← Chapters

မေးခွန်းထုတ်ခြင်း (၂)

Vol. 18 Ch. 267

မေးခွန်းထုတ်ခြင်း (၂)

Vol. 18 Ch. 267

ကျလာသည့်မိုးရေနှင့် လှိုင်းထနေသည့်မြစ်ရေပြင်က ဖုန်ချင်အန်း အမြင်အာရုံကို မတားဆီးနိုင်။ မြစ်သခင်တွင် ရှေ့ခြေတစ်စုံသာရှိပြီး နောက်ခြေတစ်စုံမရှိသည်ကို မြင်နရသည်။ ထို့အပြင် ရှေ့ခြေလက်သည်းများကလည်း သုံးချောင်းသာရှိသည်။ ရေထဲတွင် ဝှက်ထားသည်။

သို့သော်လည်း လှိုင်းမြစ်သခင်သည် ဖုန်ချင်အန်းတစ်ယောက်တည်း မခုခံနိုင်သည့် ကြီးမားသည့်စွမ်းအားကို ပိုင်ဆိုင်ထားသည်။

‘အကဲဖြတ်မယ်’

မျိုးစိတ် - မြွေနဂါး

ဗီဇ - နဂါး၊ နတ်ဘုရား၊ ရေ၊ မိုးကြိုး

စွမ်းရည်အဆင့် - မိုနာ့၊ အလတ်တန်း

တိုက်ခိုက်စွမ်းအား - မိုနာ့၊ ထိပ်တန်း

ပိုင်လန်မြစ်သခင်ဟုန်ရှီနှင့် အမှန်တကယ် ကွာခြားသည်။ အကဲဖြတ်ရလာဒ်ကို ကြည့်ရုံဖြင့် လှိုင်းမြစ်သခင်သည် ခြေသည်းတစ်ချက်ဆန့်ရုံဖြင့် ဟုန်ရှီကို သတ်ဖြတ်နိုင်ကြောင်း ဖုန်ချင်အန်း ရိပ်စားမိသည်။

“မင်းက သူနဲ့အတော်တူတာပဲ။ စွမ်းအင်ရောင်လည်း တူတယ်။ ဒါပေမယ့် မင်းက သူမဟုတ်ဘူး”

မြစ်သခင်ကလည်း ဖုန်ချင်အန်းကို အကဲခတ်နေသည်။ သူ့ဖခင်အား သတ်ဖြတ်ခဲ့သူကို သူကောင်းကောင်းမှတ်မိသည်။

“မင်းနဲ့သူ ဘယ်လို ပတ်သက်နေလဲ”

“ညီအကိုရင်းပါ”

ဖုန်ချင်အန်း ပုံမှန်လေသံဖြင့် ပြန်ဖြေသည်။ နဂါးခေါင်းသည် တောင်နက်နှင့်ပိုင်ယော် နှစ်ကောင်ပေါင်းအရွယ်အစားထက် ပိုကြီးနေသော်လည်း သူမကြောက်။

“မြစ်သခင်က ကျုပ်ကိုဘယ်လိုထင်လို့လဲ”

“မင်းက သူမဟုတ်ဘူး”

လှိုင်းမြစ်နဂါး ထပ်ပြောသည်။ သူ့အကြည့်က ပြောင်းလဲမသွား။ သို့သော် ဒေါသရိပ်လည်းမရှိ။ ဖုန်ချင်အန်းကို လက်စားချေသတ်ဖြတ်ဖို့ အတွေးရှိပုံမပေါ်။

ဖုန်ချင်အန်းခါးမှဓားရှည်ကြောင့် သူ့စိတ်တည်ငြိမ်နေသလားတော့ မပြောတတတ်။ ထို့ကြောင့် မဆင်မခြင် မလုပ်ရဲခြင်းလည်း ဖြစ်နိုင်သည်။

“အင်း...မြစ်သခင် ကျုပ်ကိုဘယ်လိုမှ မထင်ဘူးဆိုးရင် အရေးတကြီးကိစ္စတစ်ချို့ ကျုပ်ဆွေးနွေးချင်တယ်”

ဖုန်ချင်အန်း၏ အပြုံးမျက်နှာ ချက်ချင်းလေးနက်သွားသည်။ စကားသံ ပိုတင်းမာလာသည်။

“ဘာလို့ သုံးနှစ်အတွင်းမှာ မြစ်သခင်တာဝန်ကို ထမ်းဆောင်ပြီး မိုးရေမှန်မှန်မပေးခဲ့တာလဲ”

“မိုးရေလား၊ ဟား၊ သေမျိုးတွေ မိုးရေအတွက် ဆုတောင်းတိုင်း ကျုပ်မိုးရွာပေးခဲ့တာပဲ။ ဘာလို့ ဒီကိစ္စကို မကျေမနပ်ဖြစ်နေတာလဲ”

မြွေနဂါးအသံက လှောင်ရိပ်နည်းနည်းသန်းသည်။ မိုးကြိုးသံလို မြည်ဟိန်းနေသည်။

မှန်ပါသည်။ သူနည်းနည်း ရေသာခိုခဲ့သည်။ ဤသုံးနှစ်အတွင်း သူစိတ်ပျက်ခဲ့သည်။ သို့သော် သူလုပ်သင့်သည်ကို သူလုပ်ခဲ့သည်။ သေမျိုးများထံမှ ပူဇော်မှုများ ဆုတောင်းမှုများ ရလာချိန်တွင် သူမိုးရွာပေးသည်။ သို့သော် ထိုမျှသာ သူလုပ်သည်။ ရွာသည့်မိုးက များသည်ဖြစ်စေ နည်းနသည်ဖြစ်စေ သူနှင့်ဘာမှမဆိုင်။ မိုးရွာအောင် ဖန်တီးပေးခဲ့သည်။

“ရှောက်ပြည်နယ်မိုးရေချိန်ဟာ နှစ်တိုင်းလျော့ပါးနေတယ်။ အဲဒီ့မြေယာတွေက သီးနှံအထွက်နှုန်းလည်း ထိုးကျသွားတယ်။ တစ်ချို့နေရာတွေက သီးနှံအထွက်နှုန်း တစ်ဝက်လျော့သွားတယ်။ ဒါတွေကို မင်းသိရဲ့လား”

ဖုန်ချင်အန်း ဒဲ့မေးသည်။ စိုးရိမ်ပူပန်နေသည့် နတ်မင်းများ စကားသံထွက်မလာကြ။

“ဒါက လူသားတွေကိစ္စလေ။ ကျုပ်နဲ့ဘာဆိုင်လဲ။ အထွက်နှုန်းထိုးကျတယ်ဆိုရင် လူသားတွေဘက်က ပြဿနာရှိလို့လား စဉ်းစားသင့်တာပေါ့”

မြစ်သခင်က မခိုးမခန့်လေသံဖြင့် ပြန်ဖြေသည်။

“လယ်သမားတွေ အပျင်းထူပြီး လယ်မလုပ်ချင်ကြတာလည်း ဖြစ်ချင်ဖြစ်မယ်။ အရာရှိတွေ အခွန်တိုးကောက်လို့ လုပ်အားရင်းမြစ်တွေ ဆုံးရှုံးသွားတာလည်း ဖြစ်ချင်ဖြစ်မယ်။ မင်းတို့ရဲ့လူသားအင်ပါယာက လူစိတ်မရှိလို့ ကောင်းကင်က ကပ်ဆိုးကျလာတာလည်း ဖြစ်ချင်ဖြစ်မယ်။ လူယုတ်မာတစ်ယောက်ယောက်က အရာရှိအလုပ်ကိုဝင်စွက်ပြီး နိုင်ငံရေးကမောက်ကမဖြစ်အောင် လုပ်နေတာလည်း ဖြစ်ချင်ဖြစ်မယ်”

“ဒါဆို လွန်ခဲ့တဲ့သုံးနှစ်အတွင်း ရှောက်ပြည်နယ် သီးနှံအထွက်နှုန်းလျော့တာ မင်းနဲ့ဘာမှမဆိုင်ဘူးပေါ့”

ဖုန်ချင်အန်း၏လက်က ဓားရိုးပေါ်ရောက်သွားသည်။

“ငါနဲ့နည်းနည်းတော့ ဆိုင်ချင်ဆိုင်မှာပါ။ ဒါပေမယ့် ဒါက လူသားမျိုးနွယ်ကြောင့် ဖြစ်တဲ့ကိစ္စပဲလေ”

လှိုင်းမြစ်သခင်က ခပ်အေးအေးလေသံဖြင့် ပြန်ပြောသည်။

“ဪ”

“မင်းက ဟိုလူရဲ့ညီငယ်ပဲလေ။ မင်းအကိုဘာလုပ်ခဲ့သလဲဆိုတာ သိမှာပေါ့။ ငါ့အဖေသေတဲ့သတင်းကြောင့် သူ့သားဖြစ်တဲ့ငါ စိတ်ထိခိုက်ရတယ်။ မစားနိုင်မအိပ်နိုင်ဖြစ်ရတယ်။ လှိုင်းမြစ်ရဲ့ကိစ္စတွေ မစီမံနိုင်ဖြစ်ခဲ့ရတယ်။ လူသားလောကမှာ ဒါဟာ သာမန်စိတ်တုံ့ပြန်မှုမျိုးပါပဲ။ အခုမင်းကငါ့ကို လာပြီးအပြစ်တင်နေတယ်ပေါ့။ ဘယ်လိုကြီးလဲကွာ”

လူ့ခေါင်းအရွယ် ဒေါင်လိုက်မြွေနဂါးမျက်လုံးက ဖုန်ချင်အန်းကို စိုက်ကြည့်နေသည်။ သိုင်းသမားများ နတ်ဝိညာဉ်များလည်း ပြင်းထန်သည့်စိတ်ဖိအားကို ခံစားနေရသည်။ သို့သော် ဖုန်ချင်အန်းက လုံးဝမလှုပ်။ နေရာမှမရွေ့။

“ဒါကြောင့်လည်း ငါတို့လူသားတွေမှာ နာရေးပူဆွေးမှုဆိုတာ ရှိတာပေါ့။ လှိုင်းမြစ်သခင်ရဲ့တာဝန်ကို မထမ်းဆောင်နိုင်ရင် မင်းဖယ်ပေးလိုက်ပေါ့။ မြစ်သခင်မဖြစ်နိုင်ရင် မဖြစ်နဲ့ပေါ့။ မင်းရာထူးကို စွန့်ပြီးရင် မင်းလုပ်ချင်ရာလုပ်လို့ရတယ်။ မင်းအဖေအုတ်ဂူအတွက်တောင် ငိုနေလို့ရတယ်။ ဘယ်သူမှ မင်းကိုမတားဘူး”

ဖုန်ချင်အန်း စကားသံက တည်ငြိမ်သည်။ သို့သော် ပြောသည့်စကားများက ကောင်းကင်မိုးကြိုးသံထက် ပိုတုန်လှုပ်သွားသည်။စရာကောင်းသည်။

"ဟားဟားဟား၊ မင်းကငါ့ကို မြစ်သခင်နေရာဖယ်ပေးဖို့ ပြောနေတယ်ပေါ့။ ဒီနေရာကို လူတိုင်းဆက်ခံနိုင်တယ်ထင်နေလား”

မြစ်သခင်ဒေါသထွက်ဟန်မရှိဘဲ တဟားဟားရယ်နေသည်။ ထို့နောက် ဖုန်ချင်အန်းကို စိုက်ကြည့်သည်။ စိတ်ထဲမှ ဒေါသကိုထိန်း၍ အပြစ်တင်သည်။

“မင်းကိုယ်မင်းဘာထင်နေလဲ။ ဟိုလူ့ဓားဟောင်းကိုကိုင်ထားလို့ နတ်မင်းတွေကို အလွယ်လေး အမိန့်ပေးပြီး ငါ့ကို နေရာဖယ်ပေးဖို့ တောင်းဆိုလို့ရမယ်ထင်လား။ မင်းငါ့ကို ဘာထင်နေလဲ”

“ငါ့မျက်လုံးထဲမှာတော့ မင်းဟာ အကျင့်ပျက်နတ်ဘုရားတစ်ယောက်ထက်မပိုဘူး။ ရှိသင့်ရှိထိုက်တဲ့ ကျင့်ဝတ်မျိုးမရှိရင် ကပ်ဆိုးက ရောက်လာမှာပဲ”

“ကျင့်ဝတ်တဲ့လား။ မင်းအကိုက ငါ့အဖေကိုသတ်ခဲ့တယ်။ ဒါပေမယ့် လူသားတွေအတွက် ငါမိုးရွာပေးနေတာပဲလေ။ များသည်ဖြစ်စေ နည်းသည်ဖြစ်စေ ငါမိုးရွာပေးနေတာပဲ။ ငါ့ကို အကျင့်ပျက်တယ်လို့ မင်းဘာကိုကြည့်ပြီး ပြောတာလဲ”

“ကောက်ပဲသီးနှံအထွက်နှုန်း လျော့နေတာကြာပြီ။ မင်းဟာ အဓိကတရားခံပဲ”

မြစ်သခင်ကို ကိုယ်ချင်းစာမိသူ ရှိကောင်းရှိမည်။ သို့သော် သူ့ရာထူးမျိုးယူထားသူ နည်းနည်းလျစ်လျူရှုလိုက်လျှင် နည်းနည်းဒေါသထွက်လျှင် လူသားမျိုးနွယ်တို့ များစွာဒုက္ခရောက်မည်။

“မိုးရွာတာများရင် ပြည်သူတွေမိုးရွာပေးဖို့ ဆုတောင်းမှာမဟုတ်ဘူး။ မိုးရွာဖို့ မကြာခဏဆုတောင်းနေရတယ်ဆိုတာ မင်းဟာ မြစ်သခင်တာဝန်မကျေပွန်ဘူးဆိုတဲ့ သက်သေဘဲ။ မင်းက ဘာထပ်ပြောချင်သေးလို့လဲ”

“ဒါကလည်း မင်းတို့လူသားတွေ ကျေးဇူးမသိတတ်လို့ပါ။ ငါဟာ မြစ်ကမ်းနှစ်ဘက်က လူသားမျိုးနွယ်တွေ သီးနှံအောင်မြင်ဖို့ မျှတတဲ့ရာသီဥတုကို အမြဲပေးခဲ့တယ်။ နှစ်တိုင်းလည်း သီးနှံတွေအောင်မြင်တယ။ ဒါပေမယ့် ငါ့ကိုပူဇော်ပသတာတွေကျတော့ တစ်နှစ်ပြီးတစ်နှစ်လျော့သွားတယ်။

မြစ်သခင် သူ့ကိုယ်သူမှားသည်ဟု မယူဆ။

“အခုငါ နည်းနည်းတာဝန်လျော့သွားတော့ ငါ့ကိုပူဇော်ပသတာတွေ နေ့တိုင်းတိုးလာနေတယ်လေ ဟားဟား။ လူသားတွေက တကယ်ရွံစရာကောင်းတာပဲ”

“ဒါဆို သာမန်လူတွေ မင်းကိုပူဇော်ပသလာအောင် မိုးကိုထိန်းချုပ်ခဲ့တာ မင်းဝန်ခံပြီပေါ့”

“ငါဘယ်သူ့ကိုမှ ဖိအားမပေးခဲ့ဘူး။ ဒါက ငါ့လိုနတ်ဝိညာဉ်နဲ့ လူသားတွေကြားက အပေးအယူသက်သက်ပဲ။ ပူဇော်ပသမှုရှိရင် သူတို့လိုချင်တဲ့မိုးကို ငါပေးမယ်။ ဒါက မျှတတဲ့အပေးအယူပဲ။ ဘယ်ပြစ်မှုကို ငါကျူးလွန်မိလို့လဲ”

“မင်းမှာ မြစ်သခင်တစ်ပါး ရှိသင့်တဲ့ တာဝန်ယူမှုနဲ့ သနားတတ်တဲ့စိတ်မျိုး မရှိဘူး။ မင်းရဲံနတ်စွမ်းအားကို ဂုဏ်ယူပြီး ကမ်းနှစ်ဘက်က သာမန်လူသားတွေကို အထင်သေးတယ်။ အတိတ်က မင်းကြိုးစားဆောင်ရွက်ခဲ့တာတွေကို ထောက်ထားပြီး ငါမင်းကို ရာထူးနှုတ်ထွက်ခွင့်ပြုလိုက်မယ်”

“ခုနက ငါမေးတဲ့မေးခွန်းကိုပဲ ပြန်မေးပါ့မယ်။ မင်းကိုယ်မင်း ဘာထင်နေလဲ. မင်းဓားက နတ်မင်းတွေကို အမိန့်ပေးလို့ရကောင်းရမယ်။ ငါ့ကိုတော့ လာမခြိမ်းခြောက်နဲ့။ မင်းက မင်းအကိုမဟုတ်ဘူး။ မင်းနေရာကို မင်းသိစမ်းပါ၊ အဆင့်နိမ့်ကောင်ရဲ့”

မြွေနဂါးက ဖုန်ချင်အန်းကိုငုံ့ကြည့်၍ မခိုးမခန့်လေသံဖြင့် ပြောသည်။ ဖုန်ချင်အန်း ဘာမှမပြောဘဲ ဓားကိုဆွဲထုတ်လိုက်သည်။

"ရွှီး”

နှင်းဖြူရောင်ဓားအလင်း ကမ်းနှစ်ဘက်တွင် ချက်ချင်းတောက်ပသွားသည်။ မြွေနဂါးထုတ်လွှတ်ထားသည့် တိမ်တိုက်များ ချက်ချင်းပျက်စီးသွားသည်။ တိမ်တိုက်များနောက်တွင် လနှင့်ကြယ်များ ပြန်ပေါ်လာသည်။ ကြည်လင်သည့်အလင်းရောင်က မြစ်ပြင်လှိုင်းများပေါ် ထိုးကျနေသည်။

ရွှေရောင်အလင်းတစ်ခု ငေးကြောင်နေသည့် မြွေနဂါးထံ လွင့်ပျံလာသည်။ မြစ်ရေစီးလည်း အချိန်ရပ်လိုက်သကဲ့သို့ ရပ်တန့်သွားသည်။ ထို့နောက်မှ ပြန်စီးဆင်းလာသည်။

ကောင်းကင် ရှင်းလင်းသွားသည်။ မြွေနဂါးလည်ပင်းမှ စေးပျစ်သည့်နဂါးသွေးများ ထွက်လာသည်။ ကြီးမားသည့် နဂါးခေါင်း ကောင်းကင်မှ မြစ်ကမ်းပေါ် ဝုန်းခနဲ ပြုတ်ကျသည်။ မြစ်သခင်၏ ခေါင်းမဲ့ခန္ဓာက ရုန်းကန်ခြင်းမရှိဘဲ မြစ်အောက်ဘက်သို့ မျောပါသွားရန် တာစူနေသည်။

သို့သော် စန်းမြောင်က ချက်ချင်းလှုပ်ရှားလိုက်သည်။ ထိုမြစ်တွင် သခင်မရှိတော့သဖြင့် မြစ်ရေကို အလွယ်တကူ ထိန်းချုပ်နိုင်သည်။ ခေါင်းပြတ်နဂါးက ရေစီးနှင့်မျောပါမသွားတော့ဘဲ ကမ်းစပ်သို့ရောက်လာသည်။ ပေတစ်ရာမြွေနဂါး ကမ်းစပ်တွင် တင်ကျန်ရစ်သည်။ ခေါင်းမဲ့ခန္ဓာက နတ်မင်းများအတွက်ပင် ကြောက်စရာကောင်းလွန်းနေသည်။

“အဲ...”

လက်ထဲမှ သွေးလုံးဝမစွန်းသည့် ရှေးဟောင်းဓားကို ဖုန်ချင်အန်း အတော်ကြာအောင် ကြည့်နေသည်။ ထို့နောက် သက်ပြင်းချသ်ည။ ဓားကို ဓားအိမ်ထဲသွင်းသည်။ ရှေ့တွင်လဲလျောင်းနေသည့် မြေနဂါးခေါင်းပြတ်ကိုကြည့်သည်။ မျက်လုံးများ ပွင့်နေသည်။ မယုံကြည်နိုင်သည့်အရိပ်တစ်ချို့ ပေါ်နေသည်။

“မင်းက နေရာဖယ်မပေးလို့ ငါကူညီလိုက်တာပါ။ မင်းကျေနပ်ရဲ့လား”

နတ်ဆိုးကြီးများထက် နှစ်ရာထောင်ချီ အသက်ဓာတ်ရှိသည့် လှိုင်းမြစ်သခင်သည် ယခု ဓားချက်အောက်တွင် ငြိမ်သက်သွားသည်။ လှုပ်ရှားမှုမရှိတော့။ ဓားတစ်ချက်က သူပြန်လည်ရှင်သန်နိုင်သည့် အခွင့်အရေးအားလုံးကို ချိုးဖျက်သွားသည်။

သွေး၊ အသက်ဓာတ်နှင့် ဝိညာဉ်။ ပြန်လည်ရှင်သန်နိုင်သည့် စွမ်းအင်အားလုံး ပျက်စီးသွားသည်။ နောင်တရဖို့ပင် သူအခွင့်အရေးမရခဲ့။

All Chapters