← Chapters

ယာယီထိန်းသိမ်းခြင်း

Vol. 18 Ch. 269

ယာယီထိန်းသိမ်းခြင်း

Vol. 18 Ch. 269

နတ်မင်းများထွက်သွားပြီးနောက် အိမ်ထိန်းကျောက်က သိုင်းသမားများကိုဦးဆောင်၍ ဖုန်ချင်အန်းကို မေးသည်။ မြစ်သခင်ရထူးကို ယူစေချင်သလို ဝမ်းလည်းနည်းနေကြသည်။

ဖုန်ချင်အန်း မြစ်သခင်ရာထူးကိုယူလျှင် အိမ်ထိန်းကျောက်သည် လူရင်းဖြစ်၍ ဝန်ကြီးချုပ်ရာထူးမျိုး ရလာပေလိမ့်မည်။ သို့သော် ဖုန်ချင်အန်းအဆင့်အတန်းသည် မြစ်သခင်ရာထူးလောက်ဖြင့် မရပ်တန့်သင့်ဟု ယူဆကြသည်။

“ခင်ဗျားတို့ဘာတွေတွေးနေတာလဲ။ ဒီလောက်မြစ်သေးသေးလေးကို ကျုပ်ကဂရုစိုက်စရာလား”

ဖုန်ချင်အန်း ချက်ချင်းငြင်းလိုက်သည်။ သူသည် နတ်မင်းဖြစ်ဖို့ သို့မဟုတ် မြေဝိညာဉ်ဖြစ်ဖို့ ရည်ရွယ်ချက်မရှိ။

သို့သော် သူနည်းနည်းစိတ်ဝင်စားသည်။ မြစ်သခင်အဖြစ်ခဏနေကြည့်လိုသည်။ လှိုင်းမြစ်သည် အရိုင်းဆန်သည့် တောင်တန်းများကို ဖြတ်သန်းစီးဆင်းနေခြင်းမဟုတ်။ လမ်းကြောင်းတလျောက် မြစ်သခင်ကို ကိုးကွယ်နေကြသည့် ဘုံကျောင်းများ မရေမတွက်နိုင်အောင်ရှိသည်။

“သခင်လေးက မိုးရေကို ဆင့်ခေါ်ဖို့ပဲ မြစ်သခင်ရာထူးကို ခဏလက်ခံခဲ့တာလား”

စန်းမြောင်က ဝင်ပြောသည်။ ဖုန်ချင်အန်းညွှန်ကြားချက်အရ တစ်ခြားလူများရှေ့တွင် သူ့စွမ်းအားကို မပြခဲ့။ သို့သော် ခုနက ရေပေါ်တွင်လမ်းလျှောက်ပြခဲ့ပြီးဖြစ်၍ သိပ်မထူးတော့။ ဤသိုင်းသမားများသည်လည်း သာမန်လူမဟုတ်။

“ဟုတ်တယ်”

“ဒါဆို သခင်ထွက်သွားတဲ့အခါ သင့်တော်တဲ့ နတ်ဝိညာဉ်တစ်ယောက်ကို မြစ်သခင်အဖြစ် ခန့်ထားခဲ့ဖို့လိုမယ်။ ဒီမြစ်ဟာ လူသားမျိုးနွယ်ရဲ့ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ဆက်စပ်နေတယ်။ မြစ်သခင်တစ်ယောက်တော့ ရှိနေရမယ်။ သခင်လေး ရုတ်တရက် ထွက်သွားရင် မိုးခေါင်ရုံတင်မကဘူး။ ရေကြီးရေလျှံတာနဲ့ တစ်ခြားကပ်ဆိုးတွေ မကြာခဏဖြစ်လာလိမ့်မယ်”

“ဒီကိစ္စ နောက်မှဆွေးနွေးကြမယ်။ မိုးကိုအရင်ရွာချခိုင်းတာပေါ့”

ထိုအချက်ကို ဖုန်ချင်အန်းလည်း သတိထားမိပါသည်။ မြစ်သခင်ကို ဖယ်ရှားလျှင် ထိုနေရာတွင် တစ်ခြားတစ်ယောက်ကို တာဝန်ပေးရမည်။ တောင်တန်းများကြား စီးဆင်းနေသည့် ပိုင်လန်မြစ်လို အလွတ်ထားခဲ့၍မရ။ ဘယ်သူရာထူးယူသည်က အရေးမကြီး။ မြစ်ကမ်းနှစ်ဘက် လယ်ကွင်းများအတွက် ဂရုစိုက်ပေးဖို့လိုသည်။

ထိုကိစ္စ သူလျစ်လျူရှုထားလျှင် လူသားမျိုးနွယ်ကို မုန်းတီးသည့် နတ်ဆိုးတစ်ယောက်က မြစ်သခင်ရာထူး ယူသွားနိုင်သည်။ ဒေါသစိတ်ဖြင့် ရေကြီးအောင်လုပ်နိုင်သည်။ ထောင်ချီသည့်လယ်မြေများ ပျက်စီးရမည်။ လူ့အသက်အိုးအိမ်များစွာ ပျက်စီးရမည်။

အဆိုးဆုံးကို ကြိုတွေးထားခြင်းဖြစ်သော်လည်း ဖြစ်မလာဟု ပြောမရ။ လူသားမျိုးနွယ်ဖွံ့ဖြိုးတိုးတက်မှုက တစ်ခြားဝိညာဉ်မျိုးနွယ်များ ရှင်သန်နေသည့်ဘဝထက် သာလွန်နေသည်။ လူသားမျိုးနွယ်ကို မမုန်းတီးသည့် လူသားဝိညာဉ်နှင့်သွေးကို လောဘမတက်သည့်နတ်ဆိုးဟူ၍ အနည်းအကျဉ်းမျှသာရှိသည်။

ဥပမာ ဝူလင်တောင်မှ စုမိသားစုနတ်ဆိုးမျိုးဖြစ်သည်။ လူသားထုံးဓလေ့ကို အတုခိုး၍ နေထိုင်ကြသည်။ ထိုအဖြစ်မျိုး အတော်ရှားသည်။ များစွာသောနတ်ဆိုးမျိုးနွယ်ကြားတွင် ထိုမြေခွေးမျိုးနွယ်ကဲ့သို့ ဖြစ်တည်မှုမျိုး အတော်ရှားပါးသည်။

“လှိုင်းမြစ်သခင်အိမ်တော်ကို သွားကြစို့။ မင်း နေရာသိတယ်မဟုတ်လား”

“သိပါတယ်”

စန်းမြောင်ခေါင်းငြိမ့်သည်။ ရေထဲသို့ဆင်း၍ သောင်းကျန်းစဉ်က မြစ်သခင်အိမ်တံခါးသို့ ရောက်ခဲ့သည်။ ထို့ကြောင့်လည်း မြစ်သခင် ထွက်လာခြင်းဖြစ်သည်။

“ကျုပ် ရေအောက်ကိုသွားမယ်။ ခင်ဗျားတို့ ဒီမှာနေခဲ့ကြပါ။ ဘယ်မှ လျှောက်မသွားနဲ့။ အာရုဏ်တက်ချိန်ကျရင် ကျုပ်ပြန်လာမယ်”

ဖုန်ချင်အန်း သိုင်းသမားများကို အမိန့်ပေးလိုက်သည်။ ထို့နောက် စန်းမြောင်ကိုစီး၍ ရေထဲသို့ဆင်းသည်။ ဝံပုလွေနှစ်ကောင်လည်း သူ့နောက်မှ ကူးခတ်လိုက်ပါသွားသည်။

သိုင်းသမားများ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြသည်။ ဘယ်သူမှလိုက်မသွားကြ။ သူတို့က မြေပြင်တွင်ခြေလက်များကို အားကိုးလှုပ်ရှားသူများဖြစ်သည်။ ရေထဲသို့ဆင်းလျှင် ရေမနစ်နိုင်သော်လည်း သိုင်းစွမ်းရည်များ လျော့ပါးသွားမည်။သိပ်လှုပ်ရှားနိုင်မည်မဟုတ်။

ထို့ကြောင့် ဓာတ်နှောအဆင့်သို့မရောက်မီ ရေထဲသို့ အလွယ်တကူ စွန့်စားသွားလာခြင်းမပြုကြ။

ခန်းနားသည့် နဂါးနန်းတော်ကို ဖုန်ချင်အန်း မြင်လိုက်ရသည်။ ပိုင်လန်မြစ်မှနန်းတော်ထက် များစွာသာလွန်သည်။ သူ့ကိုဝိုင်းရံထားသည့် နဂါးသံချပ်ကာမှလည်း ခံ့ညားသည့် နဂါးအော်သံများထွက်နေသည်။ နဂါးစွမ်းအင်များ မြစ်အောက်ဘက်ဘေးပတ်လည်တွင် ပျံ့နှံ့သွားသည်။

ရွှေနဂါးသံချပ်ကာက သူ့ကိုယ်ပေါ်မှ ခုန်ထွက်သွားပြီး အမြန်လှည့်ပတ်နေသည်။ သူ့လှုပ်ရှားမှုကြောင့် မြစ်အောက်ဘက်မှရေများ လှုပ်ရှားလာသည်။ ရေဝိညာဉ်စွမ်းအင်များစွာ ဝါးမျိုလိုက်သည်။ နဂါးသံချပ်ကာတစ်ကိုယ်လုံး လှည့်ပတ်နေသဖြင့် အခြေမမြင်ရသည့် ခြောက်နက်ကဲ့သို့ ဖြစ်လာသည်။

ငါးခုမြောက်ဝိညာဉ်စာချုပ် - အလင်းနဂါး

မျိုးနွယ် - ဝိညာဉ်ဆက်သွယ်ရတနာ သံချပ်ကာ

ဗီဇ - ဝိညာဉ်၊ နဂါး၊ ရေ၊ မိုးကြိုး

စွမ်းရည် - မိုနာ့၊ အလတ်တန်း

တိုက်ခိုက်စွမ်းအား - သခင်၊ အခြေခံ

အဆင့်တက်၍ လှည့်ပတ်နေသည့်‌နဂါးကိုကြည့်၍ ဖုန်ချင်အန်း မျက်လုံးပြူးသွားသည်။ ပြင်းထန်သည့်စွမ်းအင်ရောင် ထွက်ပေါ်နေသည်။ ကြီးမားသည့်ဖိအားကို ခံစားရသည်။

သူ့သခင် နဂါးသံချပ်ကာကို ရပြီးချိန်မှစ၍ လက်ရှိအခြေအနေသို့ တစ်ဆင့်ချင်းတက်လာခဲ့သည်။ သံချပ်ကာကို ပြိုင်ဘက်ဟု သူမတွေးတော့။ အလွန်မြန်ဆန်သည့် စွမ်းရည်တိုးတက်နှုန်းကြောင့် သူအံ့ဩရသည်။

“အန်း..”

နဂါးသံချပ်ကာ ဆွဲဆွဲငင်ငင် တစ်ချက်အော်လိုက်သည်။ ရေနဂါးနန်းတော်ထဲမှ စိတ်ပျက်အားငယ်နေသည့် ရေမျိုးနွယ်များ ထွက်လာပြီး ဖုန်ချင်အန်းကို လှမ်းကြည့်နေကြသည်။

လှိုင်းမြစ်သခင် သေဆုံးသွားသည်နှင့် မြစ်ရေအသက်ဓာတ်လည်း လျော့ပါးသွားသည်။ ရေထဲမှမျိုးနွယ်များ ချက်ချင်းရိပ်မိကြသည်။ စွမ်းအားအဆင့်မြင့်လေ ပို၍အာရုံခံမိလေဖြစ်သည်။

ရုတ်တရက် ပြင်းထန်သည့်ဖိအားများ ပျေက်ကွယ်သွားသည်။ ထိုအပြောင်းအလဲကြောင့် တစ်ချို့မျိုးနွယ်များ စိတ်သက်သာရာရသွားသော်လည်း ဘာဆက်လုပ်ရမည်မသိဘဲ စိတ်မသက်မသာဖြစ်နေကြသည်။

မြစ်သခင်၏စွမ်းအင်ဖိအား ပျောက်သွားခြင်းသည် မြစ်သခင်ကိုသတ်ဖြတ်ခဲ့သည့် ကြောက်စရာစွမ်းအားရှင်တစ်ယောက်နှင့် ကြုံတွေ့ရတော့မည့်သဘောဖြစ်သည်။

မရင်းနှီးသည့် နဂါးစွမ်းအင်တစ်ခု မြစ်အောက်ခြေတွင် ပိုသိပ်သည်းလာသည်။ ရေမျိုးနွယ်များ စိုးရိမ်ထိတ်လန့်လာသည်။ ထိုနဂါးစွမ်းအားသည် မြစ်သခင်စွမ်းအားထက် များစွာနိမ့်သော်လည်း လှပခံ့ညားမှုက ပိုသာလွန်သည်။

ပေတစ်ရာ့နှစ်ဆယ်ခန့် ရှည်ထွက်လာသည့် အလင်းနဂါးသံချပ်ကာ မြစ်အောက်ခြေတွင် လူးလွန့်လှုပ်ရှားနေသည်။ ဘာကိုမှအရေးမစိုက်ဘဲ ဖုန်ချင်အန်းကိုလှည့်ပတ်၍ ဟန်ရေးပြနေသည်။

ပေထောင်ချီရှည်လျားသည့် ရေသတ္တဝါများနှင့် အရွယ်အစားမတူသော်လည်း အခြေခံကွာခြားလှသည်။

“အန်း”

နဂါးသံချပ်ကာ အဆင့်တက်သွားသော်လည်း ကြာကြာပျော်မနေပါ။ သူ့စွမ်းအားက သန့်စင်သော်လည်း မပြည့်စုံသေးပဲ တစ်စိတ်တစ်ပိုင်းမျှသာ တိုးတက်လာခြင်းဖြစ်ကြောင်း သူသိသည်။

အချီးကျူးခံလိုသည့် ကလေးတစ်ယောက်လို ဖုန်ချင်အန်း ရှေ့တွင်လူးလွန့်လှုပ်ရှားနေရင်း ပါးစပ်ဟ၍ ပင်လယ်ထိန်းချုပ်တံဆိပ်ကို အန်ထုတ်လိုက်သည်။ လေထဲလွင့်ပျံလာသည်။လာသည့်တံဆိပ်ကို ဖုန်ချင်အန်း ဖမ်းဆီးလိုက်သည်။

နဂါးသံချပ်ကာက အပြည့်အဝထိန်းချုပ်သန့်စင်ထားသည့် နတ်လက်နက်နှင့် သူထိတွေ့ရသည်။ ထိုတံဆိပ်၏အစွမ်းကို ဖုန်ချင်အန်း နားလည်သည်။

မြစ်များကန်များကို ထိန်းချုပ်နိုင်သည့် တံဆိပ်ဖြစ်သည်။

တံဆိပ်ထိန်းချုပ်သူ၏စွမ်းအားလုံလောက်လျှင် မြစ်သခင်ရာထူးကို ရယူနိုင်သည်။ မြစ်သခင်တစ်ယောက်ကို အနိုင်ယူ၍ မြစ်တစ်စင်းကို အတင်းအုပ်စိုးနိုင်သည်။

“အခွင့်သာရင် စမ်းကြည့်ရမှာပေါ့”

တံဆိပ်လက်ထဲရောက်သည်နှင့် ဖုန်ချင်အန်း စိတ်ကူးတစ်ခုရလာသည်။ တံဆိပ်ကိုင်ထားပြီးနောက် မြစ်ရေထိန်းချုပ်နိုင်စွမ်း အရင်ထက်ပိုမြင့်လာသည်။ ရေမနစ် ရေမစိုအောင် တားဆီးနေရသည့်အခြေအနေမျိုး မဟုတ်တော့။

အခု တိမ်တိုက်နဲ့မိုးရေကို ငါထိန်းချုပ်နိုင်လောက်ပါပြီ။

မြစ်သခင်နဂါးနန်းတော်သည် သိပ်မဝေးတော့။ ပင်လယ်ထိန်းချုပ်တံဆိပ်ကိုင်၍ ဖုန်ချင်အန်းတို့အဖွဲ့ ကြောက်လန့်နေသည့် ရေနဂါးမျိုးနွယ်များရှေ့တွင် ပေါ်လာသည်။

သူပေါ်လာသည်နှင့် နန်းတော်အတွင်း ဝရုန်းသုန်းကားဖြစ်ကုန်သည်။ စွမ်းအားမြင့်နတ်ဆိုးများ သူနှင့်ဝေးရာသို့ အတင်းပြေးထွက်ကြသည်။

“ငါက အဲလောက်ကြောက်စရာကောင်းနေပြီလား”

ဖုန်ချင်အန်း အလိုလို သူ့ပါးသူ ပွတ်လိုက်မိသည်။

တွေးကြည့်စရာမလိုတော့။ သူ့မျက်နှာသည် သူ့အကိုနှင့် အလွန်တူသောကြောင့် ဖြစ်သည်။ စွမ်းအားမြင့် ရေမျိုးနွယ်များ ထွက်ပြေးသည်။ စွမ်းအားနိမ့်မျိုးနွယ်များသာ ငေးကြောင်၍ ကျန်ရစ်ခဲ့သည်။

နဂါးနန်းတော်ထဲရောက်သည်နှင့် စိတ်ပျက်သလိုခံစားရပြန်သည်။ မြစ်သခင်မရှိတော့သော်လည်း နတ်ဆိုးများစွာထက် သာလွန်သည့် စွမ်းအင်ရောင်နှစ်ခု နန်းတော်ထဲတွင်ရှိနေသေးသည်။

မိုနာ့အဆင့်။

လှိုင်းမြစ်သခင် စုစည်းထိန်းသိမ်းထားသည်များက ပိုင်လန်မြစ်သခင်နန်းတော်ကထက် များစွာသာလွန်နေသည်။ အသာတကြည် ရတနာစုရန်ရောက်လာသည့် ဖုန်ချင်အန်းမျက်နှာ ချက်ချင်း တည်ကြည်လေးနက်သွားသည်။

All Chapters