← Chapters

အရူးများလျှင် အကောင်းဖြစ်

Vol. 17 Ch. 245

အရူးများလျှင် အကောင်းဖြစ်

Vol. 17 Ch. 245

“အသုံးမကျဘူး။ ငါက အသုံးမကျတဲ့လူပဲ”

ကွန်မန်ဒါချန် စခန်းသို့ပြန်ရောက်ချိန်တွင် ကျန်းပေ့က စိတ်လွတ်နေသည့်အခြေအနေမှ ပြန်ကောင်းမလာသေး။ သံချပ်ကာတစ်ခုကို ရှုံးခဲ့ရသည့်အဖြစ်ကို လက်မခံနိုင်သေး။

ကိုယ်တိုင် ကြုံဖူးပြီးဖြစ်သည့် ကွန်မန်ဒါချန် ကျန်းပေ့ကို နားလည်ပါသည်။ သို့သော် ယခုထိ နိုးမထနိုင်အောင်ဖြစ်နေသည့်အတွက် ဒေါသထွက်သွားသည်။

“ငါတို့က သိုင်းသမားတွေပါ။ ဒီလိုပဲ အရှုံးပေးနေမှာလားကွ”

ကျန်းပေ့ ပြန်နိုးထမလာနိုင်ခြင်းမှာ အသိဗဟုသုတနည်းပါးပြီး သူသွားတိုက်ခိုက်သူ၏နောက်ခံကို နားမလည်သောကြောင့်ဖြစ်သည်။ ကွန်မန်ဒါချန်က ထိုသို့မဟုတ်။

“အသုံးမကျတဲ့ကောင်။ တိုက်ပွဲမှာ မင်းလုံးဝမရှုံးခဲ့ဖူးဘူးလား။ ရှုံးပြီးရင် ဒီအတိုင်း ဆက်နေတာလား”

ကျွန်မန်ဒါချန် ဒေါသထွက်နေသဖြင့် သူ့စစ်သားများ ဝိုင်းတားနေသည်ကို အရေးမစိုက်ဘဲ ကျန်းပေ့၏အင်္ကျီကော်လာကို ကိုင်ဆွဲ၍ အော်ဟစ်လိုက်သည်။

ရုံးတော်တွင် အရာရှိများကို သူကိုယ်ထိလက်ရောက် လုပ်၍မရ။ သို့သော်ယခု သူ့ရှေ့မှလူကို ရိုက်နှက်လျှင်လည်း ဘယ်သူမှ မေးခွန်းထုတ်ကြမည်မဟုတ်။

သိုင်းသမားချင်းတိုက်ခိုက်လျှင် ဒဏ်ရာရသည်မှာမဆန်း။ သွေးထွက်မည်။ ခြေများလက်များပင် ကျိုးနိုင်သည်။ ထိုအဖြစ်ကိုတိုင်ချက်ဖွင့်လျှင် အများလှောင်စရာဖြစ်လာမည်။

“မင်းရိုက်ချခံရတယ်ဆိုရင် သိုင်းပညာကို ကြိုးစားလေ့ကျင့်ပြီး တစ်နေ့နေ့ကျရင် ပြန်တိုက်ပေါ့ကွ”

“ကျုပ်ဘယ်လို ပြန်တိုက်ရမှာလဲ”

ကျန်းပေ့က ကွန်မန်ဒါကို ရီဝေသည့်အကြည့်ဖြင့် မေးသည်။

ထိုမေးခွန်းကို ကွန်မန်ဒါလည်း မဖြေနိုင်။ သံချပ်ကာ၏ သင်ယူမှုစွမ်းရည်ကို မြင်ပြီးဖြစ်သည်။ သိုင်းပညာအရာတွင် ဘယ်သိုင်းသမားမှ ယှဉ်နိုင်မည်မထင်။

အစပိုင်းတွင် အသာစီးရကောင်းရမည်။ သို့သော် သံချပ်ကာ လေ့လာခွင့်ရပြီုးသည်နှင့် တန်ပြန်လွှမ်းမိုးမည်။ ကိုယ့်ထံမှ သင်ယူသွားသည့် နည်းလမ်းများဖြင့် ပြန်တိုက်ခိုက်ခံရမည်။ စိတ်ဓာတ်အခိုင်မာဆုံး သိုင်းသမားသည်ပင် ထိုအဖြစ်ကိုကြုံပြီးလျှင် တိုက်ခိုက်ချင်စိတ် ကုန်ခမ်းသွားပေလိမ့်မည်။

“မင်းလည်း သံချပ်ကာကို မြင်ခဲ့ပြီးပြီမဟုတ်လား။

ကျန်းပေ့ ရိပ်မိသည်။ ကွန်မန်ဒါ၏ စိတ်အခြေအနေက ဒေါသနှင့်စိတ်ပျက်မှု ရောထွေးနေသည်။

“မြင်ပြီးပါပြီ”

ကွန်မန်ဒါ မျက်နှာပျက်ပျက်ဖြင့် ပြန်ဖြေသည်။

“ကျုပ်တို့ အနိုင်ယူနိုင်မယ်ထင်လား”

ကွန်မန်ဒါပြန်အဖြေကို မစောင့်တော့ဘဲ ကျန်းပေ့ ခေါင်းကိုခါယမ်းသည်။

“ကျုပ်တို့ မနိုင်နိုင်ဘူး။ လူသားတွေ သူ့ကိုမနိုင်နိုင်ဘူး။ တစ်ညတည်းနဲ့ သိုင်းတာအိုသန္ဓေကို သင်ယူနိုင်တဲ့စွမ်းရည်ရှိတယ်။ ငါတို့လူသားတွေက ဒီလိုပါရမီမျိုးကို ဘယ်လိုအနိုင်ယူနိုင်မှာလဲ”

“လက်ရည်တူမယှဉ်နိုင်ရင် ပိုအားကြီးတဲ့အစွမ်းမျိုးသုံးပြီး ဒီဟာကိုဖျက်ဆီးမယ်။ ဒါက သံချပ်ကာလေးတစ်ခုပါပဲ”

ကွန်မန်ဒါ အခဲမကျေသည့်လေသံဖြင့် ပြောသည်။

သံချပ်ကာတစ်ခုလောက်ပင် အစွမ်းမရှိကြောင်း သူ့ကိုယ်သူ ဝန်ခံအသိအမှတ်ပြုသည့် စကားမျိုးဖြစ်သည်။ တန်းတူယှဉ်ပြိုင်လျှင် နိုင်ဖို့နည်းလမ်းမရှိဟု သူယူဆသည်။

“ဒီသံချပ်ကာက ငါတို့လို အဆက်မပြတ်လေ့ကျင့်ပြီး သန်မာလာနိုင်တယ်ဆိုတာ ငါမယုံဘူး”

“သံချပ်ကာပိုင်ရှင်ရဲ့နောက်ခံက ဘာလဲ’

ကျန်းပေ့ ထိုအချက်ကို သတိရလာသဖြင့် ချက်ချင်းမေးလိုက်သည်။ အစက စိန်ခေါ်လိုစိတ်ကြောင့် ထိုအချက်ကို မေ့နေခဲ့သည်။ ထို့နောက် သံချပ်ကာနှင့်တိုက်ခိုက်ရသဖြင့် စိတ်လွတ်နေခဲ့သည်။

“ပိုင်ရှင်လား”

ကွန်မန်ဒါ မျက်နှာတစ်ချက်ပျက်သွားသည်။

“ဆရာချန်၊ ဒီလူငယ်ရဲ့နောက်ခံက ဘယ်လိုမျိုးလဲ”

ကျန်းပေ့ စိတ်မရှည်တော့။ မနေ့က ရုံတော်တွင်ပြောသည့်စကားများ တစ်စွန်းတစ်စကြားခဲ့သည်။ သို့သော် အရှုံးစိတ်တွင် အာရုံနစ်နေသဖြင့် သေချာမသိခဲ့။ သို့သော် ယခု သူနားလည်စပြုလာသည်။

“သူ့အကိုက လွန်ခဲ့တဲ့သုံးနှစ် နန်းတွင်းစာမေးပွဲတွေမှာ ခြောက်ထပ်ကွမ်းပထမရခဲ့တဲ့ နံပတ်တစ်စာပေပညာရှင်ပါ”

ကွန်မန်ဒါ ဖြေးညှင်းစွာ ပြန်ဖြေသည်။

“ဒါက သံချပ်ကာနဲ့ ဘာဆိုင်လို့လဲ”

ကျန်းပေ့ နားမလည်။

“သူ့အကို အသက်ဘယ်လောက်လဲ မင်းသိလား”

ကွန်မန်ဒါ ကျန်းပေ့ကို “ဘာမှမသိနားမလည်သည့် တောသား”ဟူသည့်အကြည့်ဖြင့် ကြည့်နေသည်။ နောက်ခံကိုအရင်မစုံစမ်းဘဲ စိန်ခေါ်ရဲသည်။ ဆိုးဆိုးဝါးဝါးရှုံးခဲ့သည်မှာ မဆန်းလှ။

“အသက်က ဘယ်လောက်လဲ”

“ဒီနှစ်ဆို ဆယ့်ခြောက်နှစ်ပြည့်လောက်ပြီ”

“ဆယ့်ခြောက်နှစ်...။ လွန်ခဲ့တဲ့သုံးနှစ်က စာမေးပွဲဆိုတော့ အသက်ဆယ့်သုံးနှစ်မှာ နံပတ်တစ်ပညာရှင်ဖြစ်ခဲ့တာလား”

ကျန်းပေ့ အံ့အားသင့်သွားသည်။ စာပေပညာရှင်များကို သူအရေးမစိုက်သော်လည်း အခြေခံအချက်လောက်တော့သိသည်။ ဆယ့်သုံးနှစ်ဆိုသည်မှာ စာပေကိုစသင်ယူသည့်အရွယ် ဖြစ်သင့်သည်။

“သူဘာလို့ စားမေးပွဲခြောက်ခုကို နံပတ်တစ်အနေနဲ့ အောင်မြင်ခဲ့လဲသိလား”

“ဘာလို့လဲ’

ကျန်းပေ့ စိတ်ဝင်စားလာသည်။

“ဘာလို့လဲဆိုတော့...”

ကွန်မန်ဒါချန် သူသိထားသမျှ အားလုံးပြောပြလိုက်သည်။ သူတို့လိုအဆင့်သိုင်းသမားများအတွက် နတ်ဆိုးများ သရဲဝိညာဉ်များနှင့်တွေ့ကြုံခဲ့လျှင် လျှို့ဝှက်အကြောင်းအရာများကိုသိနိုင်စွမ်းရှိသည်။

“ဒီလိုလူမျိုးဆိုတာ လူဝင်စားကောင်းကင်လူသားမျိုး မဟုတ်လား”

ကျန်းပေ့ ပို၍အံ့ဩထိတ်လန့်လာသည်။

“ဒီအချက်ကို ဘယ်သူငြင်းနိုင်မှာလဲ”

ကွန်မန်ဒါ ခေါင်းငြိမ့်လိုက်သည်။ ထိုအချက်သည် အမှန်တရားဖြစ်သည်။ တာ့ကျန်းထိပ်တန်းပုဂ္ဂိုလ်များထဲတွင် ဖုန်ချင်ပင်းကို သာမန်လူဟုယူဆသူ တစ်ယောက်မှမရှိ။ ကောင်းကင်ဆင်းရဲဖြတ်ကျော်ရင် သေမျိုးကမ္ဘာသို့ဆင်းလာသည့် ကောင်းကင်လူသားတစ်ယောက်ဟုသာ ယူဆကြသည်။

“ဒါဆို သူ့ညီဖြစ်တဲ့ ဒုတိယဖုန်သခင်လေးလည်း ကောင်းကင်လူသားပဲလား”

ယခု ကျန်းပေ့ အသိစိတ်အပြည့်အဝ ပြန်ဝင်လာပြီဖြစ်သည်။ သူ့ပြိုင်ဘက်၏ ထူးခြားသည့်နောက်ခံကို သိလိုက်ရသဖြင့် သူ့ကိုဘ်သူ သိပ်စိတ်မပျက်မိတော့။ ကောင်းကင်လူသားတစ်ယောက်ဝတ်သည့် သံချပ်ကာက သိုင်းပညာကျွမ်းကျင်ပြီး သူတို့ကို အနိုင်ယူခဲ့သည်မှာ မဆန်းတော့။

All Chapters