားပြီး ပြင်းထန်သော အကြောက်တရားက သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူတို့ထဲမှ တစ်ယောက်က ရွှီချင်းကို စိုက်ကြည့်လိုက်ပြီး ရုတ်တရက် ပြောသည်။
“ ဆရာက ဒီကို ဘယ်လိုရည်ရွယ်ချက်နဲ့ ရောက်လာတာပဲဖြစ်ဖြစ် တကယ်လို့ မင်းက ဒီကနေ ထွက်သွားချင်တယ်ဆိုရင် နည်းလမ်းတစ်ခုပဲ ရှိတယ် ”
“ အဲ့ဒါက ငါတို့က ဒီလောကရဲ့ အပြင်ဘက်ကို ထွက်သွားပြီး မင်းအတွက် လမ်းကြောင်းတစ်ခု ဖွင့်လှစ်ပေးဖို့ပဲ ”
“ တကယ်လို့ မင်းက ငါပြောတာကို မယုံဘူးဆိုရင် ငါတို့လေးယောက်ထဲက တစ်ယောက်က အပြင်ထွက်ပြီး မင်းအတွက် လမ်းကြောင်းဖွင့်ပေးပါလိမ့်မယ် ”
“ ငါတို့ရဲ့ လက်ရှိကျင့်ကြံခြင်းအရ တိုက်ခိုက်ပြီး ဖြေရှင်းစရာ မလိုပါဘူး… အဲ့ဒီအစီအစဉ်က မင်းအတွက် သင့်တော်တယ်မလား ”
ထိုလူက စကားပြောလိုက်သော်လည်း တခြားသုံးယောက်က မူမမှန်သော မည်သည့်အမူအရာကိုမှ မထုတ်ဖော်ကြချေ။ သူတို့၏ အရှေ့မှ ပုဂ္ဂိုလ်က ထူးခြားသော နောက်ခံအင်အားမရှိဘဲ သူတို့ကလန်၏ လျှို့ဝှက်နယ်မြေထဲသို့ ကျူးကျော်ဝင်ရောက်လာခြင်းသည် နောက်ရလဒ်အနေဖြင့် သေချာပေါက် သေဆုံးရလိမ့်မည်ဖြစ်ကြောင်း သူတို့သိထားကြသည်။
လောလောဆယ် သူတို့က ဤအခြေအနေကို မကိုင်တွယ်နိုင်သလို သူတို့၏ အသက်ကိုလည်း မဆုံးရှုံးချင်ကြပေ။
ထို့ကြောင့် သူတို့က အပြင်သို့ ချက်ချင်း ထွက်သွားချင်ပြီး လျှို့ဝှက်နယ်မြေ၏ အပြင်ဘက်မှ အကြီးအကဲကို ဆက်သွယ်ချင်ကြသည်။
ထိုအကြီးအကဲက လှုပ်ရှားလိုက်သည်နှင့် သူတို့အရှေ့မှ ပုဂ္ဂိုလ်က သေချာပေါက် သေဆုံးရလိမ့်မည်။
သို့ဖြစ်၍ သူတို့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ စောစောက ဖြစ်ခဲ့တာတွေက နားလည်မှုလွဲတာပါ ”
“ ငါတို့က အရင်ဆုံး အမှားလုပ်မိသွားတယ် ”
သူတို့လေးယောက်က စကားပြောပြီးနောက် သတိကြီးစွာထား၍ ဖြည်းညင်းစွာ အနောက်ဆုတ်သွားကြသည်။
သူတို့၏ စကားကို နားထောင်ပြီးနောက် ရွှီချင်းက ခေါင်းခါလိုက်သည်။ သူက ညာလက်ကို ရုတ်တရက် မြှောက်လိုက်သည်။
ချက်ချင်းဆိုသလို လောကက တုန်ယင်သွားပြီး ဝုန်းခနဲ မြည်ဟိန်းသွားသည်။ ကောင်းကင်ယံတွင် ရွှီချင်းက လက်မြှောက်လိုက်ပြီး သူ့အရှေ့မှ ကျင့်ကြံသူလေးယောက်ကို ဖမ်းဆုပ်လိုက်သည်။
ထိုကျင့်ကြံသူလေးယောက်က အမူအရာပျက်ယွင်းသွားကြပြီး ခုခံကာကွယ်ရန် သူတို့၏ ကျင့်ကြံခြင်းအခြေခံကို ထုတ်လွှတ်လိုက်ကြသည်။
သို့သော်လည်း ဤလောက၏ ဒြပ်စင်ငါးမျိုးမှ ဖွဲ့စည်းသွားသော လက်ချောင်းငါးချောင်းက ကောင်းကင်ဘုံတာအိုများဖြစ်ကြပြီး ယင်းတို့ထဲမှာ ဤလောက၏ စိတ်ဆန္ဒလည်း ပါဝင်နေသည်။ ရွှီချင်း၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပျံ့နှံ့သွားသည့်အခါ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဤလောက၏ ကောင်းကင်ပေါ်မှာ ပေါက်ကွဲထွက်လာသည်။
လက်ချောင်းငါးချောင်း ဖြတ်သန်းသွားသည့်နေရာတိုင်း လေဟာနယ်က ပြိုကွဲသွားလိမ့်မည်။
ကျင့်ကြံသူလေးယောက်က မည်မျှရုန်းကန်ပါစေ သို့မဟုတ် မည်သို့တန်ပြန်တိုက်ခိုက်ပါစေ အချည်းနှီးသာ ဖြစ်၏။ နောက်အခိုက်အတန့်မှာ ကောင်းကင်ဘုံတာအို၏ လက်ချောင်းငါးချောင်းက အရှေ့သို့ ရွေ့လျားသွားသည့်အခါ အော်ဟစ်ညည်းညူသံများက ပဲ့တင်ထပ်သွားသည်။
ကျင့်ကြံသူလေးယောက်က အသွေးအသားများအဖြစ် ပြောင်းလဲသွားပြီး နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။
“ ငါ့ကိုယ်ငါပဲ ယုံတယ် ”
ရွှီချင်းက တည်ငြိမ်စွာ ပြောပြီး ကောင်းကင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ညာလက်သီးကို ဆုပ်လိုက်သည်။
ချက်ချင်းဆိုသလို ထိတ်လန့်ဖွယ်ကောင်းသော ဓားစွမ်းအင်က ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာပြီး ဧကရာဇ်ဓားအဖြစ် ဖွဲ့စည်းသွားသည်။ သူက ဓားကို လက်ထဲမှာ ဆုပ်ကိုင်လိုက်ပြီး ဤနေရာမှ ဒြပ်စင်ငါးမျိုးစွမ်းအားကို ဓားထဲသို့ ပို့လွှတ်လိုက်သည်။
ဧကရာဇ်ဓားပေါ်မှာ ငါးရောင်ခြယ်အလင်း တောက်ပလာသည့်အခါ သူက ဓားကို လွှဲယမ်းလိုက်ပြီး ကောင်းကင်ကို ခုတ်ပိုင်းလိုက်သည်။
ဓားစွမ်းအင်က ကောင်းကင်ယံဆီသို့ စီးဆင်းသွားပြီး ဓားအလင်းက ဟင်းလင်းပြင်ကို ဖျက်ဆီးလိုက်ကာ ဓားစိတ်ဆန္ဒက ကောင်းကင်ကို အက်ကွဲသွားစေသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ဟင်းလင်းပြင်က အက်ကွဲသွားပြီး ကောင်းကင်က တုန်လှုပ်သွားသည်။ ဧရာမအက်ကွဲကြောင်းတစ်ခုက ကောင်းကင်ပေါ်မှာ အတင်းအဓမ္မ ဖွင့်လှစ်သွားပြီး ကောင်းကင်အပြင်ဘက်မှ မြင်ကွင်းက ထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်မှာ ဤကမ္ဘာငယ်ထဲမှ သက်ရှိအားလုံးက တုန်လှုပ်ချောက်ချားသွားကြသည်။ သူတို့၏ စိတ်ထဲမှာ မိုးကြိုးသန်းပေါင်းများစွာက ပေါက်ကွဲသွားသည့်အလား ခံစားမိသွားကြသည်။ သူတို့က ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှ ဧရာမအက်ကွဲကြောင်းကို ကြည့်လိုက်သည့်အခါ ဆွံ့အသွားကြသည်။
သူတို့ထဲမှ ကျင့်ကြံသူအများစုသည်တော့ အလွန်ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့သွားကြသည်။
ကောင်းကင်၏ အပြင်ဘက်တွင် နောက်ထပ်ကောင်းကင်တစ်ခု ရှိသည်။
“ ဒါဆို ငါတို့က ဘာတွေလဲ… ”
မရေမတွက်နိုင်သော သက်ရှိများက ထိုမြင်ကွင်းကို မြင်တွေ့သွားသောအခါ ဇဝေဇဝါဖြစ်သွားကြပြီး အံ့ဩထိတ်လန့်သွားကြသည်။ သူတို့က တီးတိုးရေရွတ်လိုက်စဉ် လေထဲမှ ရွှီချင်းက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ကောင်းကင်က တုန်လှုပ်သွားပြီး လောကက မြည်ဟိန်းသွားစဉ် ရွှီချင်းက အက်ကွဲကြောင်း၏ အရှေ့သို့ ရောက်ရှိသွားသည်။
သူက ခေါင်းငုံ့လိုက်ပြီး ဤကမ္ဘာငယ်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားသည်။
သူက ပြန်ပေါ်လာသည့်အခါ ထူးဆန်းသော နယ်မြေတစ်ခုထဲမှာ ရှိနေကြောင်း သတိထားမိသွားသည်။
ယင်းက အရွယ်အစား အလွန်ကြီးမားသော အမိုးခုံးတစ်ခုဖြစ်ပြီး ကျယ်ပြောသော ဧရိယာကို ဖုံးလွှမ်းထားသည်။
ဤနေရာတွင် နတ်ဘုရားများ၏ ဒြပ်နှောများ နည်းနည်းလေးမှ မရှိပေ။ အလွန်သိပ်သည်းသော ဝိညာဉ်စွမ်းအင်သာလျှင် ရှိ၏။
အမိုးခုံးမှတဆင့် အပြင်ဘက်ကောင်းကင်ကို မြင်တွေ့နိုင်သည်။ ယင်းက မြစ်တစ်စင်းသဖွယ် စီးဆင်းနေသော အနီရောင်အလင်းအောက်မှာ တည်ရှိသည်။
အမိုးခုံး၏ အောက်မှ ကုန်းမြေသည်တော့ အလွန်ကျယ်ပြောသော ရွှံ့မြေဖြစ်သည်။ ယင်းက ခြောက်သွေ့သွားသော ပင်လယ်ရေမှ ဖြစ်ပေါ်လာဟန် ရ၏။
မရေမတွက်နိုင်သော ပူဖောင်းများက ရွှံ့မြေထဲမှ ထွက်ပေါ်နေကြသည်။ ထိုပူဖောင်းများက ကမ္ဘာငယ်များဖြစ်ကြောင်း သူသတိထားမိသွားသောအခါ ရွှီချင်း၏ အသိစိတ်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။
ထို့ပြင် နတ်ဘုရားများက ထိုကမ္ဘာငယ်များထဲမှာ ဖိနှိပ်ခံထားရကြသည်။
ဤနေရာက နတ်ဘုရားများအတွက် အကျဉ်းထောင်တစ်ခုဖြစ်ဟန် ရသည်။
ထိုမြင်ကွင်းက ရွှီချင်းကို အသက်ရှူမြန်သွားစေသည်။ တစ်ချိန်တည်းမှာ မရေမတွက်နိုင်သော ချည်မျှင်များက ကမ္ဘာငယ်များထံမှ မြှောက်တတ်သွားနေကြောင်း သူမြင်တွေ့သွားသည်။ ယင်းတို့က မီးခိုးငွေ့များအလား လေထဲမှာ ရစ်ခွေသွားကြပြီး အမိုးခုံး၏ အလယ်မှာ စုဝေးသွားကြသည်။
ထိုနေရာမှာ အရာအားလုံးကို စုပ်ယူနေသော ဝဲကတော့တစ်ခု ရှိသည်။
“ ဒီနေရာက နတ်ဘုရားတွေအတွက် အကျဉ်းထောင်ပဲ… အစစ်အမှန်ကောင်းကင်က အမိုးခုံးရဲ့ အပြင်ဘက်မှာပဲ ”
အနက်ရောင်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက နောက်ဆုံးမှာတော့ သူ၏ လက်ရှိတည်နေရာကို အကြမ်းဖျဉ်း ခန့်မှန်းနိုင်သွားသည်။ ထို့နောက် သူက အကြည့်ပြန်ရုပ်လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။
သူက လှမ်းကြည့်လိုက်သည့်အခိုက် အုပ်ချုပ်သူတစ်ပါး၏ အရှိန်အဝါက သူ့အမြင်အာရုံ၏ အဆုံးသတ်မှာ ထွက်ပေါ်လာသည်။ ထို့နောက် ကမ္ဘာတုန်ဟီးစေနိုင်သော အသံက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပဲ့တင်ထပ်သွားသည်။
အုပ်ချုပ်သူတစ်ပါးက ချဉ်းကပ်လာသည်။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ကိန်းအောင်းနေသော အသံက ဤနေရာမှာ ပဲ့တင်ထပ်သွားသည်။
“ စိတ်ဝင်စားစရာပဲ ”
“ မူမမှန်တဲ့ ထောင်ဖောက်သူတစ်ဦးက ကလန်ရဲ့ ဝိညာဉ်သတ္ထုတွင်းကို ငါစောင့်ကြပ်နေတဲ့အချိန်ကျမှ ထွက်ပေါ်လာတယ်… ”