ယာယီထိန်းသိမ်းခြင်း
Vol. 18 Ch. 268
လှိုင်းမြစ်သခင် ဝိညာဉ်မရှိတော့။ ဖုန်ချင်အန်းအမေးများကို ပြန်မဖြေနိုင်တော့။ ဓားချက်ကြောင့် သေဆုံးသွားပြီဖြစ်သည်။
“သခင်၊ ဘာ...ဘာလို့ မြစ်သခင်ကို သတ်လိုက်တာလဲ”
သိုင်းသမားများက ဖုန်ချင်အန်းကို အံ့ဩလေးစားနေကြသော်လည်း နတ်မင်းများက တုန်လှုပ်သွားသည်။သွားကြသည်။ ဖုန်ချင်အန်းသည် မြစ်သခင်နှင့် ကတောက်ကဆဖြစ်ကြမည်ဟု သူတို့မျှော်လင့်ထားပါ။ သို့သော် ချက်ချင်းဓားထုတ်၍ သတ်ပစ်မည်ဟုတော့ ထင်မထား။
“အဲဒါဘာဖြစ်လဲ. မြစ်သခင် ပြောဆိုမရလို့ ငါ့ဓားနဲ့ ရှင််းလိုက်တာပဲလေ။ ပြဿနာရှိလို့လား”
နတ်မင်းများ စိတ်ဓာတ်ကျသွားဟန်ရှိသည်။
“မြစ်သခင်မရှိတော့ရင် တိမ်နဲ့မိုးရေကို ဘယ်သူထိန်းချုပ်တော့မှာလဲ’
“ဟုတ်တယ်။ ရှောက်ပြည်နယ်ကလူတွေ ဘယ်လိုလုပ်မလဲ။ နွေဦးစိုက်ပျိုးရာသီက ကုန်တော့မယ်”
“သခင်၊ သတ်လိုက်လို့ ပြဿနာပြီးမွားဘူး။ ဉာဏ်ကြီးသူတွေက လက်နက်ကို နောက်ဆုံးရွေးချယ်စရာအဖြစ်ပဲ သုံးကြတာ”
လှိုင်းမြစ်သခင် သေသွားသည်ကို ဝမ်းနည်းကြခြင်းမဟုတ်။ မိုးကိုထိန်းချုပ်နိုင်သည့် မြစ်သခင်ဆုံးရှုံးသွားသဖြင့် စိတ်ပူပန်ကြခြင်းဖြစ်သည်။ ရှောက်ပြည်နယ်သည် အဖိုးတန်မိုးရေကို အရေးတကြီးလိုအပ်နေသည်။ နောက်ထပ် စောင့်ဆိုင်းမနေနိုင်တော့။
“တိမ်နဲ့မိုးကိုထိန်းချုပ်တာက သိပ်မခက်ပါဘူး။ လူသားမျိုးနွယ်ကိုမုန်းတဲ့ မြစ်သခင်တစ်ယောက်ကို အရေးမစိုက်ပါနဲ့။ ငါလုပ်ပေးပါ့မယ်။ မိုးခေါ်တာ သိပ်မခက်ပါဘူး”
ဖုန်ချင်အန်း ခပ်အေးအေးရယ်လိုက်သည်။ စန်းမြောင်သာမဟုတ် အလင်းနဂါးသံချပ်ကာလည်း တိမ်နှင့်မိုးကို ထိန်းချုပ်နိုင်သည်။ ထိုအစွမ်းကို ထုတ်မသုံးကြခြင်းသာဖြစ်သည်။
“သခင်၊ မိုးရွာအောင်လုပ်နိုင်ရင်တောင် မြစ်ကမ်းနှစ်ဘက်က လယ်မြေတွေက မိုးရေမလိုအပ်ပါဘူး။ တစ်ခြားနေရာက လယ်ကွင်းတွေသာ မိုးရေကို လိုအပ်နေတာပါ။ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တဲ့ အစွမ်းမျိုး သခင့်မှာရှိလို့လား”
“ဟုတ်ပါတယ်သခင်၊ ရှောက်ပြည်နယ်မှာ မိုးရေလိုအပ်နေတဲ့ကောင်တီ ရှစ်ခုရှိပါတယ်။ မိုးတစ်ကြိမ်နှစ်ကြိမ်ရွာပေးလိုက်ရုံနဲ့ ဒီပြဿနာကို မဖြေရှင်းနိုင်ပါဘူး”
လိုအပ်သည့်အခြေအနေကို နတ်မင်းများ ပြောကြသည်။ အစက ဖုန်ချင်အန်း မြစ်သခင်ကို ဖျောင်းဖျပြောဆိုမည်ဟု ထင်ခဲ့သည်။ ယခု ခေါင်းဖြတ်လိုက်သည်။ မြစ်သခင်၏ မိုးရွာပေးသည့်အလုပ်ကို လုပ်နိုင်သည်ဟု ကြေညာနေသည်။ ထိုသခင်လေးကိုသာ သူတို့အားကိုးရတော့မည်။
“အန်း...”
ထိုစဉ် ရွှေရောင်အလင်းတစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်။ အလင်းက လှိုင်းသဏ္ဌာန် တွန့်လိမ်လှုပ်ရှားနေသည်။ ကြေးခွံအနီရောင် မြွေနဂါးအလောင်းမှ ငွေရောင်ကောက်ကြောင်းများနှင့်တူသည်။ အလင်းတန်းက အဝေးသို့ပျံသန်းထွက်ပြေးရန် ပြင်နေသည်။ သို့သော် ဖုန်ချင်အန်းက မြွေနဂါး၏ရုပ်ကြွင်းကို အနီးကပ်စောင့်ကြည့်နေသူဖြစ်သည်။
“ကူးကူး”
မီးငှက်နှစ်ကောင် သူ့ရင်ဘတ်နေရာမှ ထိုးထွက်လာသည်။ပျံသန်းသွားသည်။သွားသည်။ ထွက်ပြေးရန်ပြင်နေသည့် ရွှေရောင်အလင်းတန်းနောက် လိုက်နေသည်။ နတ်မင်းများ နောက်ဆုတ်သွားကြသည်။ တစ်ချိန်တည်းမှာပင် ပုဆိန်တစ်ချက်ခုတ်ပြီး အားဖြည့်နေခဲ့သည့် နဂါးသံချပ်ကာလည်း ဖုန်ချင်အန်းအင်္ကျီထဲမှ ထိုးထွက်လာသည်။လာသည်။ ထူးဆန်းသည့် ရွှေရောင်အလင်းနောက်သို့ လိုက်သည်။
“ကျိ ကျိ ကျိ”
မကြာမီ ရွှေရောင်အလင်းကို လေထဲတွင် ကြားဖြတ်ပိတ်ဆို့လိုက်နိုင်သည်။ နတ်မင်းများ သိုင်းသမားများ ရှင်းလင်းစွာမြင်ရသည်။ နက်ပြာရောင်နဂါးတစ်ကောင် ခွေနေသည့် လေးထောင့်တံဆိပ်တစ်ခုဖြစ်သည်။
ပင်လယ်ထိန်းချုပ်ခြင်းတံဆိပ်။
ဖုန်ချင်အန်း ကောင်းကင်ကို တစ်ချက်ကြည့်သည်။ စိုးရိမ်စိတ် လုံးဝမရှိ။ မြေပြင်သို့ ပြန်ငုံ့ကြည့်ပြီး မြွေနဂါးရုပ်ကြွင်းကို အေးအေးလူလူ သိမ်းဆည်းလိုက်ည်။ ထိုအရာသည် သေမျိုးကမ္ဘာတွင် မြင်ရခဲသည့် ရတနာဖြစ်သည်။ မြစ်သခင်ကိုယ်ပေါ်တွင် တစ်ခြားရတနာများရှိမရှိ ဘယ်သူမှမသိနိုင်။
ရုပ်ကြွင်းကိုသိမ်းဆည်းပြီးနောက် ကောင်းကင်အခြေအနေလည်း ရှင်းလင်းလာသည်။
သခင်မဲ့သွားသည့် နတ်လက်နက်ရတနာသည် သူ့ဘာသာ ပျံသန်းထွက်ပြေးနိုင်စွမ်း ရှိသော်လည်း ကိုယ်ပိုင်စွမ်းအင်ရင်းမြစ်မရှိရင် စွမ်းအားပြည့်ထုတ်မသုံးနိုင်ပေ။ ထို့ကြောင့် သိပ်မကြာမီ အလင်းနဂါးသံချပ်ကာနှင့် မီးငှက်နှစ်ကောင် အတူပေါင်းစည်း၍ ထိန်းသိမ်းလိုက်သည်။
ကြယ်ရောင်လရောင် တောက်နေသည့်ကောင်းကင်တွင် အလင်းနဂါးသံချပ်ကာက နဂါးအသွင်ပြောင်း၍ ပါးစပ်ကိုဟလိုက်ပြီး ပင်လယ်ထိန်းချုပ်တံဆိပ်ကို ဝါးမျိုလိုက်သည်။
ထို့နောက် ကျေနပ်စွာလေတစ်ချက်ပျို့၍ အောက်သို့ထိုးဆင်းလာသည်။ ဖုန်ချင်အန်းကို ရစ်ပတ်နေသည်။ သို့သော် ပုံမှန် သေးသေးကွေးကွေးအရွယ်အစားသို့ မပြောင်းသေး။ ပင်လယ်တံဆိပ်ကို အစာချေရန် အချိန်တစ်ချို လိုပေလိမ့်မည်။
မီးငှက်နှစ်ကောင်က လက်သီးဆုပ်အရွယ်သို့ ပြောင်း၍ ဖုန်ချင်အန်းပုခုံးပေါ်တွင် နားလိုက်ပြီး အဆက်မပြတ်အော်မြည်နေသည်။ အားနည်းသည့်နတ်မင်းများ အဝေးသို့ ထပ်ဆုတ်သွားသည်။ ဖုန်ချင်အန်းအနားသို့ မကပ်လိုကြ။
“မြစ်သခင်ရာထူးကို ငါခဏထိန်းထားပြီး တိမ်နဲ့မိုးကို ထိန်းချုပ်တဲ့တာဝန်ကို ယူပေးလို့ရတ်။ ဒါပေမယ့် ရှောက်ပြည်နယ် မိုးရေမရတာ ငါ့တစ်ယောက်တည်းကိုပဲ အပြစ်တင်နေလို့မရဘူး။ မင်းတို့အားလုံး လူတွေရဲ့ပူဇော်မှုကို ခံယူထားတာပဲ။ အခု မြစ်သခင် ဘာမှဝင်မစွက်နိုင်တော့ဘူး။ ဒီတော့ မင်းတို့လည်း မိုးကိုဆင့်ခေါ်ပြီး စိုစွတ်အောင်လုပ်လို့ရပါပြီ”
ဖုန်ချင်အန်း နတ်မင်းများကိုကြည့်လိုက်သည်။ မြစ်သခင်အိမ်တော်ကို သူသွားဖို့လိုသည်။ ဤမြစ်ရေရသည့် နေရာများတွင် ခြောက်သွေ့မှုဖြစ်မည်မဟုတ်။ ပြဿနာကို သူအကောင်းဆုံးဖြေရှင်းမည်။ သို့သော် ဒေသခံနတ်မင်းများလည်း အားစိုက်ရမည်။
“ဒါလည်း မှန်ပါတယ်”
နတ်မင်းများအားလုံး လက်ခံကြသည်။ ဖုန်ချင်အန်းပုခုံးပေါ်မှ မီးငှက်နှစ်ကောင်ကို ကြည့်ကြသည်။ ဖုန်ချင်အန်းနှင့်အတူပေါင်း၍ ရှောက်ပြည်နယ် မိုးမလုံလောက်သည့်ပြဿနာကို ဖြေရှင်းရန် ကတိပေးကြသည်။
“ကောင်ပြီ”
ဖုန်ချင်အန်း ခေါင်းငြိမ့်၍ တည်ကြည်သည့်မျက်နှာဖြင့် အမိန့်ပေးသည်။
“ဒီည မင်းတို့မအိပ်ကြနဲ့တော့။ ရှောက်ပြည်နယ် ဒေသတစ်ခုချင်းစီမှာ မိုးရေဘယ်လောက်လိုသလဲ သွားပြီးစုံစမ်းပါ။ အားလုံးကို စာရင်းပြုစုပြီး ကျုပ်ဆီမှာ အစီရင်ခံပါ။ အဲဒါပြီးမှ မိုးရေကိစ္စကို ကျုပ်စီမံမယ်”
“ဟုတ်ကဲ့”
မိုးရေကိစ္စသည့် အရေးကြီးဆုံးဖြစ်သည်။ နတ်မင်းများ ချက်ချင်းလှုပ်ရှားကြသည်။ အလင်းတန်းများအသွင်ပြောင်း၍ တစ်နေရာစိ ခွဲထွက်သွားကြသည်။ ကောင်တီတစ်ခုချင်းစီမှ မြို့တော်နတ်မင်းများကို သွားအသိပေးခြင်းဖြစ်သည်။
“သခင်လေး၊ ဒီနဂါးယုတ်ရဲ့ မြစ်သခင်ရာထူးကို တကယ်ယူဖို့ ရည်ရွယ်ထားတာလား”