← Chapters

ယာယီနတ်စွမ်းအား

Vol. 18 Ch. 258

ယာယီနတ်စွမ်းအား

Vol. 18 Ch. 258

ကုသိုလ်ကောင်းမှုပြုနေသည့် မိသားစုတစ်ခုသည် ကောင်းချီးအဆက်မပြတ် ရနေပေလိမ့်မည်။

“ကျိုးသခင်လေး၊ ခင်ဗျားမိသားစု ဒီလောက်ကြီးပွားတိုးတက်နေတာ မဆန်းတော့ပါဘူး။ ခင်ဗျားအဖေက တကယ့်လူကောင်းတစ်ယောက်ပါပဲ”

ဒေသခံ လူဆင်းရဲ ကလေးသူငယ်များအတွက် ကျိုးမိသားစု စီစဉ်ထားပုံများကိုကြည့်၍ ဖုန်ချင်အန်းနောက်လိုက် မုတ်ဆိတ်သိုင်းသမားက ချီးမွှမ်းသည်။

“သူက လူကောင်းရယ်လို့မဟုတ်ပါဘူး။ မြာပွေတဲ့လူပါ။ သူ့အသက်အရွယ်တောင် မထောက်ဘဲ ကိုယ်လုပ်တော်တွေအများကြီး ယူထားတယ်လေ”

“ဘယ်နှစ်ယောက်လဲ”

“သုံးဆယ့်ခြောက်ယောက်ပါ”

“ခင်ဗျားအဖေက တကယ်အသက်ကြီးလေစွမ်းလေပါလား”

“ကဲ...အချိန်ဖြုန်းမနေနဲ့တော့ ခင်ဗျားမိသားစုရြ့ မြင်းဇောင်းက ဘယ်မှာလဲ။ တစ်ခြားကိစ္စတွေကို ကောင်တီရုံးတော်က ပြန်လာမှဆက်လုပ်ကြတာပေါ့”

“ကောင်းပါပြီ”

သူတို့ရှစ်ယောက် အဝတ်နက်များ လဲဝတ်ကြသည်။ ဖုန်ချင်အန်းတစ်ယောက်သာ အဖြူရောင်နဂါးဝတ်ရုံကို ဝတ်သည်။ သိုင်းသမားကိုးယောက် ကျိုးအိမ်တော်မှ မြင်းစီးထွက်ပြီး ကောင်တီရုံးတော်သို့ သွားသည်။ ဖြူနက်ဝံပုလွေနှစ်ကောင်လည်း လိုက်လာသည်။

“ကျိုးမိသားစုသခင်လေး”

ပင်တူကောင်တီအပြင်ဘက်၎ှ မြို့စောင့်တပ်များ လိမ့်လာသည့်ဖုန်လုံးများကို မော့ကြည့်၍ သတိအနေအထားဖြစ်သွားကြသည်။ ခေါင်းမော့ရင်ကော့စီးနင်းလာသည့် မြင်းသမားကိုးယောက်ကိုမြင်သည်နှင့် မျက်နှာအကြီးအကျယ် ပျက်သွားသည်။

လူချမ်းသာမိသားစုမှ လူငယ်သခင်လေးများ အမဲလိုက်ထွက်လာမှန်း သိသာသည်။ သို့သော် မြင်ရသည့်မြင်ကွင်းက နည်းနည်းထူးဆန်းနေသည်။ ရှေ့မှဦးဆောင်လာသည့် မြင်းစီးသူရဲကောင်းရှစ်ယောက်ဟန်ပန်က ကျိုးယိယန်နှင့် ဆင်တူသည်။

ကျိုးမိသားစုသည် ပင်ဝူကောင်တီတွင် နံပတ်တစ်လူချမ်းသာမိသားစုဖြစ်သည်။ ဩဇာလွှမ်းမိုးမှုကြီးမားသည်။ ကောင်တီရုံးတော်ပင် သူတို့ကိုလေးစားရသည်။

“မြင်းပေါ်က ဆင်းပေးပါ။ မြို့တော်ထဲမှာ မြင်းစီးတာကို တားမြစ်ထားပါတယ်”

ကျိုးမိသားစုဝင်မှန်းသိသဖြင့် မြို့တော်အစောင့်များ သတိပေးသည်။ မိသားစုဝင်များ အပြင်ထွက်လျှင်လည်း စည်းမျဉ်းစည်းကမ်းလိုက်နာကြသည်။ တစ်ခြားလူချမ်းသာမိသားစုမှ သားသမီးများနှင့်မတူ။

ယနေ့ ခါတိုင်းထက် နည်းနည်းထူးဆန်းနေသော်လည်း ကျိုးမိသားစုဝင်ဖြစ်နေ၍ မြို့တော်စည်းကမ်းကို အော်ဟစ်သတိပေးခြင်းဖြစ်သည်။

“လမ်းဖယ်စမ်း”

မုတ်ဆိတ်သိုင်းသမားက ရှည်လျားသည့် မြင်းကြာပွတ်ကို ဝှေ့ယမ်းလိုက်သည်။ မြို့စောင့်စစ်သားများကို မထိသော်လည်း လေတိုးသံက ပဲ့တင်ထပ်သွားသည်။ ထိုအားလှိုင်းတစ်ခုတည်းဖြင့် ဘေးသို့လွင့်သွားကြသည်။ သာမန်မြို့သူမြို့သားများက မြင်းခွာသံကြားသည်နှင့် ဘေးသို့အလိုက်တသိ ဆုတ်သွားကြပြီးဖြစ်သည်။

ဖုန်ချင်အန်းတို့အဖွဲ့ ပင်ဝူမြို့ထဲသို ပြောင်ပြေင်တင်းတင်းဝင်လာသည်။ ကျိုးယိယန်က ကောင်တီရုံးတော်နေရာသို့ ဦးဆောင်ခေါ်သွားသည်။ လမ်းတစ်လျှောက် ချက်ချင်းလူရှင်းသွားသည်။ ကောင်တီရုံးတော်အစောင့်တစ်ချို့သာ ကျန်ရစ်ခဲ့သည်။

“ရပ်စမ်း၊ မင်းတို့ဘာလုပ်နေတာလဲကွ”

ကျောက်ခင်းလမ်းပေါ် နင်းလျှောက်လာသည့် မြင်းခွာသံများကြောင့် ရုံးတော်တံခါးစောင့် ထိတ်လန့်သွားသည်။ ထိုလူများသည် ကောင်းသောလာခြင်းမဟုတ်နိုင်။

ကျိုးယိယန် ဖုန်ချင်အန်းကိုလှည့်ကြည့်၍ ရှေ့ဆက်လှုပ်ရှားရန် အမိန့်စောင့်နေသည်။

“အထဲဝင်သွားပြီး ဟိုဝက်ကို ဆွဲထုတ်ခဲ့။ ကြိုးတစ်ချောင်းလည်း ရှာခဲ့ပါ”

ဖုန်ချင်အန်း ခပ်အေးအေးအမူအရာဖြင့် ပြောလိုက်သည်။ သူကိုယ်တိုင်ဝင်သွားဖို့ စိတ်ကူးမရှိ။

တံခါးဝမှ ဆူဆူညံညံအသံများကြောင့် လမ်းတစ်လျှောက်မှ ပွဲကြည့်ပရိတ်သတ်များ ကောင်တီရုံးတော်သို့ ဦးတည်လျှောက်လာကြသည်။ သဘာဝအလျောက် လူစိတ်ဝင်စားစရာဖြစ်နေသဖြင့် ထိုအာရုံကို လွန်ဆန်နိုင်ဖို့ ခဲယဉ်းသည်။ အထူးသဖြင့် ဖုန်ချင်အန်းတို့လူစုက ကောင်တီရုံးတော်ကို ပြဿနာရှာရန်လာခြင်း ဖြစ်သောကြောင့် စိတ်ဝင်စားခြင်းဖြစ်သည်။

“နားလည်ပါပြီ”

အိမ်ထိန်း‌ကျောက်နှင့် ကျိုးယိယန်အပါအဝင် သိုင်းသမားကိုးယောက် ကျားရဲများသဖွယ် ရုံးတော်အစောင့်များထံ ချီတက်သွားကြသည်။ အစောင့်များ ဒေါသတကြီး အော်ဟစ်တားဆီးရုံသာ တတ်နိုင်ပြီး ဘေးသို့ အမြန်ခုန်ရှောင်ကြရသည်။

“မင်းတို့ဘာလုပ်နေတာလဲ။ ဒါကောင်တီအစိုးရရုံးကွ”

“ဆက်တိုးမလာနဲ့နော်။ မင်းတို့က ပုန်ကန်ဖို့ကြိုးစားနေတာလား”

“မင်းတို့တစ်မျိုးလုံးတစ်ဆွေလုံး ကွပ်မျက်ခံရမှာကို မကြောက်ဘူးလားကွ”

မည်သို့ပြောသည်ဖြစ်စေ သိုင်းသမားများက အရေးမစိုက်။ အစောင့်များကို တမင်တကာ ချန်ထားပြီး ရှေ့ဆက်တိုးသွားသည်။

“ဘာတွေဖြစ်နေတာလဲ”

“အရှင်းကြီးပဲလေကွာ။ သခင်လေးရဲ့လူတွေက အ‌စောင့်စစ်သားတွေက အစောင့်စစ်သည်တွေကို တိုက်ခိုက်နေကြတာလေ”

“သူတို့က ပုန်ကန်နေတာလား”

“ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီလောက်လူနည်းနည်းလေးနဲ့ ဘယ်လောက်အတိုင်းအတာထိ ပုန်ကန်နိုင်မှာလဲ”

“သခင်ကျိုးယိယန်က သူတို့ခေါင်းဆောင်ဖြစ်မယ်”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ကျိုးမိသားစုကလူလည်း ပါတယ်ဟေ့။ ကျိုးမိသားစုကသာ ပုန်ကန်တာဆိုရင်တော့...”

“မဖြစ်နိုင်ပါဘူးကွာ၊ ကျိုးမိသားစုက အမြဲတမ်း ဥပဒေလိုက်နာပါတယ်။ ပုန်ကန်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ စိတ်ထင်ရာလျှောက်ပြောမနေကြနဲ့”

လမ်းဘေးနှစ်ဘက်မှ ရုံးတော်သို့ဦးတည်လျှောက်လာသည့် ပွဲကြည့်ပရိတ်သတ်များ တဖြေးဖြေးများလာသည်။ မကြုံစဖူးမြင်ကွင်းဖြစ်သည်။ အစောင့်စစ်သားများထံ စိတ်ဝင်တစား တိုးကပ်သွားသည်။ အဖြစ်အပျက်ကို အနီးကပ်ကြည့်နိုင်ရန် ကြိုးစားကြသည်။

အခြေအနေကို သူတို့နားမလည်သေး။ ကောင်တီတရားသူကြီးက အင်အားကြီးသည့်လူတစ်ယောက်ကို သွားစော်ကားမိ၍ ပုန်ကန်မှုဖြစ်လာသည်ဟု ယူဆကြသည်။

ကောင်တီ၏အင်အားအကြီးဆုံး ကျိုးယိယန်ပင် နောက်လိုက်ဘဝရောက်သွားသည်ဆိုလျှင် တရားသူကြီးစော်ကားမိသူမှာ အလွန်လွှမ်းမိုးနိုင်စွမ်းရှိသည့်လူတစ်ယောက် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကပ်ဆိုးရောက်လာခြင်းဖြစ်မည်။

ထိုသို့ကောက်ချက်ချကြပြီးသည်နှင့် အတော်များများ လက်ခုပ်လက်ဝါးတီး၍ ပျော်ရွှင်နေကြသည်။ နှစ်နှစ်လုံး သူတို့ကို အဆက်မပြတ်နှိပ်စက်ခဲ့သည့် ကောင်တီတရားသူကြီး၏ ကျဆုံးခန်းကို ကြည့်ချင်နေကြသည်။

“ရပ်စမ်း၊ ငါ့ကိုအခုချက်ချင်းလွှတ်စမ်း။ ငါဘယ်သူလဲ မင်းတို့သိလားကွ”

“ငါက မင်းကြီးကိုယ်တိုင်ခန့်အပ်ထားတဲ့ အဆင့်ခုနစ်ကောင်တီတရားသူကြီးပဲ။ ငါ့ကိုစော်ကားရင် တိုင်းပြည်ကိုပုန်ကန်တာနဲ့အတူတူပဲ။ မင်းတို့ ခေါင်းပြတ်သွားချင်လား”

“ကျုပ်ကို လွှတ်ပေးပါ။ ခင်ဗျားတို့ ကျုပ်ကိုလွှတ်ပေးရင် ဘာမှမဖြစ်ခဲ့သလို ကျုပ်ဟန်ဆောင်လိုက်ပါ့မယ်”

All Chapters