← Chapters

သိုင်းနတ်ဘုရား

Vol. 17 Ch. 247

သိုင်းနတ်ဘုရား

Vol. 17 Ch. 247

“ဒါတကယ် သံချပ်ကာတစ်ခုပဲလား။ အထဲမှာ လူမရှိဘူးလား”

လှံကိုင်သိုင်းသမား၏ စိတ်ဓာတ်များ ပျက်စီးသွားသည်။ လရောင်အောက်တွင် မီးတောက်များထိုးထွက်နေသည့် ရွှေရောင်သံချပ်ကာကို ‌ငေးစိုက်ကြည့်နေသည်။ မျက်လုံးတွင် အံ့ဩရိပ်အပြည့်။ သူ့ဘဝတစ်လျှောက် သိထားသည့် အသိအမြင်များ အစိတ်စိတ်အမွှာမွှာ ကြေမွသွားသလိုရှိသည်။

“ဘယ်သူမှမရှိဘူးဆိုမှတော့ သံချပ်ကာဝတ်ရုံသက်သက်ပဲပေါ့”

သိုင်းသမားအဘိုးအိုတစ်ယောက်က ဝမ်းနည်းရိပ်အပြည့်ဖြင့် လက်ထဲမှ ကျိုးပြတ်သွားသည့် ရေမီးတုတ်တံကို တစ်ချက်ကြည့်သည်။ ထို့နောက် သူ့ရှေ့မှလူငယ်ကို လှမ်းကြည့်သည်။

သူလေ့လာတတ်ကျွမ်းခဲ့သည့်သိုင်းပညာသည် ရိုးရှင်လွယ်ကူသောကြောင့် ဟုတ်မည်မထင်။ သူ့အသိဗဟုသုတနည်းပါးသောကြောင့် ဟုတ်မည်မထင်။ ထိုသံချပ်ကာသည် ဤလောကနယ်ပယ်မှ မဟုတ်သောကြောင့်သာဖြစ်မည်။ ကောင်းကင်လူသားများ ပိုင်ဆိုင်သောကြောင့်သာဖြစ်ရမည်။ သေမျိုးဖြစ်သည့် သူတို့လိုသိုင်းသမားများ ထိုသံချပ်ကာကို အနိုင်မယူနိုင်သည်မှာ မဆန်းလှ။

“ခင်ဗျား ဒီလိုပစ္စည်းမျိုး အရင်ကမြင်ဖူးလား”

တစ်ကြိမ်တိုက်ခိုက်ပြီးနောက် လှံကိုင်သိုင်းသမားက မကျေနပ်သည့်လေသံဖြင့် မေးသည်။

သံချပ်ကာအောက်တွင် သိုင်းပညာဆယ့်ရှစ်းမျိုလုံး ကျွမ်းကျင်သည့် သိုင်းပညာရှင်ကြီးတစ်ယောက်ရှိမည်ဟု သူယူဆထားသည်။ ခုနကရင်ဆိုင်တိုက်ခိုက်မှုသည် လှည့်ကွက်တစ်ခုဟုသာ သူယူဆသည်။ ထိုသို့မဟုတ်ခဲ့လျှင် အတော်စိတ်ဓာတ်ကျစရာကောင်းနေသည်။

“မင်းဘာတွေးနေလဲ ငါသိပါတယ်။ ထပ်တွေးမနေပါနဲ့။ သံချပ်ကာထဲမှာ ဘယ်သူမှမရှိပါဘူး။ မယုံဘူးဆိုရင် မင်းတိုက်ခိုက်ပြီးတဲ့အခါ စစ်ဆေးကြည့်ပါ”

“ဖြစ်ရောဖြစ်နိုင်လို့လား”

လှံကိုင်သိုင်းသမား အံ့အားသင့်သွားသည်။ ရှက်ဖို့ကောင်းလွန်းသည်။ ထိုသံချပ်ကာက တစ်နာရီအတွင်း သူ့သိုင်းပညာအားလုံးကို ကျွမ်းကျင်တပ်မြောက်၍ သူ့ကိုအနိုင်ယူသွားသည်။

“သူက ဒီလိုအသေးအဖွဲတွေကို ထည့်မတွက်ပါဘူး”

အဘိုးအို မျက်လုံးမှေးစင်းလျက် သူ့မိတ်ဆွေ ဓားနှစ်လက်သိုင်းသမားနှင့် တိုက်ခိုက်နေသည့် သံချပ်ကာကို စိုက်ကြည့်နေသည်။ တိုက်ခိုက်နေသည့် တောအုပ်တစ်ခုလုံး ပျက်စီးနေသည်။

“လာပြန်ပြီဟေ့၊ တကယ်ကြောက်စရာကောင်းတဲ့ ပါရမီမျိုးပဲ။ လောင်လီရဲ့ မေပယ်ဓားချက်ဆိုတာ သူ့သက်တမ်းတစ်ဝက်လောက် လေ့လာခဲ့ရတာ။ အခု ဟိုသံချပ်ကာက ဒီလောက်အချိန်တိုအတွင်းမှာ ကျွမ်းကင်တတ်မြောက်သွားပြီ”

“တကယ်ကြောက်စရာကောင်းတဲ့ ပါရမီပဲ။ သံချပ်ကာဝတ်စုံဖြစ်နေလို့သာပေါ့။ လူသာဆိုရင်တော့ တကယ်စိတ်ပျက်စရာကောင်းတဲ့ ပြိုင်ဘက်မျိုးပဲ”

လူသူအရောက်အပေါက်နည်းပါးသည့် ဤနေရာကို တမင်ရွေးချယ်ထားသည်။ ကိုယ်မှထွက်သည့် စွမ်းအင်ရောင်ဖြင့်ပင် တောနက်ထဲမှ ကျားများကျားသစ်များကိုတားဆီးနိုင်သည့် သိုင်းသမားများဖြစ်သည်။ ယခု နဂါးတစ်ကောင်လို လျင်မြန်စွာလှုပ်ရှားနေသည့် သံချပ်ကာသဏ္ဌာန်ကို ကြည့်နေကြသည်။ လေးစားမိကြသည်။ သို့သော် သူတို့စိတ်အတွေးကို မထိန်းချုပ်နိုင်ကြ။

“ဒီသိုင်းပညာရတနာဟာ တစ်ကြိမ်တိုက်ခိုက်ရုံနဲ့ ဘယ်လိုသိုင်းပညာကိုမဆို သင်ယူနိုင်တယ်။ ချက်ချင်းကျွမ်းကျင်သွားတယ်။ ဒီရတနာကိုသာ မိသားစုတစ်ခုက ပိုင်ဆိုင်ထားရင် နှစ်တစ်ရာအတွင်း တာ့ကျင်းကိုလွှမ်းမိုးနိုင်တဲ့ အင်အားကြီးမိသားစုတစ်ခု ဖြစ်လာမှာပဲ”

ထိုစကားကြောင့် တီးတိုးစကားသံများထွက်ပေါ်နေသည့် တောအုပ်တစ်ခုလုံး ငြိမ်ကျသွားသည်။ လက်နက်ချင်းထိခတ်သံများသာ ထွက်ပေါ်နေသည်။

“ခင်ဗျားတို့ဘာလို့ကျုပ်ကို အဲလိုကြည့်နေတာလဲ။ ကျုပ်က စကားအဖြစ်ပဲပြောလိုက်တာပါ”

အားလုံးက စိုက်ကြည့်လာသဖြင့် စကားမှားပြောမိသည့်သိုင်းသမား ကျောရိုးထဲမှ စိမ့်တက်လာသည်။ ချွေးပြန်လာသည်။ မလုံမလဲရယ်မော၍ အခြေအနေကို ရှင်းပြသည်။

“စကားအဖြစ်ပြောတာကောင်းပါတယ်”

အန့်ချင်းမြို့တော်၏ကြီးကြပ်သူက ထိုသိုင်းသမားကို ခပ်တင်းတင်းစိုက်ကြည့်သည်။

“မတွေးသင့်တဲ့အတွေးမျိုး မင်းမတွေးနဲ့။ မင်းကိုယ်မင်းရော မင်းနောက်ကလူတွေရော ဒုက္ခရောက်အောင်မလုပ်နဲ့။ သေချင်တယ်ဆိုရင် ကိုယ့်ဘာသာသတ်သေလိုက်”

“သခင်ချန်၊ ဒါက ကျုပ်မရည်ရွယ်ပဲ ပြောလိုက်မိတဲ့စကားပါ”

စကားမှားသွားသည့် သိုင်းသမား ကြောက်ချွေးပြန်လာပြီး ဦးညွှတ်တောင်းပန်လိုက်သည်။ ကွန်မန်ဒါချန်နှင့်သူသည် ကန်းရှအဆင့်သိုင်းသမားများဖြစ်‌သော်လည်း အနာဂတ်အလားအလာက ကွဲပြားသည်။ နှိုင်းယှဉ်၍ပင်မရ။

“ဒါဆို မရည်ရွယ်ပဲပြောမိတယ်လို့ပဲ ငါမှတ်လိုက်မယ်။ ဒါပေမယ့် ငါကြိုပြောထားမယ်။ ဒီသံချပ်ကာပိုင်ရှင်ရဲ့အကိုဟာ အခု တာ့ကျင်းကို ကိုင်လှုပ်နိုင်တဲ့လူမျိုးပဲ”

ကွန်မန်ဒါချန် နှာခေါင်းတစ်ချက်ရှုံ့၍ပြောသည်။ လက်ရှိသူ့ရာထူးအရ အစီရင်ခံစာများစွာကို ပုံမှန်ဖတ်ဖြစ်သည်။ တာ့ကျင်းတွင်ဖြစ်ပေါ်နေသည့် ထူးခြားသတင်းများကို သူသိသည်။

နန်းမြို့တော်မှ နယ်စပ်သို့ စေလွှတ်ခံရသည့် ထိုလူသားသည် မည်သည့်ကိစ္စမဆို သတ်ဖြတ်ခြင်းဖြင့်သာ ဖြေရှင်းခဲ့သည်။ နယ်ခံလူများကြားတွင် ထိုလူ၏ဂုဏ်သတင်းက တစ်နေ့တစ်ခြား ကျော်ကြားလာသည်။ ထိုအကြောင်း စုံစမ်းထားသည့် မိသားစုအတော်များများကလည်း ထိုလူအတွက် ကမ္ဗည်းတိုင်ထူး၍ ရှိခိုးပူဇော်နေကြသည်။

နည်းနည်းမငြိမ်သက်ဖြစ်ခဲ့သည့် မြောက်ပိုင်းနယ်စပ်သည် ထိုလူရောက်လာပြီးမှ ငြိမ်သက်သွားသည်။ မောက်မာထောင်လွှား၍ မြက်ခင်းလွင်ပြင်များဆီ တိုးဝင်လာသည့် လူရိုင်းဘုရင်များလည်း နောက်ဆုတ်မည့်အရိပ်အယောင် ပြလာသည်။

“ဟုတ်ကဲ့ ဟုတ်ကဲ့၊ သခင်သတိပေးတာ ကျေးဇူးတင်ပါတယ်။ ကျုပ်မှတ်ထားပါ့မယ်”

စကားမှားသွားသည့် သိုင်းသမား အတော်နောင်တရသွားသည်။ တစ်ခြားသိုင်းသမားများ သူနှင့်ဝေးဝေးခွာသွားသည်။ သူ့မိတ်ဆွေရင်းများပင် သူ့ကိုမျက်နှာလွှဲနေသည်။

သူ့အတွေးက သာမန်သာဖြစ်သည်။ ထိုသံချပ်ကာရတနာမျိုးကိုတွေ့လျှင် ဘယ်သူမဆို လိုချင်မက်မောကြမည်သာဖြစ်သည်။ သို့သော် သူက သူ့အတွေးကို မဆင်မခြင်ထုတ်ပြောမိသည်။

သိုင်းသမားက အောက်ကျို့တောင်းပန်သော်လည်း ကွန်မန်ဒါချန် သိပ်ကျေနပ်ပုံမရ။ ထိုပြိုင်ပွဲကို သူစီစဉ်ခဲ့ခြင်းဖြစ်သည်။ ပြဿနာတစ်စုံတစ်ရာပေါ်လာလျှင် သူ့ခေါင်းပေါ် ရောက်လာမည်။ မြောက်ပိုင်းနယ်စပ်ကို လွှမ်းမိုးထားသည့် သခင်ချန်ဝမ်(ဖုန်ချင်ပင်း)ကို စော်ကားမိသည့်အဖြစ်မျိုး သူမလိုချင်။

ပြိုင်ပွဲကွင်းနှင့် မိုင်ငါးဆယ်ခန့်ဝေးသည့် တိတ်ဆတ်အေးချမ်းသည့် အန့်ချင်းမြို့ခြံဝန်းတစ်ခုတွင် မီးငှက်များ အတောင်ဖြန့်၍ ပျံဝဲနေသည်။ နူးညံ့ပျော့ပျောင်းသည့် နွယ်ပင်များက မြွေလိမ်မြွေကောက်ပမာ နံရံနှင့် ထုပ်တန်းများပေါ် ယှက်လိမ်ထိုးတက်နေသည်။ မက်မွန်ပင်နှင့် ဇီးပင်များ အကိုင်းအခက်ဖြန့်ကျက်၍ တစ်နေ့တစ်ခြား ကြီးထွားနေသည်။ စိမ်းစိုသည့် သစ်ရွက်များနှင့် ဖွံ့ထွားသည့်သစ်သီးများကို မွေးထုတ်ပေးနေသည်။

ခြံထဲမှလူငယ်၏စိတ်တွင် တောင်တန်းတောနက်ချိုင့်ဝှမ်းတစ်ခုထဲသို့ ရောက်နေသလို ခံစားရသည်။ သူ့ခြေလက်များကို အကြောတစ်ချက်ဆန့်ထုတ်လိုက်သည်။ ထိုခြေလက်များသည် ဓားသဖွယ်ဖြစ်လာသည်။ တစ်ခါတစ်ရံ လက်နှစ်ချောင်းဖြင့် ဓားရိပ်ကိုဖန်တီးသည်။ သူလမ်းလျှောက်သည့်နေရာတိုင်း မာကျောသည့် အုတ်ခင်းများ ကြေမွသွားသည်။ အရိုင်းဆန်ဆန် ပေါက်ရောက်ပျံ့နှံ့နေသည့်နွယ်ပင်များ အပိုင်းပိုင်း ပေါက်ကွဲထွက်သွားသည်။

“အင်း...အတော်အံ့ဩစရာကောင်းတာပဲ”

All Chapters