လှိုင်းမြစ်သခင် (၂)
Vol. 17 Ch. 252
မြစ်သခင်တို့သည် လူသားမျိုးနွယ်တို့ဘဝအတွက် အရေးပါသည်။ မြစ်သခင်တို့အပေါ် ကိုးကွယ်ယုံကြည်မှုလည်း အခိုင်အမာရသည်။ ထို့ကြောင့် လှိုင်းမြစ်သခင်၏ရာထူးသည် အမြဲတမ်း လုံခြုံဘေးကင်းခဲ့သည်။
သို့သော် မြစ်ကမ်းနှစ်ဘက်လူသားများအပေါ် တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ပေးခဲ့သည့် ထိုလှိုင်းမြစ်သခင်သည် စန့်ကျန်းမြစ်သခင် သေဆုံးပြီးနောက် ပုံစံပြောင်းသွားသည်။
မြစ်သခင်တာဝန်ကို ပုံမှန်ထမ်းဆောင်နေသေးသော်လည်း ကမ်းနှစ်ဘက်မြို့ရွာများက လိုအပ်သည့် မိုးရေပမာဏကို ပေးအပ်ရတွင် နည်းနည်းမူမမှန်ဖြစ်လသည်။ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဟု ထင်ရသည်။ သို့သော် သီးနှံအထွက်နှုန်းတွင် သိသိသာသာပြောင်းလဲလာသည်။
ရာသီဥတုမူမမှန်သဖြင် ရှောက်ပြည်နယ်သီးနှံအထွက်နှုန်း နှစ်စဉ် လျော့ကျလာသည်။ ယခုနှစ်နွေဦး လယ်ယာထွန်ယက်စိုက်ပျိုးချိန်ကို ကျော်လွန်ခဲ့သည်မှာ သိပ်မကြာသေး။ သို့သော် မိုးရေရရှိမှုပမာဏ မနှစ်ကထက်ပင် ပိုလျော့သွားသည်။
အစပိုင်းတွင် ပြည်နယ်အရာရှိတစ်ချို့ ကိုယ့်စီးပွားအတွက် လာဘ်စား၍ စာရင်းဖျောက်သဖြင့် ထိုသို့ဖြစ်ရသည်ဟု တာ့ကျင်းနိုင်ငံအထက်အရာရှိများ သံသယဝင်ခဲ့သည်။ သို့သော် သေချာစုံစမ်းကြည့်ပြီးနောက် ထိုပြဿနာက အရာရှိများကြောင့်မဟုတ်ကြောင်း သိလာရသည်။
လာဘ်စားသည့်အရာရှိများ ရှိပါသည်။ သို့သော် သီးနှံထွက်ကုန် အနည်းအကျဉ်းကိုသာ စားရင်းဖျောက်ရဲသည်။ ရှောက်ပြည်နယ်၏ သီးနှံနှစ်ဆယ်ရာနှုန်းလျော့သွားလောက်အောင် စာရင်းဖျောက်ရဲမည်မဟုတ်။
သီးနှံအအထွက် လျော့ကျလာသဖြင့် သူတို့စာရင်းဖျောက်နေကျ ပမာဏလောက်ကိုပင် စာရင်းမဖျောက်ရဲကြတော့။ အထက်က လာစုံစမ်းလျှင် သူတို့ခေါင်းပေါ်ရောက်လာမည်။ သို့သော် ထိုကိစ္စများလည်း ဘူးပေါ်သလိုပေါ်လာသည်။
ပြဿနာရင်းမြစ်က လယ်ကွင်းများဖြစ်သည်။ သူတို့မဟုတ်။ လှိုင်းမြစ်မှ ရနိုင်သည့်မိုးရေကို မမြင်နိုင်သည်အင်အားစုများက ကြားဖြတ်ယူထားကြသည်။ မြစ်သခင်က လူသားများလိုအပ်ချက်အတိုင်း မိုးရွာပေးသော်လည်း ယခင်နှစ်များနှင့်စာလျှင် မိုးရေပမာဏ များစွာလျော့ကျသွားသည်။
မြစ်သခင်၏ဖခင် စန့်ကျင်းနဂါးသည် လူသားမျိုးနွယ်၏ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ထို့ကြောင့် ထိုမြစ်သခင် လူသားမျိုးနွယ်အပေါ် သူ့နာကျည်းချက် နည်းနည်းထုတ်ပြသည်မှာ အဆန်းတကျယ်မဟုတ်။
သို့သော် သူထိန်းချုပ်နေသည့်မြစ်က လူသားမျိုးနွယ်အတွက် များစွာအရေးပါသည်။ နာကျည်းချက်နည်းနည်းလေးသည် လူသန်းချီအပေါ် ကြီးမားသည့်အကျိုးသက်ရောက်မှုရှိသည်။
လက်ရှိသီးနှံအထွက်နှုန်းက များသေးသော်လည်း ထိုသို့ဆက်လျော့ကျလာလျှင် နိုင်ငံသီးနှံသိုလှောင်မှုကို ထိခိုက်မည်။ ကပ်ဆိုးတစ်ခု ကျလာပြီး စုဆောင်းသီးနှံမရှိလျှင် အငတ်ဘေးဆိုက်လာမည်။
ဒေသခံအရာရှိများ ထိုသီးနှံပြဿနာအပေါ်စိုးရိမ်ကြသည်။ နတ်မင်းများ ဝိညာဉ်များထံ အကူအညီတောင်းကြသည်။ သို့သော် ထိုနတ်များလည်း ဘာမှမတတ်နိုင်။ ကူညီချင်သည့်တိုင် ကူညီနိုင်စွမ်းမရှိ။
စွမ်းအားမြင့်နတ်ဘုရားများ နတ်မင်းများ နတ်ဘုရားများသည် မိုးရွာအောင် ဖန်တီးနိုင်ပါသည်။ သို့သော် ထိုအစွမ်းတွင် မြစ်ရေနဂါးသခင်နှင့် ယှဉ်၍မရ။
ရှောက်ပြည်နယ်အရာရှိများ နတ်ဘုရားများ နတ်မင်းများ လက်လျှော့ရမလိုဖြစ်နေသည်။ သီးနှံအထွက်နှုန်းလျော့ကျမှုက သည်ခံနိုင်သည့်အတိုင်းအတာအတွင်း ရှိနေသဖြင့် အံကြိတ်၍ အားတင်းထိန်းထားကြရသည်။
သို့သော် ပိုင်လန်မြစ်နဂါးသတ်ဖြတ်ခံရသည့်သတင်းကို အန့်ချင်းမြို့တော်မှ သတင်းဖြန့်လိုက်သဖြင့် ရှောက်ပြည်နယ်နတ်မင်းများ အစီအစဉ်တစ်ခု ဆွဲကြသည်။ ရေနဂါးကို သူတို့ဘာမှမလုပ်နိုင်သော်လည်း လုပ်နိုင်သူများ ရှိနေသည်။
ထို့ကြောင့် နတ်ဘုရားများ နတ်မင်းများ နေရာတိုင်းတွင် နားစွင့်၍ ဖုန်သခင်လေးကို ရှောက်ပြည်နယ်သို့ဖိတ်ခေါ်နိုင်ရန် အကြံထုတ်နေကြသည်။ ဖြစ်နိုင်လျှင် ဖုန်ချင်အန်းကို လှိုင်းမြစ်သခင်နှင့် ညှိနှိုင်းဆွေးနွေး၍ မိုးရေကိစ္စဖြေရှင်းစေချင်သည်။
သီးနှံအထွက်လျော့ကျခြင်းသည် တိုင်းပြည်အခြေခံအင်အားနှင့် လူသားဘဝအပေါ် သက်ရောက်မှုရှိသည်။ ဆယ်ယောက်စာ စားနိုင်သည့်လယ်ယာက ကိုးယောက်စာသာ အထွက်နှုန်းရှိသည်။ ဝေမျှစား၍ မရ။ အသက်ဆက်ရုံစားရသည့်ပမာဏမျိုးကို ဆိုလိုခြင်းဖြစ်သည်။ လူတစ်ယောက်က ဆာလောင်ငတ်မွတ်မှုကြုံရမည်။ စားစရာခွဲတမ်းမရနိုင်။
ထိုအခြေအနေကို မရိုးမသားစိတ်ရှိသည့် ကုန်သည်များက အမြတ်ထုတ်မည်ဆိုလျှင် ကြီးမားသည့် ကပ်ဆိုးဖြစ်လာမည်။ အငတ်ဘေး အစပြုလာမည်။
“သခင်လေး၊ ရှောက်ပြည်နယ်ကို သွားမှာလား”
အိမ်ထိန်းကျောက်က ဖုန်ချင်အန်းကို မေးသည်။ နတ်မင်းများ စားသောက်ပွဲတွင် သူရှိနေခဲ့သည်။ အခြေအနေကို နားလည်သည်။
သူ့လိုသိုင်းသမားအတွက် မြစ်သခင်များ တောင်တန်းနတ်ဘုရားများဆိုသည်မှာ ဒဏ္ဌာရီဆန်သည့် ဖြစ်တည်မှုများသာဖြစ်သည်။ လက်လှမ်းမမီ။
ရေထဲမှနဂါးများ တောထဲမှ သားရဲများကို အနိုင်ယူတိုက်ခိုက်နိုင်သည့် နတ်ဆေးအဆင့်သိုင်းသမားဆိုသည်မှာလည်း ပုံပြင်ထဲတွင်သာ ကြားဖူးသည်။ သူတစ်ခါမှ မမြင်ဖူးပေ။
“အင်း၊ ဒီနေ့အနားယူပြီး မနက်ဖြန်စထွက်မယ်”
ဖုန်ချင်အန်း ဆုံးဖြတ်ချက်ချသည်။ သူ့ခရီးဦးတည်ရာက အတည်တကျမရှိ။ ရောက်လေရာခရီးဆန့်နေခြင်းဖြစ်သည်။ ယခု နတ်မင်းများက သူ့ကိုယုံကြည်စါာ တောင်းဆိုလာသည်။ အခြေအနေသွားစစ်ဆေးကြည့်မည်။ သူ့အတွက် ပြဿနာသိပ်မရှိ။
“ဒါပေမယ့်သခင်လေး၊ အခုတွေ့ရမှာက မြစ်သခင်နော်”
အိမ်ထိန်းကျောက် သတိပေးသည်။
“မြစ်သခင်လေးပါပဲ။ ကျုပ် တစ်ယောက်သတ်ခဲ့ပြီးပြီ။ စားလည်းစားကြည့်ခဲ့ပြီးပြီ”
ဖုန်ချင်အန်း ပုံမှန်လေသံဖြင့် ပြန်ဖြေသည်။
သူ့နောက်လိုက်စစ်သည်များ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ပါးစပ်အဟောင်းသားဖြစ်နေသည်။ အိမ်ထိန်းကျောက် ဘာမှဆက်မပြောတော့။ သူ့မျက်လုံးတွင် လေးစားရိပ်များပြည့်နေသည်။ ထိုသခင်လေးတွင် သူတို့နားမလည်နိုင်သည့် နည်းလမ်းများ အစီအစဉ်များ ရှိနေမည်မှာ သေချာသည်။
“ဒါဆိုကျုပ် အခုပဲ အစီအစဉ်တွေ သွားလုပ်လိုက်ပါမယ်”
“ကောင်းပြီလေ၊ လုပ်လိုက်ပါ”
ဖုန်ချင်အန်း ခပ်အေးအေးပြန်ပြောသည်။ ထို့နောက်တွင် စန်းမြောင်က ခန်းမထဲသို့ရောက်လာသည်။
“သခင်လေး မြစ်သခင်ကို ရင်ဆိုင်နိုင်မယ်လို့ တကယ်ယုံကြည်ချက်ရှိလို့လား”
“သိပ်မသေချာဘူး”
ဖုန်ချင်အန်း နဖူးကိုပွတ်နေသည်။ မြစ်သခင်ချင်းတူတေသာ်လည်း လှိုင်းမြစ်သခင်နှင့် ပိုင်လန်မြစ်သခင်သည် နှိုင်းယှဉ်၍မရ။ လှိုင်းမြစ်သခင်က ကမ်းနှစ်ဘက်မှလူသားများ၏ ရှိခိုးပူဇော်မှုများစွာ ရရှိထားသူဖြစ်သည်။
မြေအနေအထားကိုကြည့်ရုံဖြင့် မြစ်သခင်ညီအကိုနှစ်ယောက် အဆင့်အတန်းမတူမှန်း ဖုန်ချင်အန်း နားလည်သည်။
“ဒါဆို သွားဖို့စိတ်ကူးရှိသေးလား”
စန်းမြောင်နားမလည်နိုင်အောင် ဖြစ်ရသည်။ ဖုန်ချင်အန်း မြစ်သခင်ကို ရင်ဆိုင်နိုင်သည့် နည်းလမ်းရှိလျှင် စီးတော်မြင်းအဖြစ် သူလိုက်ပါလိုသည်။ တစ်နေ့လျှင် မိုင်ထောင်ချီ သွားရသည်ဖြစ်စေ ရှောက်ပြည်နယ်သို့ အရောက်ပို့ပေးမည်။
“အခြေအနေကြည့်သေးတာပေါ့။ ရွေးချယ်စရာမရှိဘူးရယ်တော့ မဟုတ်ပါဘူး။ အဲဒီ့မြစ်သခင် တရားလွန်လွန်းလာရင် ငါသူ့ကိုသတ်ဖို့ အခွင့်အရေးရနိုင်ပါတယ်”
ထိုမြစ်သခင် အင်အားကြီးမှန်းသိသော်လည်း သူ့ကိုသတ်ဖို့ ဖုန်ချင်အန်းတွင် နည်းလမ်းတစ်ခုမက ရှိနေသည်။ ထိုသိုလုပ်ဖို့ ထိုက်တန်မှုရှိမရှိ၊ အသုံးချ၍ရမရသာ သူတွက်ဆရမည်။
“သခင်၊ လှိုင်းမြစ်သခင်ကို သတ်ချင်တယ်ဆိုရင် ကျုပ်ကိုလည်း အတူခေါ်သွားပေးပါ”
“စိတ်မပူပါနဲ့။ မင်းအကူအညီလိုတယ်ဆိုရင် ငါချက်ချင်းပြောပါ့မယ်”
ဖုန်ချင်အန်း ပြုံးလိုက်သည်။ မြေအောက်လောကမှ ယုဟွမ်သခင်မ၏ စွမ်းအား၊ သူ့အကိုပေးသည့် နဂါးသတ်ဓားတို့နှင့်ယှဉ်လျှင် စန်းမြောင်သည် သိပ်အသုံးမဝင်လှပါ။ သို့သော် သူထုတ်မပြော။
“ကျေးဇူးတင်ပါတယ် သခင်”
စန်းမြောင် နဂါးမျိုးနွယ်ကို မကျေနပ်သည်မှာမဆန်းသည်။ လှိုင်းမြစ်သခင်သည် သူ့ဖခင်ကိုသတ်ခဲ့သည့်ရန်သူ့မျိုးနွယ်ဖြစ်သည်။ တိုက်ရိုက်မပါဝင်ခဲ့သော်လည်း ဟုန်ရှီ၏ အင်အားကြီးနောက်ခံတစ်ယောက်ဖြစ်ခဲ့သည်။
“အန်း”
စန်းမြောင်ထွက်သွားပြီးနောက် သူ့အင်္ကျီလက်ထဲမှ ရွှေရောင်ရေနဂါး ထွက်လာသည်။ ပျော်ရွှင်စွာ အော်မြည်၍ ဖုန်ချင်အန်းကိုကြည့်သည်။
ပင်လယ်ထိန်းချုပ်ခြင်းတံဆိပ်။ အရိုင်းပင်လယ် လက်နက်ဘုရင်ကိုးပါးတွင်ပါဝင်သည့် ရတနာ။
ထိုရတနာကို နဂါးသံချပ်ကာ တောင့်တနေသည်။ အခွင့်အရေးပေါ်လာသည်နှင့် မမေ့မလျော့ သတိပေးလာသည်။ သူ့သခင်သည် လှိုင်းမြစ်သခင်ကို ရင်ဆိုင်ဖို့ စိတ်ကူးမရှိ။ သို့သော်ယခု ရန်သူက ကိုယ်တိုင်တံခါးလာခေါ်သည်။
“အတော်လောဘကြီးတဲ့ကောင်ပဲ”
ရည်ရွယ်ချက်ကြီးမားသည့် နဂါးလေး၏ဦးခေါင်းကိုပုတ်၍ သူစနောက်လိုက်သည်။
“မင်းမလိုချင်တာ ဘာများရှိသေးလို့လဲကွာ”
“အန်း”
“ဟုတ်ပါပြီ၊ ငါသိပါပြီ။ အခွင့်အရေးပေါ်လာရင် မင်းအတွက်လုပ်ပေးမှာပေါ့။ နတ်ဘုရားတွေဟာ ဖြောင့်မတ်တဲ့လူတွေကို သဘောကျတယ်။ ဒီမြစ်သခင် အကျင့်ယုတ်ရင် သူ့ရတနာကို ဆုံးရှုံးရမှာပါ”
စကားပြောနေရင်း သံချပ်ကာကို တစ်ချက်ကြည့်လိုက်သည်။
ငါးခုမြောက်ဝိညာဉ်စာချုပ် - ရေနဂါး
မျိုးနွယ် - ဝိညာဉ်ဆက်သွယ်ရတနာသံချပ်ကာ)
ဗီဇ - ဝိညာဉ်၊ နဂါး၊ ရေ၊ မိုးကြိုး
စွမ်းရည် - မိုနာ့၊ အလတ်တန်း
တိုက်ခိုက်စွမ်းအား - ကွန်မန်ဒါ၊ ထိပ်တန်း
သို်ငးသမားများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရသဖြင့် ထိုနဂါး များစွာအကျိုးရှိခဲ့သည်။ တိုက်ခိုက်စွမ်းအားမြင့်တက်လာသည်။ စွမ်းရည်လည်း သိသိသာသာတိုးလာသည်။
သူသာမဟုတ်။ တောင်နက်နှင့် ပိုင်ယော်လည်း တိုးတက်မှုများစွာ ရှိခဲ့သည်။
ပထမဝိညာဉ်စာချုပ် - တောင်နက်
မျိုးနွယ် - တောင်တန်းဝံပုလွေ
ဗီဇ - နတ်ဆိုး၊ သားရဲ
စွမ်းရည် - မိုနာ့၊ အလတ်တန်း
တိုက်ခိုက်စွမ်းအား - ကွန်မန်ဒါ၊ ထိပ်တန်း
တောင်နက်က အဆင့်မတက်ဘဲ ဖိနှိပ်ထားသေးသည်။ သို့သော် အဆင့်တက်ခါနီးဖြစ်နေသည်။ သူ့စွမ်းရည်အဆင့် နောက်ထပ်တိုးလာသည်။ ပိုင်ယောက်လည်း ဖုန်ချင်အန်းနောက်သို့ စလိုက်ခဲ့သည့် အချိန်မှစ၍ လုံးဝပြောင်းလဲသါားသည်။
မျိုးနွယ် - ဝိညာဉ်ဝံပုလွေ
ဗီဇ - ဝိညာဉ်၊ သားရဲ
စွမ်းရည် - မိုနာ့၊ အခြေခံ
တိုက်ခိုက်စွမ်းအား - ကွန်မန်ဒါ၊ ထိပ်တန်း