နဂါးမ
Vol. 18 Ch. 270
မနက်ခင်းနေအလင်းကြိုဆိုသင့်သည့် ကောင်းကင်က မည်းနက်နေသည်။ လေပြင်းတစ်ခု တိုက်ခတ်လာသည်။ တိမ်တိုက်များ တစ်ခုပေါ်တစ်ခုဆင့်သွားသည်။ နေရောင်ကို ပိတ်ဆို့တားဆီးသည်။ လောကတစ်ခုလုံး မှုန်မှိုင်းသွားသည်။ ကုန်ဆုံးတော့မည့် ညအချိန်က ရပ်တန့်နေသယောင်ဖြစ်လာသည်။
"ဝှီး”
"ဂျိန်း ဝုန်း ဝုန်း"”
သစ်ခက်နှင့်တူသည့် လျှပ်စီးမိုးကြိုးတစ်ခု ကောင်းကင်တွင် အော်မြည်သွားသည်။ မြေပြင်ပေါ် အလင်းရောင်ခဏ တောက်ပသွားသည်။ မည်းမောင်နေသည့် တိမ်တိုက်များကိုကြည့်၍ မနက်ခင်းလယ်ထဲဆင်းရန်ပြင်နေသည့် လယ်သမားများမျက်နှာတွင် အပျော်ရိပ်သန်းနေသည်။
“မိုးရွာတော့မယ်ဟေ့...ဟားဟား။ မိုးက သည်းသည်းမည်းမည်းရွာတော့မယ်ကွ”
“ကောင်းကင်က ပွင့်သွားပြီ။ မြစ်နတ်ဘုရားက သူ့အစွမ်းကို ပြပြီကွ”
“ငါတို့ဂျုံခင်းတွေ အဆင်ပြေတော့မယ်ဟေ့”
တဖြေးဖြေးမည်းမှောင်လာသည့် တိမ်တိုက်များအောက်တွင် ပျော်ရွှင်စွာအော်ဟစ်သံများ ပေါ်လာသည်။ ထူးဆန်းနေသရောင်ရှိသည်။ မသိနားမလည်သည့်ကလေးများက ကောင်းကင်မှ မိုးခြုန်းသံနှင့် လေပြင်းတိုက်သံများကြောင့် ငိုယိုနေကြသည်။ သို့သော် အရွယ်ရောက်ပြီးသူများက ပျော်ရွှင်စွာ ရယ်မောနေကြလေသည်။
“ဖျောက် ဖျောက်”
မကြာမီ မျှော်လင့်ရိပ်သန်းနေသည့် မျက်လုံးများအောက်မှာပင် မိုးစက်များ ကောင်ကင်မှ ကျလာသည်။ ခြောက်သွေ့နေသည့်မြေပြင်ကို ရိုက်ခတ်သည်။ အချိန်ကြာမြင့်စွာ တောင့်တခဲ့သည့် မိုးရေက အစိုဓာတ်ကို သယ်ဆောင်လာသည်။
မိုးက သည်းသည်းမည်းမည်းရွာနေသည်။ စိုက်ပျိုးရာသီအစကတည်းက မရွာခဲ့ရသဖြင့် အတိုးဖြင့် ရွာချနေသယောင်ရှိသည်။
အက်ကွဲနေသည့်မြေပြင် ချက်ချင်းစိုစွတ်သွားသည်။ မိုးရေ တဖြေးဖြေးလျော့လာသည်နှင့် လေကြမ်းများက တိမ်မည်းများကို ထပ်မံခေါ်ဆောင်လာပြန်သည်။
“မြစ်နတ်ဘုရား စွမ်းအားပြပြီဟေ့”
“နဂါးဘုရင် အသက်ရှည်ပါစေ”
အချိန်မီရွာသည့်မိုး။ လိုအပ်သလောက်ရွာသည့်မိုးဖြစ်သည်။ လယ်သမားများ မြေပြင်ပေါ်ဒူးထောက်၍ ရှိခိုးနေကြသည်။ မိုးရွာပေးသူကို ကျေးဇူးတင်နေကြသည်။ မြစ်သခင်ကိုလား ကောင်းကင်မှ လျှို့ဝှက်ဆန်းကျယ်သည့် ဖခင်ကိုလားတော့မသိ။
‘ရှင်နင်ကောင်တီက လူတွေကိုယ်စား၊ ဖုန်သခင်လေးကို ကျုပ်ကျေးဇူးတင်ပါတယ်”
မိုးတိမ်များ ကျဲပါးသွားသည်။ မနက်ခင်းနေရောင် တောက်ပလာတော့မည်။ ကောင်းကင်တွင် ရွှေရောင်တောက်နေသည့် နတ်မင်းတစ်ယောက်က တိမ်တိုက်အထက်တွင်ရပ်နေသည့်သဏ္ဌာန်ကို လေးလေးစားစားဦးညွှတ်နေသည်။
မိုးကိုရွာသွန်းစေသူက လူသားအသွင်မျိုးပင်မရှိ။ တိမ်ကြားတွင်ရပ်နေသည့် မြင်းတစ်ကော်ငဖြစ်သည်။ မြင်းခွာများက တိမ်သားပေါ် ရပ်နေသည်။ သို့သော် မြို့တော်နတ်မင်းက သူ့စွမ်းအားကို ရိပ်စားမိသည်။
မဟာနတ်ဆိုး။
ဖုန်သခင်လေးက မိုးကိုဆင်ခေါ်ရမည်ဟု အမိန့်ပေးခဲ့သည်။ သူလည်း နတ်စွမ်းအားများစွာသုံး၍ တိမ်တိုက်များကို ထိန်းချုပ်စုစည်းခဲ့သည်။ သို့သော် သူ့အားထုတ်မုက မိုးရွာချပေးသည့် မြင်းနဂါးနှင့်ယှဉ်လျှင် ဘာမှမပြောပလောက်။
သို့သော်စန်းမြောင်က မြို့တော်နတ်မင်းကိုကြည့်၍ ခေါင်းတစ်ချက်ငြိမ့်သည်။ စကားဖြင့်ပြန်မပြော။ မိုးတိမ်တိုက်များကို နောက်ထပ်ရွာချရမည့်နေရာသို့ ဦးဆောင်ခေါ်ယူသွားသည်။ နှစ်ရက်အတွင်း မိုးခုနစ်ကြိမ်ရွာပေးရမည်ဖြစ်သည်။ မလိုအပ်ဘဲ အချိန်ကုန် စွမ်းအားကုန်မခံလိုပေ။
“အန်း...”
အဝေးဆီမှ နဂါးအော်သံတစ်ခု ပေါ်လာသည်။ မိုးတိမ်များအထက်တွင် လူးလွန့်လှုပ်ရှား၍ မိုးရွာပေးနေသည့် သဏ္ဌာန်တစ်ခုကို စန်းမြောင်အာရုံခံမိသည်။
သူတို့နှစ်ယောက်သာမဟုတ်။ ရေနဂါးနန်းတော်မှ စွမ်းအားမြင့်ရေမျိုးနွယ်နတ်ဆိုးသုံးယောက်လည်း ဖုန်းချင်အန်းအမိန့်ဖြင့် ရှောက်ပြည်နယ်တွင် မိုးရွာပေးနေရသည်။
နေနဂါးနန်းတော်ပလ္လင်ပေါ်ထိုင်နေသည့် ဖုန်ချင်အန်း မျက်နှာသိပ်မကောင်း။
“မြစ်သခင်ဖြစ်ရတာ တကယ်မလွယ်ပါလား”
အစက မိုးရွာပေးလိုက်ရုံဟုသာ တွေးခဲ့သည်။ မြစ်သခင်မရှိလည်း ထိုနေရာကို အစားထိုးဝင်၍ ကမ်းနှစ်ဘက်မှလူသားများ၏ဒုက္ခကို ကယ်တင်နိုင်မည်ဟု ယူဆခဲ့သည်။
အမှန်တကယ်လည်း မိုးရွာပေးသည်က မခက်လှ။ ပါရမီရှိသည့် နတ်ဆိုးတစ်ချို့ပင် သဘာပတ်ဝန်းကျင်ကို ထိန်းချုပ်၍ မိုးရွာပေးနိုင်သည်။
သို့သော် တစ်နေ့အတွင်း နေရာများစွာတို့တွင် ပမာဏမတူညီသည့်မိုးကို ရွာချပေးရမည်ဆိုလျှင် မလွယ်ကူတော့။ တောင်တန်းတို့သည် တိကျသည့်ပုံသဏ္ဌာန်မရှိ။ မိုးရေတို့သည့် တိကျသည့်လမ်းကြောင်းမရှိ။ လိုအပ်သည့်ပမာဏထက် နည်းနည်းပိုသွားသည်နှင့် အန္တရာယ်ဖြစ်လာနိုင်သည်။
နတ်ဝိညာဉ်တို့၏ရာထူးနှင့်စွမ်းအားတို့သည် ကလေးကစားစရာမဟုတ်။ ကိုယ်လက်ထဲရောက်လာလျှင် သက်ဆိုင်ရာတာဝန်များကို ထမ်းဆောင်ရသည်။ ခဏလုပ်ပြီး ရပ်ထား၍မရ။ နေ့စဉ်လုပ်ဆောင်ရသည်။ နိစ္စဓူဝကိစ္စတစ်ခုဖြစ်သည်။
ဖုန်ချင်အန်း အိမ်မှထွက်ကတည်းက လွတ်လပ်စွာလျှောက်သွား၍ စူးစမ်းလေ့လာခဲ့သည်။ ယခု ကြီးမားသည့် စိတ်ဖိအားမျိုး သူကြုံနေရသည်။ သူ့ဓားချက်၏ နောက်ဆက်တွဲပြဿနာကို ရင်ဆိုင်နေရသည်။ မြစ်သခင်တစ်ယောက်၏တာဝန်ကို သူနားလည်လာသည်။
သို့သော် မိုင်တစ်ထောင်ရှည်သည့်မြစ်ကို အုပ်ချုပ်ရသည့်အဖြစ်က ထိုမျှခက်ခဲမည်ထင်မထား။ ရှောက်ပြည်နယ်အတွက်သာမက။ မြစ်စီးဆင်းရာတလျှောက်မှ တစ်ခြားဒေသများတစ်ချို့ကိုလည်း ကြည့်ရသေးသည်။
တစ်ခြားပြည်နယ်မှလူများလည်း လှိုင်းမြစ်သခင်ကို ပူဇော်၍ မိုးရေကို တောင်းဆိုကြသည်။ မြစ်သခင်နေရာကိုယူပြီးကတည်းက ဖုန်ချင်အန်း ကောင်းကောင်းမနားရ။
မကြာခဏ မိုးရေတောင်းဆိုလာကြသည်။ ငြိမ်းငြိမ်းချမ်းချမ်းမနေရ။ လိပ်အိုကြီးတစ်ကောင် ကူညီပေးနေသည့်တိုင် သူအလွန်ပင်ပန်းသည်။
“သခင်က ရေစွမ်းအင်ကြောတွေကို သခင်က မသန့်စင်ချင်လို့ ဒီလိုဖြစ်ရတာပါ။ သခင်သာ ဆန္ဒရှိမယ်ဆိုရင် လှိုင်းမြစ်ရဲ့ရေစွမ်းအင်သွေးကြောတွေကို ထိန်းချုပ်ပြီး အတွေးတစ်ချက်နဲ့တင် မိုးကိုဆင့်ခေါ်နိုင်ပါတယ်။ အခုလောက် ဒုက္ခမများပါဘူး”
*********************************************