အုပ်ချုပ်သူတစ်ပါးနှင့် တိုက်ခိုက်ခြင်း
Vol. 101 Ch. 1558
“ ဝိညာဉ်သတ္ထုတွင်းလား ”
ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။
ဤနေရာမှာ အစောင့်အရှောက်တစ်ယောက်ရှိရမည်ဟု သူမျှော်လင့်ထားခဲ့သည်။ သို့ဖြစ်၍ အုပ်ချုပ်သူတစ်ပါး၏ ထွက်ပေါ်လာမှုက ရွှီချင်းကို မအံ့ဩစေပေ။
မည်သို့ဖြစ်ပါစေ ဤနေရာက အမှတ်ငါးကြယ်တာရာစက်ဝန်းဖြစ်ရန် အတော်လေး ဖြစ်နိုင်ခြေများသည်။ သို့ဖြစ်၍ ပြစ်ချက်မဲ့နတ်ဘုရားများကို ဖိနှိပ်ထားခြင်းက အံ့ဩစရာကိစ္စ မဟုတ်ပေ။
သူ့ကို တစ်ကယ်အံ့ဩသွားစေသည်မှာ ထိုအစောင့်အရှောက်က ဤနေရာကို ဝိညာဉ်သတ္ထုတွင်းဟု ခေါ်ဆိုနေခြင်း ဖြစ်သည်။
သတ္ထုတွင်းများသည် ယေဘုယျအားဖြင့် အရင်းအမြစ်များ ထုတ်လုပ်သောနေရာ ဖြစ်သည်။ ရွှီချင်း၏ နားလည်ထားမှုအရ ဝိညာဉ်သတ္ထုတွင်းသည် ဝိညာဉ်သလင်းကျောက်များကို ထုတ်လုပ်သောနေရာ ဖြစ်သည်။ သို့သော်လည်း ဤနေရာက…
ဤသတ္ထုတွင်း၏ အဓိကလည်ပတ်မှုက နတ်ဘုရားများကို သန့်စင်ခြင်းဖြစ်သည်။ နတ်ဘုရားများထံမှ အနှစ်သာရများကို ဆွဲထုတ်ပြီး ယင်းတို့ကို ကမ္ဘာငယ်များထဲမှ သက်ရှိများအား စုပ်ယူစေသည်။ ၎င်းတို့ထံမှ စစ်ထုတ်လိုက်သော အနှစ်သာရများကို ကျင့်ကြံသူများက နောက်တစ်ကြိမ် သန့်စင်လိမ့်မည်။
ထိုမှတဖန် အသန့်စင်ဆုံး ဝိညာဉ်စွမ်းအင်ကို ရရှိနိုင်လိမ့်မည်။
ထိုရှူထောင့်မှကြည့်မည်ဆိုလျှင် ဤနေရာက အမှန်တကယ်ပင် ဝိညာဉ်သတ္ထုတွင်းဖြစ်သည်။
“ အစောနက ကျင့်ကြံသူလေးယောက်ရဲ့ ပြောကြားချက်နဲ့ ဒီအုပ်ချုပ်သူရဲ့ စကားအရဆိုရင် ဒီနေရာက သူတို့ကလန်ရဲ့ ပိုင်နက်တစ်ခုဖြစ်လိမ့်မယ် ”
“ ပြီးတော့ ဒီကလန်က အုပ်ချုပ်သူတစ်ပါးကို ဝိညာဉ်သတ္ထုတွင်းကို စောင့်ကြပ်ခိုင်းတယ်… ဒါဆိုရင် ဒီကလန်ရဲ့ ဘိုးဘေးက ဘယ်ကျင့်ကြံခြင်းအဆင့်မှာလဲ… ဒီကြယ်တာရာစက်ဝန်းမှာ သူတို့ကလန်က ဘယ်လိုအဆင့်အတန်းရှိတာလဲ ”
စူးရှသော အလင်းတန်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက လမ်းကြောင်းမမှားဘဲ အမှတ်ငါးကြယ်တာရာစက်ဝန်းဆီသို့ အမှန်တကယ် ရောက်ရှိလာကြောင်း ပိုပြီးသေချာသွားသည်။
“ ဒါပေမဲ့ ငါက ရှေးဦးပင်လယ်ကနေ ဖြတ်သန်းလာတာ မဟုတ်လား… ဘာဖြစ်လို့ ဒီကမ္ဘာငယ်ထဲမှာ ထွက်ပေါ်လာတာလဲ… ဒီကြားထဲမှာ ငါမသိလိုက်တဲ့ အမည်မသိ အခြေအနေတစ်ခု ဖြစ်သွားတာလား ”
“ ဒီအုပ်ချုပ်သူဆီကနေ အဖြေတချို့ကို ငါရနိုင်လောက်တယ် ”
ထိုသို့တွေးမိသောအခါ ရွှီချင်းက အသံပေါက်ကွဲမှုများ ထွက်ပေါ်လာသော နေရာဆီသို့ စိုက်ကြည့်လိုက်သည်။
အုပ်ချုပ်သူက အလွန်သန်မာသော်လည်း ရွှီချင်းက ဤခရီးစဉ်အတွက် ကောင်းမွန်စွာ ပြင်ဆင်ထားခဲ့သည်။ ထို့ပြင် သူ့မှာ အုပ်ချုပ်သူများကို သတ်နိုင်သော ဝှက်ဖဲကတ်တစ်ခုလည်း ရှိသည်။ သို့ဖြစ်၍ သူက အုပ်ချုပ်သူတစ်ပါးကို ဆန့်ကျင်ရန် ထိတ်လန့်မနေပေ။
“ ငါသူ့ကို မသတ်နိုင်တာ မဟုတ်ဘူး… ဒါပေမဲ့ ငါတိုက်ခိုက်လိုက်တဲ့အချိန်မှာ အဲ့ဒီအုပ်ချုပ်သူက ဘာမှမလုပ်ဘဲ ရပ်နေမှာမှ မဟုတ်တာ… ဒါကြောင့် ငါ့ရဲ့ လူသတ်ကွက်ကို မလွဲချော်စေဖို့ အခြေအနေတစ်ရပ်ကို ငါဖန်တီးရမယ် ”
“ အင်း… ငါ့ရဲ့ ဝှက်ဖဲကတ်ကို ထုတ်မသုံးဘဲ ဖြေရှင်းနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ ”
ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။ နားကွဲလုမတတ် ကျယ်လောင်သော မြည်သံက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည့်အခါ ဤနေရာကို လွှမ်းခြုံထားသော အကာအကွယ်အလွှာက ပုံပျက်တွန့်လိမ်သွားသည်။
နောက်အခိုက်အတန့်မှာ ဟင်းလင်းပြင်က တစ်ဖက်လူ၏ မြန်ဆန်လွန်းသော အလျင်ကြောင့် တိုက်ရိုက် ဆုတ်ဖြဲခံလိုက်ရသည်။ အဝေးမှကြည့်လျှင် မျက်လုံးတစ်လုံးက လေထဲမှာ ထွက်ပေါ်လာကြောင်း မြင်ရလိမ့်မည်။
အက်ကွဲကြောင်းမှ ဖြစ်ပေါ်လာသော မျက်လုံးထဲတွင် ပုံရိပ်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
သူက လေထဲမှာ ရပ်နေသည်။
သူက သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး သူ၏ မျက်နှာထားက တင်းမာခက်ထန်သည်။ သူ၏ ခန္ဓာကိုယ်က ပိန်ပါးပြီး သူ၏ အကြည့်က အေးစက်သည်။
သူက အနက်ရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး အမှောင်ထုအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထို့ပြင် အနီရောင်မြူခိုးက သူ၏ ဘေးပတ်ပတ်လည်မှာ မြစ်တစ်စင်းသဖွယ် စီးဆင်းနေပြီး ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းကို ဖန်တီးနေသည်။
ထိတ်လန့်ဖွယ်အကောင်းဆုံးအရာက သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါဖြစ်သည်။
ယင်းက ကောင်းကင်နှင့်မြေပြင်၏ အရောင်ကို ပြောင်းလဲသွားစေပြီး ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်ကို ဖိနှိပ်ထားသည်။ မိုးခြိမ်းသံက အရပ်မျက်နှာအဘက်ဘက်မှာ ပဲ့တင်ထပ်သွားပြီး သူ၏ တည်ရှိမှုက ဤနေရာ၏ တစ်ခုတည်းသော ခမ်းနားထည်ဝါမှု ဖြစ်လာသည်။
မြေပြင်ပေါ်မှ ရွှံ့ရေသည်ပင် လေထဲသို့ မြှောက်တတ်သွားပြီး သူ့ကို လှည့်ပတ်လိုက်သည်။
ဤသည်မှာ ထိုသက်လတ်ပိုင်းအရွယ် အမျိုးသားက အရာအားလုံးကို စုပ်ယူနိုင်သော အာကာသတွင်းနက်တစ်ခုအဖြစ် ပြောင်းလဲသွားသည့်အလားပင်။
သူ့အပေါ်သို့ ကျရောက်လာသော အလင်းရောင်သည်ပင် ပုံပျက်တွန့်လိမ်သွားသည်။
ထိုအခိုက်အတန့်မှာ ရွှီချင်းက သက်လတ်ပိုင်းအုပ်ချုပ်သူကို ကြည့်လိုက်စဉ် ထိုလူ၏ အကြည့်ကလည်း ရွှီချင်းထံသို့ ကျရောက်လာသည်။ သူက စုန်ချည်ဆန်ချည် စစ်ဆေးကြည့်ပြီးနောက် တည်ငြိမ်စွာ ပြောသည်။
“ မင်းက ဝိညာဉ်သတ္ထုတွင်းထဲက ကျွန်မျိုးနွယ်စုမဟုတ်သလို နတ်ဘုရားတစ်ပါးလည်း မဟုတ်ဘူး… ပြီးတော့ အပြင်ကနေ ကျူးကျော်ဝင်ရောက်လာတဲ့ လက္ခဏာတွေကိုလည်း မတွေ့ရဘူး ”
သက်လတ်ပိုင်းအုပ်ချုပ်သူက ရွှီချင်းကို အပေါ်မှ ငုံ့ကြည့်လိုက်သည်။ သူက တစ်ဖက်လူကို စစ်ဆေးအကဲခတ်နေစဉ် ထူးဆန်းသော ခံစားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး ရွှီချင်းဖွင့်လှစ်ခဲ့သော ကမ္ဘာငယ်ကို ကြည့်လိုက်သည်။ သူက မျက်လုံးမှေးကျဉ်းလိုက်ပြီး သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ဖိနှိပ်လိုက်သည်။
သူက တည်ငြိမ်စွာ စကားပြောလိုက်သည့်အခါ သူ၏ အသံက နက်ရှိုင်းစွာ ပဲ့တင်ထပ်သွားသည်။
“ ကြည့်ရတာ မင်းက မတော်တဆမှုတစ်ခုကြောင့် ဝိညာဉ်သတ္ထုတွင်းထဲမှာ ထွက်ပေါ်လာတဲ့ပုံပဲ… ဝိညာဉ်သန့်စင်ခြင်းကျေးကျွန်တချို့ကို သတ်ဖြတ်သွားတဲ့အတွက် နောက်ဆက်တွဲအကျိုးဆက်ကိုတော့ ပြောနေစရာမလိုဘူး… ”
“ ဒါပေမဲ့ ငါလိုအပ်တာက မင်းရဲ့ သရုပ်ရယ်၊ ရည်ရွယ်ချက်ရယ် ပြီးတော့ ဒီနေရာမှာ မင်းဘယ်လိုထွက်ပေါ်လာလဲဆိုတာရယ် ”
သူ၏ အသံထဲမှာ ဖော်မပြနိုင်သော လွှမ်းမိုးဖိနှိပ်မှုက ကိန်းအောင်းနေသည်။
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ သူ၏ ထွက်ပေါ်လာမှုကို အကြည့်တစ်ချက်ဖြင့် ခန့်မှန်းနိုင်လေရာ တစ်ဖက်လူ၏ အမြင်အာရုံက မည်မျှစူးရှကြောင်း ထင်ရှားသည်။
“ ဒီလူရဲ့ စကားထဲမှာ သဲလွန်စတချို့ ပါဝင်နေတယ်… အများစုက သတင်းနှိုက်တာပဲ… ဒီလိုဆိုရင် ငါလည်းပဲ သူ့ကို ပြန်အသုံးချပြီး သတင်းနှိုက်ရမယ် ”
ရွှီချင်းက တစ်ခဏစဉ်းစားပြီးနောက် လက်သီးဆုပ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ငါက ရွှမ်မီးလျှံပါ… ငါက မင်းရဲ့ ဝိညာဉ်သတ္ထုတွင်းထဲမှာ မျှော်လင့်မထားတဲ့ မတော်တဆမှုတစ်ခုကြောင့် ထွက်ပေါ်လာတာပါ… ”
“ ဘယ်လိုမတော်တဆလဲ ”
သက်လတ်ပိုင်းအုပ်ချုပ်သူက ရွှီချင်း၏ စကားကို ကြားဖြတ်ပြောလိုက်သည်။ သူက မေးမြန်းလိုက်သည့်အခါ အနက်ရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ရွှီချင်းက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သို့သော်လည်း သူက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
“ လေဟာနယ်အက်ကွဲကြောင်းကို စူးစမ်းလေ့လာတာပါ ”
ယင်းကို သက်လတ်ပိုင်းအုပ်ချုပ်သူကြားသောအခါ သူက ရုတ်တရက် ရယ်မောလိုက်သည်။ သူက ရွှီချင်းကို ကြည့်လိုက်သည့်အခါ ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ စူးစမ်းလေ့လာတယ်ဟုတ်လား… ငါတော့ အဲ့ဒီလိုမထင်ဘူး ”
“ ဝိညာဉ်သတ္ထုတွင်းတွေတည်ရှိတဲ့ ကမ္ဘာငယ်တွေက လောကကြီးရဲ့ အပြင်ဘက်မှာ လွင့်မျောနေတာပဲ… ပြီးတော့ အဲ့ဒါတွေက တူညီတဲ့ လေဟာနယ်အတွင်းမှာ တည်ရှိကြတာ မဟုတ်ဘူး… ဒီတော့ လေဟာနယ်အက်ကွဲကြောင်းတစ်ခုကနေ ဒီကို ရောက်လာဖို့ဆိုတာ ဖြစ်နိုင်ခြေအရမ်းနည်းပါးတဲ့အရာပဲ ”
“ ဒါ့အပြင် မင်းရဲ့ မဟာလောကခုနစ်ခု ဝိညာဉ်စုစည်းခြင်းအဆင့်ကြောင့် ပြန်မရှင်သန်သေးတဲ့ အဲ့ဒီကျေးကျွန်တွေကို သတ်ပစ်နိုင်တာက သဘာဝကျတယ်… ဒါပေမဲ့ ကမ္ဘာငယ်ရဲ့ နယ်နိမိတ်ကို အတွင်းဘက်ကနေ ဖွင့်လှစ်နိုင်တာကတော့… ”
“ အဲ့လိုအဖြစ်အပျက်က အရမ်းရှားတယ်… ပြိုင်ဘက်ကင်း ကောင်းကင်အရွေးချယ်ခံတွေပဲ အဲ့လိုလုပ်နိုင်လောက်တယ် ”
သက်လတ်ပိုင်းအုပ်ချုပ်သူ၏ မျက်လုံးထဲမှ ထူးဆန်းသော အလင်းက ပိုပြီးသိပ်သည်းလာသည်။
“ ဒါပေမဲ့ ကောင်းကင်အရွေးချယ်ခံတစ်ယောက်က ဝိညာဉ်သတ္ထုတွင်းနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကို မသိဘဲ ဘယ်နေမလဲ… ဒီဝိညာဉ်သတ္ထုတွင်းတွေက ဘယ်လောက်အရေးကြီးလိုက်လဲ… ဒါကြောင့် တကယ်လို့ မင်းသာ ကောင်းကင်အရွေးချယ်ခံတစ်ယောက်ဆိုရင် အစောနက ငါ့မေးခွန်းတွေကို ချက်ချင်း ပြန်ဖြေလိမ့်မယ် ”
“ ဒါပေမဲ့ မင်းပုံစံကြည့်ရတာ ဘာမှမသိပုံပဲ ”
“ ဒါ့အပြင် မင်းရဲ့ ခန္ဓာကိုယ်ပေါ်က မရင်းနှီးတဲ့ ကြယ်တာရာစက်ဝန်းအရှိန်အဝါက အပြည့်အဝ မပျောက်ကွယ်သေးဘူး… ဒါကြောင့် မင်းက ဒီကြယ်တာရာစက်ဝန်းက ဒေသခံကျင့်ကြံသူမဟုတ်ဘူးမလား ”
သက်လတ်ပိုင်းအုပ်ချုပ်သူ၏ စကားက ပဲ့တင်ထပ်သွားသည်။ ရွှီချင်းက အမူအရာကင်းမဲ့စွာ ဆက်ရှိနေသည်။ သူက မည်သည့်စကားမှ ပြန်မပြောပေ။
သက်လတ်ပိုင်းအုပ်ချုပ်သူက ရွှီချင်းကို ကြည့်လိုက်ပြီး ဆက်ပြောသည်။
“ ဒီနေရာက မခမ်းခြောက်သွားခင် ရှေးဦးပင်လယ်ဖြစ်ခဲ့တယ်လို့ ငါကြားဖူးတယ်… ရံဖန်ရံခါ တခြားကြယ်တာရာစက်ဝန်းတွေက ကျင့်ကြံသူတွေက ရှေးဦးပင်လယ်ကို ဖြတ်သန်းပြီး ငါ့ရဲ့ အမှတ်ငါးကြယ်တာရာစက်ဝန်းဆီ ရောက်လာကြတယ် ”
“ ဒါပေမဲ့ သူတို့ရဲ့ အနိမ့်ဆုံးကျင့်ကြံခြင်းက နွေဦးအင်မော်တယ်အဆင့်မှာ ရှိတယ်… ဒါပေါ့… ရံဖန်ရံခါ ကောင်းကင်အရွေးချယ်ခံတချို့က တခြားနည်းလမ်းတွေကို အသုံးပြုပြီး ဒီကိုရောက်လာကြလေ့ရှိတယ်… ဒါပေမဲ့ အဲ့ဒီကောင်းကင်အရွေးချယ်ခံတွေရဲ့ ဘေးမှာ တာအိုအစောင့်အရှောက်တွေ ရှိတတ်တယ် ”
သက်လတ်ပိုင်းအုပ်ချုပ်သူက ပြုံးလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ လောဘစိတ်က မထင်မရှား ထွက်ပေါ်လာသည်။
“ မင်းက ငါ့မေးခွန်းတွေကို ပြန်မဖြေဘဲ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားတုန်းပဲ… အဲ့ဒါက မင်းက စိုးရိမ်ကြောင့်ကြနေပြီး သတင်းအချက်အလက်တွေကို ထုတ်ပြောဖို့ ဆန္ဒမရှိကြောင်း ဖော်ပြလိုက်တာနဲ့ အတူတူပဲ… အဲ့ဒါရဲ့ ဆိုလိုရင်းက မင်းရဲ့ ဘေးမှာ တာအိုအစောင့်အရှောက်တွေမရှိဘူးလို့ ဖော်ပြလိုက်တာပဲ… ”
“ မင်းက တခြားကြယ်တာရာစက်ဝန်းက ကျင့်ကြံသူမလား ”
“ ဒါဆိုရင် မင်းမှာရှိတဲ့ သတင်းအချက်အလက်တွေက ငါ့အတွက် အတော်လေး တန်ဖိုးရှိလိမ့်မယ် ”
သက်လတ်ပိုင်းအုပ်ချုပ်သူ၏ ရယ်မောသံက ပိုပြီးကျယ်လောင်လာပြီး သူ၏ မျက်လုံးထဲမှ ထူးဆန်းသော အလင်းက ပိုပြီးထင်ရှားလာသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ရွှီချင်းထံသို့ လက်ညှိုးညွှန်လိုက်သည်။
သူက လက်ညှိုးညွှန်လိုက်သည့်အခိုက် ဤနေရာမှ ဥပဒေသများနှင့် နိယာမများက ဧရာမလက်ချောင်းတစ်ချောင်းအဖြစ် ဖွဲ့စည်းသွားကြသည်။ ထိုလက်ချောင်းက အလွန်ရှင်းလင်းလေရာ ၎င်းပေါ်မှ မျဉ်းကြောင်းများကိုပင် အသေးစိတ် မြင်တွေ့နိုင်သည်။ လက်ချောင်း ဆင်းသက်လာသည်နှင့်အမျှ ၎င်းပေါ်မှ မျဉ်းကြောင်းများက ပိုပြီးကျယ်ပြောလာကြသည်။
လက်ချောင်းက ကောင်းကင်ကို အစားထိုးသွားပြီး ရွှီချင်းထံသို့ ခမ်းနားထည်ဝါစွာ ဦးတည်သွားသည်။
အုပ်ချုပ်သူတစ်ပါး၏ အရှိန်အဝါက အပြည့်အဝ ပေါ်လျှိုးလာသည့်အခါ ယင်းက အံ့ဩဖွယ်ကောင်းသော ဖိနှိပ်မှုကို ဖွဲ့စည်းသွားသည်။
ထိုဧရာမလက်ချောင်းကို ကြည့်နေရင်း ရွှီချင်းက မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် အနောက်ဆုတ်သွားသည်။
အချိန်တိုလေးအတွင်းမှာ ထိုမျှများပြားသော သတင်းအချက်အလက်များကို ဆင်ခြင်သုံးသပ်နိုင်လေရာ တစ်ဖက်လူ၏ အသိဉာဏ်က သာမန်မဟုတ်ကြောင်း ထင်ရှားသည်။ တစ်ချိန်တည်းမှာ တစ်ဖက်လူ၏ စကားများက သူလိုချင်သော အဖြေကို ဖော်ပြခဲ့သည်။
ဤနေရာက အမှန်တကယ်ပင် အမှတ်ငါးကြယ်တာရာစက်ဝန်းဖြစ်သည်။
ထို့ပြင် သူ၏ တည်နေရာကူးပြောင်းမှုတွင် မည်သည့်မတော်တဆမှုမှ မဖြစ်ပေါ်ခဲ့ပေ။
ယင်းက အစောနက ရွှီချင်းစိုးရိမ်နေခဲ့သော အရာဖြစ်သည်။
တစ်ဖက်လူ၏ ပြောကြားမှုအရ ဤနေရာသည် အတိတ်တုန်းက ရှေးဦးပင်လယ်ဖြစ်ခဲ့သည်။ သို့သော်လည်း ယခု ပင်လယ်က ခမ်းခြောက်သွားသည်။
သို့ဖြစ်၍ သူက ဤနေရာဆီသို့ တည်နေရာကူးပြောင်းလာခြင်းသည် ထူးဆန်းသောအရာ မဟုတ်ပေ။
ထို့ပြင် တစ်ဖက်လူ၏ တုံ့ပြန်မှုမှတဆင့် ရွှီချင်းက တခြားကိစ္စတစ်ခုကိုလည်း အတည်ပြုနိုင်ခဲ့သည်။ ယင်းက ဤနေရာမှာ သူ့အရှေ့မှ သက်လတ်ပိုင်းအုပ်ချုပ်သူမှလွဲ၍ တခြားပညာရှင်ကျင့်ကြံသူများ မရှိနိုင်ပေ။
ဤနေရာက သူတို့ကလန်၏ တည်နေရာနှင့် မနီးကပ်ခြင်း ဖြစ်နိုင်သည်။
သို့မဟုတ်လျှင် မည်သို့ကြောင့် တစ်ဖက်လူက သူ့မှာ တာအိုအစောင့်အရှောက်ရှိမရှိကို အရေးတကြီး စစ်ဆေးမေးမြန်းနေမည်နည်း။
အကယ်၍ သူ့အနီးနားမှာ တခြားပညာရှင်ကျင့်ကြံသူများရှိနေခြင်း သို့မဟုတ် ဝိညာဉ်သတ္ထုတွင်း၏ တည်နေရာက သူတို့ကလန်၏ တည်နေရာနှင့် အလွန်နီးကပ်နေမည်ဆိုလျှင် သူက ယခုကဲ့သို့ စစ်ဆေးမေးမြန်းနေစရာ မလိုပေ။
မည်သို့ဖြစ်ပါစေ ရွှီချင်း၏ သုံးသပ်မှုအရ အုပ်ချုပ်သူတစ်ပါးက ဝိညာဉ်သတ္ထုတွင်းများကို စောင့်ကြပ်ပေးနေလေရာ သူတို့၏ ကလန်ဘိုးဘေးက အများကြီး ပိုသန်မာရမည်။
ထိုအတွေးများက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည့်အခါ သူက ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ လက်ချောင်းဖြင့် ရင်ဆိုင်ရသောအခါ သူ၏ မျက်လုံးထဲမှာ စူးရှသောအလင်း ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ဒြပ်စင်ငါးမျိုးက ပေါ်လျှိုးထွက်လာကြပြီး ဤနတ်ဘုရားအကျဉ်းထောင်ထဲမှ ဒြပ်စပ်ငါးမျိုးကို ပဲ့တင်ပြန်စေသည်။ တစ်ချိန်တည်းမှာ သူက လက်မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းဆိုသလို ဝုန်းခနဲ မြည်ဟိန်းသံက အစောနက သူဖွင့်လှစ်ခဲ့သော ကမ္ဘာငယ်ထဲမှ ပဲ့တင်ထပ်လာသည်။ ဒြပ်စင်ငါးမျိုးတာအိုက ရွှီချင်း၏ လက်ညွှန်မှုအောက်မှာ ကမ္ဘာငယ်၏ အက်ကွဲကြောင်းမှတဆင့် အပြင်သို့ ပျံ့လွင့်သွားသည်။
ယင်းတို့က ကမ္ဘာငယ်၏ အပြင်ဘက်မှ ဒြပ်စင်ငါးမျိုးနှင့် ပေါင်းစပ်သွားပြီးနောက် ကောင်းကင်ဘုံတာအိုလက်တစ်ဖက်က ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။
အုပ်ချုပ်သူ၏ လက်ချောင်းက ရွှီချင်းပေါ်သို့ ကျဆင်းလာသည်နှင့်ချက်ချင်း ကောင်းကင်ဘုံတာအိုလက်က လက်ချောင်း၏ အရှေ့မှာ တိုက်ရိုက် ထွက်ပေါ်လာပြီး ၎င်းကို ဖမ်းဆုပ်လိုက်သည်။
ထို့နောက် ကမ္ဘာတုန်ဟီးစေနိုင်သော ပေါက်ကွဲသံက ထွက်ပေါ်လာသည်။
အုပ်ချုပ်သူ၏ လက်ချောင်းက ဒြပ်စင်ငါးမျိုးလက်ဖြင့် ထိတွေ့သွားသည့်အခါ တုန်ယင်သွားသည်။ နှစ်ဖက်စလုံးထံမှ နိယာမများ၏ အားပြိုင်မှုအောက်မှာ တိုးညင်းသော ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်လာကြပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားကြသည်။
သက်လတ်ပိုင်းအုပ်ချုပ်သူက ယင်းကို မအံ့ဩပေ။ ရွှီချင်းက သာမန်ကျင့်ကြံသူမဟုတ်ကြောင်း သူပြောနိုင်သည်။
ဤအခိုက်အတန့်မှာ သူက ညာလက်ကို မြှောက်လိုက်သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူက လက်ညှိုးမညွှန်တော့ပေ။ ယင်းအစား သူက ချိပ်တံဆိပ်လက်ဟန်တစ်ခုကို ဖွဲ့စည်းလိုက်ပြီး ရွှီချင်းပေါ်သို့ ဖိချလိုက်သည်။
ထိုသို့ဖိချမှုအောက်မှာ သူ၏ လက်ချောင်းများက လောကကိုးခုအဖြစ် ပြောင်းလဲသွားကြသည်။ ထိုမှတဖန် လောကကိုးခုက မိစ္ဆာကိုးကောင်အဖြစ် ဖွဲ့စည်းသွားကြသည်။
ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကိုးကောင်သည် တစ်ကောင်နှင့်တစ်ကောင် အသွင်သဏ္ဍာန်မတူညီကြချေ။
မိစ္ဆာတစ်ကောင်က ဗိုက်ပူပြီး အခြားမိစ္ဆာတစ်ကောင်က ကျောပေါ်တွင် တောင်တစ်လုံးကို ထမ်းပိုးထားသည်။ အခြားမိစ္ဆာတစ်ကောင်မှာ ခေါင်းနှစ်လုံးရှိပြီး ၎င်းက ပင်လယ်ကို လက်ထဲမှာ ဆုပ်ကိုင်ထားသည်။ အခြားမိစ္ဆာတစ်ကောင်၏ ခန္ဓာကိုယ်တွင် အရိုးများက ဆူးချွန်များအလား ထောင်မတ်နေကြသည်။ ၎င်းတို့ထဲမှ မိစ္ဆာတစ်ကောင်၏ ဘေးပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော သက်ရှိများက အော်ဟစ်ညည်းညူနေကြသည်။
ထိုမိစ္ဆာကိုးကောင်က ရုတ်တရက် ထွက်ပေါ်လာကြခြင်း ဖြစ်သည်။ ၎င်းတို့က ရက်စက်ကြမ်းကြုတ်စွာ မာန်ဖီလိုက်ကြပြီး ရွှီချင်းထံသို့ ဦးတည်သွားကြသည်။
ရွှီချင်းက ထိုမြင်ကွင်းကြောင့် မထိတ်လန့်သွားပေ။ အစောနက တိုက်ခိုက်မှုတွင် သူက တန်ပြန်သက်ရောက်မှုကြောင့် အနောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားခဲ့ရသည်။ ထိုသို့အနောက်ဆုတ်သွားနေစဉ်အတွင်း သူက လက်နှစ်ဖက်စလုံးဖြင့် ချိပ်တံဆိပ်လက်ဟန်များကို အမြန်ဖွဲ့စည်းလိုက်သည်။
သူခိုးခြောက်ယောက်လှည့်စားခြင်း တာအိုအမှတ်အသားများက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာကြပြီး ခွေးငါးကောင် အင်မော်တယ်ကာကွယ်ခြင်းက သူ၏ ခန္ဓာကိုယ်ထဲမှာ အသက်ဝင်လာသည်။
သူက ရှေးဘုရင်ရွှမ်ယုံခေတ်အတွင်းမှ တားမြစ်အင်မော်တယ်အတတ်ပညာများကို ထုတ်သုံးလိုက်သည်။
ထို့ပြင် သူက ထိုအင်မော်တယ်အတတ်ပညာများကို အန္တိမအင်မော်တယ်ခန္ဓာကိုယ်ဖြင့် အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ကမ္ဘာငယ်ထဲမှ ကိုးရက်အတွင်းမှာ ရွှီချင်းက တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားခဲ့သည်။ ယင်းမှာ အင်မော်တယ်အတတ်ပညာများကို အင်မော်တယ်ခန္ဓာကိုယ်ဖြင့် အသုံးပြုခြင်းက နတ်ဘုရားခန္ဓာကိုယ်ဖြင့် အသုံးပြုခြင်းထက် အများကြီး ပိုအစွမ်းထက်ခြင်း ဖြစ်သည်။
မည်သို့ဖြစ်ပါစေ အင်မော်တယ်အတတ်ပညာမဟာဧကရာဇ်က ကျင့်ကြံသူများအတွက် ယင်းတို့ကို အထူးတလည် ဖန်တီးခဲ့ခြင်းမဟုတ်ပါလော။
သို့ဖြစ်၍ သူ၏ အင်မော်တယ်ခန္ဓာကိုယ်ဖြင့် ယင်းတို့ကို အသုံးပြုလိုက်သည့်အခါ လိုအင်ဆန္ဒခြောက်မျိုးသည် ပုံရိပ်ယောင်စိတ်ခံစားချက်များသာ မဟုတ်တော့ပေ။ ယင်းအစား ၎င်းတို့က လိုဆင်ဆန္ဒခြောက်မျိုးပင်လယ်အဖြစ် ရွှီချင်း၏ အရှေ့မှာ ဖွဲ့စည်းသွားသည်။
လိုဆင်ဆန္ဒခြောက်မျိုးမှ ဖွဲ့စည်းသွားသော ပင်လယ်သည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့ပွားသွားပြီး ဝဲကတော့တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ဝဲကတော့က မြန်ဆန်စွာ လှည့်ပတ်သွားသည်။
ဝဲကတော့အတွင်းမှ လိုအင်ဆန္ဒခြောက်မျိုးက အပြန်အလှန် ထပ်ဆင့်လွှမ်းခြုံသွားကြပြီး အပြည့်အဝ ပေါ်လျှိုးထွက်လာကြသည်။
လူသားများမှာ လိုအင်ဆန္ဒများရှိပြီး မိစ္ဆာများ၏ လိုအင်ဆန္ဒများက လူသားများထက် ပိုပြီးပြင်းထန်သည်။
သို့ဖြစ်၍ မျက်စိတစ်မှိတ်အတွင်းမှာ မိစ္ဆာကိုးကောင်က တုန်ယင်သွားကြပြီး လိုအင်ဆန္ဒပင်လယ်၏ ဝါးမျိုခံလိုက်ရကြသည်။ တစ်ချိန်တည်းမှာ ရွှီချင်း၏ ခွေးငါးကောင် အင်မော်တယ်ကာကွယ်ခြင်းက ချက်ချင်း အသက်ဝင်လာသည်။
သဏ္ဍာန်မဲ့သော စိတ်ဆန္ဒတစ်ခုက သက်လတ်ပိုင်းအုပ်ချုပ်သူ၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်သွားသည်။
ယင်းက သူ၏ မှတ်ဉာဏ်များထဲမှာ ပုန်းအောင်းနေပြီး တစ်ဖက်လူ၏ စိတ်အာရုံကို ရှောင်ရှားလိုက်သည်။ ထို့နောက် အဖြူရောင်ဆံချည်မျှင်များက သူ၏ အသိစိတ်ပင်လယ်ထဲမှာ ထွက်ပေါ်လာပြီး ဝဲကတော့တစ်ခုကို ဖွင့်လှစ်လိုက်သည်။
တံခါးက ပွင့်သွားသည်။
ထို့နောက် လောဘခွေးက အထဲသို့ ဝင်လာသည်။
ထိုအဖြစ်အပျက်က သက်လတ်ပိုင်းအုပ်ချုပ်သူကို နှလုံးတုန်သွားစေသည်။ သူက မျက်မှောင်ကြုတ်လိုက်သည်။
ထိုသို့ထူးဆန်းသော မန္တန်များကို တစ်ခါမှ သူမမြင်ဖူးချေ။
“ စိတ်ဝင်စားစရာပဲ… အဲ့ဒါက မင်းနေထိုင်တဲ့ ကြယ်တာရာစက်ဝန်းဆီက တာအိုအတတ်ပညာတွေလား "