Chapters

နဂါးမ (၃)

Vol. 19 Ch. 272

နဂါးမ (၃)

Vol. 19 Ch. 272

“သခင်လေး၊ ကျုပ်ပွင့်ပွင့်လင်းလင်းပြောတာာ စိတ်မဆိုးပါနဲ့။ သခင်လေးရဲ့ဓားဟာ လိုအပ်ချက်တွေ ရှိပါတယ်။ ဟိုဓားနဲ့ မတူပါဘူး”

“ကောင်းပြီလေ၊ဒါဆို ခုတ်ကြည့်မယ်”

“နေပါဦး သခင်လေး”

ဖုန်ချင်အန်း ဓားကိုမြှောက်လိုက်သည်။ လိပ်အို မလေးမစားမလုပ်ရဲ။ ချက်ချင်းရှင်းပြသည်။

“ကျုပ် ပွင့်ပွင့်လင်းလင်း မပြောချင်တာမဟုတ်ပါဘူး။ ကျုပ်မြင်ရတာကိုက မရှင်းမလင်းဖြစ်နေတာပါ။ အရိပ်အမြွက်လောက်ပဲ ပေးနိုင်ပါတယ်။ တစ်ချို့စကားတွေကို တိုက်ရိုက်ကြီးပြောလိုက်ရ။ ကောင်းကင်က ကျုပ်ကို အပြစ်ပေးပါလိမ့်မယ်”

“အဲလိုလား”

ဖုန်ချင်အန်း လိပ်အိုကို အတော်ကြာအောင် စိုက်ကြည့်နေသည်။ လိမ်ပြောနေခြင်းဟုတ်မဟုတ် အကဲခတ်သည်။ သို့သော် အခက်တွေ့အောင် ထပ်မလုပ်တော့ပါ။

“သခင်လေးကို ကျုပ်မလှည့်စားရဲပါဘူး”

“အင်း”

“သခင်လေး ဒီအုပ်ချုပ်ရေးကိစ္စတွေ စီမံပေးပါဦး”

ဖုန်ချင်အန်း ထပ်မပြောတော့သဖြင့် လိပ်အိုက ကျောက်စိမ်းစာလွှာတစ်ထပ်ကို ရှေ့သို့ထိုးပေးလိုက်သည်။ ဖုန်ချင်အန်း မျက်မှောင်ကျုံ့သွားသည်။

“ဘာမှမလုပ်ဘဲနေလို့ မရဘူးလား”

“ရတော့ရပါတယ်။ ဒါပေမယ့် မြစ်ကမ်းနှစ်ဘက်က လူတွေနဲ့ မြစ်နတ်မင်းတွေရဲ့ နာကျည်းဒေါသနဲ့ ကံစွမ်းအားကို သခင်လေးခံနိုင်လို့လား”

တိုင်းပြည်သခင်ဖြစ်လျှင် တိုင်းပြည်၏ဒုက္ခကို ခံနိုင်ရသည်။

မြေဝိညာည်များလည်း ထိုသို့သာဖြစ်သည်။ သူတို့ ဩဇာအာဏာရှိပါသည်။ သို့သော် ဘာမှမလုပ်ဘဲ စားလိုက်သောက်လိုက် သာသာယာယာနေနိုင်သည်မဟုတ်။

တစ်ခြားလူများက မြစ်သခင်၏ဂုဏ်သရေနှင့် အပူဇော်ခံရသည်ကိုသာ မြင်ကြသည်။ ထိုရာထူး မယူဖူးသူသည် ထိုပူဇော်မှုမျိုးရဖို့ မည်မျှပေးဆပ်ရသည်ကို နားမလည်နိုင်ပေ။

သို့သော် ဖုန်ချင်အန်း ထိုပူဇော်မှုများကိုလည်း စိတ်မဝင်စား။ တစ်နည်းအားဖြင့် သူသည် နောက်ဆက်ခံမည့် မြစ်သခင်အတွက် အခမဲ့အလုပ်လုပ်ပေးနေရခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ရာထူးကို မြန်မြန်လွှဲပြောင်းပေးလိုသည်။ သူ့ဘက်မှ အတော်နစ်နာနေသည်။

“အင်း”

ရုတ်တရက် သူ့စိတ်အာရုံသို့ စွမ်းအင်လှိုင်းတစ်ခုဝင်လာသည်။ တိုတောင်းသည့် ခဏတာအချိန်လေးတွင် ပျော်ရွှင်ကျေနပ်သည့်ခံစားချက်ကို သူခံစားလိုက်ရသည်။

ငါးခုမြောက်ဝိညာဉ်စာချုပ် အလင်းနဂါးသံချပ်ကာ။

“ဘာတွေဖြစ်နေတာလဲ”

နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည် ထုတ်သုံးလိုက်သည်။ သူ့သိစိတ်အာရုံတစ်ခု အလင်းနဂါးသံချပ်ကာဆီ ရောက်သွားသည်။

“အန်း...”

အလင်းနဂါးသံချပ်ကာက တိမ်တိုက်ထဲတွင် လှည့်ပတ်နေရင်း ကြည်လင်သည့်နဂါးဦးခေါင်းကို အောက်သို့ငုံ့ကြည့်သည်။ စိမ်းစိုသည့်ကောင်တီကို မုန်တိုင်းတစ်ခု ဖြတ်သန်းသွားသည်။ သံချပ်ကာ အဘယ်ကြောင့် ပျော်ရွှင်နေသည်ကို ဖုန်ချင်အန်း ချက်ချင်းနားလည်လိုက်သည်။

ပင်လယ်ဖျက်ဓား။

ပိုင်လန်မြစ်သခင် သေခါနီးတွင် သူ့အကိုအကြောင်း တမင်တကာ ထုတ်ပြောခဲ့သည်။ သို့သော် တတိယလက်နက်ဖြစ်သည့် ပင်လယ်ဖျက်ဓားသည် ပိုင်ရှင်ပျောက်ဆုံးနေသည်ဟု ပြောခဲ့သည်။

ထို့ကြောင့် ထိုနတ်လက်နက်အတွက် ဖုန်ချင်အန်း သိပ်မျှော်လင့်မထားခဲ့။ ပင်လယ်ချုပ်တံဆိပ်အကြောင်းသာ တွေးခဲ့သည်။ လှိုင်းမြစ်သခင်ကိုလည်း တိုက်ခိုက်ရန် မတွေခဲ့။ သူ့အဖေသေသည့်ကိစ္စကြောင့် တာဝန်မကျေဘဲ အကျင့်ယုတ်ခဲ့သောကြောင့်သာ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့လုပ်နေသဖြင့် ဘာမှထပ်ပြောစရာမရှိ။ ဓားဖြင့်သာ ခုတ်ရမည်။

အလင်းနဂါးသံချပ်ကာ ပင်လယ်မိုးကြိုးပုဆိန်နှင့် ပင်လယ်ချုပ်တံဆိပ်ကို ရခဲ့ပြီဖြစ်သည်။ ယခု တတိယနတ်လက်နက်ကို အာရုံခံမိထားသည်။ သူ့မျက်လုံးအောက်တွင် လက်နက်ကလှုပ်ရှားနေသည်။ တံခါးဝရောက်လာသည့်အရာကို မည်သို့ငြင်းပယ်နိုင်မည်နည်း။