← Chapters

နဂါးမျိုးနွယ်

Vol. 19 Ch. 273

နဂါးမျိုးနွယ်

Vol. 19 Ch. 273

“နဂါးမိန်းကလေးလား။ အင်း...သူ့တည်နေရာကို မင်းအာရုံခံနိုင်သလား”

“အန်း...”

“ဒါဆို ဘာတွေစောင့်နေသေးတာလဲ။ သွားကြည့်ကြမယ်လေ”

ဖုန်ချင်အန်း တစ်ချက်ပြုံး၍ စိတ်အာရုံမှပြောလိုက်သည်။ သူအတော်စိတ်ဝင်စားနေသည်။ သိပ်မျှော်လင့်မထားသည့်လက်နက်က သူ့ရှေ့တွင် အလိုလိုပေါ်လာသည်။

“ဒါနဲ့...မင်းအသွင်ကို ဖုံးကွယ်ထားပါ။ ခြေရာလက်ရာ မပေါ်စေနဲ့။ တတ်နိုင်သလောက် မင်းကိုယ်မင်း ဖုံးကွယ်ထားပါ။ တစ်ခြားလူတွေ မင်းကိုမမြင်စေနဲ့”

“အန်း....”

ကောင်းကင်ပေါ်ပျံနေသည့် ရေနဂါး သဘောပေါက်သည်။ ကြေးခွံများကြားမှ ရေခိုးရေငွေများ ထိုးထွက်လာသည်။ ခန္ဓာကိုယ်ကို ဖုံးအုပ်သွားသည်။ သိပ်မကြာမီ ခံ့ညားထည်ဝါသည့်ရုပ်သွင်က ကောင်းကင်မှ ဖြေးညှင်းစွာပျောက်ကွယ်သွားလေသည်။

ယင်ရှန်းကောင်တီ။

မိုးရွာပြီးနောက် ကောင်တီမြို့‌တော်လမ်းများထက် စည်ကားနေသည်။ တွန်းလှည်းနှင့်မြင်းများ၊ လူစု လူအုပ်များ သွားလာနေသည်။ အတော်များများ၏မျက်နှာတွင် အပြုံးရိပ်ရှိနေသည်။ စိတ်ကိုကြည်လင်နေသည့် မိုးနံ့ကို ရှူရှိုက်ခွင့်က ရှားပါးသောကြောင့်ဖြစ်သည်။

လမ်းပေါ်တွင် အတော်ကျယ်ပြန့်သည့် နေရာလွတ်တစ်ခု ပေါ်လာသည်။ လူငယ်ယောက်ျားမိန်းမများ ဓားလှံကိုင်စွဲလျက်ရှိနေသည်။ အဝတ်အစားများက သပ်ရပ်ရှင်းလင်းသည်။ တည်ကြည်တင်းမာသည့် သူတို့ဟန်ပန်ကြေင့် လမ်းသွားလမ်းလာများ သူတို့အနီးသို့ သိပ်မကပ်ကြ။

သိုင်းသမားတို့သည် သာမန်ပြည်သူတို့အကြည့်ကို အရေးမစိုက်။ နေသားကျနေပြီဖြစ်သည်။ ထိုသို့ ရှောင်ခွာကြသည့်အဖြစ်ကို ကျေနပ်ကြသည်။ သိုင်းသမားများသည် သာမန်လူများနှင့် ရောနှောနေလေ့မရှိ။

သိုင်းပညာမြင့်လေ သိုင်းသမားတို့ စွမ်းအားကြီးလေဖြစ်သည်။ မတော်တဆ စွမ်းအားမထိန်းချုပ်နိုင်ခဲ့လျှင် ဝမ်းနည်းစရာအခြေအနေဖြစ်လာသည်။ ထို့ကြောင့် သိုင်းသမားနှင့်သာမန်လူ ခပ်ခွာခွာနေခြင်းက နှစ်ဘက်လုံးအတွက် အကျိုးရှိသည်။

“အကို၊ ကျပ်တို့က ဖုန်သခင်လေးကို ရှာနေကြတာမဟုတ်ဘူးလား။ ဘာလို့ ပင်ဝူကောင်တီကို တိုက်ရိုက်မသွားဘဲ ယင်ရှန်းကောင်တီကို လာတာလဲ”

လူခုနစ်ယောက်အုပ်စုတွင် လူငယ်တစ်ယောက်က ရှေ့ဆုံးမှဦးဆောင်နေသည့်လူငယ်ကိုမေးသည်။

“အဲဒီသတင်းကြားတာ ကြာပြီလေ။ ဖုန်သခင်လေးက ပင်ဝူမှ ဘယ်လိုလုပ်ရှိတော့မှာလဲ။ သူက တစ်နေရာတည်းမှာ ဘယ်တော့မှ အကြာကြီးမနေဘူး။ သတင်းကြားတဲ့ဆီ လိုက်သွားရင် ငါတို့ရောက်တဲ့အချိန် သူက တစ်ခြားနေရာကို ရောက်နေရောပေါ့။ အဲလိုဆို ဘယ်တော့မှ ရှာတွေ့မှာမဟုတ်ဘူး”

ခေါင်းဆောင်လူငယ်က ပြုံး၍ဖြေသည်။

“ဒါပေမယ့် ပြည်နယ်မြို့တော်ကို သွားလို့ရတာပဲ။ ကောင်တီမြို့လေးက ဘာကောင်းတာရှိလို့လဲ”

လူငယ်က နားမလည်ဟန်ဖြင့် မေးပြန်သည်.

"ဟားဟား၊ ဂျူနီယာညီလေး နားမလည်သေးဘူးပဲ။ ဖုန်သခင်လေးကို ရှာနေတယ်ဆိုတာ ငါတို့တိုးတက်ဖို့အခွင့်အရေးကို ရှာနေတာပဲ။ ဒါပေမယ့် သူတစ်ယောက်ပဲ အခွင့်အရေးရှိတာမဟုတ်ဘူးလေ။ ငါတို့လို သိုင်းသမားတွေအတွက် စွမ်းရည်တူပြိုင်ဘက်နဲ့တွေ့တာလည်း တိုးတက်လမ်းပဲ”

ဓားရှည်ကိုင်ထားသည့် နောက်လူငယ်တစ်ယောက်က ရှင်းပြသည်။ ထို့နောက် ခေါင်းဆောင်လူငယ်ကိုလှမ်းကြည့်၍

“အကိုတစ်ခုခု သိထားလို့လား”

“ဓားနက်ဂိုဏ်းခေါင်းဆောင်ဟာ နှစ်တစ်ရာတစ်ခါပေါ်တယ်ဆိုတဲ့ ဓားပါရမီရှင်ပဲ”

“ဓားနှစ်လက်ပညာကျွမ်းကင်တဲ့ သရဲဓား စစ်ခုန်ယွမ်က ယင်ရှန်းကောင်တီမှာလား”

ခေါင်းဆောင်စကားကြောင့် တစ်ခြားသိုင်းသမားများ စိတ်လှုပ်ရှားလာကြသည်။ ကောင်တီမြို့ငယ်လေးသို့ လာရသည့်အဖြစ်ကို အစက သူတို့နားမလည်ကြ။ သူတို့ပစ်မှတ်က ဂိုဏ်းရန်ဘက်ဖြစ်သည့် ဓားနက်ဂိုဏ်းခေါင်းဆောင်ဖြစ်ကြောင်း သိရသည်နှင့် စိတ်ဓာတ်များ ချက်ချင်းပြောင်းလဲသွားကြသည်။

“အကို၊ စစ်ခုန်ယွမ်က ဘယ်မှာလဲ။ ကျုပ်ကိုယ်တိုင် သူ့ဆီကို စိန်ခေါ်စာသွားပေးမယ်လေ”

“မသိဘူး။ သူဒီနားမှာပဲ ရှိလောက်တယ်။ ရွံစရာကောင်းတဲ့ဓားစွမ်းအင်ရောင်ကို ငါခံစားမိတယ်။ သူတို့ဒီနားမှာပဲ ရှိမယ်။ သူတို့ထွက်သွားပြီဆိုရင်တောင် ဝေးဝေးမရောက်လောက်သေးဘူး”

“ကျုပ်သတင်းသွားစုံစမ်းမယ် အကို”

“ကျုပ်လည်း လိုက်သွားမယ်”

“အင်း”

ထိပ်တန်းဓားသမားဖြစ်သည့် လူငယ်ခေါင်းဆောင်ကသူ့ညီငယ်များ၏ အလိုက်သိမှုကို လက်ခံလိုက်သည်။

ထို့နောက် အဖွဲ့ထဲမှ ညီအမနှစ်ယောက်ဆီ လှည့်ကြည့်သည်။ တစ်ယောက်က တက်ကြွစွာဖြင့် သတင်းထွက်စုံစမ်းမည်ဟု ပြောသည်။ နောက်တစ်ယောက်က ငူငူငိုင်ငိုင်ဖြင့် အသံတိတ်နေသည်။ သူတစ်ယောက်သာ အဖွဲ့ထဲတွင် ထူးခြားနေသည်။ သူဘာတွေးနေသည်ကို လူငယ်ခေါင်းဆောင်မသိ။

“ညီမကျန်း၊ မင်းဘာဖြစ်နေတာလဲ”

သူ့ညီငယ်များကို ပြောသည့်အသံထက်စာလျှင် ယခုစကားသံက မျးစွာပိုနူးညံ့သည်။ ရွှေဖဲကြိုးဖြင့် ဆံပင်စည်းထားသည့် ဝတ်ရုံဖြူမိန်းကလေးကို သူလှမ်းကြည့်နေသည်။ မိန်းကလေး၏ဝတ်စုံက သပ်ရပ်သည်။ အသားအရေက ဖြူဖွေးသည်။ ကိုယ်နေဟန် တည်ငြိမ်၍ လှပသည်။ နည်းနည်းမာနကြီးဟန်ရှိသော်လည်း သူ့အလှက ပျက်မသွား။

“အဲ...အကို စွန်း၊ ကျွန်မ အဆင်ပြေပါတယ်။ တစ်ခြားကို အတွေးရောက်နေလို့ပါ”

မိန်းကလေး အသိပြန်ဝင်လာဟန်ရှိသည်။ မျက်နှာနည်းနည်း နီသွားပြီး လူငယ်ကိုပြန်ဖြေသည်။

“ရပါတယ် ညီမလေး။ တစ်ခုခု ပြဿနာရှိရင် အပြင်လူတွေနဲ့ ဖြေရှင်းဖို့အဆင်မပြေတာရှိရင် အကို့ကို ပြောလို့ရပါတယ်။ တစ်ချို့ကိစ္စတွေက ပြောလိုက်မှ စိတ်ထဲပေါ့သွားတာပါ”

အကိုစွန်း သဘောထားကြီး၍ ကြင်နာသည့်အသွင်ပြသည်။ ထို့အပြုအမူကြောင့် အဝါရောင်ဝတ်စုံဝတ်ထားသည့် နောက်မိန်းကလေးတစ်ယောက် မကျေမနပ်ဖြစ်သွားသည်။ သူ့ဘေးမှ မိန်းကလေးကို မလိုမုန်းထားဟန်ဖြင့် ကြည့်နေသည်။

သူတို့ချင်း ပြောစကားကို မြင်နေကြားနေသော်လည်း တစ်ခြားသိုင်းသမားများက လုံးဝဝင်မစွက်ကြ။ တစ်ဂိုဏ်းတည်းသားချင်းဖြစ်သော်လည်း စကားပြောခွင့်ရှိမရှိကို သိုင်းပညာဖြင့်သာ ဆုံးဖြတ်သည်။ အားကောင်းသည့်နောက်ခံမျိုးရှိလျှင်တော့ တစ်မျိုးတစ်မည်ပြောင်းလဲနိုင်သည်။

“ဘာမှပြောစရာမရှိပါဘူး။ ဒါနဲ့၊ အကိုစွန်း ခုနက ဘာပြောနေတာလဲ”

“ဓားနက်ဂိုဏ်းခေါင်းဆောင်က အခုအရွယ်ကောင်းတုန်းပဲ။ သူ့ခန္ဓာကိုယ်ကို မကောင်းဆိုးဝါးစွမ်းအင်နဲ့ စပြီးလေ့ကျင့်နေတယ်။ သူ့သိုင်းအဆင့်ကတော့ အကိုစွန်းနဲ့သိပ်မကွာဘူး။ ဒါပေမယ့် ဒီလူက အကိုစွန်းလို ခပ်အေးအေးမနေတတ်ဘူး။ မောက်မာထောင်လွှားတယ်။ ဒါကြောာင့် အကိုစွန်းကသူ့ကို ချနင်းစရာအဖြစ် အသုံးချချင်တာ”

All Chapters