← Chapters

မေးခွန်းထုတ်ခြင်း

Vol. 18 Ch. 266

မေးခွန်းထုတ်ခြင်း

Vol. 18 Ch. 266

မြစ်ပြင်ငြိမ်သက်မှုက သိပ်မကြာလိုက်။ အကျယ်ဆုံးမြစ်ပြင်နေရာမှ မိုးမြေကို ဆက်သွယ်တော့မည့်ဟန် ရေလွှာတစ်ခု ထိုးတက်လာသည်။ နဂါးခေါင်း၊ မြင်းခန္ဓာ၊ ကြေးခွံနီနှင့် အရိုးတောင်ပံရှိသည့် ဒဏ္ဌာရီသားရဲက ရေပြင်ပေါ် ခုန်တက်၍ ဖုန်ချင်အန်းရှိရာသို့ ပြေးလာသည်။

ထိုစဉ် လှိုင်းမြစ်ကလည်း ဖြစ်တည်မှုတစ်ခု၏ ဒေါသကြောင့် ပေါက်ကွဲထွက်လာသည်။ ကြီးမားသည့် လှိုင်းလုံးများ လိမ့်တက်လာသည်ကို ကမ်းစပ်မှပင် မြင်နေရသည်။

ရေလွှာတစ်ခုပြီးတစ်ခု ဘေးပတ်လည်ရေလှိုင်းတစ်ခုပြီးတစ်ခု ထိုးခွဲလာနေသော်လည်း စန်းမြောင် တဖြေးဖြေး အားနည်းလာသည်။ ရေထုအားလုံးက သူ့ကိုပစ်မှတ်ထားနေသည်။ သူ့ကို ရေအောက်သို့ ဆွဲခေါ်ရန် ကြိုးစားနေသည်။

“အန်း..”

မိုးမြေတုန်ခါစေနိုင်သည့် နဂါးအော်သံ ထွက်လာသည်။ ရွှေနဂါးအရိပ်တစ်ခု ဖုန်ချင်အန်းကိုယ်ပေါ်မှ ထိုးထွက်လာသည်။ နတ်ဘုရားတစ်ပါးကဲ့သို့ ကြီးမားသည့်ကိုယ်ထည်အသွင်ပြောင်းသည်။ ခံ့ညားသည့်ပုဆိန်တစ်လက်ကို လက်တွင်ကိုင်၍ ခုတ်ချလိုက်သည်။

ပုဆိန်ရိပ်ကျသည်နှင့် မိုးမြေတစ်ခုလုံး ပွင့်ထွက်မတတ်ဖြစ်သွားသည်။ စန်းမြောင်နှင့် ရေလှိုင်းများကြားမှ အတားအဆီးအားလုံး ပွင့်သွားသည်။ ရှင်းလင်းသည့် လမ်းကြောင်းတစ်ခု ပေါ်လာသည်။

ရေလှိုင်းထဲ မြုပ်မတတ်ဖြစ်နေသည့်စန်းမြောင်လည်း ထိုအခွင့်အရေးကို အသုံးချ၍ လမ်းကြောင်းအတိုင်း ပြေးလာပြီး ဖုန်ချင်အန်းဘေးတွင် ရပ်လိုက်သည်။ ထို့နောက် ပုံမှန်မြင်းတစ်ကောင်အတွင် ပြန်ပြောင်းလိုက်သည်။

သို့သော် သိုင်းသမားများ ပိုအံ့ဩရသည်က ဖုန်ချင်အန်းရှေ့တွင် ပုဆိန်ကိုင်၍ရပ်နေသည့် ရွှေရောင်သဏ္ဌာန်ဖြစ်သည်။

နဂါးသံချပ်ကာသည် သူတို့ကို အမြဲတမ်းသက်ညှာခဲ့ခြင်းဖြစ်ကြောင်း သိုင်းသမားအားလုံး သဘောပေါက်သွားကြသည်။ သတ်လိုလျှင် တစ်ချက်တည်းသတ်ပစ်နိုင်သည်။ သူတို့လုံးဝယှဉ်နိုင်မည်မဟုတ်။

“ဒါဆို ဒါက နဂါးသံချပ်ကာရဲ့ စွမ်းအားအစစ်ပေါ့”

သက်တမ်းရင့်သည့် အိမ်ထိန်းကျောက်ပင် အံ့ဩမိသည်။ မိုင်တစ်ရာခန့်ရည်သည့် ရေလှိုင်းများကို ပုဆိန်တစ်ချက်ဖြင့် ဖျက်ဆီးပစ်နိုင်သည့်စွမ်းအားကို သူတကယ်အံ့ဩမိသည်။

“ပြန်လာခဲ့၊ မင်းဆက်မတားနဲ့တော့”

ဖုန်ချင်အန်း လက်ကိုဆန့်ထုတ်၍ သံချပ်ကာကို ပြန်ခေါ်လိုက်သည်။ သံချပ်ကာအကြောင်း တစ်ခြားလူများထက် သူပိုသိသည်။

တိုက်ခိုက်စွမ်းအားက ကွန်မန်ဒါအဆင့်တွင်သာ ရှိသေးသည်။ သခင်အဆင့်မရောက်သေး။ သို့သော် မြစ်သခင်ကိုခြိမ်းခြောက်နိုင်သည့် ပုဆိန်ချက်မျိုး ခုတ်လိုက်သည်။ ပင်လယ်မိုးကြိုးပုဆိန်၏ သဘာဝအစွမ်းသာဖြစ်သည်။

သို့သော် ထိုနတ်စွမ်းအားမျိုးရှိလျှင်ပင် မိုနာ့အဆင့်သို့ မရောက်သေး။ သံချပ်ကာပိုင်ဆိုင်သည့် ဝိညာဉ်စွမ်းအားက ကွန်မန်ဒါအဆင့်သာရှိသည်။ ပုဆိန်တစ်ချက်ခုတ်ပြီးလျှင် နောက်တစ်ချက်ခုတ်နိုင်မည်မဟုတ်တော့။ သံချပ်ကာ၏ ဝိညာဉ်စွမ်းအားများစွာ ကုန်ဆုံးသွားပြီဖြစ်သည်။

တိုက်ခိုက်စွမ်းအားအဆင့်သည် ပုံမှန်အခြေအနေတွင် တည်ငြိမ်သည့်စွမ်းအားဖြင့် အဆက်မပြတ်တိုက်ခိုက်နိုင်စွမ်းကို ဆိုလိုသည်။ နတ်လက်နက်အစွမ်း သို့မဟုတ် လျှို့ဝှက်နည်းလမ်းတစ်ခုဖြင့် ယာယီထုတ်သုံးသည့်စွမ်းအားကို မဆိုလို။

“အန်း”

ဖုန်ချင်အန်း ပြန်ခေါ်သဖြင့် နဂါးသံချပ်ကာ အပြင်ပန်းတွင် ဘာမှမပြောင်းလဲသော်လည်း သိပ်ကျေနပ်ဟန်မတူ။ သေးသွယ်ရှည်လျားသည့် ရေနဂါးအဖြစ် ပြောင်းလဲ၍ ဖုန်ချင်အန်း အင်္ကျီလက်ထဲသို့ ပြန်ဝင်သွားသည်။

လှိုင်းထနေသည့်မြစ်ရေပြင် ထပ်မြင့်လာသည်။ သိပ်သည်းသည့်မိုးတိမ်မျးအသွင်ပြောင်းသွားသည်။ မိုးတိမ်များက အလွန်မြန်ဆန်သည့်အရှိန်ဖြင့်ပျံဝင်လာသည်။ ကြီးမားသည့်မိုးစက်များ အောက်သို့ရွာချသည်။

မိုးသက်မုန်တိုင်းကျနေသည်။ ကောင်းကင်မြစ်တစ်စင်း ထိုးကျလာသယောက်ရှိသည်။ ရေစီးသန်သည့်မြစ်က ပို၍ကြောက်စရာကောင်းလာသည်။ အဆက်မပြတ်နောက်ကျိနေသည့် မြစ်ရေထဲတွင် မီးကဲ့သို့နီရဲသည့်အလင်းတစ်ခု ပေါ်လာသည်။ ပေတစ်ရာရှည်သည့် နဂါးရိပ်တစ်ခု လူးလွန့်လျက် ပေါ်လာသည်။

မိုးသက်မုန်တိုင်းကြားတွင် ထိုအရိပ် တဖြေးဖြေးထင်ရှားလာသည်။ ကောင်းကင်နဂါးစွမ်းအား ပျံ့နှံ့လာသည်။ ကြည့်နေသည့်နတ်မင်းများအပေါ် ကြီးမားသည့်ဖိအားတစ်ခု ကျဆင်းလာသည်။

ထိုအဖြစ်များကို ဖုန်ချင်အန်း အရေးမစိုက်။ အရေအတွက် အနည်းအကျဉ်းသာဖြစ်သည်။ အင်အားလည်းသိပ်မစိုက်ထုတ်ထား။ ဖြစ်လာတော့မည့်ကိစ္စများအတွက် မျက်မြင်သက်သေအဖြစ်သာ အသုံးဝင်သည်။

မိုးသက်မုန်တိုင်းကြားတွင် ဖုန်ချင်အန်း ရပ်နေသည်။ သူ့ခန္ဓာကိုယ် မိုးရေစိုစွတ်ခြင်းမရှိ။ ညအမှောင်ထဲမှ အနီရောင်နဂါးကို သူကြည့်ရင်း ရုန်းကြွလှုပ်ရှားလာသည့် မြစ်ရေပြင်ကိုကြည့်၍ သူရယ်‌မောလိုက်သည်။

“ဒီနေရာမှာ သေမျိုးတစ်ယောက်မှ မရှိပါဘူး။ ဘာလို့ မိုးသက်မုန်တိုင်းစွမ်းအား သုံးနေတာလဲ။ ဘယ်သူ့ကို ခြောက်လှန့်နေတာလဲ။ မင်းစွမ်းအားတွေ ပြန်သိမ်းလိုက်။ စွမ်းအားချွေတာမှပေါ့”

ဖုန်ချင်အန်းစကားဆုံးသည်နှင့် ကြမ်းတမ်းသည့်မိုးသက်မုန်တိုင်း တဖြေးဖြေး ငြိမ်ကျသွားသည်။ မိုးကတော့ သည်းနေဆဲဖြစ်သည်။ သို့သော် ဖုန်ချင်အန်းအပေါ် သက်ရောက်မှုမရှိ။

သိုင်းသမားများကလည်း ထိုမိုးဒဏ်လေဒဏ်လောက်ကို အ‌ရေးမစိုက်ကြ။ မြစ်ထဲမှ ပေတစ်ရာနဂါးကိုသာ စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေကြသည်။ ထိုသတ္တဝါမျိုး သူတို့ ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။

မြစ်ရေက ရုန်းကြွလှုပ်ရှားလာသည်။ တောင်ကုန်းငယ်အရွယ်အစားရှိသည့် အနီရောင်နဂါးခေါင်း ရေထဲမှ ထိုးထွက်လာသည်။လာသည်။ ဦးချိုများလည်း အနီရောင်ဖြစ်သည်။ ကြေးခွံများက တလက်လက်တောက်ပသည်။ နှုတ်ခမ်းမွှေးများက လှုပ်ခါနေသည်။ နဂါးလည်ဆံမွှေးက လေနှင့်အတူ တဖျတ်ဖျတ်လူးခါနေသည်။

နဂါးခေါင်းက ပိုင်လန်မြစ်သခင်ဟုန်ရှီနှင့် ထပ်တူနီးပါးတူသည်။ အရွယ်အစားနှင့် တစ်ချို့ အသေးစိတ်အချက်များသာ ကွာခြားသည်။ ဦးခေါင်းအောက်ပိုင်းကတော့ လုံးဝမတူတော့။

ဟုန်ရှီက နဂါးခေါင်းနှင့် ငါးခန္ဓာကိုယ်ရှိသည်။ လှိုင်းမြစ်သခင်က နဂါးခေါင်းနှင့် မြွေခန္ဓာရှိသည်။ နဂါးစစ်နှင့် အတော်တူသည်။ သို့သော် ဖုန်ချင်အန်း ခွဲခြားမြင်နိုင်သည်။

All Chapters